Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ချစ်သမျှကို. Show all posts
Showing posts with label ချစ်သမျှကို. Show all posts

Sunday, January 19, 2014

How do you spell love?

ဟိုဒီ သတင်းတွေဖတ်ရင်းနဲ့ Pooh နဲ့ Piglet တို့ ပြောတဲ့စကားလေးတွေချစ်စရာကောင်းလို့
ဒီနေ့က Winnie-the-Pooh ဖန်တီးရေးသားခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာကြီး A. A. Milne မွးဖွားခဲ့တဲ့နေ့တဲ့။
အဲဒါနဲ့ စာသားလေးတွေ မေ့သွားမှာစိုးတာနဲ့။
ဒီနေရာမှာ သိမ်းထားလိုက်ဦးမယ်။


Alan Alexander Milne (18 January 1882 – 31 January 1956) was an English author, best known for his books about the teddy bear Winnie-the-Pooh and for various children's poems. Milne was a noted writer, primarily as a playwright, before the huge success of Pooh overshadowed all his previous work.

A.A. Milne was born this week in 1882. In honor of the Winnie-the-Pooh creator's birthday, here are 14 adorable quotes from his books:


“A little Consideration, a little Thought for Others, makes all the difference.”

“'We'll be Friends Forever, won't we, Pooh?' asked Piglet.
Even longer,' Pooh answered.”
“If you live to be a hundred, I want to live to be a hundred minus one day so I never have to live without you.”

“I think we dream so we don't have to be apart for so long. If we're in each other's dreams, we can be together all the time.”

“One of the advantages of being disorderly is that one is constantly making exciting discoveries.”

“'Sometimes,' said Pooh, 'the smallest things take up the most room in your heart.'”

“Promise me you'll never forget me because if I thought you would, I'd never leave.”


“'How do you spell love?' - Piglet
'You don't spell it...you feel it.' - Pooh”

“Rivers know this: there is no hurry. We shall get there someday.”
“If there ever comes a day when we can't be together, keep me in your heart. I'll stay there forever.”

“The things that make me different are the things that make me.”

“Sometimes, if you stand on the bottom rail of a bridge and lean over to watch the river slipping slowly away beneath you, you will suddenly know everything there is to be known.”

“Piglet noticed that even though he had a Very Small Heart, it could hold a rather large amount of Gratitude.”

“Some people care too much. I think it's called love.”

Saturday, March 02, 2013

မေမေ့ ရဲ့ လက်ဆောင်

မေမေပို့ပေးတဲ့ စာ နဲ့ ဓာတ်ပုံလေးတွေ

လိပ်ပုမွေးနေ့မှာ မေမေလှူ တဲ့ပန်းလေးတွေ .. နီနီလေးတွေက ခတ္တာ တဲ့။ တခိုင်ထဲမှာ လေးပွင့် ဆိုင်ပွင့်လေ့ရှိလို့ တချို့က လေးကျွန်းစကြာ တဲ့။ ခေါ်ကြတယ်။ လိုရာဆန္ဒပြည့်ပါစေ့်။ ရွှင်လန်းချမ်းမြေံပါစေ။ မေမေ

အရင်နှစ်ကတည်းက ပို့ထားဘူးတယ်။
ဘလောဂ့်မှာမတင်ဖြစ်လိုက်ပါဘူး။ အခုနှစ် မေမေက ထပ်ပို့ပေးတာနဲ့ အန်တီတင့်ကလည်း မေးထားတာနဲ့ ဒီမှာတင်ထားလိုက်ပါတယ်။
မေမေရေးထားတဲ့အတိုင်းပဲ စာလုံးပေါင်းတွေလည်းလိုက်မစစ်တော့ဘူး။ အမှတ်တရပေါ့။

