ကမ္ဘာ့အရှည်ဆုံး အမြင့်ဆုံးအဆောက်အဦရှိနေတယ်။ ကမ္ဘာ့ အကြီးကျယ်ဆုံးသော နှစ်ပတ်လည်ပွဲ ကျင်းပလေ့ရှိသေးတယ်။ တစ်ခါတစ်ရံ စိတ်အချဉ်ပေါက်လာရင် နျူကလီးယားခြိမ်းခြောက်မှုနဲ့ ကိုင်စွဲခြောက်လှန့်တတ်သေးတဲ့မြောက်ကိုးရီးယားနိုင်ငံအကြောင်း ကမ္ဘာ့နိုင်ငံတွေ မသိကြသေးတာတွေ ခပ်များများရှိနေပါသေးတယ်။ မြောက်ကိုးရီးယားနိုင်ငံ မြို့တော် ပြုံးယမ်းဆီ သွားရောက်လည်ပတ်ဖို့ စိတ်ကူးရှိသူ/ မရှိသူတွေ ဒီအချက်လေးတွေ သိထားရင်လည်းအပိုတော့ဖြစ်မနေပါဘူး။ စိတ်ဝင်စားစရာပါပဲ။
၁. မြောက်ကိုးရီးယန်းတွေဟာ သိပ်ကောင်းတဲ့ဘီယာနှစ်သက်ချက်နိုင်ကြတယ်
မြောက်ကိုးရီးယန်းတွေဟာ ဘီယာတစ်ပိုင့်ချစ်ကြသူတွေဖြစ်ပြီး အဲဒီမှာဘီယာယဉ်ကျေးမှု ထွန်းကားလှတယ်။ ပြည်တွင်းလုပ် Taedonggang ဘီယာဟာ နာမည်အကြီးဆုံး ပြည်တွင်းဘီယာတွေထဲက တစ်ခုပါ။ ၂၀၀၀ ခုနှစ်မှာ အစိုးရပိုင် ဘီယာချက်စက်ရုံက အင်္ဂလိပ်ဘီယာစက်ရုံတစ်ခုလုံးဝယ်ယူခဲ့ပါတယ်။ ပြီးတော့ ၂နှစ်အကြာမှာ ပြုံယမ်းမြို့ပြင်ဘက်မှာ စီးပွားဖြစ်ဖွင့်လှစ်ခဲ့တယ်။ Taedonggang ဘီယာဟာ အရည်အသွေးမြင့် အရောင်ဖျော့ သိပ်မပြင်းလှတဲ့ lager ဘီယာမျိုးပါ။ နောက်ပိုင်းမှာ မြောက်ကိုးရီးယားရဲ့ အထင်ကရ မြစ်တစ်စင်းဖြစ်တဲ့ Taedong မြစ်နာမည်ပေးထားခဲ့တာပါ။
၂. ဖိနပ် ခပ်မြင့်မြင့်တွေ
မြောက်ကိုးရီးယန်းအမျိုးသမီးတွေဟာ ဖိနပ်အမြင့်စီးရတာ အင်မတန်ချစ်မက်ကြတယ်။ တော်တော်များများ ၄ လက်မအမြင့်ဖိနပ်တွေနဲ့ နေ့နေ့ညည လုပ်ငန်းခွင်နဲ့ ဈေးဝယ်ထွက်တဲ့အချိန်တွေမှာ စီးနေကြတယ်။ စစ်တပ်ထဲအမှုထမ်းတဲ့အမျိုးသမီးတွေတောင်စီးကြတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတောင် ၄ လက်မအမြင့်တွေစီးကြတဲ့ အမျိုးသမီးတစ်ဦးလည်းတွေ့ဖူးခဲ့တယ်လို့ ဆိုတယ်။ အဲဒီတသီးတခြားဆန်လှတဲ့နိုင်ငံမှာ ကပ်လျှက်တရုတ်နိုင်ငံဆီက ဖြတ်ဝင်လာခဲ့တဲ့ ဖက်ရှင်စတိုင်လ်မျိုး ခုံထူထူ/ ဒေါက်တစ်ဆက်တည်းပုံစံ wedge heel တွေ လွန်ခဲ့တဲ့ ၄နှစ် ၅နှစ်လောက်စတင်စီးလာကြတာတွေ့ခဲ့ကြတယ်။ ဒီနေ့မှာလည်း wedge heel စီးကြတဲ့အမျိုးသမီးတွေအများကြီးပဲ ရှိနေဆဲပါ။ သေးသွယ်သွယ်ဒေါက်မြင့်လေးတွေ ပြုံယမ်းရဲ့ဖက်ရှင်စတိုင်လ်ထဲမှာ ရှိနေသင့်ပါပြီ။
