Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label The Lady vs Lady Gaga. Show all posts
Showing posts with label The Lady vs Lady Gaga. Show all posts

Wednesday, April 17, 2013

The Lady vs Lady Gaga

Congratulations Aunty Su !
Happy Myanmar New Year  1375 !


အရင်က မေမေရေးဖူးတဲ့ The Lady စာလေးပြန်တင်လိုက်ပါတယ်။
ကျွန်မ ဟိုရက်တွေက ရေးဖြစ်တဲ့ Lady GaGa ဘဝနေထိုင်မှုစတိုင်လ် နည်းနည်းပါးပါးရေးထားလည်း တစ်ခါတည်း ဒီမှာတင်ထားလိုက်ပါတယ်။
အန်တီစုအကြောင်းကဖြင့် စာဖွဲ့စရာမလိုလောက်အောင်မြန်မာလူမျိုးတိုင်း နဲ့ တခြားတိုင်းပြည်ကလူတွေအတော်များများလည်း သိနေခဲ့ကြပါပြီ။
လေဒီဂါဂါဆိုရင်တော့ ထူးထူးခြားခြား အထူးသဖြင့် ကို့ရိုးကားရားဝတ်စားဆင်ယင်တတ်တယ်ဆိုပြီးတော့ သိလိုက်တာပါ။ တကယ်တမ်းတော့ လေဒီဂါဂါ သူ့လူမျိုးတွေကို လွှမ်းမိုးနိုင်တာကလည်း သူရဲ့ Born This Way ကြောင့်ပါ။ သူရဲ့ ဖြူတဲ့စိတ်နဲ့ လူနေမှုစတိုင်လ်ကြောင့်ပါပဲ။
အဲဒါနဲ့ပဲ "The Laday vs Lady Gaga" အတူတူဖတ်ရအောင်တင်ပေးလိုက်ပါတယ်။

ဟီလာရီ ကလင်တန်ဟာ ကမ္ဘာလုံးဆိုင်ရာ နာမည်ကြီး အဆင့်မြင့် သံတမာန်တဦးလည်းဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ အားအထားရဆုံး နိုင်ငံခြားရေးဝန်ကြီးတဦးလည်းဖြစ်တယ်။သူမဟာ ၂၀၁၁ခုနှစ်က တနေ့ တခြား နာမည်ကြီးကြီးလာတဲ့ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးတွေ့ဆုံဖို့ မြန်မာနိုင်ငံကို သွားေ၇ာက်ခဲ့တယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ပြောဆိုရာမှာ သူမဟာ မြန်မာလူထုအတွက် အကြောက်တရားမရှိ စွန့်စားဝံ့သူဖြစ်တယ်။ ခင်ပွန်းနဲ့သားတွေကို စွန့်လွှတ်ပြီး ၁၅နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ်အကျဉ်းချခံထားရခြင်းကိုလည်း သတ္တိရှိရှိ ကြံ့ကြံ့ခံရပ်တည်ခဲ့တယ်တဲ။့ အို..ဘုရားသခင်။ မယုံကြည်နိုင်စရာပါဘဲ။

သံတမန်အရာရှိ မီလန်နီ ဗာဗွီယာက  “သူမရဲ့နေအိမ်မှာ ၂နာရီကြာ တွေ့ဆုံခဲ့ ကြစဉ်အတွင်း  ဟီလာရီ ကလင်တန်ဟာ  တော်တော်ကို စိတ်လှုပ်ရှားခဲ့ရတယ်” လို့  နယူးစ်ဝိခ် ကို ပြောပါတယ်။ ဘယ်လောက်များ ရဲဝံ့တဲ့ အမျိုးသမီးပါလဲ။ မြန်မာနိုင်သားတွေ အချိန်အတော်ကြာ ကတည်းက အမျှော်လင့်ဆုံး အတောင့်တဆုံး အလိုချင်ဆုံး  တောင်းဆိုနေကြတဲ့ သူတိုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ သူမဟာနိုင်ငံရေးစင်မြင့်မှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာခဲ့ရသူ နိုင်ငံရေးသမားစစ်စစ် တယောက်ဖြစ်လာခဲ့ရတယ်ဆိုတာ ပေါ်လွင်မနေဘူးလား။ ကရုဏာကင်းမဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ အောက်မှာ ဒါဟာ အန္တရယ်မကင်းတဲ့ အလုပ်တွေပါဘဲ။ ဒီမိုကရေစီကို မြည်းစမ်းဖို့ တစ်လက်မချင်းတိုးဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် လွယ်မှာတော့ မဟုတ်ပါဘူး။ သူမဟာ ရသရွေ့ အခွင့်အရေးကို ပေးသလောက်ယူရင်း လာမယ့်ဧပြီလဆန်းတစ်ရက်မှာ ပါလီမန်ရွေးကောက်ပွဲဝင်ဖို့ရှိပါတယ်။ သူမထုဆစ်ထားတဲ့ ရုပ်လုံးက ဘယ်လိုပါလဲ။ တောင်အာဖရိက နယ်လ်ဆင် မင်ဒဲလားလူမည်း သမ္မတဖြစ်လာတဲ့ ပုံပမာလား။ သူလဲ သူမလိုဘဲ အကျဉ်းကျခံခဲ့ရတာ နှစ်တွေ မနည်းဘူး။