အင်္ဂလိပ်ဘောလုံးစတား ဒေးဗစ်ဘက်ခမ်းဟာ လက်ရှိ ပြင်သစ်နိုင်ငံက UEFA League 1 ကလပ် ပဲရစ် စိန့်-ဂျာမိန်း(PSG) နည်းပြအဖြစ်တာဝန်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ၅လတာ စာချုပ်ချုပ်လိုက်ပါပြီ။ ပြင်သစ်မှာရရှိမယ့်လစာမှန်သမျှကို ဒေသခံကလေးငယ်တွေကို လှူဒါန်းမယ်လို့လည်း ကြေညာခဲ့တယ်။ ပဲရစ်မြို့မှာ ကာလတိုဘောလုံးနည်းပြလုပ်မယ်။ လန်ဒန်မှာပဲ မိသားစု ကလေးတွေအားလုံးအခြေချနေထိုင်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ အဲဒီအတွက် ဗစ်တိုးရီးယားဟာ လန်ဒန်အနောက်တောင်ပိုင်းမှာ တစ်လကြာ အိမ် လှည့်လည်ရှာဖွေခဲ့သေးတာပေါ့။ အချိန်များများပေး ရှာဖွေလိုက်တဲ့အခါ ရွေးချယ်စရာအိမ်တစ်အိမ်ကို တွေ့ခဲ့ပါတယ်တဲ့။ နောက်ကျခဲ့တဲ့ နှစ်သစ်ကူးလက်ဆောင်လို့တောင် ပြောနေကြပါတယ်။ ဘက်ခမ်းမိသားစုတွေ့ခဲ့တဲ့ နှစ်သစ်ကူးလက်ဆောင်ဟာ ပေါင် သန်း ၂၀ ကျော် တန်ကြေးရှိပြီး လန်ဒန်နာမည်ကြီး ဖက်ရှင် “Ghost” ရဲ့ သူဌေး ပိုင်ဆိုင်တဲ့အိမ်ပါ။ ကလေးတွေအတွက် ကျောင်းကောင်းကောင်းနဲ့နီးတဲ့နေရာဖြစ်တာကြောင့် အဲဒီလန်ဒန်တောင်ပိုင်း London City က ဖက်ရှင်ကျကျလှပတဲ့အိမ်ကို ရွေးချယ်ခဲ့ကြတယ် တဲ့။ ဘရွတ်ကလင်း ၁၃ နှစ်၊ ရိုမီယို ၁၀ နှစ်နဲ့ ခရုဇ် ၇ နှစ်တို့အားလုံး လန်ဒန်ကကျောင်းမှာ စာရင်းသွင်းပြီးကြပါပြီ။ အငယ်ဆုံးသမီးလေး ဟာပါဆဲဗင်း (၁ နှစ် ခြောက်လ)ကို အမေရိကမှာမွေးခဲ့တော့ ဟာပါအတွက် ယူကေဟာ သူမအတွက် ပထမဆုံးအတွေ့အကြုံဖြစ်နေမှာပါပဲ။ အမှန်တကယ်တော့ ဒေးဗစ်ရော ဗစ်တိုးရီးယားပါ အမေရိကကိုပိုပြီးသဘောကျကြတယ်။ သားတွေကတော့ အင်္ဂလန်ကိုပဲ ပြန်နေကြဖို့ အမြဲဆန္ဒရှိနေကြသတဲ့။ အဲဒီ အိမ်ဟာ အိမ်ခန်းလေးခန်းအနည်းဆုံးပါရှိပြီး ကြီးမားတဲ့ ကားဂိုဒေါင်ပါရှိတယ်။ ဒေးဗစ်ရဲ့ Range Rover ကားအပါအဝင် သူပိုင်ဆိုင်တဲ့ကားတွေ နေရာချသိမ်းဆည်းဖို့ လုံလုံလောက်လောက်ကြီးမားလှပါတယ်။ “ဂျိမ်းစ်ဘွန်းစတိုင်လ်” အိမ်ဖြစ်ပြီး လုံခြုံရေးအမြင့်ဆုံးအနေအထားရှိတယ်။ နံရံတွေဟာမြင့်မားလှတယ်။ ခဲသားခံထားပြီး ကျည်ဆန်တိုးလို့မပေါက်နိုင်တဲ့ နံရံတွေပါ။ State of the Art လုံခြုံရေးကင်မရာတွေခြံစည်းရိုးတလျှောက် အပြည့် တပ်ဆင်ထားပါတယ်။
Showing posts with label နာမည်ကျော်တွေရဲ့ အိမ်. Show all posts
Showing posts with label နာမည်ကျော်တွေရဲ့ အိမ်. Show all posts
Saturday, March 09, 2013
Tuesday, January 29, 2013
အုတ်သားနီနီအဆောက်အဦထဲ တစ်ယောက်တည်းမအိပ်ရဲသူ “အဒဲလ်”
