Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 14, 2011

နိုင်းလ်မြစ်နှင့် ဧရာဝတီ ဘ၀တူတွေပါဘဲ (မေမေ့ရဲ့စာ)

နိုင်းလ်မြစ်
နိုင်ငံ= မြောက်အာဖရိက
အရှည်=  ၆၆၉၂ ကီလိုမီတာ (၄၁၆၀မိုင်)
ဧရာဝတီမြစ်
နိုင်ငံ…မြန်မာနိုင်ငံ
အရှည်=၂၁၇၀ ကီလိုမီတာ (၁၃၄၈မိုင်)

နိုင်းလ်မြစ်သည် အရှည်ကီလိုမီတာ 6,692 ( 4,160မိုင်) ရှည်လျားပြီး   အာဖရိကတွင်မက ကမ္ဘာ့ အရှည်ဆုံးမြစ်တြီးတစင်းဖြစ်သည်။အီဂျစ်၊ နျူးဘီးယား၊အီသီယိုပီးယား၊တန်ဇန်နီးယား၊ဆူဒန်၊ ရ၀မ်ဒါ၊ ယူဂမ်ဒါ ဇိုင်ယာ  စသည် အာဖရိကနိုင်ငံပေါင်း၁၀ နိုင်ငံ ကို အကျိုးပြုသည်။ မြစ်အောက်ပိုင်း အဖိုးတန် မြစ်ဝကျွန်းပေါ်ဒေသကို ပိုင်ဆိုင်သည့် အီဂျစ်က  အကျိုးအမြတ်တွင် ပိုမို အသာစီးရခဲ့သည်။
သို့သော် ...
အီသီယိုပီးယားရေတံခွန်မှ စခဲ့သော Blue Nile သည် ဆူဒန်မှ စတင်စီးဆင်းသော White Nile နှင့် ခါတွန် (Khartoum) တွင်ပေါင်းဆုံပြီး Nile မြစ်ကြီးအသွင် ဖြစ်ထွန်းပေါ်ပေါက်၍ မြေထဲပင်လယ်သို့  စီးဝင်သည်။ မေခ မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဧရာဝတီ ဖြစ်တည်လာသကဲ့သို့ White Nile နှင့် Blue Nile တို့  ပေါင်းဆုံရာမှ နိုင်းလ်မြစ် ဟူ၍ဖြစ်တည်ပေါ်ထွန်းလာခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။
ရေစီးဆင်းမှုတွင် အမေဇုံမြစ်ထက် ပမာဏနည်းသည်။ ရေစီးဆင်းမှုဧရိယာ စတုရန်းကီလိုမီတာ ၃၃၄၉၀၀၀ရှိသည်။ ဗြိတိန်ကိုလိုနီဘ၀မှာရှိစဉ် ကတည်းက ရေခွဲဝေသုံးစွဲရေးတွင် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ ကြပြီး အီဂျစ်အားနိုင်းမြစ်စီမံခန့် ခွဲရေးကိစ္စအပေါ်  (Veto) အာဏာ ပေးအပ်ခဲ့ သည်။အီဂျစ်က ၇၅ရာခိုင်နှုန်း ရရှိပြီး ဆူဒန်နိုင်ငံက ၁၀ရာခိုင်နှုန်းသာ ရရှိသည်။ အခြားအဖရိကနိုင်ငံများ ၁၅ရာခိုင်နှုန်းစီ ရရှိကြသည်။ နိုင်းလ်မြစ်ဖြစ်တည်ရာသည် ဆူဒန်နိုင်ငံဟု ဆိုရမည်ဖြစ်ပါသည်။