၃. မိုဘိုင်းလ်ဖုန်းယူသွားနိုင်ပါတယ်
ခရီးသွားဧည့်သည်တွေဟာ မိုဘိုင်းလ်ဖုန်းတွေချန်ထားရစ်ဖို့ မလိုတော့တာကြာပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီကစလို့ ကိုယ့်ဖုန်းကို အဲဒီနိုင်ငံထဲယူသွားနိုင်ပြီး local SIM card လေဆိပ်မှာဝယ်နိုင်ပါတယ်။ SIM card နဲ့ ပြည်ပ call/ မိုဘိုင်းလ်ကိုင်ထားတဲ့ ပြုံယမ်းက နိုင်ငံခြားသားတွေဆီကိုပါ ခေါ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းကလူတွေနဲ့ network မတူနိုင်လို့ ဒေသခံတွေလိုတော့မခေါ်ဆိုနိုင်ပါဘူး။ local SIM card မှာ ရက်သတ္တနှစ်ပတ်ကို ယူရို ၅၀ (ဒေါ်လာ၆၆)ပါ။ ဒါပေမဲ့ ယူအက်စ်ကို ဖုန်းခေါ်မယ်ဆိုရင် ၁ မိနစ်ကို ၆.၆၀ မိနစ်ကုန်ကျမယ်လို့ သတိပေးထားပါတယ်။ မြောက်ကိုးရီးယား Koryolink ဖုန်းကုမ္ပဏီမှာ အသုံးပြုသူ ၂သန်းကျော်ရှိနေပါတယ်။ ဒေသတွင်းဆဲလ်ဖုန်းတွေမှာ ပုံမှန်မိုဘိုင်းလ်တွေလိုပဲ function တွေခွင့်ပြုထားတယ်။ အင်တာနက်ကတော့ အသုံးပြုခွင့်ကလွဲလို့ သီချင်းနားထောင်နိုင်တယ်၊ ဓာတ်ပုံရိုက်ယူနိုင်ကြတယ်။
၎. သီချင်းဆိုတာ ချစ်ကြသူတွေ
မြောက်ကိုးရီးယန်းအများစုဟာ သွားသွားလာလာ သီချင်းနားထောင်ကြတယ်။ ကိုယ်ကသာ ယဉ်ကျေးပျူငှာအနေအထားနဲ့ သီချင်းတစ်ပုဒ်လောက်ဆိုပြခိုင်းရင် လိုလိုလားလားလိုက်လျောပေးသူတွေပါ။ အဲဒီမှာ ပေါပ့်ဂီတက နာမည်အကြီးဆုံးပါပဲ။ အနောက်တိုင်းအဖွဲ့ထဲမှာတော့ Beatles ရဲ့ Hey Jude နဲ့ Yellow Submarine က ထိပ်တန်းနာမည်အကြီးဆုံးဖြစ်နေပြီး စီလင်းဒီယွန် နဲ့ Carpenters ကိုလည်း အင်မတန်နှစ်သက်ကြတယ်။ အဲဒီလိုဆိုတော့ ကော်ဖီဘား ဘီယာဘားအများစုမှာ ကာရာအိုကေတွဲလျှက်ရှိနေတာ အံ့သြစရာမဟုတ်တော့ဘူးပေါ့။ ပြည်တွင်းပေါ်ပြူလာအဖြစ်ဆုံးအဖွဲ့ကတော့ Moranbong ဆိုတဲ့ မိန်းကလေးအဖွဲ့ပါ။ မြောက်ကိုးရီးယားခေါင်းဆောင်ကင်မ်ဂျုံအန် သေသေချာချာရွေးနှုတ်ထားတဲ့အဖွဲ့လို့ ဆိုကြတယ်။ ပေါပ့်အမျိုးအစားသီချင်းလေးတွေသီဆိုကြပြီး ပေါ့ပေါ့ပါးပါးအဝတ်အစားလေးတွေဝတ်ကြတဲ့ အဖွဲ့လေးဖြစ်ပြီး မြောက်ကိုးရီးယားတွေကတော့ K-pop အဖွဲ့ပေါ့လို့ ဖြေကြတယ်။