Birthday

၁၉၇၄ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ရက် ကြာသပတေးနေ့ (မြန်မာ ၁၃၃၅ခုနှစ် တပေါင်းလဆန်း(၈)ရက်နံနက် ၄နာရီ ၄၀မိနစ်)မှာ မွေးဖွားသန့်စင်ခဲ့တဲ့ ကလေးဟာ ဖြိုးဖြိုးပေါ့။ဘယ်ကလေးနဲ့မှ ယှဉ်လို့မရအောင် အချစ်ပိုခဲ့တဲ့သမီး။အငယ်ဆုံးကလေးဆိုတော့ အသနားကလဲ ပိုခဲ့သေးတာ။
သူ့ ကိုမွေးမဲ့နေ့က လကုန်ရက် ။သူ့အဖေရဲ့ Tour program နှင့် Traveling Allowanceကို ကျွန်မက လစဉ် ကူလုပ်ပေးနေကျဆိုတော့  စာရင်းဇယားတွေကို ညဦးပိုင်းမှာ ကျွန်မလုပ်နေခဲ့တာ။စောစော ကတည်းက အေးအေး အေးအေးနဲ့ဗိုက်နာနေတာသိပေမဲ့ ကျွန်မက ခပ်ပေပေရယ်။ဘာဘဲဖြစ်ဖြစ် သူတကာ လန့်အောင် မလုပ်တတ်ဘူး။ သေချာမှ ကျွန်မက ဖွင့်ပြောလေ့ရှိတယ်။ ဒါပေမဲ့  ကျွန်မ ထိုင်လို့ မရချင်တော့ဘူး။အနေရ အထိုင်ရ တော်တော် ခက်လာတယ်။ကျွန်မ ခဏထပြီး လမ်းထွက်လျှောက်လိုက်တယ်။
ခလေးက ထွက်ချင်နေပြီနဲ့တူပါရဲ့  ကျွန်မအလုပ်ကလဲ မပြီးသေးဘူး။ ကျွန်မ အလုပ်ကို ပြီးအောင်လုပ်လိုက်တယ်။
နည်းနည်းနေသာထိုင်သာ ရှိလာတော့ ကျွန်မ လမ်းထရှောက်တယ်။ခြံထဲမှာဘဲ။ ဇီးပင်တွေရှိတဲ့  တောင်ဘက်အုတ်တံတိုင်းကနေ မြောက်ဘက် ရေတွင်းအထိရှောက်ရင်း ခေါင်းပေါ်မှာ မိုးနေတဲ့ ဇီးကိုင်းတွေလှမ်းဆွဲ ပြီး ဇီးသီးကို အသွားတလုံး အပြန်တလုံး ခူးစားလိုက်သေးတယ်။ကျွန်မက ဘာစားစား မတဲ့တာမရှိဘူး။ကြိုက်ရင် အကုန်စား ဘာမှ မဖြစ်ဘူး။
ညနက်လာတော့ ကျွန်မ မအောင့်နိုင်တော့ဘူး။ သေချာပြီလို့ ကျွန်မ ဆုံးဖြတ်ချက်ချပြီးမှ ခလေးအဖေကိုပြောတာ။ခလေး ၅ယောက်ထက်ကျော်သွားရင် အိမ်မှာ မွေးဖွားခွင်မပေးတော့ဘူးဆိုလို့ ကျွန်မတို့ ဆေးရုံသွားကြတယ်။ သမီးအကြီးမက အရွယ်ရောက်နေပြီဆိုတော့ သူ့ကိုအဖေါ်ခေါ်သွားရတာပေါ့။ချောချောချောမောမောပါဘဲ။ ဒါပေမဲ့ စိတ်ရှည်ရှည်စောင့်ရတယ်။ ဗိုက်နာတာက ပျောက်ပျောက်သွားလို့ပေါ့။ စဉ်တိုက်နာလာမှ ဆရ၀န်မကို သွားခေါ်ရတယ်လေ။ နံနက် ၄နာရီ မိနစ် ၄၀ မှာဘဲ သာမန် မွေးရိုးမွေးစဉ်ဘဲ မိခင်ကိုလည်း ဒုက္ခမပေးဘဲ  အောင်အောင်မြင်မြင် မွေးဖွားခဲ့ပါတယ်။မွေးမွေးချင်း ၀မ်းကကျွတ် ကျွတ်ချင်း အသားကုန်  အော်ငိုတော့တာဘဲလေ။ကျွန်မက ငိုသံနားစွင့်နေတာ။ငိုသံကလေးကြားရမှ စိတ်အေးသွားတာ။သူ့အထက်က ယောင်္ကျားလေး သူရ တုံးက ခြေဖွားဆိုတော့ မငိုနိုင်ရှာဘူး။ တညလုံး စိုးရိမ်စိတ်တွေနဲ့။ဘုရားတခဲ့ရတာလေ။ဒီတော့ ကျွန်မက ငိုသံဘဲ နားထောင်နေတာ။အမလေး ငိုလိုက်သမှ တခန်းလုံး ရှိသမျှလူတွေ နားငြီးအောင်ငိုတယ် ။ ကျွန်မအဖို့ဘယ်နားညီးနိုင်မလဲ။ ဒီအသံလေးကို ခလေးတိုင်းမျှော်နေကျပေါ့။သုတိသြဘာ နဲ့ပြည့်စုံတဲ့ မင်္ဂလာရှိတဲ့အသံကလေးလေ။တော်တော် အာကျယ်တဲ့ခလေး တဲ့။ ကျန်းမာရေးကောင်းလိုက်တာ တဲ့။မိခင်ရော ခလေးပါ ကျန်းမာကြပါသည် တဲ့။အားလုံး complete ဖြစ်ပြီ လို့  ဆရာဝန်မကကြောငြာမှ ကျွန်မလဲ စိတ်အေးတော့တာဘဲ။ အနှီးထုပ်ကလေးနဲ့ ကျွန်မအနားလာသိပ်တော့  dropper ကလေးနဲ့ ရေကျက်အေး တိုက်ပေးလိုက်ပါတယ် အမယ် သူကလေးက တခန်းလုံး ကြားအောင် တပြတ်ပြတ်နဲ့ အရသာခံ စုပ်နေတာများ တာဝတိန်သာကတောင် ကြားးနိုင်လောက်ပါရဲ့။အော် ကိုယ့်ရင်မှာဖြစ်တဲ့ကိုယ့်ရင်သွေးဆိုတော့ရိုးလဲ ရိုးမသွားဘူး။ အမြဲတန်းဆန်းသစ်နေတာပါ။ ကျွန်မအဖို့မေတ္တချစ်ခြင်းမေတ္တာဆိုတာ ဘယ်တော့မှ ကုန်ခန်းသွားမှာ မဟုတ်ပါဘူး။

