ရိုမေးနီးယားနိုင်ငံ (Romania) ဟာ ဥရောပအရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်းလမ်းဆုံမှာတည်ရှိတယ်၊ ဘော်လကန်ကျွမ်းဆွယ်မြောက်ပိုင်း၊ ဒူးနာ့ဘ်မြစ်ရဲ့အောက်ပိုင်းမှာရှိနေပါတယ်၊ ကာပါသီယန် တောင်ကုန်းဒေသတစ်ဝိုက်အတိုင်းနဲ့ အပြင်ဘက်မှာရှိပြီး ပင်လယ်နက်က ကာရံထားပါတယ်၊ အနောက်ဘက်မှာ ဆားဘီးယားနဲ့ ဟန်ဂေရီက နယ်နမိတ်ထိစပ်ပြီး အရှေ့မြောက်မှာ ယူကရိန်းနဲ့ မော်ဒိုဗါပြည်သူ့သမ္မတနိုင်ငံရှိပြီး တောင်ဘက်မှာဘူလ်ဂေးရီးယားနိုင်ငံတို့ရှိကြတယ်၊ ဧရိယာ ၂၃၈၃၉၁စတုရန်းကီလိုမီတာ ရှိပြီး ဥရောပယူနီယံမှာ ကိုးခုမြောက်အကြီးဆုံးနိုင်ငံပါ၊ လူဦးရေသန်း ၂၁.၅ သန်းနဲ့ အီးယူမှာ ခုနှစ်ခုမြောက်လူဦးရေများဆုံးနိုင်ငံဖြစ်ပါတယ်၊ မြို့တော် ဘူခါရက်စ်ဟာ လူဦးရေ ၂ သန်း ရှိပြီး အီးယူရဲ့ ခြောက်နိုင်ငံမြောက်အကြီးဆုံးမြို့တော်ပါ၊ ၂၀၀၇မှာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါတယ်၊ ရှေးရောမလူမျိုးတွေကနေဆင်းသက်ခဲ့တယ်လို့ ရိုးမေးနီးယန်းတွေကဆိုကြတယ်၊ ၁၆ရာစုမှာ အီတလီခရီးသွားတွေဟာ ထရန်ဆဲလ်ဗေးနီးယား၊ မော်လ်ဒေးဗီးယားနဲ့ ၀ဲလ်လေးခီးယားတို့ကို စတင်လည်ပတ်ခဲ့ကြတယ်လို့ ဆိုတယ်။
Showing posts with label သွေးဆာတဲ့ဘုရင်ဒရက်ကူလာ ရဲ့ မြို့တော်ဆီ. Show all posts
Showing posts with label သွေးဆာတဲ့ဘုရင်ဒရက်ကူလာ ရဲ့ မြို့တော်ဆီ. Show all posts
Saturday, August 06, 2016
Wednesday, October 24, 2012
သွေးဆာတဲ့ဘုရင်ဒရက်ကူလာ ရဲ့ မြို့တော်ဆီ အပိုင်း (၂)
Posted by
PhyoPhyo
at
Wednesday, October 24, 2012
Labels:
ခရီးသွားဆောင်းပါး,
သွေးဆာတဲ့ဘုရင်ဒရက်ကူလာ ရဲ့ မြို့တော်ဆီ
