(၂၀၀၉ခုနှစ် ဒီဇင်္ဘာလ ၉ရက်နေ့ က Foreign Policy Magazine မှ အယ်ဒီတာ “ဆူဆန် ဂလက်ဆာ”နှင့်စာရေးဆရာ လည်းဖြစ် သဘောထားကွဲလဲသူလည်းဖြစ်ခဲ့တဲ့  ချက်ကိုဇလိုဘက်ကီးယားသမ္မတ “ဗာဆလာ့ဗ် ဟာဗဲလ် “တို့  တွေ့ ဆုံ မေးမြန်းခန်း တခု ပြုလုပ်ခဲ့ပါတယ်။ )
“ကတ္တီပါတော်လှန်ရေး” အပြီး နှစ်၂၀နီးပါးရှိတဲ့ အခါ ပြီးခဲ့တဲ့  သီတင်းပတ်အနည်းငယ်က မှ သမ္မတကြီးနှင့် ခုလို တွေ့ ဆုံခဲ့ ကြတာပါ။ သမ္မတကြီးဟာ စာတွေရေးနေခဲ့တဲ့ နေ့ ရက်များက အဆင်တန်ဆာအမှတ်တံဆိပ် ဇင်စဂျက်ကက်အင်္ကျီကို ယခုတိုင်ဝတ်ဆင်ထားဆဲပါဘဲ။
မေး။
ဒီနှစ်ဟာ ဘာလင်တံတိုင်ကြီးြ့ပိုလဲသွားခဲ့တဲ့  နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။အဲဒီအချိန်က ချက်နိုင်ငံမှာ ဘယ်လိုပုံရိပ်မျိုးထင်ဟပ်ခဲ့သလဲ ။့ ကနေ့ အရှေ့ ဥရောပရဲ့  လူ့ အဖွဲ့ အစည်းကိုရော ဘယ်လိုမြင်သလဲ။
ဖြေ။
“အဲဒီအချိန်တုံးက အခြေခံကျကျ အကောင်းဆုံးနမူနာတခုကို မြင်နေရတယ်လို့  ကျွန်တော်ထင်ပါတယ်ဗျာ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ၊ဒီမိုကရေစီဝါဒကို အခြေခံတဲ့ ပရိုဂရမ်တွေ ၊လွတ်လပ်တဲ့  စာနယ်ဇင်းတွေ အို…အများကြီးပါဘဲ ။ကျွန်တော်တို့ ဟာ လမ်းမကြီးတွေကို စွန့် လွှတ်မေ့ချန်မထားဘူး။သစ္စာလဲ မဖေါက်ဘူး။သို့ သော်လဲ အရာရာတိုင်းဟာ အဲဒီအချိန်တုံးက ကျွန်တော်တို့  တွေးထင်ထားတာထက် ပိုမို ခက်ခဲပါတယ်။ အချိန်တွေပိုမို ပေးခဲ့ရ့ပါတယ်။အဲဒီကာလကို ဖြတ်သန်းခဲ့ ရတာဟာ ဆူးခင်းလမ်းလို အန္တရယ်များလွန်းခဲ့ပါတယ်။
မေး။
ဒီသီတင်းပတ်ထဲမှာ အမေရိကန်သမတကြီး အိုဘားမား နိုဘယ်လ်ဆုယူဖို့ လာမယ်တဲ့။သူက အဖဂန်နစ္စတန်ကို စစ်အင်အား ၃၀၀၀၀ ထပ်ပို့ မယ်လို့  ကြေငြာထားတယ်။ဒီလို စစ်အင်အားတွေ ပိုမိုသုံးစွဲခြင်းဟာ တခါတရံ ငြိမ်းချမ်းရေးအတွက် ရှေ့ ရှူပြီး လိုအပ်တယ်ထင်လို့  ပြုမူဆောင်ရွက်တာလား။သမတကြီးဘယ်လို ထင်ပါသလဲ။
ဖြေ။
အား ..ကြောက်ခမန်းလိလိပါဘဲဗျာ။ဆုံးဖြတ်ချက်မမှန်ကန်ဘူးလို့  ထင်တယ်။တခါတရံ ဒီလိုနေရာမျိုးမှာ ထောင်ပေါင်းများစွာသော လူ့ အသက်တွေ ကယ်တင်ဖို့ ဆိုရင် ကြားဝင်ဖြန်ဖြေမဲ့  သူလိုမယ်ထင်တယ်။လေးလေးနက်နက် စေ့စေ့စပ်စပ် ချိန်ဆပြီး လုပ်ဖို့ လိုတယ်။အလွန်တာဝန်ကြီးပါတယ်။ အမေရိကားက ပြောပေလိမ့်မယ်။