Florist

ဒီနှစ်မွေးနေ့က ကြာသပတေးနေ့နှင့် တိုက်ဆိုင်လို့ နေ့ထူးနေ့မြတ်ပေါ့ ။မနှစ်က ရေးခဲ့တဲ့ စာလေး ပြန်ဖတ်ရအောင်လို့ ။ မင်္ဂလာနေ့မြတ်မှာ ပျော်ရွှင်ကြပါစေ။
မေမေ


Wednesday, July 04, 2012

Showering PG

ပီဂျီလေး မနက်ဆို အစောကြီးရောက်ရောက်လာပြီ။ တစ်ရက် ၂ ခါ ၃ခါလောက်လာတတ်တယ်။ ကိုယ်မရှိတဲ့နေ့တွေတော့ စောင့်ပြီး မကျွေးနိုင်တော့ဘူးပေါ့။ အခုတလော တော်တော်ပူလာပြီ။ ဒီနေ့တော့ ရေသောက်ရင် ရေစက်လေးတွေနဲ့ တောက်ပြီး စတော့ အမွှေးတွေဖွားလာတယ်။ အဲဒါ သူ ရေချိုးချင်လာတာ။ အရင်နှစ်တုန်းကလည်း အဲလိုပဲဆိုတော့ သိနေပြီ။ အဲဒါနဲ့ လင်ပန်းလေးရေထည့်လာပြီး ခေါ်လိုက်တော့၊ ရေထဲလူးပြီးဆော့တော့တာပဲ။ အတောင်ပံကိုလည်း တစ်ဖက်စီမြှောက်ထားပေးသေးတယ်။ သူလည်း ပိုကြီးလာတယ်။ တကယ့် ခိုလူကြီးဖြစ်သွားပြီ။

သူ့ကောင်မလေးနဲ့ကလည်း အတူတူလာစားတဲ့အခါစား၊ ပီဂျီတစ်ကောင်တည်းရောက်တဲ့အခါ ရောက်လာနဲ့။ သူတို့က သစ္စာတော့ရှိသား။
အမျိုးမျိုးမပြောင်းဘူး။ ပြန်တည့်သွားရင်လည်း အရင်ခိုမလေးပဲ။
ခုလောလောဆယ် သူတို့ မတည့်ကြဘူးထင်တယ်။ ပီဂျီတစ်ကောင်တည်း ရယ်။
ခိုမလေးကလည်း တစ်ကောင်တည်း၊
တစ်ကောင်စီလာနေကြတယ်။ :D

Friday, November 11, 2011

Angry Bird


ပီဂျီသည် တစ်ခါတစ်ရံ အကုန်စိတ်တိုနေတတ်ပါသည်။
(မှုန်ဝါးနေတာကိုခွင့်လွှတ်ပါရန်)

Wednesday, October 19, 2011

Playing PG


ရာသီဥတုအေးလာပြီ၊
ပီဂျီတစ်ကောင် အိမ်မြဲနေ၏။
အပြင်ထွက်ခိုင်းရင် စိတ်တိုပြီးလိုက်ဆိတ်ပါသည်၊
အထဲကို အမြန်ပြန်ဝင်ပြေးနေသည်၊
သွန်သင်ဆုံးမလို့လည်းမရပါ။
ပီဂျီကောင်မလေးကို လူကြီးများက အခန်းထဲမှာ လက်မခံရွေ့
ကောင်မလေးကဖြတ်သွားဟန်တူသည်၊
ပီဂျီ နှစ်ရက်လောက်မှိုင်နေလိုက်သေး၏၊
စိတ်မကောင်းပေမဲ့ မတတ်နိုင်ပါ
နှစ်ကောင်လုံးလက်ခံထားရရင် လူကြီးတွေက အပြင်မှာ နေရပေတော့မည်။