အတွင်းက(ရင်ထဲက)လာတဲ့ စာတွေ ရေးချင်ပေမယ့် အခြေအနေ(အချိန်က အဓိကပေါ့)မပေးတဲ့အချိန် ကိုယ်လုပ်ရမယ့်အလုပ်တွေကိုပဲ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေရတာပါပဲ။ အပြင်ကစာတွေကိုပဲ ရေးဖြစ်နေပါတယ်။ ကိုယ့်ဘာသာအားမရပေမယ့် ပိုပြီးကြိုးစားဖို့ပဲ သံပတ်တင်းမိတယ်။ အတွင်းကလာတဲ့ စာတွေက note စာအုပ်ထဲမှာပဲ to write အဆင့်က တက်မလာနိုင်သေးဘူး။ စာလာဖတ်တဲ့မိတ်ဆွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
မှတ်ချက် - ဒီနေ့အတွက် ပြောချင်နေတဲ့ "ရင်ထဲက"စကားပါ :D
မှတ်ချက် - ဒီနေ့အတွက် ပြောချင်နေတဲ့ "ရင်ထဲက"စကားပါ :D
******************
၂၁၁၂ ဂရမ်မီဆု ၆ခု ပိုင်ဆိုင်ထားခဲ့ပြီး ဂျိမ်းစ်ဘွန်းရုပ်ရှင် နောက်ခံသီချင်း Skyfall အတွက် အကောင်းဆုံး မူရင်းသီချင်းအတွက် ရွှေကမ္ဘာလုံးဆု(Golden Globe) (အကယ်ဒမီဆုဇကာတင်)ကိုပါ ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှာ အဒဲလ် ရရှိသွားခဲ့ပါတယ်။ အမေရိကရဲ့ ထိပ်တန်းစာရင်းမှာပါ ရပ်တည်နိုင်ခဲ့တဲ့ ဗြိတိသျှ Soul, R & B, Pop အဆိုတော်အဖြစ် ဆုတံဆိပ်၊ လက်ခုပ်သံတွေစတဲ့ အောင်မြင်မှုတွေ အများကြီးပဲ ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ၂၀၁၂ နှစ်ဦးပိုင်းမှာ သူမရဲ့ အမျိုးသားမိတ်ဆွေဖြစ်လာမယ့် ဆိုင်မွန်ကော်နက်ကီ နဲ့ တွေ့ဆုံသိကျွမ်းခဲ့ပြီး ၂၀၁၂ ဇွန်လမှာ တော့ သူမနဲ့ ကော်နက်ကီတို့ဟာ ကလေးလေးတစ်ယောက် ရရှိတော့မှာပါ လို့ ကြေညာခဲ့ကြတယ်။ “ကျွန်မ မိခင်တစ်ယောက်တကယ်ပဲဖြစ်ချင်ပါတယ်။ ကျွန်မဘဝရဲ့ ကောင်းမွန်တဲ့အချိန်ရရှိနေပါပြီ။ ကျွန်မ အသက် ၃၀ မှာတော့ သားလေး သုံးယောက် ပိုင်ဆိုင်ချင်မိပါရဲ့ရှင်” လို့ အဒဲလ် ရဲ့ personal website မှာ ရေးသားဖော်ပြခဲ့တာပါ။ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ သူမရဲ့ သားငယ်လေးကို မွေးဖွားခဲ့ပါတယ်။
Saturday, January 05, 2013
စံအိမ်တွေထဲမှာ ဗျာများ ချောက်ချားစွာနေချင်တဲ့ “နီကိုလပ်စ်ကေခ်ျ့”
အမေရိကန်ရုပ်ရှင်မင်းသား၊ ပရိုဂျူဆာ၊ ဒါရိုက်တာလည်းဖြစ်တဲ့ နီကိုလပ်စ်ကေ့ခ်ျဟာ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးတွေထဲက တစ်ယောက်ပါ။ ဝင်ငွေကောင်းလှသလို အသုံးအစွဲမှာလည်းအားကောင်းလှသူပါပဲ။ ကေ့ခ်ျရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ စံအိမ်တွေအများကြီးပဲ ပိုင်ဆိုင်ထားတာကလည်း နာမည်ကြီးလှပါတယ်။ အဲဒီ ပိုင်ဆိုင်မှုတွေအများကြီးနောက်မှာ ကေ့ခ်ျတစ်ယောက် အခွန်ပြဿနာတွေနဲ့ လုံးထွေးသတ်ပုတ်နေရတော့တာပေါ့။ လက်ရှိဇနီး အားလစ်ကင်မ် နဲ့ အတူနေထိုင်ခဲ့တဲ့ မာလီဘူးအိမ်ကို ဒေါ်လာ ၁၀ သန်းနဲ့ ၂၀၀၅ ခုနှစ်မှာ ရောင်းချခဲ့တယ်။ ဇနီးအားလစ်ကင်မ်နဲ့ ကေ့ခ်ျ်တို့ တွေ့ခဲ့ကြတာကတော့ ဆူရှီဘားတစ်ခုမှာပါ။ အားလစ်က ဆူရှီဘားက စားပွဲထိုးမလေးဖြစ်ပြီး သူတို့ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အားလစ်နဲ့ ကေ့ခ်ျတို့ရဲ့ သား Kal-el Coppola Cage ကို ၂၀၀၅ခုနှစ်မှာမွေးဖွားခဲ့တယ်။ သူတို့သားငယ်ရဲ့ အမည်ကို စူပါမန်းရဲ့ နာမည်ရင်းအတိုင်း ပေးခဲ့တာလို့ ဆိုပါတယ်။