“အမေရိကားမှာ ဟိုနေရာ ဒီနေရာ ဘယ်နေရာမှ လွတ်လပ်မှု မရှိတော့ဘူး။ဒါ့ကြောင့် ကျုပ်တို့  အလုံးအရင်းနဲ့  ၀င်ကြရမယ်။နိုင်ငံတကာရဲ့  သဘောတူမှုကိုလည်းရယူမှာပါ။ဘယ်လိုဘဲ အဖြေရှာရှာ တမျိုးတည်းထွက်မှာပါဘဲ။ “စသည်။
ကျွန်တော်တို့ ဟာ အီရတ်ရဲ့ ဖြစ်စဉ်ကို မြင်ခဲ့ ကြပြီးပြီ။ဒါမျိုးထပ်မဖြစ်သင့်ဘူး။
အကယ်၍ ခေတ်အလိုက်ဖြစ်ပေါ်လာတဲ့ ကတ္တီပါတော်လှန်ရေးမျိုး ဖြစ်လာရင် ဒါဟာ ကောင်းပါတယ်။ဒါပေမဲ့ ဒါကလည်း ဖြစ်နိုင် မဖြစ်နိုင် နေရာဒေသရှိပါသေးတယ်။အဖဂန်ဒေသဟာ စိုးရိမ်ဖွယ်ကောင်းလွန်းတဲ့  ဝေးလံခေါင်ဖျား ရပ်ဝန်းဖြစ်နေတယ်။ဒီကိစ္စ ကျွန်တော်ဆုံးဖြတ်ရမှာ မဟုတ်ပါဘူးဗျာ။
ဘာဘဲဖြစ်ဖြစ် ဝေးလွန်းတာက အမှန်ဘဲ။ပြီးတော့ အမေရိကန်တွေအဖို့  စိမ်းလွန်းတယ်။တာလီဘန်တွေက သူတို့ နယ် သူတို့  ကျွမ်းပြီးသား။နှစ်ပေါင်းများစွာကတည်းက အလုံးအရင်းနဲ့  ဆန့်ကျင် တိုက်ခိုက်လာကြတာ။သူတို့  ကရှင်သန်တာမြန်တယ်။ပေါက်ပွားတာများတယ်။အမြစ်ကစဖြိုဖို့ ဆိုတာကလဲ မလွယ်ပါဘူး။ ဒါက ကျွန်တော့အထင်ပါ။ အိုဘားမားဟာ သူ့ အယင်သမတတွေ စိုက်ပျိုးထားတဲ့ အသီးဟူသမျှ အကုန် သူရိတ်သိမ်းခူးဆွတ်နေရတယ်လို့  ကျွန်တော်မြင်တယ်။စစ်သည်အင်အားနောက်ထပ် တသန်းပို့ လဲ ပြီးပြတ်သွားမှာမဟုတ်ပါဘူး။
မေး။
အရှေ့ ဥရောပမှာ ရုရှားရဲ့  အခန်းကဏ္ဍ ဘယ်လိုရှိမယ် မြင်သလဲ။ရုရှားရဲ့ ပြဿနာတွေနဲ့ စပ်လျင်းပြီး သမတကြီးဘယ်လောက်စိတ်ပါဝင်စားမှုရှိသလဲ။ ပြီးတော့ အမေရိကန်ဟာ အဗရှ့ ဥရောပက မိတ်ဆွေတွေကို မေ့လျော့နေတယ်လို့ ထင်ပါသလား။
ဖြေ။
မထင်ပါဘူး။ကျွန်တော်တို့ ကို မေ့နေတာမဟုတ်ပါဘူး။ဒါပေမဲ့ ဥရောပအလယ်ပိုင်းမှာရှိတဲ့ မြေရိုင်းတွေ နဲ ပတ်သက်ပြီး မပြေလည်တာရှိတယ်ဗျ ။ဒီမှာ ပေါက်ကွဲလွယ်တဲ့ အနေအထားဘဲ။ ကမ္ဘာစစ်မျိုးဖြစ်နိုင်တယ်။ အီရန်မှ မြောက်ကိုးရီးယားမှ မဟုတ်ဘူး ဘယ်နေရာဒေသမဆို စစ်ပွဲတွေဟာ ဖြစ်လာနိုင်တဲ့ အနေအထားချည်းဘဲ။