ဆီဂီရွှားရားကို ရောက်တယ်ဆိုရင်ပဲ ခုခေတ်အဆောက်အဦးတွေရဲ့အလယ် သစ်ရွက်စိမ်းတွေဝေနေတဲ့ အပင်တွေကြားမှာ ရှေးဟောင်းအဆောက်အဦးကြီးကို တွေ့လိုက်ရပါပြီ။ တောင်ကုန်းမြင့်မြင့်ပေါ်မှာ ၀ါဝါညိုရောင်၊ တချို့နေရာတွေမှာ ပန်းရောင်ပြေး အုတ်သားအင်္ဂတေ အချပ်အချပ်တွေ ဟိုမှာဒီမှာလစ်ဟာလို့နေတဲ့ မြင့်မြင့်မားမားအဆောက်အဦးပေါ့။ မိုးသားတွေအလိပ်လိပ်ထနေတဲ့ ကောင်းကင်ကြီးရဲ့အောက်က ပြသာဒ်အိုးလုံးလုံးဝန်းဝန်း၊ ချွန်တက်နေတဲ့ထိပ်ဖျားပုံပါရှိတဲ့ Clock Tower နဲ့ ရှေးဟောင်းအဆောက်အဦးကိုတွေ့လိုက်ကြရတယ်။ ကားပေါ်ကလူတွေအားလုံး ကားမရပ်သေးခင်မှာကိုပဲ ဓါတ်ပုံတွေ အမိအရ ရိုက်ယူကြပါတယ်။ tour bus တွေရပ်တဲ့နေရာမှာ ရပ်လိုက်ပြီးတာနဲ့ ချက်ချင်းပဲ အဆောက်အဦးရှိရာဆီသွားကြမယ်လို့ tour guide က ပြောပါတယ်။ လူတွေအားလုံးကိုစုတယ်။ သူနဲ့ပဲအတူလိုက်ခဲ့ဖို့ ပြောပါတယ်။ ဘေးက အဆောက်အဦးသစ်တွေကြားထဲမှာ ရှေးဟောင်းအဆောက်အဦးကြီးက မပြုမပြင်ရှေးခေတ်လက်ရာအတိုင်းရှိနေဆဲပါ။ ဦးတည်ရာပေါင်းစုံကနေ ချိတ်ဆက်နေကြတဲ့ လျှပ်စစ်မီးကြိုးတွေ၊ ဖုန်းလိုင်းတွေကြိုးတွေကတော့ ရှေးဟောင်းအဆောက်ကြီးကို ကြက်ခြေခတ်တွေများများခြစ်ကာ ဖုံးကာထားသလိုပါပဲ။ ကျောက်တုံးလေးထောင့်ကွက်တွေ မြှုပ်ပြီးခင်းထား၊ ဆောက်ထားတဲ့ လှေကားထစ်တွေအတိုင်း တောင်ကုန်းပေါ်ကိုတက်လာခဲ့ကြတယ်။
Saturday, August 25, 2012
သွေးဆာတဲ့ဘုရင်"ဒရက်ကူလာ" ရဲ့ မြို့တော်ဆီ အပိုင်း (၁)
Posted by
PhyoPhyo
at
Saturday, August 25, 2012
Labels:
ခရီးသွားဆောင်းပါး,
သွေးဆာတဲ့ဘုရင်ဒရက်ကူလာ ရဲ့ မြို့တော်ဆီ
![]() |
ရန်သူတွေကို သတ်ဖြတ်တဲ့အခါ တံစို့ နဲ့ ခံတွင်းကနေ အဆုံးထိ ထိုးသတ်တတ်သူ ရက်စက်တဲ့ စစ်သူကြီး ဒရက်ကူလာ (Vlad Ţepeș) |
