Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label တကိုယ်တော်ဘ၀ကို အဆုံးသတ်တဲ့နေ့. Show all posts
Showing posts with label တကိုယ်တော်ဘ၀ကို အဆုံးသတ်တဲ့နေ့. Show all posts

Friday, July 08, 2011

တစ်ကိုယ်တော်ဘ၀ကို အဆုံးသတ်တဲ့နေ့ 

Photo from
အတ္တလန်တစ် သမုဒ္ဒရာကြီးကို တကိုယ်တော် ကျော်ဖြတ်သူတွေထဲမှာ ကျွန်မဟာ အငယ်ဆုံးဖြစ်တယ်ဆိုတာ.လူတွေသိရင် သူတို့  မေးခွန်းတွေ ဒလစပ် မေးချင်နေပေလိမ့်မယ်။  အသက်၂၂နှစ်သာရှိသေးတဲ့  နုနုငယ်ငယ် မိန်းခလေးတယောက်က ၅.၈  မီတာရှည်တဲ့  လှေကြီးကို ဘယ်လို ဦးဆောင်ပဲ့ကိုင်ပြီး  ဖြတ်သန်းခဲ့တယ်ဆိုတာ ။ ရက်ပေါင်း၇၀ လုံးလုံး  လှိုင်းလေကို ဘယ်လို သတ္တိတွေနဲ့  ခုခံ တွန်းလှန်ခဲ့သလဲ ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒုက္ခသုခတွေ ဘယ်လို မျိုး ခံနှိုင်ရည်ရှိခဲ့ သလဲ ဆိုတာတွေ သူတို့  မေးချင်ကြပေလိမ့်မယ်။

တကယ်တော့ ကျွန်မဟာ သမုဒ္ဒရာကို ဖြတ်ကျော်မယ်လို့  ဆုံးဖြတ်ချက်ချပြီးကတည်းက  မိုဟာဗီသဲကန္တာရမှာ ကီလိုမီတာ ၅၃၀၀ အထိ စက်ဘီးစီးကျင့်ခဲ့တယ်။ ကီလိုမီတာ အရှည် ၅၂၃ အထိ အလက်ဂီးနီးမြစ်ကြီးထဲမှာ  ကူးခတ်ခဲ့ပြီးဖြစ်တယ်။ ကျယ်ပြောတဲ့ ပင်လယ်သမုဒ္ဒရာထဲမှာ တယောက်တည်းရက်ပေါင်း၇၀  လှေလှော်ထွက်ရမယ်ဆိုတာ ဘယ်လောက် ငြီးငွေ့ ဖို့  ကောင်းလိုက်မလဲ။ ဘယ်လောက် အထီးကျန် ဆန်လိုက်မလဲ။တချို့ က တွေးမိကြမယ်။ဘယ်လိုဘဲ ဖြစ်စေ …
၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့ မှာတော့  ဆီနီဂေါလ်ကမ်းခြေကနေ ကျွန်မ စထွက်ခဲ့တယ်။