Monday, November 26, 2012
အစိမ်းရောင်ပန်းပွင့်အိမ် ဖန်တီးမယ့် “ဂယ်ရီနီဗီးလ်”
မန်ချက်စတာယူနိုက်တက်အသင်းမှာ ၉နှစ်ကြာ (၁၉၉၁ ကနေ ၂၀၁၁ အထိ) ကစားခဲ့သူ၊ အင်္ဂလန်ကစားသမားဟောင်းဖြစ်ခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလန်အသင်းရဲ့ လက်ရှိ အသင်း လက်ထောက်နည်းပြအဖြစ်သာတာဝန်ယူထားတဲ့ ဂယ်ရီနီဗီးလ်ဟာ သူရဲ့အိမ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်တည်ဆောက်သွားချင်ပါတယ်လို့ဆိုတယ်။ ယူကေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနှုန်းအမြင့်ဆုံး ဒီဇိုင်းထွင်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ သူက အိမ်တစ်လုံးထဲ ပစ္စည်းတွေ စနစ်တကျထားသိုနေရာချတာ၊ အသစ်ပြန်ပြီးမွမ်းမံပြင်ဆင်ရတာတွေ အမြဲတမ်းသဘောတွေ့နေတတ်သူပါ။ နီဗီးလ် က အသက် ၂၂ နှစ်မှာ အိမ်တစ်လုံး သူကိုယ်တိုင် စပြီးဆောက်လုပ်ခဲ့ပါတယ်။ နောက် အသက် ၂၆ နှစ်မှာလည်း နောက်အိမ်တစ်လုံးကို ကိုယ်တိုင်ဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့သေးတယ်လို့ ဆိုတယ်။ နီဗီးလ် ဒုတိယအိမ်ဆောက်တော့ အကြီးဆုံးအမှားတစ်ခုလုပ်ဖြစ်ခဲ့တာ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အိမ်ဆောက်စီမံကိန်းကတော့ ပြန်လှည့်ဖို့မလွယ်လောက်အောင် အခက်ကြုံခဲ့ရပါတယ်။ အဲဒီမှာ နီဗီးလ် စိတ်ဝင်တစားသဘောပေါက်ခဲ့တာက ရွှေ့ပြောင်းပြင်ဆင်လွယ်တဲ့ အယူအဆမျိုးနဲ့ အိမ်တစ်လုံးဆောက်လုပ်ဖို့ပါ။
Saturday, September 29, 2012
လင်းလင်းလက်လက် မှန်သားစံအိမ်ထဲက လူ
အမေရိကန်ရုပ်ရှင်မင်းသား အာ့ရှ်တန်ကာ့ထ်ချာဟာ ဟောလိဝုဒ်ဟေးလ်စ်က ၉၃၈၅ စတုရန်းပေ ကျယ်ဝန်းတဲ့ မှန်သားအိမ်ကို ဒေါ်လာ၁၀.၈သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။ အဲဒီအိမ်ကို မူလက တစ်လကို ဒေါ်လာ၅၀၀၀၀ နဲ့ ငှားရမ်းနေထိုင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဂျပ်စတင်ဘီဘာက ၀ယ်ယူဖို့ စုံစမ်းခဲ့သေးတယ်လို့ သတင်းတွေမှာရေးကြတယ်။ မှန်သားတွေပြည့်နေတဲ့ လင်းလက်တဲ့တောင်ကုန်းမြင့်မြင့်ပေါ်က အဲဒီအိမ်မှာ အိပ်ခန်း ၅ ခန်းနဲ့ ရေချိုးခန်း ၈ခန်းပါဝင်ပါတယ်။ ၂၀၀၆ ခုနှစ်ကဆောက်လုပ်ခဲ့တဲ့ ခေတ်ဆန်ဆန်အဆောက်အဦးဖြစ်ပါတယ်။ ကြမ်းပြင်တွေဟာ အ၀င်တံခါးတွေနဲ့ တစ်ပြေးညီအဖွင့်စတိုင်လ်ပါ။ မျက်နှာကြက်တွေကမြင့်မားတယ်။ နံရံတွေက မှန်သားများများနဲ့ဖြစ်ပြီး တစ်အိမ်လုံးပြည့်လုနီးပါး ရေကူးကန်ပါရှိတယ်။ ကိုယ်ပိုင်အားကစားခန်းမလည်းရှိနေပါတယ်။