အမေရိကန်ဟာ ကျွန်တော်တို့ ကို အပေါင်းအသင်းလုပ်ဖို့  စိတ်ပါဝင်စားမှု မရှိဘူးလို့ တော့ ကျွန်တော် တခါမှ မတွေးဖူးဘူး။
ပြီးတော့ သူက ပဲ့ထိန်းဒုံးကျည်(ဒုံးခွင်းဒုံး) ဥရောပမှာပြန်လည်နေရာချထားဖို့  အစီအစဉ်ရှိတယ်။ နောက်တခုကိုလည်း မဖြစ်မနေချထားဖို့ လဲ ဆုံးဖြတ်ထားတယ်။အမေရိကန်ဟာ ဒေသတွင်းမှာ ဟာကွက်မရှိအောင်တော့ ပိပိရိရိ ဖြန့် ကျက်ထားလိမ့်မယ်။ရုရှားဘက်ကကြည့်လိုက်တော့လဲ အခက်သားဗျ။ ကျွန်တော် မော်စကိုကို အလယ်အပတ်ရောက်ခဲ့တုံးက ပုဂ္ဂိုလ်ရေးအရ စကားစမြည် အများကြီးပြောခဲ့ကြတာပေါ့ ဗျာ။ပုံစံသစ်နဲ့ စပယ်ရှယ် ဒီမိုကရေစီစံနစ်ကို လိမ္မာပါးနပ်စွာ ကိုင်တွယ် ပုံဖေါ်ဖို့ မော်စကိုက အခိုင်အမာ ပြောတယ်။ဒါမှမဟုတ် ကွန်မြူနစ်ဇင်မ် ၀ါဒထက် စစ်အာဏာရှင်စံနစ်ကိုဘဲ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ထားတဲ့  နည်းစံနစ်နဲ့  ကျင့်သုံးကြမလား သူတို့ စဉ်စားနေတယ်။ရုရှားဟာ သူ့ ရဲ့ သြဇာ အာဏာကို ဖြန့်ကျက် ချဲ့ ထွင်ဖို့  ပြန်လည်ထူထောင်ဖို့  မသိမသာ ကြိုးပမ်းအားထုတ်နေတာ မြင်ရပါလိမ့်မယ်။
ရုရှားဟာ လက်ရှိအနေအထားမှာ စစ်အင်အားထူထောင်မှု ပြောပလောက်အောင် များများစားစားတို့း ချဲ့  ခြင်းမရှိသေးသော်လည်း စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှာ တော်တောလေး အားသွန်ခွန်စိုက် အမျိုးမျိုး ဖိအားပေး ပြီး ရည်ရွယ်ချက်ရှိရှိ ကြိုးစားထူထောင်နေတာတွေ့ ရမယ်။သူတို့ ရဲ့  ရင်းနှီးမြှုပ်နှံအားကောင်းတဲ့ စီးပွားရေးကုမ္ပဏီကြီးများ ဟာ ကုန်စုံဆိုင်ကလေးတွေကို သိမ်းပိုက်စုစည်းပြီး အင်အားကြီးထွားးတဲ့  ဆိုင်ကြီးကန္တွာားကြီး ဖြစ်စေခဲ့တယ်။
သေချာပါတယ်။ကျွန်တော်တို့ ဟာ ရုရှားနဲ့  အခင်းမများချင်ကြပါဘူး။ပဋိပက္ခ ဘာမှ မရှိချင်ဘူး။
အခြားအခြားသောလက်တွဲဖေါ်များလိုဘဲ အေးအေးချမ်းချမ်းနဲ့ အပေးအယူပြုပြီးနေမှာပါ။ဒါပေမဲ့  ကျွန်တော်တို့ ဘာတွေ တွေးနေသလဲ။ ဘယ်လောက်ပြောနိုင်မလဲ။ သူတို့ ဘယ်လို ခြိမ်းခြောက်မှုမျိုးပြုလာမလဲ စသည် တိတိကျကျသိဖို့  လိုပါသေးတယ်။ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ လက်မခံနိုင်ပါဘူး။သူတို့ က ကျွန်တော်တို့ ကိုပြောတယ်။ ဓါတ်ငွေ့ တွေ မပေးဘူး။စက်သုံးဆီတွေ မပေးဘူး တဲ့။ ဒီတော့ သူတို့ ကို ကျွန်တော်တို့ ဘယ်လို ပြောစေချင်သလဲ ။ကျွန်တော်တို့  သင်ယူကြရလိမ့်မယ်။ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ လို့  ။ သူတို့ ကပြောမယ်။ကျွန်တော်တို့ ကို မီးတွေ လျော့သုံးပါ။ ဓါတ်ငွေ့ တွေ လျော့သုံးပါ။ အဲဒါ သူတိုရဲ့ အကြပ်ကိုင်နည်းတွေဘဲပေါ့။
မေး။
တရုပ်နှင့် အာရှရဲ့  ကြီးထွားလာမှုက နောင်အနာဂါတ်မှာ ချက်ခ်သမတနိုင်ငံအပါအ၀င် ဥရောပကို ခြိမ်းခြောက်တာမျိုး ရှီလာနိုင်သလား။
ဖြေ။
တရုပ်ကို အန္တရယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။တိဘက်ကိုတော့ သူအလျော့ပေးမှာမဟုတ်ဘူး။တိုင်ဝမ်ရောဘဲ။ ဒါပေမဲ့ တရုပ်ဟာအောင်နိုင်သူအဖြစ် ကမ္ဘာကြီးကို အုပ်စိုးလိုတာမျိုးတော့ မြင်တွေ့ နေရတယ်ဗျ။ဒါပေမဲ့ ဒါက ဒီလောက် မပေါ်လွင်လှဘူး။ ပေါ်လွင်ထင်ရှားတာက စီးပွားရေးနယ်ချဲ့ တာဘဲဗျ။ ကမ္ဘာတခြမ်းကို ပိုင်နေပြီ။တရုပ်ကုန်ပစ္စည်းဈေးကြီးတာမျိုးမတွေ့  ရဘူး။
သေချာတာက ရုရှားအော်သိုဒေါ့ဘာသာရေး ယုံကြည်ချက်ဘဲ ။ သူတို့ ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့  သူတို့  တဦးတည်းဘဲ ရှိတယ်လို့  ဘာသာရေးအမြင်ရှိတယ်ဗျ။ယနေ့ ရုရှအုပ်ချုပ်ရေး စနစ်အောက်မှာ ဒါဟာ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတခုဖြစ်နေတယ်ဗျ။
ဗုဒ္ဓဘာသာက အဲလို ဇွတ်ကယ်တင်ရှင် မလုပ်ဘူး။ခရစ်ယန် တို့  အဇ္ဇလမ် တို့ ဆိုတာက တမန်တော်ရှိတယ် ။ယုံကြည်မှု ရှိတယ် ။ ဆုတောင်းရတယ်။မှားယွင်းနေတဲ့ ယုံကြည်မှု ကို စောင့်ထိန်းလိုက်နာပြီး ဘယ်သူ ဘယ်လို မျှဝေမလဲ။ ဒီနေရာမှာ ပညာဥာဏ်လိုတယ်ဗျ။ ဗုဒ္ဓဘာသာမှာ ဒါမျိုး မရှိဘူး။ ဒီအကြောင်းပြချက် တခုတည်းနဲ့  တရုပ်ဟာ အန္တရယ် မပေးနိုင်ဘူးလို့  ကျွန်တော်ထင်တာပါ။
မေး။
အမေရိကန်သမတ အိုဘားမားဟာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို တွေ့ ဆုံဖို့ ရက်ရွှေ ဆိုင်းလိုက်တယ်။ သူတို့ ရဲ့ ခင်မင်ရင်းနှီးမှုကို မထိခိုက်လိုဘူး။ လက်တွေ့ မှာလဲ ဖီလင်မပါဘူး.ဒီနေရာမှာ တစုံတရာ အကျိုးသက်ရောက်မှု ဘယ်လို ရှိလာနိုင်မလဲ ရှင်းပြပေးနိုင်မလား။