၅. ကားရပ်နားရာ ဘောလီဘောကစားကြတာ
ဘောလီဘောဟာ ပေါ်ပြူလာအဖြစ်ဆုံးအားကစားတွေထဲက တစ်ခုပါ။ မြောက်ကိုးရီးယန်းတွေဟာ သူတို့ရဲ့နေ့လယ်စာအချိန်မှာ မကြာခဏဘောလီဘောတစ်ပွဲကစားလေ့ရှိတယ်။ ပွဲတွေကို မြန်မြန်ဆန်ဆန်၊ ပျော်ပျော်ကြီးပဲ ကစားကြတယ်။ အမျိုးသားအမျိုးသမီးအတူတူကစားလေ့ရှိကြပါတယ်။ net မရှိတာဟာ အတားအဆီးမရှိတာပဲဖြစ်ပြီး ကားရပ်နားရာနေရာတွေမှာ ထသွားလာသွားကစားကြတယ်။နေရာလွတ်တိုင်း ဘောလီဘောကစားတတ်ကြပါတယ်။ ကိုးရီးယန်းနပန်းပွဲကလည်း အင်မတန်ပေါ်ပြူလာဖြစ်တဲ့ အားကစားပါပဲ။
၆. မြေအောက်ရထား Metro တွေဟာ တော်တော်လေး နက်ပါတယ်
ပြုံယမ်းရဲ့ မြေအောက်ရထားလိုင်းတွေဟာ မီတာ ၁၀၀ အနက်မှာရှိနေပြီး မြေအောက်က ဘူတာရုံကို ရောက်ရှိဖို့ စက်လှေကားကို မိနစ်အနည်းငယ်ကြာစီးရပါတယ်။ အဲဒီခရီးဟာ တော်တော်ကြာနေတာကြောင့် တချို့ အလုပ်သွားအလုပ်ပြန်ခရီးသည်တွေဟာ စက်လှေကားထစ်တွေမှာ ထိုင်တတ်ကြတယ်။ ခရီးသည်တွေအတွက် မထိုင်ရ အမှတ်အသားပြထားပေမယ့် ထိုင်မိတတ်ကြတယ်။
နံရံတွေမှာ အာရုံထွေပြားစရာ ကြော်ငြာဘာတစ်ခုမှရှိမနေဘဲ နံရံတွေဟာ ပြောင်ရှင်းနေတာတွေ့ရမှာပါ။ ပြုံယမ်းမှာ လမ်းဘေးကြော်ငြာဆိုင်းဘုတ်ကြီး ၅ ခုပဲ ရှိတယ်။ အဲဒီ ကြော်ငြာ ၅ ခုလုံး ကားကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တယ်လို့ဆိုပါတယ်။ မြေအောက်ရထားလိုင်း ၂ လိုင်းရှိပြီး ဘူတာရုံ ၁၇ ရုံရှိတယ်။ ခမ်းနားလှတဲ့ မော်စကိုမြေအောက်ရထားလိုင်းတွေလို တည်ဆောက်ထားကြတယ်။ ဘူတာရုံအများစုမှာ အကော့အညွတ် တန်ဆာမွမ်းမံခြယ်သထားတဲ့ မီးပန်းဆိုင်းတွေရှိကြတယ်။ နံရံတွေမှာ ပန်းချီကားတွေနဲ့ နံရံဆေးရေးပန်းချီတွေနဲ့ အလှဆင်ထားတယ်။
၇. ကင်မ်ချီလည်း အရူးအမူးကြိုက်ကြတယ်