ထိတ်လန့်သည်းဖိုအဖြစ်အပျက်တွေကို စိတ်ဝင်တစားရှိတတ်ကြတဲ့ လူတွေဟာ ကမ္ဘာကြီးရဲ့ တစ်နေရာရာက ချောက်ချားစရာအဖြစ်အပျက်တွေကို သိလိုလှပါတယ်။ အဲဒီထိတ်လန့်စရာတွေကို အမြဲတသသ အမှတ်ရနေတတ်ကြတယ်။ အဲဒီလိုလူတွေထဲက တစ်ယောက်ကတော့ ထိတ်လန့်သည်းဖိုဇာတ်လမ်း ရေးသားမှုမှာ ထူးခြားတဲ့ပါရမီရှိသူ ဘရမ်စတိုကာပါ။ သူအမြဲ စိတ်စွဲလမ်း၊ ဥာဏ်ကွန့်မြူးနေတတ်တဲ့ ထရန်ဆေးလ်ဗေးနီးယားဒေသရဲ့ သဘာဝပတ်ဝန်းကျင်အနေအထားကို စာထဲမှာ ပုံဖော်တယ်။ ထရန်ဆေးလ်ဗေးနီးယားဒေသက ရိုမေးနီးယန်းလူမျိုးတွေရဲ့ ကြမ်းကြုတ်ရက်စက်လှတဲ့ စစ်ဗိုလ်ချုပ်ကြီး၊ တစ်ဘက်က တိုင်းပြည်ချစ်တဲ့ သူရဲကောင်း၊ ဘရန်းရဲတိုက်ပိုင်ရှင် ဒရက်ကူလာရဲ့ ဇာတ်ကောင်စရိုက်ကို စာထဲမှာ ဖန်တီးလိုက်တယ်။ ဥရောပရှေးရိုးစဉ်လာ ဒဏ္ဍာရီပုံပြင်တွေထဲက သွေးစုပ်ဖုတ်ကောင်တွေအကြောင်းကို နှစ်ပေါင်းများစွာ သူ .. သုသေသနပြုခဲ့ပါတယ်။ အဲဒီနယ်မြေဒေသတွေမှာ တကယ့်အဖြစ်အပျက်လိုလိုပြောဆိုနေကြတဲ့ သွေးစုတ်ဖုတ်ကောင်ရဲ့ ... အစွယ်ပြူးပြူးနဲ့ လည်ပင်းကို ကိုက်ဖောက်သွေးစုပ်တတ်တာ၊ ကြက်သွန်ဖြူကို ကြောက်ရွံ့တာ၊ လင်းနို့တစ်ကောင်နဲ့ ဆက်နွယ်မှုရှိနေတာ၊ ရုပ်အလောင်းရဲ့ ရင်ဝကို စို့နဲ့ ထိုးစိုက်မှ တသက်စာ သေဆုံးနိုင်တာ စတဲ့ ဒဏ္ဏာရီတွေနဲ့ ပေါင်းစပ်ဖန်တီးပြီး သွေးစုပ်ဖုတ်ကောင် ဒရက်ကူလာ အဖြစ် ဘရမ်စတိုကာ သရုပ်ဖော်ခဲ့ပါတယ်။ ဒဏ္ဏာရီတွေကို တကယ့်အဖြစ်အပျက်လိုပဲ အောင်မြင်စွာဖန်တီးနိုင်ခဲ့တယ်။ “ဒရက်ကူလာ”ဟာ “သွေးစုပ်ဖုတ်ကောင်”၊ “သွေးစုပ်ဖုတ်ကောင်” ဟာ “ဒရက်ကူလာ” လို့ တစ်သားတည်းကျသွားတဲ့အထိ ဘရမ်စတိုကာ ရဲ့ ဖန်တီးနိုင်စွမ်းက ကြီးကျယ်ခဲ့ပါတယ်။
ဟိုး .. ငယ်ငယ်တုန်းက ပျဉ်းမနားက တပေါင်း ဘုရားပွဲမှာပေါ့၊ ပိတ်ကားဖြူဖြူမှာ ၃ ကားပေါင်း ပြတဲ့ရုပ်ရှင်ကားတွေကို ကျွန်မ ဖေဖေနဲ့ သွားကြည့်ခဲ့ဖူးတယ်။ အဲဒီထဲက ဒရက်ကူလာရုပ်ရှင်ကားဟာ ကျွန်မကို ချောက်လှန့်နေလိုက်တာများ။
သွေးစုပ်ဖုတ်ကောင် ဒရက်ကူလာကို ဖန်တီးသူ ဘရမ်စတိုကာ (Bram Stoker) |
Subscribe to:
Posts (Atom)