ဖြေ။
ခေတ်မီသမိုင်းရာဇ၀င်တွေအရ ကျွန်တော်တို့ သိတာက ၁၉၃၈ခုနှစ်တုံးက မြူနစ်ကွန်ဖရင့်ကနေ့ ပြင်သစ်ဝန်ကြီးချုပ် အက်ဒ်ဝပ်ဒလာဒီးယား ပြန်လာတဲ့အခါ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်သူလို့  တမျိုးသားလုံးက ၀ိုင်းဝန်း လက်ခုပ်သြဘာပေး ခဲ့ ကြတယ်။ သူလုပ်နိုင်ခဲ့တာ က အပေးအယူသဘော နည်းနည်းပါးပါးပါ။ဒါပေမဲ့ ဒါဟာ အစပိုင်းမှာ မကောင်းဆိုးဝါး ကြိုးမျှင်တစဖြစ်ပြီး
နောက်ပိုင်းမှာ လူတွေ သန်းနဲ့ချီသေခဲ့တယ်။
နည်းနည်းပါးပါးအပေးအယူသဘောဆိုတာမှာလည်း အပေါ်ယံအမြင်ပါ။ လို့  ကျွန်တော်တို့  မပြောချင်ပါဘူး။
ပထမ ကျွန်တော်တို့  တရုပ်ကို သွားတယ်။” ဒလိုင်းလားမားအကြောင်း “ ပြောကောင်းပြောမိမယ်။တရားမျှတတယ် ၊ လက်တွေ့ ကျတယ်၊အမှန်တရားသာလျှင် ပဓါနကျပါတယ်။
ဒါပေမဲ့လဲ ပထမ နည်းနည်းပါးပါး သေးသေးငယ်ငယ်အပေးအယူဆိုပေမဲ့ ကြိုးစရှည်သွားရင် ဒါဟာ မကောင်းပါဘူး။
ဒါပေမဲ့ ဒီလို တွေးခေါ်နေဖို့  မလိုပါဘူး။ ဒီအမှုထဲမှာ ဖြစ်နိုင်ရင် ဒါမရှိချင်ဘူး။ဒါပေမဲ့ ဗျာ ဒါက ကျွန်တော့်ရင်ထဲက ဆန္ဒပါ။
မေး။
ပြောတာကလွယ်ပါတယ်။ ဒါပေမဲ့ ဒီ သေးငယ်တဲ့ အပေးအယူ ကိစ္စတခုဟာ နောင်အခါ် အန္တရယ်ကြီး ကြီးမားမားဖြစ်လောက်အောင် ထိုက်တန်သွားစေဖို့ သမတတယောက်အနေနဲ့  ဦးဆောင် ဆုံးဖြတ် ပေးမလား။
ဖြေ။
နိုင်ငံရေးဆိုတဲ့  သဘောတရားက နေ့ တိုင်း နေ့ တိုင်း စေ့စပ်ညှိနှိုင်းအဖြေရှာနေရတာမျိုးပါ။ အဆိုးနှင့် အဆိုးကြားက ကြီးတဲ့ အမှု ကို သေးငယ်အောင် ၊ သေးတဲ့အမှု ပပျောက်အောင် လုပ်ရတဲ့ သဘောသဘာဝရှိပါတယ်။ ဒါပေမဲ့  တခါတရံ အလွန်အန္တရယ်များပါတယ်။ ကိုင်တွယ်ရ ခက်ပါတယ်။ လမ်းမတွေပေါ်မှာ အပေးအယူကိစ္စတွေ တခုပြီးတခု စဉ်တိုက် ပေါ်ထွက်လာနိုင်တယ်။ ကျွန်တော်ထင်တယ် ။ဒါ ဖြစ်နိုင်မလား။ ဖြစ်ကောင်းဖြစ်လာမလား။ နောင်ဆယ်နှစ်အကြာ ဖြစ်လာမလား။ အန္တရယ် ဘယ်လောက်အထိ ရှီနိုင်မလဲ ။ အများကြီး တွေးစရာ ရှိနေပါတယ်။
