Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Myanmar Knowledge Society. Show all posts
Showing posts with label Myanmar Knowledge Society. Show all posts

Monday, August 04, 2014

နိုင်ငံတကာဆက်ဆံရေး - International Relations

မင်းမဲ့ဝါဒကို စိန်ခေါ်ခြင်း
ကမ္ဘာ့နိုင်ငံရေးကိစ္စတွေ တည်ဆောက်ခြင်း
(Building World Politics)

Myanmar Knowledge Society က ထုတ်ဝေတဲ့စာအုပ်ပါ။ ကျွန်မရေးဖြစ်တဲ့ အခန်းက မင်းမဲ့ဝါဒကို စိန်ခေါ်ခြင်းပါ။ စာအုပ်ထွက်တာတော့ ကြာနေပါပြီ။ 

ဒီစာအုပ်ရဲ့ အခန်း ၁ ကနေ ၄ အထိမှာ “နိုင်ငံတကာဆက်ဆံရေး-IR” ရဲ့ အယူအဆပိုင်းဆိုင်တဲ့အကြောင်းရင်းကို ဈည်းမျဉ်းစည်းကမ်းတစ်ခုလို ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါတယ်။ IR ကို သရုပ်မှန်ဝါဒနဲ့ အရှိကိုအရှိအတိုင်း ရှုထောင့်တစ်မျိုးနဲ့ဆွေးနွေးအကြံပြုတာကတော့ IR ကို လေ့လာခြင်းဟာ ပညာရေးအသိုင်းအဝိုင်းဖြစ်တဲ့တက္ကသိုလ်တွေ နဲ့ မူဝါဒပိုင်းပိုပြီးအသားပေးကြတဲ့ စစ်ရေးသရုပ်ခွဲလေ့လာသူတွေ၊ စစ်တပ်နည်းဗျူဟာကျွမ်းကျင်သူတွေနဲ့ နိုင်ငံခြားရေးမူဝါဒ ချမှတ်သူတွေကြားမှာ လွှမ်းမိုးလာတဲ့ စံနမူနာ-ပါရာဒိုင်းဖြစ်လာနေပါတယ်လို့ဆိုတယ်။ အရှိကိုအရှိအတိုင်း သဘာဝကျကျဆိုတာမှာ နည်းလမ်းအများကြီးနဲ့သုံးသပ်ကြတဲ့အခါ နိုင်ငံတကာနိုင်ငံရေးရဲ့ရှေ့ကိုဖြောင့်ဖြောင့်သွားနေတဲ့အမြင်တစ်ခုလို ပေါ်ထွက်လာခဲ့ပါတယ်။ အပြိုင်အဆိုင်ရှိကြတဲ့ကမ္ဘာ့နိုင်ငံအချင်းချင်းမှာ IR မှာ ဖြောင့်ဖြောင့်သွားသူတွေဟာ နိုင်ငံတကာသတင်းစာမျက်နှာတွေနဲ့ တီဗီသတင်းတွေမှာ စိုးမိုးခြယ်လှယ်နိုင်ကြတယ်။ ဒါပေမဲ့ သရုပ်မှန်ဝါဒ(Liberalism)မှာလည်း အဓိကဝေဖန်ခံရတဲ့အချက်တွေရှိတယ်။ အဲဒီထဲကတစ်ခုမှာဆိုရင် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့ အဖွဲ့အစည်း/ အားကြီးနိုင်ငံတွေ(active actor) အဓိကပါဝင်ကိုင်တွယ်တဲ့ IR ကိုင်တွယ်ဖြေရှင်းနည်းသီအိုရီဟာ မင်းမဲ့ဝါဒတည်ရှိနေမှုကို စိန်ခေါ်တွန်းလှန်နေရဆဲဖြစ်တဲ့ အဖွဲ့အစည်းအမျိုးမျိုးရဲ့ကဏ္ဍတစ်ခုလုံးကို လျစ်လျူရှုတဲ့မူဝါဒမျိုးဖြစ်နေပါတယ်တဲ့။

Tuesday, June 24, 2014

နိုင်ငံတော်တည်ဆောက်ခြင်း

Myanmar Knowledge Society (MKS)နဲ့ ရေးဖြစ်တဲ့ စာတစ်အုပ်ပါ။ ကျမ ရေးဖြစ်တဲ့အပိုင်းက တာဝန်မယူတဲ့ “အာဏာယူခြင်း”
(တာဝန်ယူမှုမလိုအပ်တဲ့ အာဏာ) ပါ။