၁၉၆၀ခုနှစ်က အီဂျစ်သမ္မတ"နာဆာ"သည် ဆိုဗီယက်အကူအညီဖြင့် အက်စ၀မ်ရေကာတာကြီးကို တည်ဆောက်၍ နိုင်ငံအတွက် လိုအပ်သော ရေအားလျှပ်စစ်ကို ထုတ်ယူခဲ့သည်။ (ပြင်ပရောင်းချမှုမရှိပါ။ )  ထိုစဉ်က လူဦးရေ နည်းပါးသည့်အလျှောက်ပြောပလောက်အောင် ထင်ရှားသိသာမှု မရှိသေး။ အသိဥာဏ်မဖွံ့ ဖြိုးသေးချေ။ “သမ္မတနာဆာ “ကိုလည်း  လူထုက ကြည်ညိုလေးစားခဲ့ကြသည်။
Blue Nile Falls (Tis Issat) at Lake Tana
သို့ သော် အက်စ်ဝမ်ဆည်ကြီးတည်ဆောက်မှုအတွက်  တဲမ်ပဲလ်ဝတ်ကျောင်းတခု နှင့်  ဂီဇာ ပိရမစ်ကြီး (၁၇)ခုပါဝင်ပေးဆပ်လိုက်ရသည်။  ဒေသခံလူပေါင်း (၉၀၀၀၀)တို့ သည် မိမိတို့ အိုးအိမ်ကို စွန့်ခွာ ထားရစ်ခဲ့ကြရပြီး  အချို့က မိမိတို့ နေအိမ်မှ  ၂၈မိုင် အချို့က ၃၇၀မိုင် ဝေးကွာသော အရပ်ဒေသများသို့အပြီးအပိုင်ပြောင်းရွှေ့သွားကြရသည်။ ယခုအခါ အာဖရိကသည်လူဦးရေ မမျှတမှု မိုးခေါင်မှု အစာရေစာပြတ်လပ်မှုပေါင်းစုံတို့ဖြင့်  ပြည်သူများသည်အထိနာခဲ့ရသည်မို့ အသိဥာဏ်ကြွယ်ဝခဲ့ပြီ။ နိုင်းမြစ်တလျှောက် ရေကာတာများ အချိုးကျ တည်ဆောက်ထားမှုကိုလည်း  မလိုလားကြတော့။ အီဂျစ်သည် မိမိတို့၏အသက်သွေးကြော မိမိတို့  မှီခိုရှင်သန်နေရသော နိုင်းလ်မြစ်ကြီးကိုရေစီးရေလာ နှေးကွေးအောင်  အထက်မှ ပိတ်ဆို့ဟန့်တားထားသည်ကို မကြည်ဖြူတော့။ နောက်ထပ်၍အတားအဆီးများ  အလိုမရှိကြတော့။ မိမိအထက်မှ တည်ဆောက်နေသည့် ဆည်များကြောင့် အီဂျစ်သည် ယခုအခါသောက ဝေနေရပြီဖြစ်သည်။ လိုအပ်လျင် အီဂျစ်က မိမိတို့ရရှိထားသည့် ဗီတိုအာဏာကို ထုတ်သုံးမည် သို့မဟုတ် စစ်ပြုမည်ဟု အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်စပြုလာသည်။
White Nile, Uganda - Itanda
