Myanmar Knowledge Society (MKS)နဲ့ ရေးဖြစ်တဲ့ စာတစ်အုပ်ပါ။ ကျမ ရေးဖြစ်တဲ့အပိုင်းက တာဝန်မယူတဲ့ “အာဏာယူခြင်း”
(တာဝန်ယူမှုမလိုအပ်တဲ့ အာဏာ) ပါ။
MKS ရဲ့ Facebook မှာတော့ ဒီစာအုပ်ကို ဒီလိုညွှန်းထားပါတယ်။
"ယခုစာအုပ်ပါအကြောင်းအရာများမှ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ခိုင်မာအောင်တည်ဆောက်ပေးခြင်းအားဖြင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး၊ လူမျိုးစုနဲ့ ဘာသာရေးပဋိပက္ခ၊ ရာဇ၀တ်ပြစ်မှုနဲ့ အိုင်ဒီယိုလိုဂျီိဆိုင်ရာ ပြသနာတွေကို မပေါ်ပေါက်အောင် ထိန်းသိမ်းထားပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို အာမခံနိုင်မယ်ဆိုတဲ့အမြင်ရှုထောင့်က တင်ပြထားတာဖြစ်တယ်။"
စာအုပ်နောက်ကျောဖုံးမှာ ဒီလိုရေးထားပါတယ်။
(ယခု စာအုပ်ပါ အမြင်တွေမှာ အမျိုးသားနိုင်ငံတည်ဆောက်ခြင်း(၀ါ) အမျိုးသားရေး တည်ဆောက်ခြင်းဘက်ကနေ ကြည့်ရှုထားတာမဟုတ်ဘဲ နိုင်ငံတော်တည်ဆောက်ခြင်းState-building ဘက်ကနေ ကြည့်ထားခြင်းသာလျှင် ဖြစ်တယ်။အမျိုးသားရေးတည်ဆောက်ခြင်း(၀ါ)လူမျိုးစုပဋိပက္ခနဲ့ လူမျိုးစုတွေအပေါ် အားမျှခြေတည်ဆောက်ပေးခြင်းအားဖြင့် ခိုင်မာတဲ့နိုင်ငံတော်တစ်ရပ်တစ်ဆင့်ပြီး တစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ အမျိုးသားနိုင်ငံတည်ဆောက်ခြင်း nation-buildingသဘောထက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ခိုင်မာအောင် တည်ဆောက်ပေးခြင်းအားဖြင့် လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး လူမျိုးစုနဲ့ဘာသာရေးပဋိပက္ခ ရာဇ၀တ်ပြစ်မှုနဲ့ အိုင်ဒီယိုလိုဂျီဆိုင်ရာ အရေးတွေကို မပေါ်ပေါက် အောင် ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိုလည်း အာမခံပေးနိုင်မယ်ဆိုတဲ့ အမြင်ကနေ ကြည့်ရှုထားတာ ဖြစ်တယ်။)
********* *********
တာဝန်မယူတဲ့ “အာဏာယူခြင်း”
(တာဝန်ယူမှုမလိုအပ်တဲ့ အာဏာ)
Philip Cunliffe
မိတ်ဆက်
စစ်အေးတိုက်ပွဲပြီးပြီးချင်းနိုင်ငံတကာဆက်ဆံရေးတွေထဲမှာ ထူးခြားလှတဲ့လမ်းကြောင်းတစ်ခုမဟုတ်ပေမယ့် သြဇာကြီးတဲ့ကိစ္စရပ်ကတော့ လွတ်လပ်တဲ့အချုပ်အခြာအာဏာနဲ့အုပ်ချုပ်နေတဲ့နိုင်ငံတွေရဲ့ နန်းချပွဲတွေပါ။ အဲဒါဟာ နိုင်ငံတကာက နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့လုပ်ထုံးလုပ်နည်းလိုဖြစ်နေပါတယ်။ တချို့ဝေဖန်ရေးသမားတွေက အဲဒီလိုအချုပ်အခြာအာဏာဟာ Westphalia လို့ခေါ်တဲ့ ၁၂ ရာစုသမိုင်းထဲက ဂျာမန်ဒေသမှာနေထိုင်ကြသူတွေရဲ့ခေတ်အလွန်မှာ ထွက်ပေါ်လာခဲ့တယ်လို့ ရည်ညွှန်းခဲ့ကြတယ်။ (Westphalia ရိုင်းမြစ်အရှေ့ဘက် ဂျာမန်အနောက်အလယ်ပိုင်းမြို့စားအုပ်စိုးတဲ့ခေတ် သမိုင်းထဲကဒေသတစ်ခုပါ။ ၁၂ရာစုမှာစတင်တည်ဆောက်ခဲ့ပြီး ၁၈၀၇ခုနှစ်မှာ နပိုလီယံဟာ Westphalia ဘုရင်နိုင်ငံတော်အဖြစ် ဖန်တီးတည်ဆောက်ခဲ့တယ်။)
နိုင်ငံတကာနဲ့ဆက်ဆံရေးလှုပ်လှုပ်ရှားရှားရှိလာတဲ့ရာစုနှစ်တွေရောက်လာတော့ အဲဒီစနစ်ဟာ ရုတ်တရက်ကြီးကျဆုံးသွားပါတယ်။ ကွဲပြားမှုကိုပြောရရင် ၂၁ရာစုအစောပိုင်းကာမှာ နိုင်ငံတကာဆက်ဆံရေးထဲမှာ အလွှမ်းမိုးဆုံးအကြောင်းအရာဟာ ၁၉၉၀ခုနှစ်တွေထဲကအခြေအနေတွေနဲ့ ဆန့်ကျင်ဘက်ခေါက်ချိုးညီနေဟန်ရှိတယ်။ ချက်ချင်းတောင်းဆိုလာကြတာက လက်တွေ့ကျပြီး ကိုယ်ပိုင်အုပ်ချုပ်မျိုးရှိတဲ့နိုင်ငံမျိုးတွေပါ။ တောင်းဆိုကြတဲ့အတိုင်း ပြောင်းလဲလာသလိုရှိပေမယ့် အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့အုပ်ချုပ်ရေးသမိုင်းထဲက ဟန်ပြလျောကျရုံလေးပါပဲ။ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေဟာ အခုဆိုရင် နောက်ပြန်ဆုတ်နေတဲ့ဂီယာနဲ့ သွားနေသလိုပဲ။ နိုင်ငံတွေဟာ နောက်ပြန်လည်ကျနေတယ်။ ကနေဒါနိုင်ငံရဲ့ ဝန်ကြီးချုပ် Paul Martin က ပြောပါတယ်။ အခုလို နောက်ပြန်လှည့်ကုန်ကြတာ - အားနည်းတဲ့နိုင်ငံတွေကို ကျွန်တော်တို့ ဘယ်လိုအကောင်းဆုံးဖြစ်အောင် ကူညီနိုင်ကြပါ့မလဲ။ ကူညီနိုင်မှ သူတို့ရဲ့လူမျိုးနဲ့ တခြားအရေးတွေအတွက် ပိုပြီး တာဝန်ကျေအောင်ဖြည့်ဆည်းနိုင်မယ်လို့ ဆိုတယ်။ တရားဥပဒေစိုးမိုးခြင်း နဲ့ ပြည်သူ့အဖွဲ့အစည်းတွေပါဝင်လုပ်ကိုင်နိုင်ခြင်း စတာတွေမရှိတဲ့တိုင်းပြည်တစ်ခုဖြစ်နေရင်တော့ နိုင်ငံတကာက ထောက်ပံ့ကူညီမှုအားလုံးဟာ လေးနက်တဲ့အကျိုးသက်ရောက်မှုဖြစ်လာမှာမဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုဟာ ကောင်းမွန်တဲ့အစိုးရပေါ်မှာမူတည်နေတယ်။ အားကောင်းတဲ့နိုင်ငံအဖြစ်ထိန်းသိမ်းထားနိုင်ငံဖို့က ဒီခေတ်ကြီးထဲဘာကြောင့်အရေးအကြီးဆုံးဖြစ်လာတာလဲဆိုရင် - Fransis Fukuyama က အဲဒါကို ရှင်းလင်းတယ်။ “ကမ္ဘာ့အုပ်စုထဲမှာ နိုင်ငံထူထောင်ရေးဟာ အရေးအကြီးဆုံးကိစ္စတွေထဲကတစ်ခုဖြစ်လာရတာက ဆင်းရဲမွဲတေမှုကနေ AIDS ၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်ဝါဒ ဆိုတဲ့ ကမ္ဘာကြီးရဲ့ စိုးရိမ်ရဆုံးပြဿနာတွေအများကြီးဖြစ်လာနိုင်စေတဲ့ အရင်းအမြစ်က အားနည်း ဒါမှမဟုတ် ကျရှုံးနိုင်ငံတွေပါ” တဲ့။
(Yoshihiro Fransis Fukuyama ဟာ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်၊ နိုင်ငံရေးစီးပွားရေးပါရဂူ၊ စာရေးဆရာတစ်ဦးပါ။ ၁၉၉၂ က ဖူကူယားမားရေးသားခဲ့တဲ့ The End of History and the Last Man စာအုပ်ကြောင့် ကျော်ကြားခဲ့ပါတယ်။)
သမ္မတဘုရှ်ကလည်း သူ့ရဲ့ နောက်ထပ်သမ္မတသက်တမ်းရာထူးအပ်အခမ်းအနားမိန့်ခွန်းမှာ ရှေ့အလားအလာအကြောင်းဆိုတယ်။ “ကျွန်တော်တို့ရဲ့ ထိခိုက်ပြိုလဲလွယ်အခြေအနေကိုမြင်နေရပါပြီ။ ပြီးတော့ အနက်နဲဆုံးအကြောင်းရင်းကိုလည်းမြင်နေရပြီ။ အဓမ္မအုပ်စိုးခြင်းနဲ့ မကျေမနပ်ဖြစ်မှုတွေ ကမ္ဘာထဲကဒေသတွေမှာ ပွက်ပွက်ဆူချိန်ကြာရှည်လာလေလေ လူတွေရဲ့အယူဝါဒမှာ မုန်းတီးနာကျည်းမှုတွေနဲ့အတူ သတ်ဖြတ်မှုတွေအတွက် ဆင်ခြေဆင်လက်တွေ ဖြည့်တင်းလာမယ်။ အကြမ်းဖက်မှုတွေစုရုံးလာပြီးတော့ ဥပဒေအာဏာပျက်စီးလိမ့်မယ်။ နယ်နမိတ်ဖြတ်ကျော်ဆန့်ကျင်တာတွေနဲ့ အသေအပျောက်ရှိတဲ့ခြိမ်းခြောက်မှုတွေဆီဦးတည်ကုန်မှာပါပဲ”။ သမ္မတရဲ့ဒုတိယသမ္မတသက်တမ်းအခမ်းအနားမိန့်ခွန်းနဲ့ပတ်သက်ပြီး ဝါရှင်တန်တိုင်းမ်စ်သတင်းစာ အယ်ဒီတာချုပ်ရဲ့ မှတ်ချက်မှာ “လေးနှစ်ကြာပြီးတဲ့နောက် ဂျော့ခ်ျဒဗလျူဘုရှ်ဟာ သံသယတွေနဲ့ ပလုံစီနေရပြီ။ နိုင်ငံတည်ဆောက်ရေးမဖုံးမကွယ်ဘဲရှင်းပြသွားတယ်။ ကမ္ဘာကြီး ပြန်လည်တည်ဆောက်ဖို့ သူ မနေ့က ကတိပေးသွားခဲ့တယ်” လို့ သုံးသပ်ခဲ့ပါတယ်။
ဒီအခန်းရဲ့ အဓိကရည်ရွယ်ချက်က လူပြောသူပြောများလာတဲ့နိုင်ငံတည်ဆောက်ရေးရဲ့ အရေးပါမှုကို ချင့်တွက်ကြည့်နိုင်ဖို့ပါ။ နိုင်ငံတည်ဆောက်ရေးအတွက် သုတေသနလုပ်ငန်းစဉ်ထဲမှာတော့ အခုရေးသားထားတဲ့အပြောင်းအရွှေ့နည်းလမ်းတွေကို အကြံပြုချင်ပါတယ်။ ပထမပြောင်းလဲမှုက ကိုလိုနီစနစ်၊ အင်ပါယာစနစ်နဲ့ နယ်ချဲ့စနစ်တွေကနေ ရုန်းထွက်မှုပါ။ အဲဒီစနစ်တွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် လက်တွေ့ကျတဲ့အချက်တွေကို အဆင်အခြင်မဲ့သုံးစွဲပြစ်လိုက်တာကြောင့်ပါ။ ဒုတိယပြောင်းလဲမှုက နိုင်ငံတည်ဆောက်ရေးအတွက် လက်ရှိသုတေသနလုပ်ငန်းစဉ်မှာတွေ့ရှိတာက သမိုင်းထဲနောက်ပြန်စွဲရှေးရိုစွဲဝါဒဆုပ်ကိုင်ထားတာဟာ ခေတ်ပြိုင်နိုင်ငံတည်ဆောက်ရေးအစီအစဉ်တွေနဲ့ သဟဇာတမဖြစ်နိုင်ပါဘူး။ တိုက်တွန်းချင်တာက ၁၉၉၀ခုနှစ်တွေထဲမှာပေါ်ပေါက်လာတဲ့ နိုင်ငံတကာဆက်ဆံရေးဆင့်ကဲဖြစ်စဉ်တွေနဲ့ အပြည့်အဝလက်တွဲဖို့ပါ။ နိုင်ငံထူထောင်ရေးသမိုင်းမှတ်တမ်းတွေကိုလေ့လာပြီး ဒီနေ့ခေတ်နဲ့ အသင့်တော်ဆုံးလေ့လာသင့်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဆက်ပြီးဆွေးနွေးမယ်ဆိုရင် စစ်အေးတိုက်ပွဲအလွန် နိုင်ငံရေးခြေရှုပ်မှုတွေပြောင်းလဲလာတယ်။ လှုပ်အားကန်အားကောင်းလာတဲ့ပုံစံရှိပေမယ့် အဲဒါနဲ့ပဲ တင်းတိမ်ရောင့်ရဲနေလို့မဖြစ်နိုင်ပါဘူး။ ခေတ်ပြိုင်နိုင်ငံတည်ဆောက်ရေးမှာ အသာစီးရနေတဲ့အခြေခံလမ်းကြောင်းနှစ်ခုဟာ စစ်အေးခေတ်လွန်ကာလနိုင်ငံရေးလှုပ်ရှားမှုတွေမှာ အလွှမ်းမိုးဆုံးလို့ ပြောနိုင်တဲ့ အရေးပေါ်အခြေအနေနိုင်ငံရေးခြေရှုပ်မှုတွေ နဲ့ တာဝန်ယူမှုမလိုအပ်တဲ့ အာဏာပိုင်ဆိုင်ထားမှုတွေပါပဲ။ ဒီအဓိပ္ပါယ်နဲ့ ဂယက်ရိုက်ခတ်မှုအကြောင်းတွေကိုတော့ နောက်ပိုင်းမှာ ရှင်းပါဦးမယ်။