လက်ရှိအချိန်မှာ ထုတ်လုပ်သူ၊ မိုဒယ်၊ တီဗီအစီအစဉ်တင်ဆက်သူ၊ ရုပ်ရှင်ကားများစွာရိုက်ကူးနေရတဲ့ မင်းသားတစ်ဦးအဖြစ် ကြွယ်ဝတဲ့သူတစ်ဦးဖြစ်နေခဲ့ပါပြီ။ သန်းပေါင်းများစွာတန်ကြေးရှိတဲ့ စံအိမ်မျိုးလည်း ပိုင်ဆိုင်နေခဲ့ပါပြီ။ အလုပ်တွေမနားတမ်းဆက်တိုက်လုပ်နေခဲ့တဲ့ ကာ့ထ်ချာ ပြောခဲ့ဖူးတာက “ကျွန်တော်အိမ်ကိုမပြန်ချင်ပါဘူး။ အိမ်ပြန်ရောက်ရင် ကျွန်တော့်အမွှာအစ်ကိုရဲ့ သတင်းဆိုးတွေရှာမတွေ့ချင်ဘူး။ အဲဒီတော့ ကျွန်တော့်ကိုယ်ကျွန်တော် အလုပ်ထဲမှာ နှစ်မြှုပ်ထားလိုက်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ထိခိုက်စေဖို့ ခွင့်မပြုနိုင်ဘူး” တဲ့။ ကာ့ထ်ချာရဲ့ အမွှာအစ်ကိုမိုက်ကယ်လ်ဟာ နှလုံးအစားထိုးထားရသူတစ်ဦးပါ။ မွေးရာပါဦးနှောက်ပိုင်းဆိုင်ရာချို့ယွင်းတဲ့ရောဂါရှိသူလည်းဖြစ်နေခဲ့ပါတယ်။ ချက် ဘိုဟီးရန်းဖခင်နဲ့ အိုင်းရစ်ဂျာမန်စပ် ဘိုဟီးမီးရန်းမျိုးရိုး၊ ရိုမန်ကက်သလစ်မိသားစုကမွေးဖွားခဲ့ပါတယ်။ မိသားစုပြဿနာတွေနဲ့ စိတ်ထိခိုက်ခဲ့ရတဲ့ ကာ့ထ်ချာဟာ ဆယ်ကျော်သက်အရွယ်မှာ သေကြောင်းကြံစည်ဖို့တောင် ကြံစည်ခဲ့သေးတယ်။ ၁၃နှစ်အရွယ်မှာ Cedar Rapids ဆေးရုံလေသာဆောင်ကနေ ခုန်ချဖို့ ကြိုးစားစဉ်ခဲ့တုန်းက ဖခင်ကရုတ်တရက်ဝင်ရောက်တားဆီးနိုင်ခဲ့တာပါ။ အစ်ကိုအတွက်ဆေးကုဖို့ မိသားစုအတွက်ငွေကြေးကို သူ အပူတပြင်းကြိုးစားရှာခဲ့ရတယ်။ ငွေကြေးအတွက် သွေးရောင်းခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။
နောက်ပိုင်း International Modelling and Talent Association(IMTA) မှာ မော်ဒယ်အဖြစ်ယှဉ်ပြိုင်ခဲ့တယ်။ နယူးယောက်မှာ IMTA မဟုတ်တဲ့ တခြား မော်ဒယ်အေဂျင်စီတစ်ခုမှာ လက်မှတ်ထိုးလိုက်ပါတယ်။ ကာ့ထ်ချာကို ကယ်လ်ဗင်ကလိုင်းကြော်ငြာမှာ မော်ဒယ်အဖြစ်မြင်တွေ့ခဲ့ကြပြီး ပဲရစ် နဲ့ မီလန်မှာ မော်ဒယ်အဖြစ်အလုပ်တွေကြိုးစားခဲ့ပါတော့တယ်။ မိသားစုအတွက်လိုအပ်တဲ့ငွေကြေးနဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။ အောင်မြင်မှုရလာခဲ့တဲ့တစ်နေ့မှာတော့ အလင်းရောင်များများရနိုင်တဲ့ ဟောလိဝုဒ်ဟေးလ်စ်ပေါ်က အိမ်ကြီးကို ၀ယ်ယူလိုက်ပါတယ်။ မင်းသမီး ဒီမီမိုးနဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ မှာ လမ်းခွဲခဲ့ကြတယ်။ ဟောလိဝုဒ်ဟေးလ်စ်စံအိမ်ဟာ ဒီမီမိုးနဲ့ လမ်းခွဲပြီးမှ ၀ယ်ယူခဲ့တာလို့ ဆိုကြတယ်။ သူရဲ့ တစ်ယောက်တည်းဖြစ်သွားတဲ့ဘ၀ကို အဲဒီအိမ်မှာ စတင်လိမ့်မယ်လို့ ပြောနေကြပါတယ်။
စီးပွားရေးအမြင်လည်း ရှိသူ ကာ့ထ်ချာရဲ့ မိုဒယ်၊ သရုပ်ဆောင်၊ ထုတ်လုပ်သူလုပ်ငန်းတွေအပြင် နည်းပညာလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံပါတယ်။ Skype, Foursquare, Airbnb, Path နဲ့ Fab.com တို့မှာ ကာ့ထ်ချာရဲ့ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ အမြောက်အများရှိတယ်။ အီတလီစတိုင်လ်စားသောက်ဆိုင်တွေ၊ နယူးယောက်စီးတီး၊ လောစ့်အိန်ဂျယ်လိစ်နဲ့ အက်တလန်တာတို့မှာ ရှိတဲ့ ဂျပန်စားသောက်ဆိုင်တွေမှာလည်း ပိုင်ဆိုင်ထားသူပါ။