ကျွန်တော့ အတွေ့ အကြုံ အရ ပြောရရင် ကျွန်တော် သမတအဖြစ်အရွေးခံရအပြီး နှစ်ရက်အကြာ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို အလယ်လာဖို့  ကျွန်တော်ဖိတ်ပါတယ်။ နိုင်ငံ့ဦးသျှောင် သမတတယောက်အနေနဲ့ ဖိတ်ကြားလိုက်တာပါ။ဒီတော့ အားလုံးက ဒါ အန္တရယ်လို့  မြင်ကြတယ်။ သဘောမကျတဲ့ အမူအရာတွေ ဖေါ်ပြကြတယ်။
ဒါပေမဲ့  ဒါဟာ ဘာသာရေးနှင့်ကြည့် လိုက် ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာသဘောတွေ့ ရမယ်။ တဦးရဲ့  ဘာသာကို တဦးက ပြစ်ပြစ်ခါခါမလုပ်ရဘူး။ မလိုက်နာနိုင်ရင်တောင် လေးစားရမယ်။ ဒီသဘောပါ။
တရုပ်ဝန်ကြီးချုပ်နဲ့  တရုပ်နိုင်ငံခြားရေးဝန်ကြီးတွေ ကျွန်တော့်ထံ ရောက်လာကြတယ်။ ဒလိုင်းလားမားအကြောင်းပါတဲ့  ကတ္တီပါအုပ့်စာအုပ်တွေ ယူလာပေးတယ်။ အစိုးရနဲ့ ပတ်သက်ရာပတ်သက်ကြောင်းစာချုပ်စာတမ်း လက်မှတ်စသည်တို့ ပေါ့လေ။တိဘက်ကို ဘယ်လောက် အလေးထား ကိုင်တွယ်နေသလဲ ဆိုတာ ရှေ့ ကိုလဲ ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာ တွေပေါ့။သူတို့ ဘယ်လို ရှင်းပြပြ ဒါက လုပ်ဇတ်တွေပါဘဲ။ ၀ါဒဖြန့်ချီရေးသက်သက်ပေါ့။ စာနယ်ဇင်းကွန်ဖရင့်တခုမှာ ကျွန်တော် သူတို့ နှင့် တွေ့ သေးတယ်ဗျ။ အဲဒီ ၀န်ကြီးကပြောတယ်။
“ သိပ်ထူးခြားတဲ့ ပွဲဘဲ။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောဆိုကြရမယ်။ မစ္စတာ ဟာဗဲလ်က သူ့ အမြင်တွေကို ပြောပါလိမ့်မယ် ကျွန်တော်က ကျွန်တော်တို့  အစိုးရ သဘောထားကို ပွင့်ပွင့်လင်းလင်းပြောမယ် ကျွန်တော်က သူ့ ကိုစာအုပ်တွေ ပေးထားပါတယ်။ဒီစာအုပ်တွေအပေါ် သူ့အမြင် သူပြောပြပါလိမ့်မယ် ။”တဲ့ဗျ။ မယုံနိုင်စရာပါဘဲဗျာ။ဘာ့ကြောင့် သူတို့  ဒီလို လုပ်ဖို့  လိုအပ်နေသလဲ။ တစုံတယောက်ဟာ သူ့ မြေ သူ့ ရေ ထဲမှာ ရှိနေတယ် ။ အဲဒီတစုံတယောက်ဟာ ဘာ့ကြောင့် တပါးမြေရေပေါ်က လူကို ဘာ့ကြောင့် များ ကြောက်လန့် နေအုံးမှာတဲ့လဲ။
Florist (ဆီလျော်အောင် မြန်မာမှုပြုသည်။)
The FP Interview; Vaclav Havel ( Dec 9 , 2009)
1 comment:
ဗဟုသုတရစရာတွေ မျှဝေပေးလို့ ကျေးကျေးနော်။
Post a Comment