ပထမရှင်းပြချင်တာက ဘာတွေလုပ်ရမယ်ဆိုတာကို ရေးသားနေတာမဟုတ်ပါဘူး။ ပြန်လည်တည်ဆောက်ရေးသဘောကွဲလွဲမှုတွေ၊ နိုင်ငံတည်ဆောက်ရေးလေ့လာမှုမှာ သမိုင်း နဲ့ ခေတ်ပြိုင်ကိစ္စတွေ စနစ်တကျအလုပ်လုပ်နေတာတွေကိုလည်း ကျွန်တော် စစ်ဆေးမနေသင့်ပါဘူး။ သမိုင်းမှတ်တမ်းတွေကို အသေးစိတ်ချပြမနေသင့်ပါဘူး။ ဘယ်မူဝါဒကိုနားလည်ခဲ့တယ်။ ဘယ်မူဝါဒက ပြည့်စုံတယ်ဆိုတဲ့ အလုပ်လုပ်နိုင်မယ့် အတွေးအခေါ်အချက်အလက်တွေကိုသာ လိုက်လံရှာဖွေကြည့်တာပါ။ Hedley Bull ရဲ့ “တရားမျှတမှုအလေ့အကျင့်ပေါ်မှာ အပြည့်အဝယုံကြည်အားထားခြင်းဖြင့်” ဆိုတဲ့စကားလုံးတွေအတိုင်း လက်တွေ့ကျတဲ့ဥပမာတွေရှိတဲ့ လက်တွဲဆောင်ရွက်မှုတွေဟာ သိသာထင်ရှားလာမှာပါပဲ။ ယေဘူယျအကြံပြုချက်တွေဟာ အတိအကျကိုက်ညီတာထက် သင့်တင့်တဲ့အကြံပြုချက်မျှသာဖြစ်ပါတယ်။ ဒီအချက်ဟာ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ ရှင်းလင်းတဲ့ချဉ်းကပ်မှုလို့ တိတိကျကျထောက်ခံချက်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ဒီအခန်းတစ်ခုလုံးရဲ့ ရည်ရွယ်ချက်က စမ်းသပ်ဖို့ထက် စူးစမ်းရှာဖွေဖို့ပါ။ ဖောင်ဒေးရှင်းတစ်ခုအတွက် သုတေသန နဲ့ ဆွေးနွေးမှုတွေ ပိုပြီးလုပ်နိုင်စေဖို့ ထောက်ပံ့ပေးတာပါ။ ပျက်စီးပြိုလဲသွားတဲ့ ဘုရင်အာဏာရှင်စနစ်ကနေ နိုင်ငံပြန်လည်ထူထောင်ရေး ရုတ်တရက်ဖြစ်လာတတ်တဲ့ပြောင်းလဲမှုမျိုးကို လေ့လာခြင်းအားဖြင့် ဒီအခန်းထဲကလေ့လာစုစည်းထားမှုတွေဟာ Bull သုံးနှုန်းတဲ့စကားဖြစ်တဲ့“နိုင်ငံတကာနိုင်ငံရေးကစားကွက်”ကို ဆုပ်ကိုင်ဖို့/ အမျိုးအစားခွဲဖို့ ကျွန်တော်တို့ကြိုးစားနိုင်မှာပါပဲ။ သွက်လက်စွမ်းအားထက်ပြီး ရှုထောင့်အမျိုးစုံရှိနိုင်တဲ့ နိုင်ငံတကာနိုင်ငံရေးကို အမိအရဖမ်းဆုပ်နိုင်ပြီဆိုရင် Robert Jackson ရဲ့ စကားလုံးတွေအတိုင်း “ပြည်သူတွေရဲ့ စိတ်နှလုံးအတိုင်းလုပ်နိုင်စွမ်း နဲ့ ပြည်သူတွေဟာ ကိုယ်တိုင်ပြန်ရှာဖွေတွေရှိနိုင်တဲ့အခြေအနေ” ကိုရရှိပါလိမ့်မယ်။
(မှတ်ချက် -
Hedley Bull - သြစတြေးလျအမျိုးသားတက္ကသိုလ်၊ လန်ဒန်စီးပွားရေးတက္ကသိုလ် နဲ့ အောက်စ်ဖိုဒ်တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပညာရှင် ပရော်ဖက်ဆာတစ်ဦးပါ။ ၁၉၇၇ ခုနှစ်ကရေးသားထုတ်ဝေခဲ့တဲ့ “The Anarchial Society” စာအုပ်ဟာ လူသိများလှတဲ့စာတစ်အုပ်ပါ။
Robert Houghwout Jackson(၁၈၉၂-၁၉၄၁) - ယူအက်စ်တရားရုံးချုပ်ရှေ့နေဖြစ်ပြီး နာဇီဂျာမနီစစ်ရာဇဝတ်သားတွေကို ဒုတိယကမ္ဘာစစ်မဟာမိတ်တပ်တွေဦးဆောင်တရားစွဲဆိုခဲတဲ့ Nuremberg Trial တရားလိုရှေ့နေအကြီးအကဲတစ်ဦးဖြစ်ခဲ့ပါတယ်။)
အဓိကအချက်
၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ နိုင်ငံတကာဆက်ဆံရေးကို အကြောင်းအရာအသစ်အဆန်းတစ်ခုလို ဆွေးနွေးဖို့ နိုးထလာကြတာပါ။ တချို့ ဝေဖန်ရေးသမားတွေက သတ်မှတ်တာကတော့ “ခေတ်အပြောင်းအလဲ(မင်းပြောင်းမင်းလွဲ)ကာလအဆုံးသတ်” လိုပဲတဲ့။ Fukuyama ဆီကနေ ကျွန်တော်ငြင်းဆိုချင်တာက နိုင်ငံတည်ဆောက်ရေး နဲ့ ပြန်လည်ထူထောင်ရေးဆိုတဲ့ လုပ်ငန်းစဉ်ဟာ မင်းပြောင်းမင်းလွဲအလွန်ကာလ အခြေအနေတွေထဲက ကွဲပြားတဲ့တစ်ခုလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်အေးတိုက်ပွဲကာလအလွန်မှာ ခေတ်နှစ်ခေတ် လက္ခဏာတွေပါဝင်နေတယ်။ အဲဒီနှစ်ခုရဲ့ ဆက်စပ်မှုကို စဉ်းစားကြည့်ရင် လူသားချင်းစာနာထောက်ထားမှုအရဝင်တဲ့ကြားဝင်မှုမျိုးကို သတိထားငြင်းဆန်တာတွေရှိတယ်။ Fukuyama ပြောတာက နိုင်ငံပြန်လည်ထူထောင်ရေးကိစ္စရပ်ပေါ်ထွက်လာတာက Washington Consensus ကို အယုံအကြည်မရှိကြတာကြောင့်လို့ဆိုတယ်။ နိုင်ငံတည်ဆောက်ရေးဟာ ၁၉၉၀ခုနှစ်တွေက Westphalian ဘုရင်ခေတ်လွန်နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေရမယ်လို့ ကျွန်တော်ကတော့ပြောချင်တယ်။ စီးပွားရေးကိစ္စတွေထက် ပိုတဲ့ကိစ္စတွေရှိပါတယ်။
(မှတ်ချက် -
Washington Consensus ဟာ စီးပွားရေးပညာရှင် John Williamson ရေးဆွဲခဲ့တဲ့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးမူဝါဒပါ။ အကျပ်အတည်းဖြစ်နေတဲ့ နိုင်ငံတွေအတွက် ကမ္ဘာ့ဘဏ် နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF) တို့လို့အဖွဲ့အစည်းတွေက စီးပွားရေးအထောက်အပံ့ပေးတဲ့မူဝါဒ ၁၀ချက်ပါရှိတယ်။ ၁၉၈၀-၂၀၀၈ ခုနှစ် က G20 နိုင်ငံတွေအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါဝင်ကာ အထောက်အပံ့ပေးတဲ့ Washington Consensus လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးမူဝါဒဟာ မအောင်မြင်မှုနဲ့အတူ အဲဒီအားနည်းမှုမျိုးကြောင့် နိုင်ငံတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကိစ္စရပ်ပေါ်ထွက်လာတယ် လို့ Fukuyama ကရေးပါတယ်။)
ကျွန်တော်တို့ ငြင်းခုံဆွေးနွေးမှုရဲ့ အခြေခံအကျဆုံးက Westphalian အလွန် ၁၉၉၀ ခုနှစ်တွေထဲက နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု(အဓိက ကတော့ လူအခွင့်အရေးကိစ္စတွေပေါ်ထွက်လာမှု နဲ့ ဆွယ်ယူတဲ့ “ကြားဝင်မှုဝါဒသစ်”-ကော်ရော်လာရီ လို့ခေါ်တဲ့ ဆုံးဖြတ်ပြီးသားကိုလက်ခံရမယ်ဆိုတဲ့ဝါဒမျိုး နဲ့ လက်ရှိ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေကြားမှာ ခက်ခဲတဲ့ချိတ်ဆက်မှုတစ်ခုရှိနေတာပါ။
အဲဒီချိတ်ဆက်မှုက “တာဝန်ယူမှုမလိုအပ်တဲ့ အာဏာ” ရဲ့ စွမ်းဆောင်မှုပါပဲ။ အဲဒီအဓိပ္ပါယ်ကတော့ အကျိုးတွေအကြောင်းတွေ ကိုယ်စားပြုတာတွေနဲ့ လိုအပ်ချက်အရ အာဏာယူထားတဲ့သူတွေဟာ ပြင်ပတာဝန်ယူတွေကို လက်မခံတာပါ။ ၁၉၉၀ ကာလတွေမှာ လူအခွင့်အရေးကိုအထူးအရေးပေးစီမံတဲ့ အကျပ်အတည်းတွေဟာ တင်းမာပြင်းထန်လာခဲ့တယ်။ ဒါပေမဲ့ အများစုကတော့ ပေါ့ပေါ့လျော့လျော့ပါပဲ။ ပြီးတော့ အနောက်ကမ္ဘာခြမ်းကနေ အာဏာကို အနောက်ကမ္ဘာခြမ်းကမဟုတ်တဲ့လူ့အဖွဲ့အစည်းတွေဆီ ပြောင်းရွှေ့တိုးချဲ့ခဲ့ကြတယ်။ အနောက်နိုင်ငံတွေရဲ့ လမ်းကြောင်းထဲကို လူအဖွဲ့အစည်းတွေ ပိုလို့ပိုလို့ ကျဆုံးလာခဲ့ပါတယ်။ တိုက်ရိုက်လွှမ်းမိုးနိုင်မယ့် အဖွဲ့အစည်းတွေဖြန့်ကျက်ထားခြင်းအားဖြင့် ဝန်လေးစရာမရှိအောင်၊ ဝန်လေးဖွယ်ရာကိစ္စတွေကို ရှောင်ကြဉ်နိုင်အောင်လို့ပါ။ အနောက်နိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲကမ္ဘာမှာ အပေးအယူမျှတဲ့ အားကြီးတဲ့နိုင်ငံတွေတည်ဆောက်ပေးကြတယ်။ စစ်အေးတိုက်ပွဲအတွင်း ကိုလိုနီစနစ်ကလွတ်ကျွတ်လာတဲ့နိုင်ငံတွေအများစုရှိပေမယ့် သီအိုရီပိုင်းအရရော လက်တွေ့အရရော အဲဒီ အားကြီးနိုင်ငံဖြစ်ဖို့ အရှိန်ယူနေတဲ့နိုင်ငံတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နည်းပါးပါတယ်။ အနောက်နိုင်ငံတွေက သြဇာလွှမ်းဖို့ကြိုးစားထိန်းသိမ်းနေပေမယ့်လည်း နိုင်ငံတည်ဆောက်ရေးဟာ သူ့သဘာဝအရ တဖြည်းဖြည်းနဲ့တော့ နိုင်ငံရေးအရလွှမ်းမိုးမှုတွေ လျှောကျလာတဲ့ ယန္တရားတစ်ခုပါ။ ဘာကြောင့် တာဝန်ယူမှုမလိုအပ်တဲ့အာဏာရဲ့ စွမ်းဆောင်မှုဟာ စစ်အေးခေတ်လွန်နိုင်ငံတကာဆက်ဆံရေးပုံစံ လက္ခဏာမျိုးဖြစ်နေရသလဲဆိုတာကို ရှင်းလင်းသုံးသပ်မိပါတယ်။ ပညာရှင်တစ်ဦးသုံးနှုန်းသလို အဲဒါဟာ နိုင်ငံတကာနိုင်ငံရေးမှာ “အရေးအကြီးဆုံးအကျပ်အတည်းအဆင့်” ကို ချုပ်နှောင်ထားတဲ့ပုံစံပါ။ ပိုပြီးလက်တွေ့ကျကျပြောရင်တော့ Fukuyama ရဲ့ “သမိုင်းရဲ့ အဆုံးသတ်” သုတေသနစာတမ်းကို ကျွန်တော် ဆွေးနွေးကြည့်ရရင် ရှင်သန်ဖြစ်မြောက်မယ့်ဖွဲ့စည်းပုံကို တည်ဆောက်ဖို့ မတတ်နိုင်တဲ့ဝါဒလွန်ပါပဲ။ တာဝန်ယူမှုမလိုအပ်တဲ့ အာဏာကိုတည်ဆောက်တာဟာ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို ဖြိုဖျက်ပြီး အချိန်နဲ့အမျှဘယ်လိုအခြေအနေတွေကွဲပြားလာမလဲဆိုတာအကဲဖြတ်နေတာပါ။ အဲဒါကြောင့်ပဲ နိုင်ငံရေးလောကမှာတရားဥပဒေစိုးမိုးမျှတမှုတည်ဆောက်ရေးကို အားစိုက်ဖို့အရေးပါလာပါတယ်။
ခေတ်ကာလတစ်ခုမှ တခြားတစ်ခုဆီကိုလား