တရုတ်ကလည်းပါးနပ်သည်။  ခြေလှမ်းအလွန်ကြဲသည်။ ဒေါ်လာတွေပိုက်ပြီး ကမ္ဘာတခွင် ပြဲပြဲစင် ခရီးလှည့်သည်။ ငွေတွေ ပုံအောရင်းနှီးသည်။ တရုတ်၏ ရင်းနှီးမြုပ်နှံမှုဖြင့် နိုင်းလ်မြစ်ဖျားတွင် အထက်အောက်   မာရ၀ီရေအားလျှပ်စစ် ရေကာတာများပိတ်ဆို့ တည်ဆောက်ခဲ့သဖြင့် ရှေးဟောင်းရှားပါး  ဂန္ဒ၀င်လက်ရာ အဆောက်အဦးများပျက်သုဉ်းရခြင်းအပေါ် လူထုက မကျေမနပ်ဖြစ် ကန့်ကွက်နေသည်။ ပတ်ဝန်းကျင်ရေမြေတောတောင် ပျက်စီးယိုယွင်းမှုအပေါ် ဝေဖန် တိုက်ခိုက်လာကြသည်။ အီသီယိုပီးယားတွင် မိုးခေါင်ရေရှားဖြစ်မှုကြောင့် ရေပြဿနာ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ အငတ်ဘေးပြသနာများဆိုက်ရောက်သည်။ ထိုအချိန်မှာမှ အကြောင်းရင်းကို မှန်းဆသိရှိလာသည်။
Men pull each other across Blue Nile River by rope prior to Bridges to Prosperity building new bridge
အီဂျစ်တွင် မူဘာရက် အစိုးရ ပြုတ်ကျအပြီး နောက် လူထုက ရေကာတာများဆက်လက်တည်ဆောက်မှုကို ရပ်ဆိုင်းရန် တောင်းဆိုလာကြသည်။ အစိုးရအဖွဲ့ အစည်းများ၏ ရပ်တည်မှုကို စိစစ်လာကြသည်။ ရွေးကောက်ပွဲ မတရားမှုဖြင့် အနိုင်ရထားသော အီသီယိုးပီးယားအကျင့်ပျက်ခြစားအစိုးရနှင့် နိုင်ငံတကာရာဇ၀တ်ခုံရုံးမှ  အလိုရှိနေသော ဆူဒန်သမ္မတတို့ကို  တရုတ်နိုင်ငံက ပူးပေါင်းသိမ်းသွင်းထားသည်။ ဆူဒန်မှ ရေနံတွင်းများတွေ့ရှိလာမှုအပေါ် လက်ဦးမှုရယူလိုသည်။ တရုတ်သည် မြန်မာနိုင်ငံ မြစ်ဆုံစီမံကိန်းနှင့်အလားတူ နိုင်းလ်မြစ်တွင်လည်း ငွေပင်ငွေရင်းများစွာ ရင်းနှီးမြုပ်နှံ မတည်ကာ မိမိကိုယ်ကျိုးအတွက် အလုံးအရင်း စိုက်ထုတ် ဆောက်လုပ်နေဆဲဖြစ်သည်။
View of Nile River delta, Red Sea & Sinai Peninsula from space
ယခုအခါ အုပ်ချုပ်သူအစိုးရအဖွဲ့အစည်းများ မိမိတို့ လုပ်လိုသမျှ လုပ်ခွင့်မရှိတော့ပါ။ အာဖရိကပြည်သူလူထုသည် နိုးကြားတက်ကြွလာသည်။  ဒီမိုကရေစီကို အူလှိုက်သဲလှိုက် တောင်းဆိုနေကြပြီ။ ဆူဒန်လူထုက တရုတ်သံရုံးကိုသွားရောက် ကန့်ကွက်သည်။ အစိုးရက အကြမ်းဖက်နှိမ်နင်းသည်။ လူအသေအပျောက်ရှိသည်။