ဟင်းသီးဟင်ရွက်တွေငို ဟင်းခတ်အမွှေးအကြိုင်ကောင်းကောင်းနဲ့ နှပ်ထားတဲ့ ကင်မ်ချီဟာလည်း အထင်ကရဟင်းလျာတစ်မျိုးပါ။ အမျိုးသမီးတိုင်းဟာ အမျိုးအစားမတူတဲ့ကင်မ်ချီတွေ လုပ်တတ်ကြတယ်လို့ ဆိုတယ်။ သီးခြားဆိုရှယ်လစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့စဉ်ကတည်းက မြောက်ကိုးရီးယားခရီးအထူးသွားလာခဲ့တဲ့ Koryo Tours က ဆိုင်မွန်ကော့ကာရဲလ်က ပြောပါတယ်။ အဲဒီမှာပြောကြတယ် "အမျိုးသမီးတစ်ဦးကို လက်မထပ်ခင် သူ နှပ်ထားတဲ့ကင်မ်ချီကို အရင်မြည်းစမ်းကြည့်ရမယ်" တဲ့။
၈. တစ်စိတ်တစ်ဝမ်းတည်း စုဖွဲ့ထားသူတွေလို
မြောက်ကိုးရီးယန်းတွေဟာ မွေးရာပါကျွမ်းကျင်မှုလို့တောင် ပြောနိုင်တဲ့ လိုင်းတစ်လိုင်းမှာ အသားကျနေတာပါ။ queue မှာ တန်းစီကြတာကိုပြောတာမဟုတ်ပါဘူး။ ရေပြင်ညီလိုင်း ညီညာအောင် အကွာအဝေးအားလုံး တညီတညာတည်းဖြစ်နေအောင် တစ်မိနစ်အတွင်း စုစည်းနိုင်ကြတယ်တဲ့။ အဲဒီလေ့ကျင့်မှုမျိုးကို ကလေးအရွယ်ကတည်းက စတင်လေ့ကျင့်ခဲ့ကြပြီး ဆယ်ကျော်သက်အရွယ်လေးတွေမှာ ရာပေါင်းများစွာအရေအတွက်တောင်မှ သူတို့ကိုယ်တိုင်ပဲ ညီညီညာညာစီတန်းလျှောက်လှမ်းနိုင်ကြတာမှာ အင်မတန်နာမည်ကြီးပါတယ်။ စက်ရုံအလုပ်သမားတွေ လမ်းပေါ်မှာလမ်းလျှောက်တဲ့အခါ၊ Great Leader ရုပ်တုကြီးအောက် ပန်းတွေကြားမှာ စုစည်းကြတဲ့အခါ၊ စစ်သားတွေအနှေးလျှောက်တဲ့အခါ၊ အစုလိုက်လျှောက်လှမ်းကြတဲ့အခါမှာ အဲဒီ "တစ်စိတ်တစ်ဝမ်းတည်းစုဖွဲ့မှု" ဟာ အဲဒီနေ့ရဲ့ အမိန့်လိုပဲ အရေးထားကြတယ်။ ရက်သတ္တတစ်ပတ်စာ မြို့တော်ထဲ ခရီးလှည့်လည်ကြရင်တောင်မှ သင့်ရဲ့ ဧည့်လမ်းညွှန်က လိုင်းစုဖွဲ့လျှောက်လှမ်းဖို့ လေ့ကျင့်မှုတွေ တသီကြီးပေးမှာ အသေအချာပါပဲ။
၉. သင် မမြင်နိုင်တာ ဝမ်ငွေပါ
ပြည်တွင်းသုံးငွေဟာ ဝမ်(won) ပါ။ ဒါပေမဲ့ နိုင်ငံခြားသားတွေကို အသုံးပြုခွင့်ပေးမထားပါဘူး။ ဧည့်သည်တွေအတွက်တော့ ယူအက်စ်ဒေါ်လာ၊ ယူရိုနဲ့ တရုတ်ယွမ် တို့ကိုပဲ သုံးရပါတယ်။ အနီးအပါး တရုတ်နိုင်ငံထိစပ်မှုရှိနေပြီး ယွမ်ငွေ လဲလှယ်နှုန်းဟာ အဆိုးဆုံးဖြစ်ပြီး ယူရိုကတော့ လက်ရှိမှာဈေးကောင်းရနိုင်တယ်။ ပြုံယမ်းဟာ ခရီးသွားတွေအတွက် ဈေးဝယ်ထွက်လို့ကောင်းတဲ့နေရာမဟုတ်ပါဘူး။ မြောက်ကိုးရီးယန်းအများစုဟာ မြို့တွင်းဈေးတွေမှာပဲ ဈေးဝယ်ကြတယ်။ အမိုးအပြာနဲ့ ဈေးတွေနီးနီးနားနားတွေ့နေကြရမှာပါ။ ဒါပေမဲ့ အဲဒီဈေးတွေကိုနို င်ငံခြားသားတွေ လည်ပတ်ခွင့်မပေးပါဘူး။ ကုန်စုံဆိုင်တွေလည်း သွားခွင့်မပြုတာ တရားဝင်းစည်းကမ်းထုတ်ထားတာပါ။ ဝါဒဖြန့်ပိုစတာတွေသိုလှောင်ထားတဲ့ နိုင်ငံခြားသာသာ စာအုပ်ဆိုင်တွေ၊ တံဆိပ်ခေါင်း၊ အမှတ်တရပစ္စည်းအရောင်းတွေကိုပဲ နိုင်ငံခြားသားတွေ အစုလိုက်သွားနိုင်ကြတယ်။ အဲဒီလိုဆိုင်တွေမှာ ကင်မ်ဂျုံအီ ရဲ့ စာအုပ်တွေ၊ မြောက်ကိုးရီးယန်းတံဆိပ်ခေါင်းတွေနဲ့ ပို့စကတ်တွေသိုလှောင်ထားတယ်။
၁၀. ကင်မ် ရင်ထိုးတွေ
မြောက်ကိုးရီးယန်းအားလုံး ဘာပဲဝတ်ထားဝတ်ထား ဘယ်ဘက်ရင်အုံပေါ်မှာ ကင်မ် ရင်ထိုး(Kin Pin) တွေ တပ်ထားရပါတယ်။ ရင်ထိုးတွေမှာ ကင်မ်အီဆွန် ဒါမှမဟုတ် သူ့ရဲ့သား ကင်မ်ဂျုံအီ နဲ့ တစ်ခါတစ်ရံမှာ နှစ်ဦးလုံးရဲ့ ပုံတူတွေရှိကြတယ်။ အံ့သြစရာကောင်းလှတာက နို့စို့ကလေးအရွယ်လေးနဲ့ လူကြီးတွေ လူတိုင်းတပ်ကြတယ်။ အဲဒီရင်ထိုးတွေရောင်းချတဲ့ဆိုင်မရှိပါဘူး။ အထူးအခမ်းအနားတွေနဲ့ အရေးကြီးတဲ့လှုပ်ရှားမှုပွဲတွေမှာ ရင်ထိုးတွေပေးတာတော့ရှိတယ်။ ရင်ထိုးတွေဟာ စတိုင်လ်အမျိုးမျိုးနဲ့ပါ။ အမျိုးမျိုးအထွေထွေစတိုင်လ်တွေဟာ ဘာကိုမှ ရည်ညွှန်းမထားပါဘူး။ ရင်ထိုးထုတ်ပေးတဲ့အချိန်ကာလနဲ့သာဆိုင်ပြီး စတိုင်လ်ကွဲပြားသွားကြတာပါ။ လူတွေပြောလေ့ရှိတဲ့ ယုံတမ်းပုံပြင်လိုလိုရှိနေတာက မြောက်ကိုးရီးယန်းတွေဟာ နိုင်ငံခြားသားတစ်ဦးဦးကို ကင်မ် ရင်ထိုးပေးခဲ့ရင် အပြစ်ပေးခံရလိမ့်မယ့်တဲ့။ ဒါပေမဲ့ အဲဒါဟာ ဒဏ္ဍာရီလိုပါ။ တစ်ခါတစ်ရံြေ မာက်ကိုးရီးယန်းတွေဟာ ဧည့်သည်တွေကို ကင်မ် ရင်ထိုးလက်ဆောင်ပေးတတ်ကြပါတယ်။
Source: 10 things to know before visiting Pyongyang by Kate Whitehead | CNN
ဖြိုးဖြိုး
(Living Fashion Magazine, January, 2015)
(Living Fashion Magazine, January, 2015)
1 comment:
ကိုယ်တိုင်ရောက်သွားသလိုပါပဲ ဖြိုးဖြိုးရေ။ ကျေးဇူးနော်။
မွေးကင်းစထဲက တစ်ခါထဲ ပုံစံရိုက်သွင်းထားတဲ့ နိုင်ငံတစ်နိုင်အဖြစ် မြင်မိတယ်။
Post a Comment