၁၉၉၀ ခုနှစ်တွေကိုပဲ ပြန်ညွှန်းရင် အဲဒီခုနှစ်တွေမှာ တစ်ခုတည်းသောအကြောင်းအရာက ထူးခြားတဲ့နိုင်ငံတကာဆက်ဆံရေးတွေပါ။ လူပြောသူပြောများတဲ့ အချုပ်အခြာသုံးနိုင်ငံတွေရဲ့ အရှိန်အဝါကျဆုံးတဲ့ခေတ်လို့ပြောကြတယ်။ သတင်းမှတ်တမ်းတွေမှာ နိုင်ငံတွေကို “သေဆုံးနိုင်ငံ” လို့ ချဲ့ကားပြောဆိုကြတာတွေရှိပေမယ့် အလုံးစုံသေဆုံးပြိုလဲသွားတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ ချဲ့ကားပြောဆိုခံရတဲ့“သေဆုံးနိုင်ငံ” တစ်ခုစီရဲ့ သမိုင်းကြောင်းကွဲပြားမှုတွေကိုမျက်နှာလွှဲနေလို့မရပါဘူး။ မှတ်တမ်းတွေထဲကနေ ဘယ်ဒေသ၊ အကျယ်အဝန်းဘယ်လောက်စတာတွေကို သေချာပြန်ပြီးလေ့လာကြည့်ကြရမှာပါ။ စစ်အေးခေတ်အလွန်မှာ ကမ္ဘာပြုမှု၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း နဲ့ နိုင်ငံတကာအစုအဖွဲ့တွေ တိုးတက်ပွားများလာတာကြောင့် စီးပွားရေးအပြန်အလှန်အားကိုးနေရတဲ့အခြေအနေမျိုးဖြစ်လာပါတယ်။ အဲဒီအစုအဖွဲ့တွေဟာ ကမ္ဘာ့နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ လှုပ်အားကန်အားကို ဦးတည်ပြီး နိုင်ငံတွေဆီဝင်ရောက်နိုင်ဖို့ တောင်းဆိုမေးမြန်းလာကြတယ်။ တချို့ပညာတတ်စောင့်ကြပ်အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ အဲဒီနေရာတွေမှာရှိလာကြတာကို ဘယ်လောက်အတိုင်းအတာရှိ နိုင်ငံတွေကအမိန့်ပေး/ လက်ခံမလဲဆိုတာ မေးမြန်းခဲ့ကြတယ်။ တက္ကသိုလ်၊ လေ့လာရေးအသင်းအဖွဲ့လောကမှာတော့ ဒီပြောင်းလဲမှုတွေဟာ “နိုင်ငံတစ်ခုအလွန်” သုတေသနလုပ်ငန်းစဉ်တစ်ခုရဲ့ ခိုင်ခံ့မှုကို ရောင်ပြန်ဟပ်တာလို့ဆိုတယ်။ အဖွဲ့အစည်းတစ်ခုချင်းစီကတော့ ယထာဘူယျကျကျ ရှုပ်ထွေးတဲ့ခေတ်နောက်ပြန်မှုလို့ဆိုကြပြီး လွတ်လပ်တဲ့အမျိုးသားနိုင်ငံတွေကြားမှာ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုတွေ စီမံကိန်းချဖို့ ရည်ညွှန်းကြတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံရဲ့ ပိုင်နက်ထဲချဉ်းနင်းဝင်ရောက်ခြင်းဖြစ်နိုင်တဲ့ တခြားအဓိကအကြောင်းအရာကတော့ နိုင်ငံတစ်ခုချင်းစီအတွက် စစ်အေးခေတ်လွန်နိုင်ငံတကာဥပဒေကို တိုးမြှင့်ပေးခံရတာပါ။ အဲဒါက “ကြားဝင်မှုဝါဒသစ်”-ကော်ရော်လာရီကို လက်ခံရဖို့ဖြစ်လာတယ်။ လူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးကိုကာကွယ်ရေး၊ ပြီးတော့ လက်နက်နဲ့ကြားဝင်မှုမလုပ်ဘဲ “နိုင်ငံတွေရဲ့ အခွင့်အရေး”အကြောင်းတောင်းဆိုမေးမြန်းမှုတွေကို အနောက်နိုင်ငံတွေကနေ အတင်းအကျပ်အင်အားသုံးတိုက်တွန်းတာတွေ တိုး၍တိုး၍လုပ်လာကြတယ်။ Martin Jacques ရဲ့ မှတ်တမ်းမှာ အဲဒါဟာ လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကို ဂုဏ်သိက္ခာဖျက်ဆီးဖို့ ဖက်ရှင်ကျကျလုပ်ဆောင်လာကြတာလို့ဆိုတယ်။ ငြင်းခုံဆွေးနွေးမှုတွေကတော့ အလေ့အကျင့်ကောင်းစွာရစေပါတယ်။ ဒါပေမဲ့ အချုပ်အခြာအာဏာကို အဓိကဦးတည်ဖို့မဟုတ်ပါဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုကို နိုင်ငံတစ်ခုဆီ ဝင်ရောက်စွက်ဖက်ချင်တဲ့အခါသုံးတဲ့ဆင်ခြေအဖြစ် အသုံးမချသင့်ပါဘူး။ အချုပ်အခြာအာဏာပိုင်စနစ်ရဲ့ တရားဥပဒေလိုအပ်ချက်တွေကိုဦးတည် ပယ်ဖျက်သင့်တာပါ။ Ken Booth ကတော့ ထိတ်လန့်ချောက်ချားစရာကောင်းလောက်အောင်ပြောထားပါတယ်။ အချုပ်အခြာအာဏာပိုင်စနစ် နဲ့ ဗဟိုချုပ်ကိုင်စနစ်သုံးနိုင်ငံတွေရဲ့ စနစ်ဟာ ၁၇ ရာစု ကနေ ၂၀ရာစုအထိ တည်ဆောက်ထားပုံ တင်းမာပြင်းထန်လွန်းလို့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ နဲ့ အဏုမြုစစ်ပွဲဆင်နွှဲမှုတွေဆီ ဦးတည်ခဲ့တာလို့ ဆိုတယ်။ သူပြောချင်တာက သေကြေပျက်စီးမှုတွေဖြစ်ခဲ့တဲ့ဒေသတွေဖြစ်တဲ့ Westphalia က Dachau ဒေသ နဲ့ ဟီရိုရှီးမားကိုပါ။
(မှတ်ချက်-
Martin Jacques - အင်္ဂလိပ်သတင်းသမားတစ်ဦးပါ။ When China Rules the World: The End of the Western World and the Birth of a New Global Order စာအုပ်ကို ၂၀၀၉ ခုနှစ်မှာရေးသားခဲ့ပါတယ်။
Ken Booth - အင်္ဂလိပ် နိုင်ငံတကာဆက်ဆံရေးသီအိုရီပညာရှင်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးစာအုပ်များစွာရေးသားခဲ့ပြီး ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ Three Tyrannies ဟာ အကျော်ကြားဆုံးဖြစ်ခဲ့တယ်။)
စစ်အေးတိုက်ပွဲအလွန်ခေတ်ကို ၂၀၀၁ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုက ဖြတ်တောက်လိုက်ပါတယ်။ “မပြီးခင်” နဲ့ “ပြီးနောက်” အခြေအနေပါ။ 9/11 အလွန်နိုင်ငံရေးအခြေအနေအသစ်အဆန်းဖြစ်မှုတွေဟာ အချုပ်အခြာအာဏာပိုင်စနစ် အပြီးမသတ်သေးတဲ့ လွတ်လပ်အမျိုးသားနိုင်ငံတွေရဲ့ ကို ပြန်အသက်သွင်းသလို ပူးပေါင်းမိသွားပါတယ်။ နိုင်ငံတွေမှာ မပြေလည်မှုတွေပြန်ပြီးဖြစ်လာတယ်ဆိုတဲ့အကြောငင်းကို Martin Jacques က Mary Kaldor ရဲ့ Global Civil Society : An Answer to War နဲ့ အက်ဆေးတစ်ပုဒ်ထဲက စာသားကို ပြန်ညွှန်းပြထားတယ်။
“Kaldor ရဲ့စာ ပြီးခါနီးမှာ ရေးထားတာက : “ပြီးခဲတဲ့ဆယ်စုနှစ်ကို ‘ပျော်ရွှင်ချမ်းမြေ့တဲ ၉၀ ခုနှစ်တွေ’ လိုသဘောထားပြီး ပြန်ကြည့်မလား? ကမ္ဘာလုံးဆိုင်ရာသဘောထားကွဲလွဲမှုတွေကြားက ခေတ်အပြောင်းအလဲတစ်ခုဟာ ကမ္ဘာလုံးဆိုင်ရာပြည်သူ့လူ့အဖွဲ့အစည်း၊ လူ့အခွင့်အရေးတွေ၊ ကမ္ဘာလုံးဆိုင်ရာတရားဥပဒေစိုးမိုးမှု ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာပြည်သူ့တရားမျှတမှုဆိုတဲ့ လက်တွေ့မကျတဲ့အတွေးအခေါ်တွေကို တကယ်ဖြစ်လာစေခဲ့လား? ဒါမှမဟုတ် တခြားအသုံးအနှုန်းတစ်ခု ကမ္ဘာလုံးဆိုင်ရာပြည်သူ့လူ့အဖွဲ့အစည်းဟာ ရင့်ကျက်လာခဲ့တဲ့အခိုက်အတန့်လား? ကျွန်မ ကြောက်ရွံမိတယ်။ အဖြေက တော်တော်ကြီးရှင်းနေခဲ့ပါပြီ”
Jacques သိမြင်ခဲ့တဲ့ ‘အဖြေ’ က ၁၉၉၀ခုနှစ်တွေဟာ စစ်အေးတိုက်ပွဲအဆုံးသတ် နဲ့ နောက်ခေတ်တစ်ခုကို အစ လမ်းပျောက်နေတဲ့ ကာလတိုတစ်ခုပါ။ ယူအက်စ်ဟာ ဟိုက်ပါပါဝါ(hyperpower)အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာခြင်းပါ။
နိုင်ငံတကာဥပဒေ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အပြိုင်းအရိုင်းပေါ်ထွက်လာ တစ်စတစ်စကြီးပွားလာတာဟာ ကမ္ဘာလုံးဆိုင်ရာအုပ်စုရဲ့ အခြေတည်စအခြေအနေကို သိသာစေတဲ့အချက်တွေပါ။ ဒါပေမဲ့ အဲဒီ ယိမ်းယိုင်မှုတွေကြောင့် လွတ်လပ်တဲ့အမျိုးသားနိုင်ငံတွေရဲ့ ခွန်အားနဲ့ အရေးပါမှုတွေလျော့ကျသွားတဲ့ပုံစံမျိုး ဝေဖန်စောင့်ကြည့်သူတွေကို ထင်မြင်စေတယ်။ တစ်ဖက်သတ်ဟိုက်ပါပါဝါနိုင်ငံတစ်ခုအဖြစ် ယူအက်စ်ပေါ်ထွက်လာမှုဟာ ပါဝါအာဏာ ဘယ်နေရာမှာတကယ်ရှိနေသလဲလို့ ခပ်ကြမ်းကြမ်းပြန်လည်တွေးတောစရာဖြစ်နေပါတယ်။ တရုတ်နိုင်ငံကလည်း စူပါပါဝါနိုင်ငံလိုအခြေအနေရောက်လာတယ်။ အိန္ဒိယ လည်း ခပ်လှမ်းလှမ်းကလိုက်လာနေပြီ။ အဲဒီလမ်းကြောင်းတွေက လွတ်လပ်အမျိုးသားနိုင်ငံတွေရဲ့ အရေးပါမှုငုပ်လျှိုးနေတာကို စစ်ကူပေးဖို့သာလျှင်ဖြစ်လာပါပြီ။
နိုင်ငံတွေရဲ့အဆင့်အတန်းအကဲဖြတ်ဖို့လိုအပ်တဲ့အခါ ခေတ်ပြိုင်နိုင်ငံတည်ဆောက်ပုံ အမျိုးအစားသုံးမျိုးဖြန့်ကျက် လေ့လာထားကြတာကို Robert Cooper နဲ့ Robert Kagan တို့ရဲ့ စာအုပ်တွေမှာတွေ့နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲကမ္ဘာထဲက ကိုလိုနီခေတ်လွန် ‘အားနည်း’ နိုင်ငံတွေကို Pre-modern / ယူအက်စ် ကိုတော့ modern နဲ့ ဥရောပယူနီယံကိုတော့ Post-modern ဆိုပြီး အမျိုးအစားသတ်မှတ်ထားကြတယ်။
(မှတ်ချက် -
Robert Cooper - အင်္ဂလိပ်သံတမန်၊ နိုင်ငံတကာဆက်ဆံရေး ဥရောပကောင်စီ ရဲ့ အဖွဲ့ဝင်၊ ဥရောပ ပြင်ပအရေးယူဆောက်ရွက်မှုအကြံပေးပုဂ္ဂိုလ်တစ်ဦးပါ။ Cooper ရဲ့ The breaking of Nations : Order and Chaos in the Twenty-first Century, London စာအုပ်မှာရေးသားထားပါတယ်။
Rober Kagan - အမေရိကန်သမိုင်းပညာရှင်၊ စာရေးဆရာ နဲ့ နိုင်ငံခြားရေးမူဝါဒဝေဖန်ရေးဆရာပါ။ Kagan ရဲ့ Paradise and Power : America and Europe in the New World Order စာအုပ်ကိုညွှန်းထားပါတယ်။ Kagan ရဲ့ The World America Made စာအုပ်မှာ ယူအက်စ်သမ္မတ ဘားရက်အိုဘားမား လက်မှတ်ထိုးပေးခဲ့တယ်။)
