“၂၀၀၇ခုနှစ် စက်တင်္ဘာလ ၂၇ရက်နေ့ ည”
“ရောဘတ်” က ဒီညကို သူ့ ရဲ့မှတ်တမ်းစာအုပ်မှာ
ဘာ့ကြောင့် “သေမင်းနဲ့  တဲ့တဲ့တိုးတဲ့ည” လို့  ရေးမှတ်ခဲ့ သလဲ ဆိုရင်......

ရန်သူတွေ တအုပ်တကျင်း သူ့နောက် လိုက်လာသည်ဟု “ဒင်ကလေ မီလာ” မြင်သည်။
ထို့ကြောင့် သူ့ ကိုယ်သူကို မာရသွန်သမားလို ပြေးခိုင်းနေသည်။
ပြေးသာပြေး၏။ ဦးတည်ချက်မရှိ။
သူသုံးစွဲထားသည့် မက်သမ်ဖက်တမင်း(methamphetamine)ဆေးက အစွမ်းပြနေလောက်ပြီ။ သူ့ တွင် ဆေးဝါးသုံးစွဲမှု လွန်ကဲခြင်း၏ အကျိုးဆက်အဖြစ် ယုံမှားလွန်ဝေဒနာတမျိုးခံစားရနိုင်သည်။ မကြာသေးမီကမှ ရဲ က သူ့ကို ခံဝန်ချက်ဖြင့် လွှတ်ထားခဲ့သဖြင့် ခုလို လွတ်လပ်စွာ သွားလာနေနိုင်ခြင်းဖြစ်သည်။ ကားမျိုးစုံတို့ဖြင့် ရှုပ်ထွေးပြေးလွှားနေသော လမ်းမကြီးပေါ်သို့ သူရောက်လာသည်။ လင်းလက်စူးရှသော ကားမီးရောင်ကြောင့် သူ့ မျက်လုံးတွေ ကျိန်းစပ်နေပြီ။
သို့သော် သူ ပြေးနေဆဲ။ မော်တော်ကားများက တစင်းပြီးတစင်း ပြေးသွားသည်။
“မီလာ” သည် ပြေးတုန်း ပြေးဆဲ။