နျူးဘီးယားတွင် ဆည်တည်ဆောက်ခြင်းကို ပြည်သူလူထုက အလိုမရှိ Save  Nubia ဟု အော်သည်။   China stop building dams in Nubia ဟု အော်သည်။ နိုင်းလ်မြစ်ရှင်သန်ဖွံ့ ဖြိုးရေးကိုသာ အလိုရှိကြသည်။ နိုင်းမြစ် အင်အားချိနဲ့ ပိန်ပါးသွားမည်ကို နိုင်ငံ အားလုံးက မလိုလားကြ။ နောက်ထပ်ဆည်များ ဆောက်လုပ်လာမှုကို အလိုမရှိကြတော့။ ဧရာဝတီကိုမြန်မာတွေချစ်သလို ရှင်သန်စိုပြည်စေချင်သလို အီဂျစ်တွေလည်း နိုင်းလ်မြစ်ကို ချစ်သည်။ ရှင်သန် စိုပြည်ကြစေချင်ပါသည်။

Longest River Nile
ခု ကြည့်ပါ။ နိုင်းလ်မြစ်ဖျားတလျှောက်မှနေ မာလ၀ီရေကာတာများ အထက်အောက်  ဆီးဆို့ ပိတ်ထားခြင်းအတွက် အီဂျစ်က သူ့နိုင်ငံကို အန္တရာယ်ရှိစေသည်ဟု ယူဆသည်။ အီဂျစ်သည် များစွာ စိုးရိမ်ပူပန်လာသည်။ အီဂျစ်အတွက်  အရေးတကြီး ဦီးစားပေး ဖြေရှင်းရတော့မည့် အနေအထားမှာ ရှိလာသည်။
ယခုတော့ ..
အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ပြည်သူပြည်သားများ နိုးထလာချေပြီ။
ရေလုပွဲ ဖြစ်စရာရှိလာသည်။ ကိုလိုနီဘ၀က ရရှိထားသည့် အခွင့်အာဏာကို သုံးစွဲကောင်း သုံးစွဲလာနိုင်သည်။ ရေကို အကြောင်းပြု၍အိမ်နီးချင်းနိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားလာနိုင်ြပန်ရာ  သူတို့သည် သွေးကြွ ဆူပူလွယ်တတ်သူများဖြစ်သည့်ကြောင့်  စစ်မက်ဖြစ်ပွားလျှင် သွေးချောင်းစီးလာသည်အထိ ကြီးမားကျယ်ပြန့်လာနိုင်သည်ဟု နိုင်ငံတကာက သုံးသပ်ဝေဖန်ကြပါသည်။

Florist

Source: internet

9 comments:

sosegado said...

ကမ္ဘာပေါ်မှာ ဆည်ဆောက်ထားတဲ့မြစ်တွေ အများကြီးပါ ရေအားလျှပ်စစ်ထုတ်မထုတ် ကွာပါတဲ့၊
ဆည်အိုတွေအများဆုံးရှိတဲ့နိုင်ငံက အမေရိကန်ပါ၊ ဂျိမ်းစဘွန်းကားရိုက်ထားတဲ့ ဆည်ကြီးဆို ဆောက်တုန်းက ကန့်ကွက်မှုတွေအများကြီးရှိခဲ့ပါတယ်၊
NGO လှုပ်ရှားသူတွေကတော့ ဒီဆည်အိုတွေရဲ့ အန္တရယ်ကို ထုတ်ဖေါ်နေကြပါပေမဲ့ အရာရောက်အောင် လုပ်တဲ့သူမရှိသေးပါဘူး၊
ကြီးမားတဲ့ဆည်အိုလာရင် အရမ်းအန္တရယ်ကြီးပါတယ်၊ ဆောက်တာလွဲချော်ခဲ့ရင်လဲ အရမ်းအန္တရယ်ကြီးပါတယ်၊ နိုင်းမြစ် ဧရာဝတီမြစ်မှ မဟုတ်ပါဘူး၊

မိုးယံ said...

မြတ်ဗုဒ္ဓလက်ထက် ရေကြောင့်စစ်ဖြစ်တယ်...ဖတ်ဖူးတယ်... တစ်နေ့တော့...ရေကြောင့်စစ်ဖြစ်တယ်လို့များ...မျက်မြင်ဒိဌ တွေ့တော့မှာလားကွယ်။

...ကြောင်ဖြူများရှင် said...

စစ်ဖြစ်ရမယ်ဆိုရင်လည်း စောစော စီးစီး ဖြစ်လိုက်တော့မယ် အစ်မရာ..... နောင်လာ နောင်သားတွေ မြစ်ဝ ကျွန်းပေါ်ဆိုတာ ဘာမှန်း မသိတော့တဲ့ ဘ၀ ရောက်မှ မှားခဲ့ပါပြီ လို့  အော်နေရမယ့် အစား ဘေကျင်းထိပဲ တက်သိမ်း လိုက်ပါရစေတော့။

ဖဘ မှာ ရှယ်ပါရစေ။

ညီရဲ said...