ဒီအချက်ကို အလေးထားဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာနိုင်ငံရေးလှုပ်ရှားမှုတွေထဲက ခေတ်စားနေတဲ့လုပ်ငန်းစဉ်အဖြစ် နာမည်တပ်ထားကြတဲ့ နိုင်ငံတည်ဆောက်ရေး(အာဖဂန်နစ္စတန် နဲ့ အီရတ်မှာ ပဋိပက္ခအလွန် ပြန်လည်တည်ဆောက်ရေး)ကိစ္စမျိုးမဟုတ်ပါဘူး။ Fukuyama ရဲ့ နောက်ဆုံးထုတ်စာအုပ်ရဲ့ ရေစိုခံပလပ်စတစ်အဖုံးလေး အကာအကွယ်ပေးသလိုမျိုး အကူအညီရစေတယ်ဆိုတာ ကျွန်တော်တို့သတိရစရာပါ။ ‘နိုင်ငံရေးလေ့လာသူတွေထဲက ဦးဆောင်လမ်းပြတစ်ဦးဖြစ်တဲ့ Francis Fukuyaja ဟာ အချက်ကျကျပိုင်နိုင်ပြီးဆိုမှ ဖော်ထုတ်ရေးသားတတ်တဲ့သူတစ်ဦးဖြစ်တဲ့အတိုင်း နောက်ထပ်ဝေဖန်ငြင်းခုံစရာ စာတစ်အုပ်ရေးသားဖို့ရှိနေဦးမှာပါ။ နိုင်ငံတည်ဆောက်ရေး အမြင်သဘောထားဟာ တခြားမူဝါဒပြိုင်ပွဲတွေနဲ့ တိုးတိုက်တွေ့နေကြသလို၊ လုံခြုံရေး ဖွံ့ဖြိုးရေးကိစ္စတွေ နဲ့ အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခတွေအပါအဝင် ရေရှည်နိုင်ငံတကာကိစ္စတွေဖြစ်ပါတယ်။ ဥရောပယူနီယံကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး နဲ့ အီးယူနိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် Javier Solana က အခိုင်အမာဆိုတယ်။ “အမှန်စင်စစ် ပြီးခဲ့တဲ့ရာစုနှစ်တွေရဲ့ လုံခြုံရေးခြိမ်းခြောက်မှုဟာ အားကြီးနိုင်ငံတွေဆီကလာတယ်။ ၂၁ရာစုခြိမ်းခြောက်မှုတွေကတော့ အားနည်း/ ကျရှုံးနိုင်ငံတွေဆီကလာနေပါတယ်” တဲ့၊ (နိုင်ငံအတိအကျတွေထည့်ပြောသွားပါသေးတယ်)။ Solana ထပ်ပြီးမှတ်ချက်ချတာက ‘နိုင်ငံတကာငြိမ်းချမ်းရေးလုံခြုံမှုရှိဖို့ဆိုရင် တည်ဆောက်ရမယ့်တခြားနိုင်ငံတစ်ခုရှိသေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ၂၀၀၅ ကို ရှင်သန်/ ငြိမ်းချမ်းပြီး ဒီမိုကရက်တစ်နိုင်ငံဖြစ်လာမယ့် ပါလက်စတိုင်းနိုင်ငံအဖြစ်တည်ဆောက်ရမယ့် ကန့်သတ်နောက်ဆုံးကာလအဖြစ်သတ်မှတ်ထားခဲ့ကြတယ်။ အာရပ်သတင်းစာဆရာတစ်ဦးအမြင်အရဆို “ပါလက်စတိုင်းမှာ ဂါထာမန္တန် လိုပဲ ‘နိုင်ငံတည်ဆောက်နိုင်စွမ်း’ ဆိုတဲ့စကားလုံးကို ထပ်ခါထပ်ခါကြားနေရလိမ့်မယ်။ ဘယ်နေရာပဲသွားသွား အားလုံးပြောနေကြတဲ့စကားက နိုင်ငံတည်ဆောက်ရေးအကြောင်းချည်းပါပဲ” လို့ပြောသွားပါတယ်။
နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF) စီမံအုပ်ချုပ်မှုဒါရိုက်တာ Rodrigo de Rato က မှတ်ချက်ပေးပါတယ်။ ‘အကျပ်အတည်းကိုကာကွယ်သလို၊ ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချရမယ်။ ဆင်းရဲတဲ့တိုင်းပြည်တွေဟာ သူတို့ကိုယ်တိုင်ပဲ သူတို့ရဲ့ အစိုးရတိုးတက်ကောင်းမွန်လာအောင်လည်း ထောက်ခံလုပ်ဆောင်ရမယ်”။
ဝေဖန်ရေးဆရာတစ်ဦးကလည်း နွမ်းလျစွာပဲ ပြောပါတယ်။
‘နိုင်ငံတည်ဆောက်ရေးအသွင်ပြောင်းလဲရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ အာသီသရှိနေစဉ်မှာ၊ ကမ္ဘာလုံးဆိုင်ရာလွတ်လပ်ရေးအတွက် သမ္မတ ဂျောခ်ျ့ဘုရှ်ရဲ့ ခရူးဆိတ်ဘာသာရေးစစ်ပွဲက သွေးဆောင်ထကြွစေတယ်။ ကျေနပ်အားရတဲ့ လက္ခဏာမရှိပါဘူး။ သူတို့တွေဟာ ဝါးနိုင်တာထက်ပိုပိုပြီးကိုက်ဖြတ်ကြတဲ့ အကျင့်ရှိနေကြပြီ။ နိုင်ငံတည်ဆောက်ရေးစာရင်းဝင်နိုင်ငံတွေပိုများလာပြီ။ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ပိုပိုပြီးကြီးထွားပွားများလာတာပဲ။ မစ္စတာဘုရှ်ရဲ့ စာရင်းထဲမှာ တစ်နေ့ ဇင်ဘာဘွေ၊ ဆူဒန်၊ မြောက်ကိုရီးယား၊ ဘားမား နဲ့ ဘီလာရုစ် နိုင်ငံတွေလည်းပါလာနိုင်သေးတယ်’ တဲ့။
နိုင်ငံတည်ဆောက်ရေးမှာ အများသဘောတူညီပေါင်းစည်းလာကြတယ်လို့လည်း Javier Solana က ရေးပါတယ်။
အဲဒီမှာ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်သဘောတူညီချက်ရှိလာပြီ။ နိုင်ငံတကာလူ့အဖွဲ့အစည်းရဲ့ အရည်အသွေးဟာ အစိုးရရဲ့အရည်အသွေးပေါ်မှာမူတည်ပါတယ်။ အဲဒါအခြေခံကျတဲ့အချက်ပါ။ အမှန်စင်စစ် ပြီးခဲ့တဲ့ရာစုနှစ်တွေရဲ့ လုံခြုံရေးခြိမ်းခြောက်မှုဟာ အားကြီးနိုင်ငံတွေဆီကလာတယ်။ ၂၁ရာစုခြိမ်းခြောက်မှုတွေကတော့ အားနည်း/ ကျရှုံးနိုင်ငံတွေဆီကလာနေပါတယ်။ ခြိမ်းခြောက်မှုအသစ်တွေကတော့ စုရုံးဖြန့်ကျက်ပြီးတော့လာနေကြတယ်။ အဲဒါကို ‘နိုင်ငံတည်ဆောက်ရေး’လို့ပဲခေါ်ခေါ် ‘တည်ငြိမ်စေခြင်း နဲ့ ပြည်လည်တည်ဆောက်ခြင်း’ လို့ပဲဆိုဆို လုပ်ရမယ့်အလုပ်ကတော့ ရှေ့မှာရောက်နေပါပြီ။ အင်္ဂလိပ်သတင်းစာဆရာ Simon Tisdall က ‘အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်သဘောတူညီချက်’ မှန်ကြောင်းအခိုင်အမာဆိုတယ်။ သမ္မတဘုရှ် ဂျာမနီကိုသွားလည်တဲ့အချိန်သူသတင်းပို့နေတဲ့အချိန်မှာပါ။ သူသတိပြုမိတာက ဂျာမန်အဓိပတိရဲ့ပြောတာတာက ဥရောပအရေးအတွက် ဒီလို တွေ့ဆုံဆွေးနွေးရခြင်းပါတဲ့။ ‘blue sky’ အချက်အလက်တွေထဲက လက်ရှိသက်ဝင်လှုပ်ရှားနေတဲ့ကိစ္စတွေက အချုပ်အခြာအာဏာ နဲ့ ကြားဝင်ခြင်း (ICISS ရဲ့ မှတ်တမ်း- Responsibility to Protect နဲ့ High Level Panel မှတ်တမ်း) နှစ်ခုလုံးဟာ ‘ကြားဝင်နိုင်မှု အခွင့်အရေး”ကို အာရုံစိုက်တာထက် နိုင်ငံတစ်နိုင်ငံရဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအခန်းကဏ္ဍကို ပြန်လည်ထူထောင်ရေး ကြိုးစားကြဖို့ပါ။ blue sky ဥပဒေဟာ အမေရိကန်နိုင်ငံ ကန်ဆက်ပြည်နယ်မှာ ၁၉၁၁ ခုနှစ်က ထုတ်ပြန်ပြဌာန်းခဲ့တဲ့ ကိုယ်ပိုင်လုံခြုံရေးထားရှိခွင့်ဥပဒေပါ။ ဒီသဘောတရားမှာ “တာဝန်ခံ/ တာဝန်ယူတဲ့ အချုပ်အခြာအာဏာ” ဟာ နိုင်ငံတည်ဆောက်ရေးအတွက် ပြောင်းလဲမှုတစ်စိတ်တစ်ပိုင်းပါပဲ။ High Level Panel အဆိုပြုခဲ့တဲ့ “ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကော်မရှင်” ဟာ အငြင်းပွားစရာမဟုတ်ခဲ့ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ “ကြားဝင်နိုင်မှုအခွင့်အရေး”ကို ဆွေးနွေးဖို့အပြင်းအထန်ဆန့်ကျင်ကြပြီး နိုင်ငံတည်ဆောက်ရေး(အနည်းဆုံး ငြိမ်းချမ်းရေးတည်ဆောက်/ ပဋိပက္ခအလွန်ပြန်လည်တည်ဆောက်ရေး)အတွက်တော့ လက်ခံကြိုဆိုကြပါတယ်။ ဥပမာ တရုတ်နိုင်ငံရဲ့အမြင်က ပဋိပက္ခဖြစ်တဲ့ဒေသပြန်လည်တည်ဆောက်ရေးမှာ ‘တရားဥပဒေစိုးမိုးရေး’ ကိုအားကောင်းစေဖို့ ပြည်တွင်းတပ်သားကိုပဲအားဖြည့်မယ်။ အဲဒီနည်းနဲ့ပဲ နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို အားကောင်းစေနိုင်တယ်လို့ မြင်ကြတယ်။ ကြားဝင်မှုကို ထိန်းချုပ်ကန့်ကွက်လိုတဲ့သဘောပါ။
တရားဥပဒေစိုးမိုးမှု ဟာ ခေတ်မီလူ့အဖွဲ့အစည်းရဲ့ စုစည်းအားကောင်းမှုပါ။ တရားဥပဒေစိုးမိုးမှုဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို စောင့်ထိန်းကာကွယ်/ လေးစားလိုက်နာ ပေးရပါမယ်။ တိုင်းပြည်အားလုံးဟာ အချုပ်အခြာအာဏာလုပ်ထုံးလုပ်နည်းသာတူညီမျှရှိပြီး ပြည်တွင်းပဋိပက္ခတွေအတွက် ကြားဝင်အရေးယူမှုမရှိရဆိုတဲ့ ယူအန်ပဋိညာဉ်စာတမ်းကို တင်းတင်းကျပ်ကျပ်လိုက်နာသင့်ပါတယ်။ လက်ရှိအဆင့်မှာ ယူအန်ရဲ့ အရေးကြီးလုပ်ငန်းစဉ်တစ်ခုက ပဋိပက္ခဖြစ်တဲ့ဒေသတွေရဲ့ ပြန်လည်တည်ဆောက်ရေးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ သက်ဆိုင်တဲ့ အထောက်အပံ့တွေကိုသာ ကျယ်ကျယ်ပြန့်ပြန့်စီစဉ်ပေးဖို့ပါ။ ပြင်ပအဖွဲ့အစည်းတွေကလည်း လုပ်ငန်းတွေကိုဖြတ်တောက်ခြင်းနဲ့ ပြစ်ဒဏ်သတ်မှတ်တာထက် ပြည်တွင်းအခြေအနေတွေအားကောင်းဖို့ဦးတည်ပြီး လမ်းညွှန်မှုအထောက်အပံ့ပေးခြင်းဖြင့် ပူးပေါင်းပါဝင်သင့်ပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုရဲ့ သံတမန်တစ်ဦးဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် (အခြေခံလူ့အဆောက်အဦ တည်ဆောက်မှု)တွေမှာ တပ်သားတွေကို ငြိမ်းချမ်းရေးထိန်းသိမ်း စစ်ဆင်ရေးတပ်သားတွေအဖြစ်ဖြည့်တင်းပေးပြီး အငြင်းပွားဖွယ်ဖြစ်တဲ့ ယူအန်ပဋိညာဉ်စာတမ်း အခန်း ၄ အမိန့်အာဏာနဲ့ ပြိုလဲအောင်လုပ်ဖို့မလိုအပ်ပါဘူး။ (ယူအန်ပဋိညာဉ်စာတမ်းဟာ ယူအန်ဝန်ထမ်းတွေရဲ့ ကာကွယ်ခွင့်အတွက် အင်အားသုံးခွင့်ပြုထားတာပါ)။ ဒါပေမဲ့ အဲဒီအခွင့်အာဏာဟာ ပဋိပက္ခဇုံထဲက ငြိမ်းချမ်းရေးလုပ်သားတွေကိုစောင့်ကြပ်ဖို့အတွက် တပ်သားတွေဖြန့်ချအင်အားသုံးခွင့်ဖြစ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းတွေပါဝင်လုပ်ကိုင်ဖို့မဟုတ်ပါဘူး)။ အကျဉ်းချုပ်ဆိုရရင်တော့ အားကြီးတဲ့နိုင်ငံတွေဟာ နိုင်ငံတည်ဆောက်ရေးတွေမှာ လိုအပ်ပါတယ်။ ၁၉၉၀ခုနှစ်တွေမှာတုန်းကတော့ အားကြီးနိုင်ငံတွေရဲ့တုံ့ပြန်ဆောက်ရွက်မှုတွေဟာ ရန်ပြုနှိမ်နင်းတဲ့ပုံစံ၊ အသုံးမဝင်တဲ့စီးပွားရေးစံနှုန်းတွေနဲ့ လုပ်ကိုင်ခဲ့ကြပေမယ့် ဒီနေ့မှာတော့ ကျယ်ပြန့်တဲ့သဘောတူညီချက်နဲ့ ထိန်းချုပ်လုပ်ကိုင်ဖို့ကြိုးစားနေကြပါတယ်။
နိုင်ငံ ပြန်လည်အသက်သွင်းတဲ့အခါ