ထူးထူးခြားခြားလှပတဲ့မြင်ကွင်းမျိုးရှိတဲ့ ကာ့ထ်ချာရဲ့ အိမ်ဟာ သဘာဝသစ်သားတွေရယ်၊ ကျောက်တုံးလေးတွေမြှုပ်ပြီး ဖန်တီးထားတဲ့နံရံတွေကြောင့် ပိုမိုလင်းလက်ကာ ခေတ်ဆန်ဆန်ကြော့ကြော့မော့မော့ရှိလှတဲ့အသွင် ပီပြင်စေပါတယ်။
အတွင်းကနေ အပြင်ဘက်ကို အဟန့်အတားမရှိငေးမောကြည့်နိုင်တာရယ်၊ တောင်ကုန်းပေါ်က အိမ်တည်ဆောက်ပုံရယ်ကြောင့် အဆီးအတားမဲ့တိုးဝင်နေတဲ့၊ သန့်ရှင်းလတ်ဆတ်လှတဲ့လေညှင်းအရသာ အပြည့်အ၀ခံစားနိုင်မယ့် စံအိမ်ပါပဲ။ ကာ့ထ်ချာရဲ့ မှန်သားလင်းလင်းလက်လက်စံအိမ်ကနေ ဟောလိဝုဒ်ရေလှောင်တမံ(Lake Hollyhood)ကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။
ငယ်ငယ်တုန်းကလို ကာ့ထ်ချာမပြန်ချင်တဲ့အိမ်မျိုး မဖြစ်နိုင်တော့ဘူးလို့တော့ ကာ့ထ်ချာကို ချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေက ခန့်မှန်းပြောနေကြပါတယ်။ ၂၀၁၂ ဧပြီလကလည်း Virgin Galactic ရဲ့ SpaceShipTwo နဲ့ အာကာသကိုခရီးသွားမယ့်အစီအစဉ်မှာလိုက်ပါဖို့ ငွေပေးသွင်းခဲ့ပြီး အယောက် ၅၀၀ယောက် ခရီးသွားဖြစ်လာခဲ့ပါပြီ။ Apple ကုမ္ပဏီရဲ့ တွဲဖက်စတင်တည်ထောင်သူ စတိဗ်ဂျော့ဘ်စ်အဖြစ်လည်း လတ်တလော သရုပ်ဆောင်နေပြီး အလုပ်တွေအများကြီး ဆက်တိုက်လုပ်နေတဲ့သူဖြစ်နေခဲ့ပါပြီ။ ။
နောက်ပိုင်း International Modelling and Talent Association(IMTA) မှာ မော်ဒယ်အဖြစ်ယှဉ်ပြိုင်ခဲ့တယ်။ နယူးယောက်မှာ IMTA မဟုတ်တဲ့ တခြား မော်ဒယ်အေဂျင်စီတစ်ခုမှာ လက်မှတ်ထိုးလိုက်ပါတယ်။ ကာ့ထ်ချာကို ကယ်လ်ဗင်ကလိုင်းကြော်ငြာမှာ မော်ဒယ်အဖြစ်မြင်တွေ့ခဲ့ကြပြီး ပဲရစ် နဲ့ မီလန်မှာ မော်ဒယ်အဖြစ်အလုပ်တွေကြိုးစားခဲ့ပါတော့တယ်။ မိသားစုအတွက်လိုအပ်တဲ့ငွေကြေးနဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။ အောင်မြင်မှုရလာခဲ့တဲ့တစ်နေ့မှာတော့ အလင်းရောင်များများရနိုင်တဲ့ ဟောလိဝုဒ်ဟေးလ်စ်ပေါ်က အိမ်ကြီးကို ၀ယ်ယူလိုက်ပါတယ်။ မင်းသမီး ဒီမီမိုးနဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ မှာ လမ်းခွဲခဲ့ကြတယ်။ ဟောလိဝုဒ်ဟေးလ်စ်စံအိမ်ဟာ ဒီမီမိုးနဲ့ လမ်းခွဲပြီးမှ ၀ယ်ယူခဲ့တာလို့ ဆိုကြတယ်။ သူရဲ့ တစ်ယောက်တည်းဖြစ်သွားတဲ့ဘ၀ကို အဲဒီအိမ်မှာ စတင်လိမ့်မယ်လို့ ပြောနေကြပါတယ်။
စီးပွားရေးအမြင်လည်း ရှိသူ ကာ့ထ်ချာရဲ့ မိုဒယ်၊ သရုပ်ဆောင်၊ ထုတ်လုပ်သူလုပ်ငန်းတွေအပြင် နည်းပညာလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံပါတယ်။ Skype, Foursquare, Airbnb, Path နဲ့ Fab.com တို့မှာ ကာ့ထ်ချာရဲ့ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ အမြောက်အများရှိတယ်။ အီတလီစတိုင်လ်စားသောက်ဆိုင်တွေ၊ နယူးယောက်စီးတီး၊ လောစ့်အိန်ဂျယ်လိစ်နဲ့ အက်တလန်တာတို့မှာ ရှိတဲ့ ဂျပန်စားသောက်ဆိုင်တွေမှာလည်း ပိုင်ဆိုင်ထားသူပါ။