ကမ္ဘာအနှံက မြစ်ကြီးတွေကို သူ့ သဘာဝအတိုင်း ရှင်သန်စေချင်ပါတယ်ဗျာ...
ဧရာဝတီမှ မဟုတ်ဘူး နိုင်းမှမဟုတ်ဘူး မြစ်ဝါ၊ ဂင်္ဂါ၊ သိန်း၊ မစ္စစပီ စသည့်စသည့် မြစ်ကြီးတွေ အားလုံးကို သူ့ သဘာဝအတိုင်း စီးဆင်းစေချင်ပါတယ်...

မေသိမ့်သိမ့် ကျော် said...

နိုင်းမြစ်ကြီးကိုလည်း သဘာဝအတိုင်းရှင်သန်နေစေချင်သလို ၊ ဧရာဝတီကိုလည်း အယိုယွင်း မခံနိုင်ပါဘူး။ သဘာဝတရားဟာ လူသားတွေကို စောင့်ရှောက်နေတာပါ။ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးအောင်လုပ်ရင် နောင်လာနောင်သား တွေ ကော ၊ လက်ရှိပတ်ဝန်းကျင်က လူတွေပါ ဒုက္ခခံစားကြရတာပါ။

ခင်တဲ့
မေသိမ့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြိုးရေ
ဖြိုးမေမေရေးထားတာကောင်းလိုက်တာ
ရေကာတာကြောင့် ဆုံးရှုံးမှုကို ထင်းခနဲမြင်စေတယ်
တကယ်တမ်းတော့ အုပ်ချုပ်သူတွေကသာ အမြော်အမြင်ရှိပြီး ဗဟုသုတတွေ ရှိခဲ့ရင် ဧရာဝတီကြီးကို ရောင်းစားမှာ မဟုတ်ပါဘူး
လတ်တလော ငွေရတာ တစ်ခုတည်းကြည့်ပြီး နောင်တစ်ချိန် ဧရာဝတီပေါ်ကဆည်အတွက် လူတွေ ဒုက္ခရောက်ကြရမှာကို ကြိုတွေးခဲ့သင့်တာ
ဘာလို့ဆိုတော့ ဆည်ကြီးတွေကြောင့် နိုင်ငံတစ်ချို့မှာ ဆိုးကျိုးတွေ ကြုံနေရတာ သူတို့သာ စာတွေဖတ်ရင် လေ့လာရင် မသိစရာ မရှိပါဘူး။
ခုတော့ ....

မြစ်ကျိုးအင်း said...

သဘာဝပါတ်ဝန်းကျင် ပြောင်းလဲလာမှုနဲ့အတူ ရာသီဥတုတွေ ဖောက်ပြန်တာ မြန်လာတော့ ရေကြောင့် ဖြစ်တဲ့ စစ်တွေ ဖြစ်လာနိင်ချေရှိပါတယ်။

နိင်းလ် မြစ်အထိ တရုတ်တွေက ပါလိုက်သေးတယ် ဆိုတော့... အင်း...။

ဆူးသစ် said...

နိမိတ်ပုံတွေထဲမှာ အဲဒီလိုပေးတာ အကောင်းဆုံးပဲ။ ဧရာဝတီ ဘာဖြစ်မလဲ မပြောဘူး။ နိုင်းမြစ်ကိုတော့ ပြောသွားတယ်။ အဲဒါတွေရဲ့ထပ်တူ ဖြစ်လာနိုင်တယ်ပေါ့။

naing said...

ဒီလိုမျိုးလေး ဖတိလိုက်ရတော့ ကျေးဇူးတင်တယ်ဗျာ