အားကြီးတဲ့နိုင်ငံတွေမှာ အများသဘောတူညီချက်အသစ်တစ်ခုရဲ့ ကောက်ကြောင်းဆွဲထုတ်ရရင် အချုပ်အခြာအာဏာပိုင် နိုင်ငံရဲ့ ဖိနှိပ်မှု နဲ့ နိုင်ငံပြည်လည်တည်ဆောက် ကာလနှစ်ခုအပိုင်းအခြားမှာ ဘာတွေဆက်နွယ်နေလည်းဆိုတဲ့ မေးခွန်းမေးကြတယ်။ တစ်ခုကနောက်တစ်ခုကို ဘယ်လိုပြောင်းလဲစေနိုင်သလဲတဲ့။ နိုင်ငံတည်ဆောက်ရေးအကြောင်းပြောတော့မယ်ဆိုရင် ခေတ်နောက်ဆွဲနေတယ်ပဲ မြင်မြင်၊ သမိုင်းထဲက ထူးခြားမှုဖြစ်စဉ်တွေကို စစ်ထုတ်လေ့လာရမှာပါ။ Fukuyama က Washington consensus ရဲ့ အားနည်းရှုံးနိမ့်မှုတွေကျယ်ကျယ်ပြန့်ပြန့်ပြောသွားတယ်။ နီယိုလစ်ဘရယ်(လစ်ဘရယ်အသစ်)လုပ်ငန်းစဉ်နဲ့ နိုင်ငံကို ပြန်အသက်သွင်းတယ်ဆိုပေမယ့် နိုင်ငံရဲ့လုပ်နိုင်စွမ်းရော၊ အစိုးရအပေါ်ယုံကြည်အားထားမှုတွေရော ပျက်စီးမှုတွေကိုဦးတည်စေခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နီယိုလစ်ဘရယ်ဝါဒလွှမ်းမိုးနေခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆုပ်ကိုင်ထားမှုဟာ အားနည်းနိုင်ငံတွေကို ထူးခြားကွဲပြားအောင်မတတ်စွမ်းပါဘူး။ Fukuyama ကဆိုတယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ အကြမ်းဖက်ဟာ အားနည်းနိုင်ငံကနေဖြစ်စေခဲ့တာပါတဲ့။ အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အခါ အသားပေးလုပ်ဆောင်လာကြတာက “နိုင်ငံတည်ဆောက်နိုင်စွမ်း”ဖြစ်ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ် နီယိုလစ်ဘရယ်လုပ်ငန်းစဉ်ကို မယုံမကြည်ဖြစ်လာကြတာတွေကိုတော့ ချိန်ညှိဖို့လိုအပ်တဲ့အတွက်လည်း စီစဉ်နေကြပါတယ်။
ခေတ်ပြိုင်သံခင်းတမန်ခင်းလုပ်ငန်းစဉ်တွေထဲမှာ တခြားအလုပ်တစ်ခုဖြစ်တဲ့ နိုင်ငံတည်ဆောက်ရေးကို တိုးတက်လာအောင်လုပ်နိုင်ခဲ့ကြပါတယ်။ နိုင်ငံတည်ဆောက်ရေးဟာ ၁၉၉၀ခုနှစ်တွေကို တန်ပြန်တာဆိုရင် ကျွန်တော်ငြင်းဆိုချင်တာက Washington Consesus ကိုတုံ့ပြန်တာနည်းနည်းပါ။ များများတန်ပြန်ကြတာက Westphalian ခေတ်အလွန် နိုင်ငံရေးအလှုပ်အရွေ့တွေကိုပါ။ ပြီးတော့ ကြားဝင်မှုဝါဒသစ်ကိုပေါ့။ အစပိုင်းမှာ အငြင်းအခုံဖြစ်ကြတာကတော့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေနဲ့ နိုင်ငံတည်ဆောက်ရေးဆီ ပြောင်းရွှေ့မှုပါ။ ရလာဒ်က လူသားချင်းစာနာထောက်ထားရေးကြားဝင်လှုပ်ရှားမှုတွေဟာ ရေရှည်အတွက် စီမံ/ ဖွဲ့စည်း/ ရှင်သန်/ ထောက်ပံ့နေဖို့ မဖြစ်နိုင်ပါဘူး။ David Chandler အကျယ်တဝင့်ဆွေးနွေးတာက တာဝန်ယူမှုမလိုအပ်တဲ့နိုင်ငံအာဏာပိုင်တွေ ပူပန်ကြောင့်ကျတာက လူ့အခွင့်အရေးတွေပါတဲ့။ Jennifer Welsh က အကြံပြုခဲ့တယ်။ နိုင်ငံရေးအရတရားဝင်မှု နဲ့ ကိုယ်ကျင့်သိက္ခာညီတဲ့သြဇာအာဏာ ပုံစံသစ်ကို ရှာဖွေပြီး စစ်အေးတိုက်ပွဲအတွင်းက ရှင်သန်ခဲ့တဲ့မူဝါဒလမ်းစဉ်တွေကိုတိုက်ထုတ်နိုင်ဖို့ဟာ စစ်အေးတိုက်ပွဲအလွန်မှာတော့ နိုင်ငံရေးကြားဝင်မှုတွေကြားထဲ ငုပ်လျှိုးနေတဲ့အဓိကလိုအပ်ချက်ပါလို့ဆိုတယ်။ အတူတူပါပဲ။ David Chandler ကလည်း ‘အာဏာပိုင်တွေရဲ့ နည်းလမ်းအသစ်တွေအတွက် ပုံစံရော၊ လုပ်နည်းလုပ်ဟန်တွေပါ အနောက်ကမ္ဘာကအစိုးရပုံစံလုပ်ငန်းစဉ်တွေရဲ့ ကိုယ်တိုင်မပြေလည်မှုတွေပါ။ နိုင်ငံရေးမပြေလည်မှုတစ်ခုအကြောင်း တစ်နေရာကတစ်နေရာ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှတ်ချက်ချကြပေမယ့် နိုင်ငံတကာဆက်ဆံရေးလမ်းစဉ်တွေရဲ့ စည်းကမ်းတွေကိုတော့ နှိုင်းယှဉ်ဝေဖန်မှု နည်းနည်းပဲရှိကြတယ်’ လို့ဆိုတယ်။ လက်ဝဲ/ လက်ယာ နိုင်ငံရေးသမားတွေမှာ နိုင်ငံရေးအမြင်ကွဲပြားမှုတွေရှိနေလည်းပဲ နှစ်ဘက်စလုံးအတွက် လူ့အခွင့်အရေးကိစ္စတွေကတော့ အင်မတန်ဆွဲဆောင်ပါတယ်။
အနောက်ကမ္ဘာခြမ်းနိုင်ငံတွေအတွက် သမားရိုးကျမဟုတ်တဲ့နိုင်ငံရေးဖြစ်စဉ်ကြီးတစ်ခုဖြစ်တဲ့ ဆိုဗီယက်ယူနီယံ ပြိုကွဲကျဆုံးမှုနဲ့အတူ နိုင်ငံတကာနယ်ပယ်ဟာ အနောက်နိုင်ငံအစိုးရလုပ်ငန်းစဉ်တွေရဲ့ ပြည်တွင်းပြဿနာထက် ပိုပြီးပြုပြင်ပုံသွင်းလို့ကောင်းလာပါတယ် လို့ Chandler က ပြောပါတယ်။
ရွေးချယ်ထားတဲ့ဒေသအတွက် နိုင်ငံခြားရေးမူဝါဒနဲ့ မသေမချာရှိလှတဲ့ ပြည်တွင်းရေးမူဝါဒ ကွဲပြားချက်ကိုတော့ ကျယ်ကျယ်ပြန့်ပြန့်မဖော်ပြကြပါဘူး။ သမ္မတဂျော့ရှ်ဘုရှ်ဟာ အာဖဂန်နစ္စတန်နဲ့ အီရတ်ကို အရေးယူတိုက်ခိုက်မှုအတွက် တိုနီဘလဲလ်က ဘုရှ်ဘက်ကရပ်တည်ခဲ့တာအတွက် ဝမ်းမြောက်ဝမ်းသားချီးကျူးခဲ့တယ်။ ဝန်ကြီးချုပ်ဟာအံ့သြစရာပဲ။ သဘောထားစစ်တမ်းကောက်ယူစရာမလို၊ သူ့ကိုထောက်ခံမယ့် အုပ်စုတစ်ခုမှမလို။ အမှန် နဲ့ အမှားကြားက ကွဲပြားချက်ကိုလည်းစူးစမ်းစရာမလိုပဲနဲ့ သူလုပ်ချင်ရာလုပ်လိုက်နိုင်ပါတယ်။ Füredi က လေ့လာစူးစမ်းထားတာကိုပြောပါတယ်။ ‘လန်ဒန်မြို့တွင်း နဲ့ နယူးယောက်မြို့လယ်က ပြဿနာတွေကိုရှင်းဖို့ မတတ်နိုင်တဲ့/ မအောင်မြင်တဲ့နိုင်ငံရေးသမားတွေဟာ အိန္ဒိယသမုဒ္ဒရာထဲက ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှုးဆီ ရဟတ်ယာဉ်/ တပ်သားအချို့ ပို့လွှတ်တိုက်ခိုက်ပြီး အခြေအနေတွေထိန်းသိမ်းပေးလိုက်တယ်။ အဲဒါကမှ သူတို့အတွက်ပိုပြီး သက်တောင့်သက်သာရှိနေတယ်’ တဲ့။ အနောက်က နိုင်ငံရေးအဆိုအပြောတွေမှာ ဆိုဗီယက်ယူနီယံတည်ရှိမှုကို မေးခွန်းထုတ်ပြောဆိုတာမျိုးဘယ်တုန်းကမှမရှိဘဲ၊ ပြည်တွင်းထက် နိုင်ငံတကာက လူ့အခွင့်အရေးအကြောင်းကို အားပေးတိုက်တွန်းနေကြတယ်။ လူ့အခွင့်အရေးကို ကာကွယ်နေမှုဟာ အနောက်နိုင်ငံကနိုင်ငံတွေရဲ့ နိုင်ငံရေးစရိတ်စကအကုန်အကျနည်းနည်းနဲ့ ဆုတံဆိပ်တွေ ချက်ချင်းသိမ်းယူချင်သလိုပုံစံမျိုးဖြစ်နေပါတယ်။ စစ်အေးခေတ်လွန် အနောက်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒမှာ သတိထားစရာရှိနေတာက ကိုယ့်အတွက်မဲ ဆွယ်ယူလိုတဲ့အခါမှာလိုသလိုသုံးနေကြတာပါ။ ကလင်တန်ဟာ တစ်မဲရှုံးခဲ့တယ် ဘာကြောင့်လည်းဆိုတော့ ရဝမ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုကို ရပ်တန့်ဖို့၊ အကာအကွယ်ပေးဖို့ မရွေးချယ်တာကြောင့်ပါ။ ကလင်တန် နဲ့ ဘလဲ မဲတစ်မဲ ရယူနိုင်ခဲ့တာက ကိုဆိုဗိုနဲ့ပတ်သက်တဲ့နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့်ဖြစ်နေပါတယ်။ Chandler ရဲ့ စာထဲမှာ ‘နိုင်ငံရေးနဲ့ ဒီမိုကရက်တစ်အခွင့်အရေးတွေကို ငြင်းပယ်ပြီး လူသားတွေရဲ့ လုပ်နိုင်စွမ်းကိစ္စကို အဆမတန်ချဲ့ကားခြင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်းထဲက လူမှု/ စီးပွား မညီမျှမှုတွေကို မသိကျိုးကျွံပြုထားခြင်းတွေရှိနေတယ်။ အများလိုအပ်ချက်တွေနဲ့ လုပ်နိုင်စွမ်းတွေ(လူအခွင့်အရေးအရ)ဟာ လူ့အဖွဲ့အစည်းအနိမ့်ဆုံးအဆင့်ထိ အသေအချာလိုအပ်ပါတယ်။
(မှတ်ချက် -
David Candler - University of Westminster ရဲ့ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဌာနက ဒီမိုကရေစီလေ့လာရေးစင်တာက နိုင်ငံတကာဆက်ဆံရေး ပရော်ဖက်ဆာ၊ သုတေသနဒါရိုက်တာပါ။ ဒီမိုကရက်တစ်သီအိုရီ၊ နိုင်ငံတည်ဆောက်ရေး၊ ကြားဝင်အရေးယူမှုနဲ့ သက်ဆိုင်တဲ့ စာအုပ်များစွာရေးသားခဲ့ပါတယ်။ "Intervention and State Building" ဂျာနယ်ရဲ့ အယ်ဒီတာတစ်ဦးပါ။ ၂၀၀၂ နဲ့ ၂၀၀၆ ခုနှစ်မှာ From Kosovo to Kabul (and Beyond): Human Rights and International Intervention ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၃ မှာ Freedom vs. Necessity in International Relations: Human-Centred Approaches to Security and Development ကို ရေးသားခဲ့တယ်။
Frank Furedi - ယူကေ University of Kent က လူမှုရေးပညာ ပရော်ဖက်ဆာဖြစ်ပြီး "Sociology of Fear" စာအုပ်ကြောင့်ကျော်ကြားပါတယ်။ ဟန်ဂေရီ၊ ဘူဒါပက်စ်မှာ မွေးဖွားခဲ့သူပါ။ ၁၉၇၈ က ဖွဲ့စည်းခဲ့တဲ့ Revolutionary Communist Party (UK) ရဲ့ တည်ထောင်သူ၊ ဥက္ကဌ ဖြစ်လာခဲ့တယ်။ စာအုပ်ပေါင်းများစွာရေးသားခဲ့ပြီး ယူကေပုံနှိပ်လောကမှာ အများစုကိုးကားခံရတဲ့ လူမှုရေးပညာရှင်တစ်ဦးဖြစ်ပါတယ်။ ၂၀၀၇ က ရေးသားခဲ့တဲ့ 9/11 အကြမ်းဖက်မှုအကြောင်း လေ့လာရေးသားခဲ့တဲ့ "The Expanding Empire of the Unknown" ဟာလည်း ထင်ရှားပါတယ်။)