MKS ရဲ့ Facebook မှာတော့ ဒီစာအုပ်ကို ဒီလိုညွှန်းထားပါတယ်။
"ယခုစာအုပ်ပါအကြောင်းအရာများမှ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ခိုင်မာအောင်တည်ဆောက်ပေးခြင်းအားဖြင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး၊ လူမျိုးစုနဲ့ ဘာသာရေးပဋိပက္ခ၊ ရာဇ၀တ်ပြစ်မှုနဲ့ အိုင်ဒီယိုလိုဂျီိဆိုင်ရာ ပြသနာတွေကို မပေါ်ပေါက်အောင် ထိန်းသိမ်းထားပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို အာမခံနိုင်မယ်ဆိုတဲ့အမြင်ရှုထောင့်က တင်ပြထားတာဖြစ်တယ်။"

စာအုပ်နောက်ကျောဖုံးမှာ ဒီလိုရေးထားပါတယ်။
(ယခု စာအုပ်ပါ အမြင်တွေမှာ အမျိုးသားနိုင်ငံတည်ဆောက်ခြင်း(၀ါ) အမျိုးသားရေး တည်ဆောက်ခြင်းဘက်ကနေ ကြည့်ရှုထားတာမဟုတ်ဘဲ နိုင်ငံတော်တည်ဆောက်ခြင်းState-building ဘက်ကနေ ကြည့်ထားခြင်းသာလျှင် ဖြစ်တယ်။အမျိုးသားရေးတည်ဆောက်ခြင်း(၀ါ)လူမျိုးစုပဋိပက္ခနဲ့ လူမျိုးစုတွေအပေါ် အားမျှခြေတည်ဆောက်ပေးခြင်းအားဖြင့် ခိုင်မာတဲ့နိုင်ငံတော်တစ်ရပ်တစ်ဆင့်ပြီး တစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ အမျိုးသားနိုင်ငံတည်ဆောက်ခြင်း nation-buildingသဘောထက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ခိုင်မာအောင် တည်ဆောက်ပေးခြင်းအားဖြင့် လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး လူမျိုးစုနဲ့ဘာသာရေးပဋိပက္ခ ရာဇ၀တ်ပြစ်မှုနဲ့ အိုင်ဒီယိုလိုဂျီဆိုင်ရာ အရေးတွေကို မပေါ်ပေါက် အောင် ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိုလည်း အာမခံပေးနိုင်မယ်ဆိုတဲ့ အမြင်ကနေ ကြည့်ရှုထားတာ ဖြစ်တယ်။)

Wednesday, June 04, 2014

အကူးအပြောင်းကာလ တရားမျှတမှု

Myanmar Knowledge Society (MKS) မှ ထုတ်ဝေတဲ့ အကူးအပြောင်းကာလတရားမျှတမှု (Transitional Justice) မှာ ကျမ ရေးဖြစ်ခဲ့တဲ့ Hungary အပိုင်းပါ။ အရှေ့ဥရောပနိုင်ငံတွေရဲ့အကူးအပြောင်းကာလတရားမျှတမှုကို လေ့လာသုံးသပ်ထားတဲ့စာအုပ်ပါ။ စိတ်ဝင်စားဖို့ကောင်းတာမို့ တခြားအရှေ့ဥရောပနိုင်ငံတွေအကြောင်းပါ ဖတ်ချင်ရင် စာအုပ်ဝယ်ဖတ်ကြည့်ပါနော်။

Wednesday, November 20, 2013

အမျိုးသားနိုင်ငံတည်ဆောက်ခြင်း စာအုပ်ထွက်ပါပြီ

အမျိုးသားနိုင်ငံ(nation)ကို ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်ဘက်နေကြည့်မယ်ဆိုရင်တော့ ၁၈ရာစုဂျာမန်ဒဿနပညာရှင် ဟားဒါးရဲ့ အရေးအသားတွေကို ခြေရာခံလိုက်ကြည့်လို့ရတယ်။ ဟားဒါးက အမျိုးသားနိုင်ငံကို ဂျာမန်ဝေါဟာရ Volk အဖြစ်မြင်တယ် ။ အင်္ဂလိပ်လိုပြန်ဆိုဖို့ခက်ခဲတယ် ။ သူ့ရဲ့ အဓိပ္ပာယ်က ယဉ်ကျေးမှု ၊ ဘာသာစကား၊ လက်ဆင့်ကမ်းအမွေ အနှစ် ၊ သမိုင်းဆိုင်ရာတွေ့ကြုံခံစားမှု တို့ကိုဆိုလိုတာ ။ Volksgeist ဆိုတာကတော့ အထက်ပါအရာတွေကို ပြည်သူတွေ မျှဝေခံစားတဲ့ သဘောပဲ ။ nation ရဲ့သဘောကိုကြည့်ပြီး အမျိုးသားနိုင်ငံတည်ဆောက်ခြင်းရဲ့သဘောကို အကျဉ်းနားလည်နိုင်တယ်။ အမျိုးသားနိုင်ငံတည်ဆောက်ခြင်းဆိုတာ နိုင်ငံတော်အတွင်းမှာ ရှိနေတဲ့ ယဉ်ကျေးမှု ၊ ဘာသာစကား၊ လက်ဆင့်ကမ်း အမွေအနှစ် သမိုင်းဆိုင်ရာတူနေတဲ့ nation ပေါင်းများစွာကို တည်ဆောက်ပေးတာပဲ။
စာရေးဆရာမင်းခက်ရဲက အမျိုးသားနိုင်ငံတည်ဆောက်ခြင်းစာအုပ်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး အဲဒီလို မှတ်ချက်/ စာမြည်းလေး facebook မှာ ရေးထားပါတယ်။ 