ထူးထူးခြားခြားလှပတဲ့မြင်ကွင်းမျိုးရှိတဲ့ ကာ့ထ်ချာရဲ့ အိမ်ဟာ သဘာဝသစ်သားတွေရယ်၊ ကျောက်တုံးလေးတွေမြှုပ်ပြီး ဖန်တီးထားတဲ့နံရံတွေကြောင့် ပိုမိုလင်းလက်ကာ ခေတ်ဆန်ဆန်ကြော့ကြော့မော့မော့ရှိလှတဲ့အသွင် ပီပြင်စေပါတယ်။
အတွင်းကနေ အပြင်ဘက်ကို အဟန့်အတားမရှိငေးမောကြည့်နိုင်တာရယ်၊ တောင်ကုန်းပေါ်က အိမ်တည်ဆောက်ပုံရယ်ကြောင့် အဆီးအတားမဲ့တိုးဝင်နေတဲ့၊ သန့်ရှင်းလတ်ဆတ်လှတဲ့လေညှင်းအရသာ အပြည့်အ၀ခံစားနိုင်မယ့် စံအိမ်ပါပဲ။ ကာ့ထ်ချာရဲ့ မှန်သားလင်းလင်းလက်လက်စံအိမ်ကနေ ဟောလိဝုဒ်ရေလှောင်တမံ(Lake Hollyhood)ကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။
![]() |
Living Fashion Magazine, October, 2012 |
Wednesday, August 15, 2012
ဂျေလို နားခိုရာ၊ အိမ်ဂေဟာ
Posted by
PhyoPhyo
at
Wednesday, August 15, 2012
Labels:
နာမည်ကျော်တွေရဲ့ အိမ်,
ဂျေလို နားခိုရာ၊ အိမ်ဂေဟာ
အမေရိကန် သရုပ်ဆောင်၊ အဆိုတော် ဂျနီဖာ(လင်း)လိုပက်ဇ် ဟာ လက်တင် အမေရိကန်နွယ်ဖွားတွေထဲမှာ ၀င်ငွေအကောင်းဆုံးရှာဖွေနိုင်တဲ့သူပါ။ ငယ်စဉ်ကတည်းက ဂီတနဲ့ အက အမြဲတမ်းရင်းနှီးကျွမ်းဝင်နေတဲ့ မိသားစုမှာကြီးပြင်းခဲ့ပါတယ်။ ကလေးအရွယ်ကတည်းက အကသင်တန်းကျောင်းတက်ခဲ့တယ်။ ဂျေလိုရဲ့အနုပညာဝါသနာကို In Living Color ဆိုတဲ့ တီဗီအစီအစဉ်လေးမှာ ဂျဲနက်ဂျက်ဆင်အတွက် နောက်ခံအကပညာရှင်လေးအဖြစ် ပါဝင်ရင်း စတင်ခဲ့တာပါ။ အကပညာရှင်၊ အဆို၊ သရုပ်ဆောင် စတဲ့ အနုပညာအလုပ်တွေလုပ်ရင်းနဲ့ နောက်ပိုင်းမှာ ဖက်ရှင်၊ ရေမွှေး စီးပွားရေးလုပ်ငန်းတွေကိုပါ လုပ်ကိုင်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မာခ့်အန်တိုနီလက်ထပ်ခဲ့ပြီး လက်ရှိအချိန်တွေမှာတော့ အမွှာကလေးမက်စ်နဲ့ အေမီတို့ နှစ်ယောက်နဲ့ပဲ သူမရဲ့ဘ၀ကို ဖြတ်သန်းနေပါတယ်။ ဂျေလိုရဲ့ လန်းဆန်းတဲ့ဘ၀သစ်ကို The Hamptons ပင်လယ်ကမ်းစပ်နားက သူမရဲ့ ပြည့်စုံလှပတဲ့ အိမ်ကြီးမှာ နေထိုင်ရင်း အချိန်တွေကို ကုန်ဆုံးစေမယ်လို့ဆိုတယ်။ ဒီအိမ်မှာတော့ ပရိဘောဂတွေနေရာချ အလှမဆင်ရသေးပါဘူး။
Friday, June 29, 2012
ဆိုင်းရပ်စ်ရဲ့ “ပျော်ရွှင်မှု”နဲ့ ပြည့်စုံတဲ့အိမ်လေး