နိုင်ငံတကာလူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးမြင့်မားလာရခြင်းအကြောင်းဟာ အစိုးရတွေအတွက် မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဘာကြောင့်လည်းဆိုတော့ လူ့အခွင့်အရေးကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့သူတွေနဲ့ မိမိတို့ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ထုတ်ဖော်ပြောဆိုနေသူတွေကိုယ်တိုင်က အဲဒီလူ့အခွင့်အရေးကာကွယ်မှု လုပ်ငန်းစဉ်တွေကို ဘယ်လိုအချိန်အခါ/ ဘယ်လိုနေရာမှာ လုပ်သင့်တယ်/ လုပ်ရမယ်ဆိုပြီး အဆုံးအဖြတ်ပေးနေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါမှမဟုတ် Chandler အာဘော်အရဆိုရရင် ကိုယ်ကျင့်တရားဆိုင်ရာတာဝန်သိရှိမှုဟာ နိုင်ငံရေးအရတာဝန်ယူမှုအတွက် ဘယ်တော့မှ အစားထိုးခံမဖြစ်စေရဆိုတဲ့ ပြဿနာပါပဲ။ အမှန်စင်စစ် နိုင်ငံတကာလူ့ကျင့်ဝတ်ဆိုင်ရာတာဝန်သိရှိမှုကို တောင်းဆိုခြင်းဟာ ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်အပေါ် ဖြိုဖျက်ရာရောက်ပါတယ်။ လူ့အခွင့်အရေးတွင်ပါဝင်တဲ့အရာတွေကို အဲဒီလူ့အခွင့်အရေးဆိုင်ရာ အကြောင်းကိစ္စများနဲ့သက်ဆိုင်တဲ့အနှစ်သာရတွေ ထည့်မစဉ်းစားဘဲ မူကြမ်းရေးဆွဲပြီးဖြစ်နေတာကြောင့် ငြင်းဆိုဖွယ်ရာ ပြဌာန်းချက်တွေကို ပြင်ပအဖွဲ့အစည်းတစ်ခုခုအပေါ်တာဝန်ပေးခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာရပါမယ်။ ဘာကြောင့်လဲ။ လူသားဆိုင်ရာကိစ္စရပ်များဟာ ကိုယ်ပိုင်အတွေးအမြင်တစ်ခုတည်းနဲ့ မသက်ဆိုင်ဘဲ ပြင်ပအဖွဲ့အစည်းတွေရဲ့အမြင် ပါဝင်စုဖွဲ့ဖို့ လိုအပ်နေသောကြောင့်ပါ။ လူ့အခွင့်အရေးရဲ့ အတွင်းစိတ် ယုတ္တိပိုင်းဆိုင်ရာ အတွေးအခေါ်သဘောအရ အခွင့်အရေးတောင်းဆိုတဲ့ သူတွေနဲ့ ပြင်ပအဖွဲ့အစည်းကိုယ်စားလှယ်တို့ကြား ကွဲပြားခြားနားချက်များရှိနေနိုင်တယ်။ အဲဒီကိစ္စရပ်ကြောင့် ကမ္ဘာ့နိုင်ငံရေးမှာ မကျေမချမ်းနိုင်လောက်တဲ့ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ လူ့အခွင့်အရေးကအစပျိုးလိုက်တဲ့ မေးခွန်းထုတ်စရာ ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲမှာ (၁) နိုင်ငံတစ်ခုက မိမိနိုင်ငံ၏ တာဝန်ယူမှုအပိုင်းကို မဆောင်ရွက်နိုင်တော့တဲ့အခါ ဘယ်သူ ဝင်ရောက်ဖြေရှင်းပေးမှာလဲ။ ဒီလိုအခြေအနေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဘယ်သူက ဖိအားပေး ဆောင်ရွက်သွားမှာလဲ။ (၂) နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ တာဝန်ယူခေါင်းခံပြီး အင်တိုက်အားတိုက်ဆောင်ရွက်မယ့်သူက ဘယ်သူဖြစ်သင့်သလဲ စတဲ့အချက်တွေ ပါဝင်နေတယ်။ ဒါပေမဲ့ ဒီမေးခွန်းတွေဟာ သူ့ဟာသူပဲ အဖြေပြန်ပေးသွားခဲ့တယ်။ အကြီးမားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များထဲမှာ မည်သူမည်ဝါဆိုတဲ့မေးခွန်းထက် ဦးစားပေးစဉ်းစားရမှာက လူ့ကျင့်ဝတ်ဆိုင်ရာ လုပ်ဆောင်ချက်များသာဖြစ်ပါတယ်။ ပြင်ပအဖွဲ့အစည်းတစ်ခုခုရဲ့ အုပ်ချုပ်မှုမရှိတဲ့အချိန်မှာ အာဏာစွဲကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့လက်ထဲ အဲဒီလို အာဏာရူးဆန်ဆန်လုပ်ရပ်တွေဟာ မဖြစ်မနေပေါ်ပေါက်တတ်စမြဲပါ။ တစ်နည်းအားဖြင့်ဆိုရရင် ထိုအာဏာရှင်တွေဟာ တကယ့်လူ့အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုများနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားမှုမရှိဘဲ သူတို့ကိုယ်သူတို့ လူ့အခွင့်အရေး၏ အအုပ်အထိန်းများအဖြစ် အခိုင်အမာသတ်မှတ်ပစ်လိုက်ကြတော့တယ်။ ယူဂိုစလားဗီးယားကို ဆန့်ကျင်တဲ့ နေတိုးတပ်ဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ဆောင်ချက်ဟာ အကြီးမားဆုံးအောင်မြင်မှုတစ်ခုအဖြစ် မြင်သာထင်သာရှိခဲ့ပေမယ့် လူ့အခွင့်အရေး၏ လမ်းကြောင်းလွဲချော်သွားခြင်းလည်းဖြစ်တယ်လို့ ယူဆခဲ့ကြတယ်။
တကယ့်ပြဿနာတစ်ခုက စစ်မှန်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုသည်မှာ နိုင်ငံရေးကိုလုံးဝမျက်ကွယ်ပြုကာ လူသားအရေးကိုပဲ ရှေ့ရှုတယ် ဆိုတဲ့အချက်ပါ။ အဲဒါကြောင့် ယူဂိုဆလားဗီးယားအရေးနဲ့ပတ်သက်ပြီး နေတိုးရဲ့လုပ်ဆောင်ချက်တွေကို လူ့ကျင့်ဝတ်ဆိုင်ရာ အကူအညီပေးမှုပုံစံနဲ့ ဖုံးဖိပေးခဲ့သည့်အပြင် အပြစ်ကင်းလွတ်ခွင့်ပေးခဲ့လေတယ်။ အဲဒီစကားဆက်မှာ ပြည်သူလူထုကို နိုင်ငံရေးအခြင်းအရာများထဲဆွဲမထည့်တော့ပဲ ခိုကိုးရာမဲ့ ဒုက္ခသည်များအဖြစ် တွေးမြင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒုက္ခသည်အရေးကိစ္စမှာ ပြဿနာရှိနေသေးပါတယ်။ ဆာဘီးရားစစ်သွေးကြွတွေလက်ထဲက အယ်လ်ဘေးနီးယန်း ဒုက္ခသည်တွေကို ကူညီကယ်တင်ခဲ့ခြင်းဟာ တကယ်ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုဟုဆိုနိုင်သော်လည်း အဲဒီဒုက္ခသည်တွေကို ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် လွတ်လပ်ခွင့်တို့ကိုတော့ ဆောင်ကြဉ်းမပေးခဲ့ပါဘူး။ ဒုက္ခသည်တွေအဖြစ်နဲ့သာ ဆက်လက်ထားရှိခဲ့တယ်။ အဲဒါကြောင့် စိတ်ပညာရှင် Sigmund Freud ရဲ့ မသိစိတ်ကြောင့်ဖြစ်ပေါ်သောအပြောအဆိုအမူအကျင့်ဆိုင်ရာသီအိုရီအရ နေတိုးအဖွဲ့၏ လူသားချင်းစာနာထောက်ထားမှု နည်းဗျူဟာမှာ လမ်းလွဲရောက်နေတယ်လို့ ကောက်ချက်ချထားတာကိုတွေ့ခဲ့ရတယ်။
အထက်ကကိစ္စမှာ လက်ရှိဖြစ်ပျက်နေတဲ့ အရေးကြီးဆုံးအဓိကရုဏ်းပြီးဆုံးဖို့အတွက် နောက်ဖြစ်လာမယ့်အကျိုးဆက်များအပေါ်အာရုံမထားဘဲ နောင်ဖြစ်မှနောင်ရှင်းသဘောနဲ့ ဖြေရှင်းခဲ့ကြတယ်။ ထိုအချိန်တွင် တိုင်းပြည်အုပ်ချုပ်မှုလမ်းစဉ်တွေဟာလည်း ၀ိသေသလက္ခဏာ အဓိကလိုအပ်ချက် စံချိန်စံညွှန်းများ (realpolitik) ဖြစ်ရေးနောက်သို့ လိုက်နေရတော့တယ်။ ရလာဒ်ကတော့ အလောတကြီးလုပ်ရပ်တွေကြောင့် လူသားချင်းစာနာထောက်ထားမှုတုံ့ပြန်ချက်တွေမှာ မသေမသပ်ဟာကွက်များစွာဖြစ်သွားပြီး ကြိုတင်မမြင်နိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေရဲ့ ထိုးနှက်ချက်တွေကိုပါ ခံစားလာရပါတယ်။ အဲဒါကြောင့် Chandler က တကယ့်ကို ဆင်ခြင်တုံတရားကင်းမဲ့ခဲ့တဲ့ ကိုဆိုဗိုစစ်ပွဲအကြောင်းနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချခဲ့တယ်။ အဲဒီအဖြစ်အပျက်မှာ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံကာပြေလည်ရမည့်အစား စစ်ရေးအသွင်ကူးပြောင်းခဲ့တာကြောင့် ဒေသတွင်း စီးပွားပျက်ကာ အငတ်ဘေးဆိုက်ခဲ့ရပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့်လုပ်ရပ်တစ်ခုအထမမြောက်ခင် ထိုလုပ်ရပ်၏ အကျိုးဆက်တွေကို ကြိုတင်ပုံဖော်နိုင်မယ့် အမြင်ရှိဖို့လည်းလိုအပ်တာကို မီးမောင်းထိုးပြခြင်းပါပဲ။
အဲဒါကြောင့် Susan Woodward က ယူကေနိုင်ငံ၊ အများပြည်သူဆိုင်ရာနိုင်ငံခြားရေးရာကော်မတီရုံး (UK House of Commons Foreign Affairs Committee)မှာ အဖွဲ့အစည်းအနေဖြင့် ရှင်းလင်းပြတ်သားတဲ့ အမျိုးသားရေးမျှော်မှန်းချက်တွေ မရှိခဲ့ပါလို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ တကယ့်လက်တွေ့မှာ အမျိုးသားရေးမျှော်မှန်းချက်တွေဟာ အလွန်အားနည်းပြီး အချိန်နှင့်အမျှ နည်းဗျူဟာပြောင်းလဲတတ်တာကြောင့် ကျွန်တော်တို့အတွက် အလွန်အမင်းဒုက္ခတွေ့ခဲ့ရတယ်လို့ ဆိုတယ်။ အဲဒီကော်မတီရဲ့ နိဂုံးချုပ်မှာ နေတိုးအဖွဲ့ဟာ ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းမျှော်မှန်းချက်မရှိခဲ့ဘူးလို့ ဝေဖန်သုံးသပ်ခဲ့ပါတယ်။ အတူတူပါပဲ။ စစ်ရေးရည်မှန်းချက်မပြတ်သားတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ World Trade Centre ပျက်စီးပြီးတဲ့အခါ အာဖဂန်နစ္စတန်ကို အမေရိကန်တို့တိုက်ခိုက်ခဲ့တဲ့စစ်ပွဲပါပဲ။ အမေရိကန်နဲ့ ဗြိတိန်အစိုးရရဲ့ နှောင့်နှေးကြန့်ကြာမှုကြောင့် တစ်လတိတိ ဘာလှုပ်ရှားမှုမှမရှိ၊ မရေမရာဖြစ်ခဲ့ပြီး စစ်ရေးအရေးယူမှုစတင်ခဲ့တဲ့ အောက်တိုဘာလ ၇ ရက် စစ်ပွဲ စသည့်နေ့မှာတော့ ဘင်လာဒင်ခြေကုတ်စခန်းကို ရှာဖွေမတွေ့ရှိခဲ့တော့ပါဘူး။ ဘင်လာဒင်ဖမ်းဆီးရေးစီမံချက်အစား တာလီဘန်တပ်ရင်းကို အခြေအနေပျက်ယွင်းစေမယ့် စီမံချက်အဖြစ် ပြောင်းလဲလိုက်ရတော့တယ်။
(မှတ်ချက် -
Susan Woodward - The Graduate Center of the City University of New York(CUNY) ၊ နိုင်ငံရေးသိပ္ပံပရိုဂရမ်က ပရော်ဖက်ဆာတစ်ဦးပါ။ ဘဲလ်ကန်ဒေသ၊ အရှေ့ဥရောပ နဲ့ ဆိုဗီယက်အလွန်ကိစ္စတွေ၊ ပြည်တွင်းစစ်ကြားဝင်ဖြေရှင်းမှုတွေ နဲ့ ပဋိပက္ခအပြီးပြည်လည်တည်ဆောက်ရေးတွေမှာ ကျွမ်းကျင်တဲ့ပညာရှင်ပါ။ Balkan Tragedy : Chaos and Dissolution after the Cold Wear စာအုပ်နဲ့ Socialist Unemployment: The Political Economy of Yugoslavia စာအုပ်ကို ၁၉၉၅ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။ UN Secretary General ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ၁၉၉၄ မှာအလုပ်လုပ်ခဲ့တယ်။)
