အာဖရိကရဲ့ အဖြူရောင်မိခင်လို့ တင်စားကြတဲ့ မေရီစလဲ့စ်ဆားကို ၁၈၄၈ခုနှစ် ဒီဇင်ဘာ၂ရက် မှာမွေးဖွားခဲ့ပြီး ၁၉၁၅ခုနှစ် ဇန်န၀ါရီ၁၃မှာ ဆုံးပါးခဲ့ပါတယ်။ မေရီဟာ နိုင်ဂျီးရီးယားကို သွားရောက်သာသနာပြုခဲ့တဲ့ စကော့သာသနာပြုအဖွဲ့ဝင်တစ်ဦးပါ၊ မေရီရဲ့အလုပ်မှာ အဆုံးအဖြတ်ပေးနိုင်မှုနဲ့ ပြတ်သားရဲ့ရင့်မှုပေါ်လွင်နေတဲ့ ရုပ်သွင်တို့ကြောင့် ဒေသခံတွေရဲ့ယုံကြည်ကိုးစားမှုကို ရရှိခဲ့ပါတယ်။ မေရီဆောင်ရွက်တဲ့ခရစ်ယာန်သာသနာမှုလုပ်ငန်းတွေနဲ့ အမျိုးသမီးအခွင့်အရေးတွေကို တပ်လှန့်မြင့်တင်ဖို့ စွမ်းဆောင်မှုတွေမှာ အထူးအာင်မြင်ခဲ့တယ်။
စကော့တလန်နိုင်ငံ အမ်ဘာဒီးန်မြို့မှာမွေးဖွားခဲ့ပြီး အသက် ၁၁နှစ်အရွယ်မှာ မေရီရဲ့မိဘတွေ အလုပ်ရှာဖို့ ဒန်ဒီးမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်၊ မေရီရဲ့ဖခင်က ရှုးဖိနပ်အလုပ်သမားဖြစ်ပြီး အလုပ်ကဖြုတ်ခံရပြီး အရက်စွဲနေခဲ့သေးတယ်။ နောက်ပိုင်းမှာတော့ စက်ရုံအလုပ်သမားအဖြစ် အလုပ်ရသွားပါတယ်၊ မေရီရဲ့မိခင်ကဂုံလျှော်စက်ရုံမှာမေရီ အချိန်ပိုင်းအလုပ်လုပ်ဖို့တိုက်တွန်းခဲ့တယ်။ ဖခင်ရဲ့အထောက်အပံ့မရခဲ့တဲ့အချိန်တွေဟာ မေရီ့ပိုပြီးရဲ့ရင့်စေခဲ့တယ်၊ မေရီဂျုံစက်မှာ နေ့တစ်ဝက် အလုပ်လုပ်ပြီးမိသားစုကို ထောက်ပံ့ခဲ့သလို နေ့တစ်ဝက်က စက်ရုံအလုပ်သမားတွေအတွက် ဖွင့်ပေးတဲ့ကျောင်းကို တက်ရောက်ခဲ့ပါတယ်၊ အဲဒီ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ မေရီဟာ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း မိသားစုအတွက်သူမရဲ့ပူပင်သောကတွေကို တတ်နိုင်သလောက် ငြိမ်းအေးစေဖို့ ဘုရားကျောင်းကိုမှန်မှန်သွားခဲ့တယ်၊ ဘုရားသခင်ကို မေရီ ပြင်းပြင်းထန်ထန် ယုံကြည်ခဲ့တယ်၊ ဒေသခံသာသနာပြုအဖွဲ့ထဲ ၀င်လိုက်တယ်။ ဒေသခံတွေအကြား မေရီရဲ့ခေါင်းဆောင်းနီမိန်ကလေး တံဆိပ်တပ်ခံရမယ့် အဖြစ်အပျက်အဖြစ် ကျော်ကြားခဲ့ပါတယ်။ ဒန်းဒီးဒေသတစ်ဝိုက်က နာမည်ကြီးဆိုးသွမ်းလူငယ်အဖွဲ့တစ်ဖွဲ့နဲ့ မေရီထိပ်တိုက်တွေ့ခဲ့တယ်။ ဘုရားကျောင်းမှန်မှန်သွား သာသနာပြုအဖွဲ့အတွက် အကူအညီပေးနေတဲ့မေရီကိုအမြင်မကြည်တော့တဲ့ အဲဒီလူငယ်လေးတွေက တစ်နေ့ သတ္တုချောင်းတစ်ချောင်းကိုလွှဲရင်း မေရီမျက်နှာနား တိုးသထက်တိုးကပ်လာခဲ့တယ်။ အရှိန်ပြင်းပြင်း မေရီကမျက်နှာကို ပြေးရိုက်တော့မယ့် အနေအထားမှာ မေရီကတော့ ခြေလှမ်းတချက်မှ နောက်မဆုတ်ပဲနေရာမှာ တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေခဲ့တယ်၊ တကယ်တမ်း သွေးပျက်သွားတာက လူငယ်လေးတွေပါ၊ နောက်တော့ မေရီကိုအထင်ကြီးလေးစားသွားကြတဲ့ အဲဒီလူဆိုးလေးတွေဟာ တနင်္ဂနွေနေ့တွေမှာဘုရားကျောင်းကို ရောက်နေတတ်တယ်၊ သာသနာပြုလုပ်ငန်းတွေမှာ သူတို့အလိုလို ပါဝင်လာကြပါတယ်၊ မေရီ ဘာမှမတိုက်တွန်းလိုက်ရပါပဲ လူငယ်လေးတွေပြောင်းလဲသွားကြတယ်။ မေရီကိုယ်တိုင် အဲဒါကို အံ့သြ ၀မ်းမြောက်စွာသတိပြုမိလိုက်ပါတယ်။ ဘုရားကျောင်းကမေရီ့ ကိုသင်ကြားပြသပေးတဲ့ ဓမ္မမိတ်ဆွေတွေကပါ သာသနာပြုပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းခဲကြတယ်၊ “ဘုရားသခင်ကအလိုရှိခဲ့ပြီဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် သူသွားမယ်”လို့ ဆိုခဲ့တဲ့ မေရီလေးစားလှတဲ့ သာသနာပြုသူရဲကောင်း ဒေးဗစ်လင်းဗင်းစတုန်းရဲ့ စကားအတိုင်း မေရီလည်း ၂နှစ်ကြာပြီးတဲ့နောက် အာဖရိကကို သာသနာပြုခရီးစတင်ထွက်ခဲ့ပါတယ်။