နိုင်ငံရေးဝေါဟာရစာလုံးတွေမြန်မာလိုဖလှယ်တဲ့အခါ ခေါ်ဝေါ်သုံးစွဲနေကြစာလုံးမျိုးတွေနဲ့ကွဲလွဲနေမှာစိုးလို့ စိတ်ပူရတာရယ်၊ ကိုယ်ကပညာရှင်မဟုတ်တော့ ဖတ်လိုက်တာနဲ့ နားမလည်နိုင်ဘဲ​တော်တော်ကြီး ကြိုးစားဖတ်ရပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေမို့ ဖတ်ရ/ ရေးရတာ ခေါင်းပူပေမဲ့ စာရေးခွင့်၊ အခွင့်အရေးပေးလာခဲ့တာကိုပဲ ကျေးဇူးတင်ရပါတယ်။ အမျိုးသားနိုင်ငံတည်ဆောက်ခြင်းစာအုပ်မှာ ကျွန်မရေးဖြစ်တဲ့ အပိုင်းက State Building without responsibility ပါ။ Myanmar Knowledge Society (MKS) က စီစဉ်ထုတ်ဝေတဲ့စာအုပ်တစ်အုပ်ပါ။ 

မင်းခက်ရဲ၊ နောင်ချိုသစ်၊ ကျော်စွာ၊ ရန်နိုင်ဝင်း၊ ကိုထွေး၊ ထူးကျော်ဝင်း တို့ ပါဝင်ရေးသားတဲ့ "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းသမိုင်းနှင့် အငြင်းအခုံ"၊
ဆရာမ ခင်မမမျိုးရဲ့ လွယ်ကူရှင်းလင်းတဲ့ အရေးအသားနဲ့ ရေးသားထားပုံကို မြည်းစမ်းရမယ့် "ဆင်းရဲနွမ်းပါးမှုလျော့ချရေး" စာအုပ်၊
ကိုထွေး၊ ခေးလု၊ တည်တံ့(GBK)၊ နောင်ချိုသစ်၊ မင်းခက်ရဲ၊ ရန်နိုင်ဝင်း တို့ရေးသားထားတဲ့ "လူမှုရေး နှင့် နိုင်ငံရေး လှုပ်ရှားမှုများ" စာအုပ်တွေလည်း အောက်တိုဘာ နဲ့ နိုဝင်ဘာပထမတစ်ပတ်မှာထွက်ရှိခဲ့ပါတယ်။

စာရေးဆရာ မင်းခက်ရဲ ရဲ့ "နိုင်ငံရေးအတွေးအခေါ် ၅၀" စာအုပ်လည်း နိုဝင်ဘာလကုန် ထွက်ရှိမယ်လို့ MKS ရဲ့ facebook page မှာ သတင်းတင်ထားပါတယ်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်လည်း ထွက်ရှိလျှက်ရှိပါတယ်။

******************

Friday, April 05, 2013

အမျိုးသမီးအလုပ်သမားလူ့အခွင့်အရေး စာအုပ်ထွက်ပါပြီ


အမျိုးသမီးအလုပ်သမားလူ့အခွင့်အရေး နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို Dictionary တစ်အုပ်လို A to Z ရှာဖတ်ကြည့်နိုင်မယ့် စာတစ်အုပ်ပါ။  စာအုပ်မှာ မာတိကာကို ဒီလို A to Z ခွဲခြားထားတာတွေ့ရတယ်။

ကိုထွေး - R,S
ခင်မမမျိုး - E
ခေးလု - H,Z
ဖြိုးဖြိုး - C
တည်တံ့(GBK) – D,L
ထင်မင်းလူ - F,P
ထူးကျော်ဝင်း - M,N
မင်းခက်ရဲ - A,B, I
ရန်နိုင်ဝင်း - O,V,Y,U
နောင်ချိုသစ် - G
အိအိခင် - T,W