ကာဒစ္စတန်၊ ဘော့စနီးယားနဲ့ ဆိုမာလီယာ အရေးကိစ္စတွေမှာ လူသားချင်းစာနာထောက်ထားရေးမူဝါဒနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရအရေးတယူပြုကာ အပြောင်းအလဲတွေပြုလုပ်ပေးခဲ့တယ်။ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းစဉ်ဆိုတဲ့ အဓိပ္ပါယ်ဟာ စစ်အေးလွန်ကာမှာပေါ်ပေါက်ခဲ့တဲ့ စကားလုံးအရင်းအမြစ်သစ်တစ်ခုဖြစ်ပြီး တိုင်းပြည်အသီးသီးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာကြတဲ့အချိန်အခါလည်းဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ စည်းစနစ်မကျနတဲ့လုပ်ဆောင်ချက်တွေဟာ သူတို့ကို မျှော်လင့်မထားတဲ့အနေအထားဆီ ဦးတည်သွားစေခဲ့တယ်။ လူသားချင်းစာနာထောက်ထားခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းများနှင့် ကြောက်မက်ဖွယ်စစ်ပွဲတွေ ဆင်နွှဲခြင်းဟာ အနောက်နိုင်ငံတွေရဲ့သြဇာအာဏာကမ္ဘာတစ်ဝှမ်း ပရမ်းပတာ ပျံ့နှံ့သွားစေခဲ့တာပါပဲ။ အနောက်နိုင်ငံတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ကျရောက်နေတဲ့လူ့အဖွဲ့အစည်းများဟာလည်း ပိုလို့ပိုလို့ ဆင်းရဲတွင်းနက်လာကာ ကပ်ဆိုက်တဲ့အဖြစ် ရောက်ရှိလာခဲ့တောတယ်။ ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်လာနိုင်တဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုင်ငံတကာဥပဒေချိုးဖောက်မှုအဖြစ်သတ်မှတ်ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အဲဒါဟာ ပိုလို့ခေတ်စားလာတဲ့ ဗျူရိုကရေစီအုပ်ချုပ်ရေးအကြောင်းကို ဆိုလိုခြင်းတော့မဟုတ်ပါဘူး။ သမိုင်းကြောင်းကိုပြန်ကြည့်ရင် ကုလသမဂ္ဂဟာ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး နိုင်ငံအများအပြားမှာ ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးခဲ့ပါတယ်။ အနောက်နိုင်ငံများနှင့် လက်အောက်ခံ လူ့အဖွဲ့အစည်းများကြား ဆက်ဆံရေးအခြေအနေကတော့ မေးခွန်းထုတ်စရာပါ။ ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှုများရဲ့ အရေးပါခြင်းနဲ့ နိုင်ငံရေးအရတာဝန်ယူမှုကင်းမဲ့ခြင်းတွေကြား အပေးအယူမမျှဘဲ ကြားဆက်ပြတ်သွားခြင်းဟာ အနောက်နိုင်ငံတွေရဲ့လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်ပေးမှုအခန်းကဏ္ဍကို ပိုလို့ ရုပ်လုံးပေါ်လာစေပြီး သြဇာအာဏာစက်ဖြန့်ကျက်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။ အဲဒါကြောင့် တိုင်းပြည်ထူထောင်ခြင်းဟာ ခွဲခြမ်းစိတ်ဖြာပြီး လုပ်ဆောင်တတ်ဖို့လိုအပ်လာခဲ့တယ်။ စစ်အေးလွန်ကာလမှာ တာဝန်ယူမှုမလိုအပ်တဲ့ အာဏာကို လေ့ကျင့်ပျိုးထောင်ပေးခြင်းဟာ လူသားချင်းစာနာထောက်ထားမှု၏လုပ်ငန်းစဉ်ပင်ဖြစ်ပြီး ထူထောင်စနိုင်ငံသစ်ကိုလဲ အချုပ်အခြာအာဏာနှင့် ယဉ်ပါးအောင် ပြုစုပျိုးထောင်ပေးရာရောက်ပါတယ်။ ဒီနေ့အချိန်မှာ တာဝန်ယူမှုမလိုအပ်တဲ့အာဏာကို လေ့ကျင့်ပျိုးထောင်မှုပုံစံဟာကွဲပြားသွားပြီး အလားအလာရှိတဲ့နိုင်ငံတစ်ခုဖြစ်လာဖို့ရည်ညွှန်းကာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းပါ။ အင်တိုက်အားတိုက် တည်ဆောက်ပေးခြင်း၊ စည်းမျဉ်းစည်းကမ်းတွေချမှတ်ပေးခြင်းနဲ့ ရွေးကောက်ပွဲတွေကျင်းပပေးကြပြီး၊ အနောက်နိုင်ငံတွေဟာ လက်အောက်ခံတိုင်းပြည်အတွင်း သူတို့ရဲ့ ရပ်တည်မှုကိုရုတ်သိမ်းပြီး၊ အာဏာလွှဲပြောင်းပေးဖို့အတွက် ကြိုးပမ်းအားထုတ်ကြပါတယ်။ Ignatieff က နယ်ချဲ့သမားတွေဟာ ရလဒ်တစ်ခုအမြန်ရဖို့ စိတ်ရှည်သည်းခံတတ်သူများဖြစ်ကြတယ်လို့ ဆိုတယ်။ အဲဒီအချက်ကြောင့် ပြည်တွင်းရွေးကောက်ပွဲတွေကျင်းပပြီး လွတ်လပ်၍ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော မူလအနေအထားသို့ ပြန်လည်ရောက်ရှိလာဖို့ အရေးကြီးကြောင်း သူက ဖော်ပြထားတယ်။
(မှတ်ချက် -
Ignatieff - ကနေဒီးယန်း စာရေးဆရာ နိုင်ငံရေးသမားဟောင်းပါ။ သမိုင်းပညာရှင်တစ်ဦးအဖြစ်ကျော်ကြားပါတယ်။ စိတ်ကူးယဉ်ဝတ္ထု၊ နိုင်ငံရေးဝတ္ထု နဲ့ နိုင်ငံရေး ဆောင်းပါးများစွာရေးသားခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Empire Lite: Nation-Building in Bosnia, Kosovo and Afghanistan, Minerva စာအုပ်ဟာ နိုင်ငံတည်ဆောက်ရေးကိစ္စတွေဆွေးနွေးရှင်းပြထားတဲ့စာအုပ်ပါ။)
တချို့က ယုံမှတ်လွှဲအပ်ခံအဖွဲ့အစည်း (Trusteeship Council) စနစ် ပြန်လည်နိုးထလာခြင်းအကြောင်းနဲပစပ်လျဉ်းပြီး ထင်ကြေးပေးကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ကော်မရှင် ဒါမှမဟုတ် ယုံမှတ်လွှဲအပ်ခံအဖွဲ့အစည်းစနစ် ပြန်လည်နိုးထလာခြင်းထက် ကိုယ်ထူကိုယ်ထတိုင်းပြည်ထူထောင်မယ့် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာနေခြင်းမှာ အသိသာအထင်အရှားပါပဲ။ နိုင်ငံတစ်နိုင်ငံအတွက် ညွန့်ပေါင်းအစိုးရတွေရဲ့ အကူအညီနဲ့ ယုံမှတ်လွှဲအပ်ခံ အဖွဲ့အစည်းတွေ ဖွဲ့စည်းပေးတာဟာ အဲဒီနိုင်ငံရဲ့တရားဥပဒေ လျော့ရဲပြိုယွင်းနေတာကို ထင်ဟပ်ဖော်ပြနေပါတယ်။ အလျင်အမြန်တိုးတက်လာနေတဲ့ ဒီနေ့ကမ္ဘာကြီးရဲ့ ပြင်းထန်တဲ့အခြေအနေဖိအားအမျိုးမျိုးတို့အောက်မှာ ကိုယ့်စွမ်းကိုယ်စနဲ့ ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းမရှိသေးတဲ့နိုင်ငံငယ်တို့ကို ကြီးကြပ်ရန် ယုံကြည်ထိုက်တဲ့အဖွဲ့အစည်းတစ်ရပ်ဖော်ဆောင်ပေးခြင်းနဲံ့ ပြည်သူတို့ရဲ့ နိုင်ငံရေးနဲ့လူမှုရေးတို့ကို တာဝန်ယူကာ ရေရှည် ထိန်းကျောင်းပြုပြင်ပေးသွားရပါလိမ့်မယ်။ ယုံကြည်ထိုက်သော အဖွဲ့အစည်း (Trusteeship Council)တွေဟာ သယံဇာတအရင်းအနှီးပေါကြွယ်ဝခြင်း၊ အတွေ့အကြုံရင့်ကျက်တည်ငြိမ်ခြင်း၊ ပထ၀ီဝင်အနေအထားကောင်းမွန်ခြင်း၊ ကြည့်ရှုစောင့်ရှောက်တတ်ခြင်း၊ ကောင်းစွာတာဝန်ယူနိုင်ခြင်းစတဲ့ အင်္ဂါရပ်များနဲ့ပြည့်စုံတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ရပါမယ်။ ဒါမှမဟုတ် အဖွဲ့အစည်းအကူအညီမယူဘဲ ကိုယ်ထူကိုယ်ထအားဖြင့် တိုင်းပြည်ထူထောင်မည်ဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့တာဝန်ယူမှု မလိုအပ်တဲ့အာဏာ (Power without responsibility) ကို အသုံးပြုရမှာပါ။ အဲဒီ နိုင်ငံကြီးတွေက နိုင်ငံရေးအရတိုက်ရိုက်အုပ်ချုပ်မှုကို ရှောင်လိုက်ခြင်းအားဖြင့် ကိုယ်ထူကိုယ်ထနိုင်ငံတည်ဆောက်သူတွေကို တိုင်းပြည်ထူထောင်ခြင်းကဖြစ်ပေါ်လာတဲ့ ရလာဒ်ကောင်းများအတွက်ချီးမွမ်းခန်းဖွင့်နိုင်သလို၊ မနိုင်ဝန်ထမ်းပြီး ရလာဒ်ဆိုးများထွက်ပေါ်လာခြင်းအတွက်လည်း ပြစ်တင်ရှုတ်ချနိုင်ပါတယ်။ Timor Leste နိုင်ငံဟာ၂၀၀၂ မေလ ၂၀ ရက်နေ့မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။ နောင်လာမယ့်အနာဂတ်မှာတော့ တီမောရဲ့ယုံကြည်အားထားမှုအလျောက် တီမောဒေသဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာကအင်တိုက်အားတိုက် ဆက်လက်ပါဝင်ဆောင်ရွက်နေပေလိမ့်မယ် လို့ Chesterman က ကောက်ချက်ချလိုက်တယ်။ နောက်ထပ် Chesterman က ၁၉၉၀ ပြည့်လွန်နှစ်များက ဘော့စနီးယား၊ ကိုဆိုဗို၊ အရှေ့တီမောနိုင်ငံစသည်တို့တွင် တာဝန်ယူမှုမလိုအပ်တဲ့အာဏာစနစ်သည် ဒေသခံပြည်သူများထက် အပေါ်ယံအထက်အလွှာနိုင်ငံ့အာဏာပိုင်တွေလက်ထဲတွင်သာ အခွင့်ထူးများ ပြန်လည်ဦးတည်ရောက်ရှိသွားခဲ့တယ် ဆိုတဲ့အချက်ပါပဲ။ အခြေခံစည်းမျဉ်းများအနေဖြင့် အနည်းဆုံးထားရှိရမည့် လူ့အခွင့်အရေးများဖြစ်သည့် ပြည်သူလူထုရဲ့ လျှောက်လွှာ/ အသနားခံစာ/ ကျေးလက်ဒေသအထိ လိုက်လံကွင်းဆင်းကြည့်ရှုခြင်းတွေ/ စစ်တမ်းကောက်ရန် မေးခွန်းလွှာတွေ နဲ့ သတင်းပေးပို့ချက်တွေ စတဲ့ အချက်အလက်တွေမှာ နိုင်ငံအာဏာပိုင်များက ကြားဝင်ကန့်သတ်ခြင်းတွေဖြစ်လာခဲ့တယ်။ တစ်နည်းအားဖြင့်ဆိုရရင် တာဝန်ယူမှုမလိုအပ်သော အာဏာကို လေ့ကျင့်ပျိုးထောင်ပေးခြင်းဟာလည်း သိသာမြင်သာတဲ့ဆန့်ကျင်ဘက်အခြေအနေနှစ်ခုကို ဖြစ်ပေါ်လာစေနိုင်တယ်။ ပထမအခြေအနေမှာ ကိုယ်ထူကိုယ်ထနိုင်ငံတွေဟာ အစိတ်စိတ်အမွှာမွှာပြန်ဖြစ်သွားမယ်။ နောက်အခြေအနေတစ်ခုက နိုင်ငံကြီးများ၏ စောင့်ကြည့်ခြင်းအောက်တွင် နိုင်ငံပြန်လည်ထူထောင်လာနိုင်ပါလိမ့်မယ်။
အကျပ်အတည်း ရဲ့ အဓိပ္ပါယ်ဟာ
စစ်အေးခေတ်လွန်သော် ပါဝါစွမ်းအင် မဖြစ်မနေ သုံးခဲ့မှုများ အပေါ် တာဝန်မဲ့လုပ်ရပ်အားလုံးကို ဘာ့ကြောင့်များ တောင်းပန်စေသလဲတဲ့။ အမေးရှိနေတယ်။ အနောက်နိုင်ငံများက အကျော်အမော်တွေဟာ နိုင်ငံရေးသြဇာ လွှမ်းမိုးအုပ်ချုပ် အသက်ဆက်ပေးခြင်းဖြင့် ဘာကြောင့် သောကဖြစ်ဖွယ် ပြုရသလဲ။ အလေးထားစရာကိစ္စကို အချည်းနှီးဖြစ်စေလျက် ဘာကြောင့် လူသိရှင်ကြား ပြောင်းလွယ်ပြင်လွယ်ပြုလုပ်နေကြသလဲတဲ့။ ဘာကြောင့် မဖေါက်ဖျက် မကျူးလွန်ဘဲ ပျက်ပြယ်ခဲ့ရသလဲ။ အနာဂတ် အရှေ့ တိုင်းနိုင်ငံတွေရဲ့မြင်ကွင်းတွေဟာ အကျိုးသက်ရောက်မှု မရှိလို့ပဲလား။ အနာဂတ်အတွက် မစ်ရှင်တစ်ခု စီမံရာထား နိုင်စွမ်းရှိရင်တော့ အရှေ့တိုင်းနိုင်ငံများအတွက် အထူးသင့်တော်ပါလိမ့်မယ်။ စစ်အေးခေတ်လစ်ဟာမှုတွေနဲ့ နိုင်ငံရေးသောက ဒုက္ခထူပြောခြင်းနိုင်ငံရေးအခင်းအကျင်း အခက်အခဲနဲ့ ကြုံတွေ့ရခြင်ကို Fukujama က ပြန်ပြောင်းပြောဆိုပါတယ်။
