Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 26, 2011

မိုးသောက်ကြယ်


"မိုးသောက်ကြယ်" 
နေမင်းမရှိတဲ့ ကောင်းကင်ပါ အချိန်ပြည့်မည်းမှောင်လို့ 
ဘာရင်ခုန်စရာလေးမှ မရှိချင်ဘူး ဆက်ရှုံးမယ့် မနက်ဖြန်တွေတိုင်းဟာ 
ဒီဒဏ်ရာနဲ့တရွတ်တိုက်ပဲ့ပါသွား ဒီခန္ဓာကိုတရွတ်တိုက်ဆွဲခေါ်သွား 
ရည်ရွယ်တာတွေဟာ လက်တစ်ကမ်းမှာ မဖမ်းဆုပ်ချင်တော့ဘူး 
ဒီလမ်းဟောင်းကို စိုးရွံ့နေ ငါ နောက်လှည့်ဖို့နောက်ကျနေ 

ငါပြောင်းလဲနေပြီ ပြိုလဲလို့နေပြီ 
ငါဖန်တီးတဲ့ကံကို ချုပ်ထိန်းခက်နေပြီ 
မနက်မိုးသောက်ကြယ်လို ဒါဘယ်သူမှမမြင်လိုက်ဘူး 
ပျောက်ဆုံးသွားတော့မလား ငါ့ရဲ့အိပ်မက်တွေ ပျောက်ရှနေ 
ဟိုတစ်ချိန်က အတူမျှခဲ့တဲ့ဒီအချစ်တွေ

(စာရေးဖို့ အာရုံလည်းမရဘူး၊ သီချင်းတွေပဲနားထောင်ဖြစ်နေတယ်)

8 comments:

မြသွေးနီ said...

စာရေးဖို့ အာရုံဝင်စားလို့မရတာ ဖြစ်တတ်တယ်...။ အဲ့ဒီအချိန်ဆို စာရေးဖို့ဆိုတာကို လုံးဝခေါင်းထဲက ခေတ္တထုတ်ထားလိုက်တယ်။ ပြီးတော့ စိတ်ကို ရွှင်လန်းစေမယ့် TV အစီအစဉ်တစ်ခုခု ကြည့်လိုက်တယ်..။ ဒါမှမဟုတ် အပြင်တစ်နေရာရာ သွားလိုက်တယ်..။ ဒါမှမဟုတ် ဖတ်စရာစာအုပ်တွေ အထပ်လိုက်စုပြီး အခန်းထဲက မထွက်စတမ်း ဖတ်ပစ်လိုက်တယ်..။ ညီမလေး စမ်းကြည့်ပါလား...။

Anonymous said...

အားတင်းထား အာဂျားအာဂျားး)။ အားမလျှော့လိုက်ပါနဲ့။ ခရီးလမ်းက ရှည်လျားတယ်။

မမမြသွေးပြောတာလေးလည်း တော်တော်တန်ဖိုးရှိတယ်။ လက်တွေ့စမ်းကြည့်ဦးမယ်။


ခင်တဲ့
မေသိမ့်

ချော(အစိမ်းရောင်လွင်ပြင်) said...

သီချင်းစာသားတွေ လိုက်ဖတ်နေရင်း အားမာန်အပြည့်နဲ့ ဆိုနေတဲ့ အဆိုတော်မလေးရဲ့ မျက်နှာကို မြင်ယောင်နေမိသေး
တူတူဘဲ
စာရေးရတာ စိတ်မပါဖြစ်နေတယ် ဒါကြောင့် ကိုးရီးယားကားချည်းထိုင်ကြည့်နေလိုက်တယ်း)

ညီရဲ said...

ဒီလိုမျိုးက ဖြစ်တတ်ပါတယ် အစ်မ...
နောက်တော့လဲ စိတ်ပြန်လည်လာမှာပါ...
အဲဒီအချိန်ကျတော့ နောက်တခါ ထပ်လာလည်ရဦးမယ်...

mstint said...

စာရေးတယ်ဆိုတာ စိတ်မပါရင် ဘယ်လိုမှချရေးလို့ မရတာအမှန်ပဲ ဖြိုးဖြိုးရေ။ တီတင့်တော့ စာရေးဘို့ စိတ်မပါရင် တစ်ခုခုချက်စားလိုက်တယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

...အလင်းစက်များ said...

လောလောဆယ် ကိုယ့်ဖာသာ ဒရွတ်တိုက် ဆွဲခေါ်နေရတယ်။ ခွေခေါက် လိမ်တွန့် နေတဲ့ အကျင့်ပျက် ကိုယ့်ကိုယ်ကို ပြင်ရတာလောက် ခက်တာ မရှိဘူး။

ဘယ်သူဆိုတာပါလိမ့်ဗျာ။ နောက်ပေါက် တစ်ယောက် ယောက်ပဲထင်တယ်။ အသံတွေ မခွဲတတ်တော့ဘူး။

ဆူးသစ် said...

စာသားများကြိုက်ပါသည်ခင်ဗျား

ဟန်ကြည် said...

စာသားလေးတွေလှတယ်...သီချင်းတော့ နားထောင်မသွားတော့ဘူး...ဘိုးတော်ဖြစ်နေပြီဆိုတော့ ကိုငှက်နဲ့ ကိုတိုးကြီးလောက်ပဲ နားထောင်ဖြစ်တဲ့နားအတွက် အဆင်မပြေမှာသိနေလို့...

ဒီလိုပါပဲလေ စာရေးတယ်ဆိုတာ အကြည်ဓာတ်ကလေးစွက်နေမှ ရေးလို့ကောင်းတာမျိုး...စာမရေးဖြစ်တာကို ဒီအတိုင်းလေးကြည့်နေလိုက်တာ ပိုကောင်းမယ်ထင်တယ်...အနုပညာဆိုတာ ဇွတ်အတင်း ဖန်တီးယူလို့ ရကောင်းတဲ့ အရာမှ မဟုတ်တာပဲ...တစ်ချိန်ချိန်မှာ နှလုံးသားက အံကျလာတဲ့ စာသားတွေကို အသင့်ခံယူလိုက်ရင် အကောင်းဆုံး စာသားတွေရလာမှာ သေချာနေလို့...