လော့စ်အင်ဂျယ်လိစ်၊ ကယ်လီဖိုးနီးယား နဲ့ ဆန်ဖရန်စ္စကိုဝန်းရံထားတဲ့ Studio City မှာ အသက် ၁၉နှစ်အရွယ် အမေရိကန်ပေါပ့်အဆိုတော်မလေးမိုင်လီဆိုင်းရပ်စ်ရဲ့ ၂၀ရာစုအလယ်ပိုင်းကာလဒီဇိုင်းနဲ့ အိမ်လေးရှိနေတယ်။ ၁၉၅၂ခုနှစ်မှာတည်ဆောက်ခဲ့ပြီး ဒေါ်လာ ၃.၉ သန်းတန်ကြေးရှိပါသတဲ့။ တောင်ကုန်းတွေပေါ်မှာတည်ဆောက်ထားပြီး အေးချမ်းတိတ်ဆိတ်လှတယ်။ ဆိုင်းရပ်စ်ရဲ့ သရုပ်ဆောင်ဘ၀ကိုစတင်ခဲ့တဲ့ Walt Disney စတူဒီယိုနဲ့လည်း နီးနီးလေးပါပဲ။ ဒစ်စ္စနေရဲ့ ဟန်နာမွန်တားနားတီဗီဇာတ်လမ်းတွဲတွေမှာ မိုင်လီစတီးဝပ်အဖြစ်သရုပ်ဆောင်ခဲ့ရင်း ဆယ်ကျော်သက်လေးနဲ့ပဲ ဆိုင်းရပ်စ် စတင်ကျော်ကြားခဲ့ပါတယ်။ ၂၀၁၀ ကလည်း အဲဒီအနီးနား တိုလူကာကန်နားက ဆိုင်းရပ်စ်မိဘတွေနဲ့ သိပ်မကွာဝေးတဲ့နေရာမှာ အိမ်တစ်လုံးဝယ်ယူခဲ့ပါသေးတယ်။ အဲဒီအိမ်က ၄၀၀၀ စတုရန်းပေကျယ်ပါတယ်။
Friday, June 01, 2012
ကန်းထရီးတွေရဲ့ အိမ်
၄၇ကြိမ်မြောက်နှစ်စဉ် ကန်းထရီးဂီတအကယ်ဒမီဆုပေးပွဲကို ၂၀၁၂ ဧပြီ ၁ ရက်နေ့က လာစ့်ဗေးဂက်စ်မှာပြုလုပ်ခဲ့ပါတယ်။ တစ်နှစ်စာအတွက် အကောင်းဆုံးဖျော်ဖြေသူဆုကို တေလာဆွစ်ဖ်ရရှိခဲ့တယ်။ ဘလိခ်ရှဲလ်တန်က အမျိုးသားအဆိုရှင်ဆု၊ မီရန်ဒန်လမ်ဘာ့ထ်က အမျိုးသမီးအဆိုရှင်ဆု၊ လေဒီအန်တီဘဲလ်လမ်က အဖွဲ့လိုက်ဆု၊ မျက်နှာသစ်အဆိုတော်ဆုကို အသက် ၁၉နှစ်ပဲရှိသေးတဲ့ အမေရိကန်အိုင်ဒဲလ်ဆုရ စကော့တီမက်ခရီးရီက ရရှိခဲ့ကြတယ်။ အကယ်ဒမီဆုပေးပွဲမှာတော့ ကန်းထရီးစတားတွေဟာ သူတို့ ၀တ်ဆင်နေကြ ဘုထ်၊ ဂျင်း တွေနဲ့ ချည်သားရှပ်အင်္ကျီတွေကို မ၀တ်ဆင်ကြတော့ပါဘူး။ ရှုးတွေ ကုတ်တွေ ပွဲနေ့ပွဲထိုင်ဂါဝန်တွေ ၀တ်ဆင်ပြီးတက်ရောက်ခဲ့ကြတယ်။ ကန်းထရီးသီချင်းတွေဟာ ချိုမြသလို ကန်းထရီးစတိုင်လ် ဘ၀နေထိုင်မှုပုံစံဟာ အင်မတန်စိတ်ချမ်းမြေ့စရာကောင်းပြီး ငြိမ်းချမ်းလှတယ်။ ကန်းထရီးစတားတွေရဲ့ ဦးထုပ်ကြီးတွေချိတ်ထားမယ့်နေရာ၊ ရေခဲစိမ်တီးချိုချိုတစ်ခွက်ကို အနားယူပမ်းဖြေရင်းသောက်သုံးနိုင်မယ့်နေရာဖြစ်တဲ့ သူတို့ရဲ့ အိမ်လေးတွေကို ကြည့်ရအောင်နော်။
၂၀ရာစုရဲ့ကန်းထရီးဂီတကို လွှမ်းမိုးထားနိုင်တဲ့ အမေရိကန် ကန်းထရီးဂုရုကြီး ဂျွန်နီကက်ရှ်(Johnny Cash)ရဲ့ တန်နက်ဆီပြည်နယ် ဟန်ဒါဆန်ဗီးလ်က အိမ်လေးပါ။
၂၀ရာစုရဲ့ကန်းထရီးဂီတကို လွှမ်းမိုးထားနိုင်တဲ့ အမေရိကန် ကန်းထရီးဂုရုကြီး ဂျွန်နီကက်ရှ်(Johnny Cash)ရဲ့ တန်နက်ဆီပြည်နယ် ဟန်ဒါဆန်ဗီးလ်က အိမ်လေးပါ။
Friday, May 04, 2012
နံပါတ် ၂၃ ရဲ့ စံအိမ်
အမြဲတမ်းအတွက် ကမ္ဘာ့အကောင်းဆုံးဘတ်စကက်ဘောကစားသမားလို့ တစ်ခဲနက်သြဘာပေးခြင်းခံထားရတဲ့ NBA အမေရိကန်ဘတ်စကက်ဘောကစားသမား “မိုက်ကယ်ဂျော်ဒန်” ရဲ့ စံအိမ်ကြီးကို ရောင်းချဖို့ ဒေါ်လာ၂၉သန်းနဲ့ ဈေးခေါ်ထားလိုက်ပါပြီ။ ချီကာဂိုမြောက်ပိုင်း အိလိနွိုက်ပြည်နယ် Highland Park မှာရှိ ဂျော်ဒန်ရဲ့ စံအိမ်ဟာ ချီကာဂိုတစ်ဝိုက်မှာ ဈေးအကြီးဆုံးပဲလို့ပြောနေကြပါတယ်။ အဲဒီဒေသမှာ ဈေးအကြီးဆုံးမှတ်တမ်းဝင်ခဲ့တဲ ၂၀၀၇ခုနှစ်က ရောင်းချခဲ့တဲ့ Lake Bluff စံအိမ်တောင် ဒေါ်လာ၁၆သန်းပဲရှိခဲ့တာပေါ့။ ဂျော်ဒန်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့အိမ်ကြီး က ၅၆၀၀၀ စတုရန်းပေကျယ်ဝန်းတယ်။ အိပ်ခန်း၉ခန်းပါပြီး ရေချိုးခန်းကျယ် ၁၅ခန်းနဲ့ အခန်းငယ် ၄ ခန်းပါရှိတယ်။ အိပ်ခန်း၃ခန်းပါ ဧည့်သည်ဆောင်လည်းရှိနေတယ်။