Zaki Laïdi ဟာ ဒီဆွေးနွေးငြင်းခုံချက်မှာ မလိုအပ်ဘဲ အကျယ်ချဲ့အမွှန်းတင်လွန်းနေတယ်။ စစ်အေးခေတ်ပြီးဆုံးခြင်းဟာ ကွန်မြူနစ်ဝါဒ ပြီးဆုံးခြင်းသတင်းမဟုတ်ပါဘူး။ ရှေ့မှာ လုပ်ဆောင်စရာတွေ တမျှော်တခေါ်ကြီးရှိနေပါသေးတယ်။ စစ်အေးခေတ်ပြီးဆုံးခြင်းကိုပိုပိုမိုမို လွန်လွန်ကဲကဲ ထပ်ပြီးဆွေးနွေးပြဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ အနာဂတ်ကာလမှာ ထပ်ပြီး ပြိုလဲနိုင်သေးတာကိုသိရှိစေဖို့ ရေးသားနေရခြင်းပါပဲ။ Laidi က “ဒီမိုကရေစီ ဈေးကွက်မှာ ထိရောက်တဲ့လုပ်ဆောင်ချက်အသစ်တစ်ခု တည်ဆောက် ပေါ်ထွန်းရန် ဆန္ဒပြင်းပြနေတယ်”လို့ ဆိုတယ်။ စစ်မှန်/ လက်တွေ့ကျတဲ့ ဥပဒေနှင့်ညီတဲ့ လုပ်ဆောင်မှုကို ရိုးသားစွာ အားထုတ်ကြိုးပမ်းနိုင်ရမယ် လို ဆိုနေတယ်။ ဒီပုံပြင်ဇာတ်လမ်းဟာ ဇာတ်ကြောင်းကို ခမ်းခမ်းနားနား ပြန်ပြောင်းတည်ဆောက်ထားတယ်။ Jean Francois Lyotard ရဲ့ စကားပြေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဝေးလံတဲ့တစ်ခေတ်တစ်ခါ(၁၉၆၈)ကပင် ပျောက်ကွယ်ခဲ့ပြီးဖြစ်တယ်။ ဒီပြိုလဲပျက်စီးခြင်းရဲ့ ဂယက်ရိုက်ခတ်မှုက future-oriented projects တွေအတွက် တော်တော်လေးနစ်နာစေပါတယ်။ တချိန်တည်းမှာပင် နိုင်ငံတကာရဲ့ တိုင်းပြည်အကျိုးဆောင်ရွက်ချက် နိုင်ငံရေးအတွေးအမြင်တွေကိုပါ နားလည်သဘောပေါက်စေတယ် လို့ Laidi က တွေးခေါ်တယ်။ အဲဒါကြောင့် မူလမေးခွန်းကိုပြန်လည် အသေအချာ အထူးပြုရန်လိုပါတယ်။
“သမိုင်းအမြင်နှင့်တွေးခေါ်ကြည့်လျှင် တာဝန်ယူခြင်းဆိုတာဟာ စိတ်စေတနာကောင်းနဲ့ ကိုင်တွယ်ခြင်းလို့ ဆိုနိုင်တယ်”လို့ US လူမှုဆက်ဆံရေး သမိုင်းဆရာ Christopher Lasch က ဆိုတယ်။ သူ့ရဲ့ “အကျော်အမော်နိုင်ငံရေးသမားများ ရဲ့ တော်လှန်ရေး” စာတမ်းမှာဖေါ်ပြခဲ့တယ်။ လွန်ခဲ့သည့်၂၀ရာစုနှစ်တွေ အစောပိုင်းက တော်လှန်ဆန့်ကျင်မှုကို တုံ့ပြန်သူ José Ortega y Gasset ကမူ The Revolt of the Masses (1932) စာတမ်းကို ကန့်ကွက်ငြင်းဆန်ခဲ့ပါတယ်။ ထိုစဉ်က ကြီးမားလှတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ လူမှုအဖွဲ့အစည်းကို အကြီးအကျယ်ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုတယ်။ အဲဒီလူထုစည်းဝေးပွဲမှာ Ortega ပါဝင်မှုဟာ မအောင်မြင်ခဲ့ပါဘူး။ Lasch ကတော့ ဥပဒေနဲ့အညီ လုပ်ရန်သာ ပြောပါတယ်။ သူက လူအစုအဝေးကို အပြစ်တင်တယ်။ ဆန့်ကျင်ခဲ့ပါတယ်။ ယနေ့ အကျော်အမော်တွေဟာ ဥပဒေနှင့်အညီ တရားဝင် လုပ်ကိုင်နိုင်တယ်လို့ သူက ဆော်သြတယ်။ အရှေ့ဘက်နိုင်ငံတွေ့ရဲ့အနာဂတ်သက်သက်အတွက်သာ သူက ရှေ့ရှုပါတယ်။ အဲဒါကြောင့် တာဝန်တစ်ရပ်အနေနဲ့တော့ အမြင်အယူအဆမရှိပါဘူး။ Ortega ရဲ့ခေတ် နဲ့ မျက်မှောက်ခတ် တော်တော်ကြီးကွာခြားမှုရှိနေတယ်။ သပွတ်အူလို လိမ်ရှုပ်နေတဲ့သမိုင်းဟု Ortega က မြင်တယ်။ သူက အကျော်အမော်တွေရဲ့ ပြုစုပျိုးထောင်မှုကိုတန်ဘိုး ရှိရှိ တာဝန်သိသိ ကောင်းကျိုးဆောင်ရွက်မှု/ အားထုတ်မှုတွေလို့ ညွှန်ပြပါတယ်။ တာဝန်ယူခြင်းဆိုတာဟာ အနည်းဆုံး ပြုရန်လုပ်ငန်းကိစ္စတွေကို ကောင်းစွာကိုင်တွယ်နိုင်ခြင်းလို့ နားလည်သဘောပေါက်ကြတယ်။ ယေဘူယျအားဖြင့် အချိန်နှင့်အမျှပွေလိမ်ယှက်နွယ်လျှက်ရှိတဲ့၊ ဖြေမလွတ်တဲ့လုပ်ငန်းအ၀၀ကို သမိုင်းပေးတာဝန်အရ စွမ်းရည်ရှိသလိုဖြောင့်မတ်စွာ ထောက်ပံ့/ဖြေရှင်းခြင်းကိုဆိုတယ်။ အပြောင်းအလဲကို လူထုက မြင်နိုင်စွမ်းရပါမယ်။ အတိတ်နှင့်ပစ္စုပ္ပန်ရဲ့ စီမံချက်တွေဟာ အနာဂတ်ကာလအတွက် တလှည့်စီ စံပြုစရာဖြစ်နေလိမ့်မယ်။ စစ်အေးတိုက်ပွဲအတွင်းဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ရှိမှုတွေကို တရားစီရင် ဆုံးဖြတ်တဲ့အခါ ဘယ်လိုပေတံမျိုးနှင့် တိုင်းတာမလဲ။ Fukuyama ရဲ့ လူ့ စိတ်ကူးသဘောတရားနဲ့ဆိုင်တဲ့ အကျိုးသက်ရောက်မှု/ သမိုင်းဆိုင်ရာဆက်နွယ်မှုတွေကို တိုတိုတုတ်တုတ် လိုရင်းချုပ်ရန် ကြောင်းကျိုးလျော်ညီ အဆုံးသတ်နိုင်ရမယ်။ နောက်ဆုံးမှာ အသိမချွတ်ချော်ဘဲ ကွာဟချက်တွေကို စွမ်းရည်ရှိရှိ/ အချိတ်အဆက်ကျကျ/ အဓိပ္ပါယ်ရှိရှိ ကာကွယ်ခုခံရမယ် လို့ဆိုထားတယ်။ မဖြေရှင်းနိုင်ဘူးဆိုတာ မရှိပါဘူးတဲ့။ နိုင်ငံတည်ဆောက်တဲ့အခါ ဆွေးနွေးငြင်းခုံစရာတွေ ရှိနေတယ်။ အနောက်နိုင်ငံတွေဟာ အလေ့အကျင့်ကောင်းကောင်းရှိတဲ့ တန်ခိုးအာဏာ ပါဝါစွမ်းအင်နဲ့သာ တာဝန်မဲ့ပြုမူရန်ကြိုးစားကြတယ်။ သရုပ်သဏ္ဍာန်ပေါ်လွင်စေတဲ့ဝါဒ ထွန်းကားလာချိန်မှာ နိုင်ငံရေးအရ စီမံအုပ်ချုပ်တဲ့အခါ နိုင်လိုမင်းထက်ပြုကျင့်/ ညှင်းပန်းနှိပ်စက်ခြင်းတို့ဟာ နောက်ထပ် ဘေးကျပ်နံကျပ် ထပ်ဖြစ်စေတယ်။ အဖြစ်အပျက်တွေဟာ ရိုးဖြောင့်မှုမရှိ၊ အဓိပ္ပါယ်ပြည့်ဝခြင်းမရှိ၊ အပြောနှင့်အဟော မကိုက်ညီခဲ့ပါဘူး။ အလယ်အလပ်ကျတဲ့နိုင်ငံရေးအမျိုးအစားလို လက်တွေ့ဘ၀နဲ့ မကိုက်ညီတဲ့ စိတ်ကူးယဉ်ဝါဒ ပြီးဆုံးချိန်မှာတော့ အရေးပေါ် နိုးထလာတဲ့ အရေးကြီးကိစ္စတစ်ခုအဖြစ်သာ အဖြေထွက်လာတော့တယ်။ အမှန်စင်စစ် အနီးအဝေးအမြင်အာရုံမှာ မြင်သာထင်သာရှိတာဟာ လူတွေ ပင်ပန်းဆင်းရဲစွာ အရေးပေါ်အလုပ်လုပ်ကိုင်နေရပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုဝန်းကျင်ဘ၀ထဲမှာ စီမံရာထားချက်ရဲ့ ရောင်ပြန်ဟပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေရဲ့ အရေးပေါ်လုပ်ဆောင်ရမယ့်ကိစ္စအဖြစ်က ငြင်းပယ်ထားတယ်။ စီမံကိန်းရဲ့ ဖွင့်ဆိုချက် ပထမအဆင့်ဟာ အရေးပေါ် တရားဝင် လုပ်ပိုင်ခွင့်မဟုတ်/ မရည်ညွှန်းပါဘူး။ နိုးကြားတက်ကြွတဲ့ ငြင်းဆိုချက်လို့ ဖော်ပြထားပါတယ်။
နိဂုံးဆိုရရင်
ဒီအခန်းမှာ ကျွန်တော်ဆွေးနွေးချင်တာက ၁၉၉၀ခုနှစ်တွေနဲ့ ၂၁ရာစုအတွင်း နိုင်ငံတကာဆက်ဆံရေးထဲ နိုင်ငံရဲ့အခန်းကဏ္ဍ အချိတ်အဆက်တွေပါ။ အထူးသဖြင့် ၂၁ရာစုဟာ အားကြီးနိုင်ငံတွေအတွက် ပြန်လည်ထူထောင်ရေးကဏ္ဍရှိလာပြီး ၁၉၉၀ ခုနှစ်တွေက အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကို ဖိနှိပ်ချုပ်ထိန်းဖို့ဖြစ်လာတာပါပဲ။ ၁၉၉၀ခုနှစ် က အာဏာရှင်နိုင်ငံဘ၀မျိုးပုံစံကွဲပြားသွားပြီလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ပုံစံလောက်ပါပဲ။ အတွင်းကအုပ်ချုပ်သူတွေ၊ အဖွဲ့အစည်းတွေ အားလုံးပြောင်းလဲသွားတာမျိုးမဟုတ်သေးပါဘူး။ နိုင်ငံတော်ဘ၀ကိုပြည့်မှီဖို့က ကာလနှစ်ခုလုံးမှာ တာဝန်ယူမှုမလိုအပ်တဲ့အာဏာကို ပိုင်ဆိုင်နိုင်တဲ့ အလေ့အကျင့်မျိုးလိုအပ်နေပါတယ်။ စစ်အေးခေတ်နောက်ပိုင်းကြားကာလမှာ တာဝန်မခံနိုင်တဲ့အာဏာ အလေ့အကျင့်အားနည်းမှုကြောင့် အဲဒီမောင်းနှင်အားဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကို ဝင်ရောက်စွက်ဖက်/ ပိုင်နက်ကျူးကျော်မှုနဲ့ ဖိနှိပ်ချုပ်ထိန်းမှုနဲ့ ဦးတည်တော့တယ်။ အဓိကအားဖြင့် ကြားဝင်မှုဝါဒသစ် ဖြစ်လာတာပါ။ အဲဒီမှာ တစ်ဦးချင်းစီရဲ့ အခွင့်အရေးဟာ အဲဒီနိုင်ငံတွေရဲ့အခွင့်အရေးထက်ပိုပြီး မြင့်တက်လာခဲ့တယ်။ နယ်စပ်ဖြတ်ကျော်လူ့အခွင့်အရေးကာကွယ်မှုဟာ အနောက်နိုင်ငံတွေအတွက်တော့ တာဝန်မယူနိုင်တဲ့လူတွေကိုယ်စား အာဏာကိုအလေ့အကျင့်ဖြစ်အောင် အခြေအနေပေးခဲ့တာပါ။ လူအခွင့်အရေးဘောင်ခတ်မှုဟာ နိုင်ငံရေးပြဿနာတွေရဲ့ အဖြေကိုရှာဖွေဖို့ထက် အကျပ်အတည်းတွေကိုစီမံဖြေရှင်းရေးအတွက်ကိုပဲ ဂရုစိုက်နေသလိုဖြစ်နေခဲ့တယ်။ အဲဒီဖြစ်စဉ်ဟာ အနောက်နိုင်ငံတွေက အနောက်ကမ္ဘာခြမ်းကမဟုတ်တဲ့လူ့အဖွဲ့အစည်းကို အာဏာပါဝါပိုပြနိုင်ဖို့ စုရုံးစေခဲ့သလိုပါ။ အဲဒါကြောင့် တာဝန်ယူမှုမလိုအပ်တဲ့အာဏာယူခြင်းရဲ့ စွမ်းဆောင်မှုဟာ အချိန်အပိုင်းအခြားဖြတ်ကျော်လာတဲ့အတိုင်း အကျိုးရလာဒ်နှစ်မျိုးထွက်ပေါ်လာခဲ့တယ်။ အပိုင်းအခြားတစ် မှာ နိုင်ငံတွေဖွဲ့စည်းမှုပြိုကွဲတယ်။ နောက်တစ်ခုကတော့ နိုင်ငံတွေရဲ့ တည်ဆောက်ရေးအပိုင်းပါ။ စစ်အေးတိုက်ပွဲနောက်ပိုင်း တာဝန်ယူမှုကင်းမဲ့ခဲ့တဲ့ အာဏာအလေ့အကျင့်ဟာ သမိုင်းထဲကအသိတရားတွေကို ငြင်းဆန်ပိတ်ဆို့လိုက်တယ်။ အဲဒီနေရာမှာ အာဏာအလေ့အကျင့် အကဲဖြတ်/ နေရာချဖို့ စံပေတံတော့ရှိမနေပါဘူး။ ။
ဖြိုးဖြိုး
No comments:
Post a Comment