၇ဧကကျော်ရှိတဲ့စံအိမ်မှာ ကားဂိုဒေါင်တွေ၊ ရေကူးကန်နဲ့ တင်းနစ်ကစားကွင်း၊ ဂေါက်သီးကစားနိုင်တဲ့မြက်ခင်းကျယ်၊ ရေနက်နက်နဲ့ ရေကန်လည်းရှိသေးတယ်။ ဘတ်စကက်ဘောကစားသမားဆိုတော့ ဘတ်စကတ်ဘောကစားကွင်းတစ်ခု ရှိကိုရှိနေမှာကတော့ အံ့သြစရာတော့မဟုတ်ပါဘူး။ အိမ်မကြီးနဲ့ တွဲလျက်မှာ ဘတ်စကက်ဘောကစားနည်းစည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ကစားကွင်းရှိပါတယ်။ ပြိုင်ပွဲအဆင့်မီ အလင်းနဲ့အသံစနစ်တွေကိုပါ ဂရုစိုက်ပြီး ပြင်ဆင်ထားတယ်တဲ့။ ကစားကွင်းရဲ့ကိုယ်ပိုင်ကားထားတဲ့နေရာကို အိမ်မကြီးအ၀င်နဲ့ သီးခြားထားရှိပါတယ်။ ဂျော်ဒန်က ဖလော်ရီဒါမှာ အိမ်အသစ်ရှိနေပြီး Highland Park စံအိမ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖလော်ရီဒါက အိမ်ဟာ ၂၈၀၀၀ စတုရန်းပေ ကျယ်တယ်။ ဒေါ်လာ ၁၂သန်းအထက်အကုန်အကျခံကာ ဆောက်လုပ်ခဲ့တယ်လို့ဆိုတယ်။

Thursday, April 05, 2012
စတီဗင်ဂျာရတ်ရဲ့ အိပ်မက်ထဲက စံအိမ်
Posted by
PhyoPhyo
at
Thursday, April 05, 2012
Labels:
စတီဗင်ဂျာရတ်ရဲ့ အိပ်မက်ထဲက စံအိမ်,
နာမည်ကျော်တွေရဲ့ အိမ်
လီပါပူးအသင်းရဲ့ခေါင်းဆောင် စတီဗင်ဂျာရတ်ဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ပါ။ ထူးခြားတဲ့အရည်အသွေးရှိတဲ့ခေါင်းဆောင်ကောင်းဖြစ်တဲ့ အန်ဖီးကွင်းရဲ့အမှတ်တံဆိပ် ဂျာရတ်ဟာ သန်မာတယ်။ လုံ့လ၀ီရိယရှိတယ်။ ဖျတ်လတ်တယ်။ စွမ်းအားကြီးတယ်။ ဘောလုံးသမားတစ်ယောက်လိုအပ်တဲ့ နည်းပညာပိုင်းကျွမ်းကျင်တယ်။ ဒါတွေက ဂျာရတ်ပိုင်ဆိုင်တဲ့ အရည်အသွေးတွေပါ။
ဂျာရတ်ပိုင်ဆိုင်မှုတွေထဲက နောက်ထပ်ထူးခြားတဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုကတော့ အင်္ဂလန်အနောက်မြောက်ပိုင်း ဖရက်ရှ်ဖီးလ်ဒ် ဆင်ခြေဖုံးဒေသ မားဆေဆိုက်ဒ်မှာရှိတဲ့ အိမ်ကြီးပါပဲ။ ပေါင် ၃.၃၅သန်းတန်ကြေးရှိပြီး မှန်နဲ့ ကြေးနီသား နှစ်ထပ် အဆောက်အဦးဟာ အိမ်မကြီးနဲ့မတူတဲ့ သီးခြား စာပို့နံပါတ်ရှိပြီး ကြီးမားလှတဲ့အဆောက်အဦးလို့ဆိုတယ်။ အိမ်ရဲ့အတွင်းအပြင်မှာ အဆင့်မြင့် အပြင်အဆင်တွေနဲ့ ပြည့်နေပါတယ်။ ၁၈၃၇-၁၉၀၁ အင်္ဂလန်ဘုရင်မ ဗစ်တိုးရီးယားခေတ်အဆောက်အဦးပုံစံမျိုးပါ။ ကြီးမားကျယ်ပြန့်ပြီး တံခါးပေါက်များများပါတယ်။ အချိုးညီတဲ့အိမ်ပုံစံစတိုင်လ်ဖြစ်ပြီး ဆင်ဝင်ဝရံတာက အိမ်မကြီးရဲ့အလယ်တည့်တည့်မှာ ရှိနေပါတယ်။ အိမ်မကြီးရဲ့နောက်ဘက်မှာ ဇနီးအဲလက်ကာရန်ရဲ့ တစ်ဦးတည်နေတဲ့အခန်းဆောင်ရှိသေးသတဲ့။

Living Fashion, April 2012 |
Subscribe to:
Posts (Atom)