Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 11, 2015

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ

ကာ့ထ်ကိုဘိန်းအကြောင်း မှတ်တမ်းရုပ်ရှင် ပြင်ဆင်
အမေရိကန်ရော့ခ်ဂီတအဖွဲ့ Nirvana ရဲ့ အဖွဲ့သား ကာ့ထ်ကိုဘိန်းရဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားရိုက်ကူးပြသဖို့ ရောခ့်အဓိပတိကြီးရဲ့မိသားစုက ပြင်ဆင်နေပါပြီ။ အဲဒီမှတ်တမ်းရုပ်ရှင်အတွက် ကိုဘိန်းရဲ့ အသက် ၂၂ အရွယ် သမီး ဖရန့်စက်ဘီးန် က ရုပ်ရှင်အတွက် အမှုဆောင်ပရိုဂျူဆာ တာဝန်ယူထားတယ်။ Kurt Cobain: Montage of Heck လို့ နာမည်ပေးထားပါတယ်။ ကိုဘိန်းရဲ့ ဆွေမျိုးတွေ တွဲဖက်ပံ့ပိုးတဲ့ ပထမဆုံး မှတ်တမ်းရုပ်ရှင်ပါ။
အဲဒါကြောင့် ကိုဘိန်းရဲ့ သိမ်းဆည်းထားတဲ့ ကိုယ်ရေးမှတ်တမ်းနဲ့ ဖန်တီးထားခဲ့တဲ့ ပန်းချီကား၊ သီချင်းတွေ၊ တချို့ဆိုရင် အရင်က ဘယ်တုန်းကမှ မမြင်မကြားခဲ့ရဖူးတဲ့ အနုပညာတွေပါဝင်နေမှာပါ။ ဇာတ်ညွှန်း၊ ဒါရိုက်တာ နဲ့ ပရိုဂျူဆာက ရုပ်ရှင်ဖန်တီးသူ ဘရက်မော်ဂန် ဖြစ်ပြီး Montage of Heck ကို HBO(Home Box Office) အမေရိကန် တီဗီလိုင်း ကနေ ၂၀၁၅ မှာ ပြသမှာပါ။ (HBO နဲ့ CNN ဟာ Time Warner လိုင်းရဲ့ ဌာနခွဲ ၂ ခုအဖြစ်ပြသပါလိမ့်မယ်။)  မော်ဂန်အတွက်တော့ ဒီမှတ်တမ်းရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ပြည့်လျှမ်းတဲ့အလုပ်၊ ကာလကြာရှည် အရူးအမူးစိတ်ထက်သန်ပြင်းပြခဲ့ရတဲ့ အလုပ်လို့ပြောပါတယ်။ "ဒီ ရုပ်ရှင်ကို ပြီးခဲ့တဲ့ ၈ နှစ်ကတည်းက စတင်ခဲ့ပါတယ်။ အလုပ်စခဲ့ပြီဆိုတာနဲ့ လတ်လတ်ဆတ်ဆတ်အနုပညာတွေကို ယက်ထုတ်သဲ့ယူလိုက်တယ်။ ဒါပေမဲ့ ကိုဘိန်းရဲ့ မှတ်တမ်းဟောင်းဆီ တစ်ကြိမ်ခြေလှမ်းလိုက်တိုင်း မထွက်ရှိခဲ့ဖူးသေးတဲ့ ဂီတ၊ အသံဖိုင်တွေ နာရီ ၂၀၀ စာလောက် ရှာတွေ့ခဲ့တယ်။ ဆီဆေးပန်းချီကားနဲ့ ပန်းပုရုပ် အနုပညာပရောဂျက် အခင်းအကျင်းတွေအများကြီးပဲ တွေ့တယ်။ ဘယ်တုန်းကမှမမြင်မတွေ့ရဖူးတဲ့ မိသားစုအပျော်တမ်းရုပ်ရှင်တွေ၊ ရေးသားထားတဲ့စာတွေ စာမျက်နှာ ၄၀၀၀ ကျော်၊ မီဒီယာကို မထုတ်ပြန်ခဲ့ဖူးတဲ့ ရှားရှားပါးပါး ပုံတူတစ်ပုံလည်းတွေ့ခဲ့ရတယ်" လို့ မော်ဂန်က ပြောခဲ့တယ်။ Montage of Heck မှာ ကိုဘိန်းရဲ့ ဘဝမှတ်တမ်းတွေနဲ့ အတူ Nirvana အဖွဲ့ရဲ့ ဖျော်ဖြေပွဲတွေ သီချင်းတွေ ဖောဖောသီသီ ပါဝင်ပါလိမ့်မယ်။
မက်ဒေါနားရဲ့ မလာဝီနိုင်ငံကလေးများအတွက် အလှူအတန်း
မလာဝီသမ္မတဟောင်း ဂျွိုက်စ်ဘန်ဒါက မက်ဒေါနားကို  "စိတ်ကြီးဝင်နေတယ်" လို့ ပြီးခဲ့တဲ့ ဧပြီလက နာမည်ဆိုးတပ်ပေးခဲ့တယ်။ ဒါပေမဲ့ မေလ ၂၀ ရက်နေ့ရွေးကောက်ပွဲအပြီး သမ္မတသစ်ဖြစ်လာတဲ့ ပီတာမူသာရီကာနဲ့တော့ ပြုံးပြုံးရွှင်ရွှင်ရယ်မောနေတဲ့ပုံတွေ သတင်းတွေ တက်လာခဲ့ပါတယ်။ မလာဝီသမ္မတအဆောက်အဦမှာ တွေ့ဆုံခဲ့ကြတဲ့အခါ သူမရဲ့ ကုသိုလ်ဖြစ်အလှူအတန်း၊ ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ကျေးဇူးစကားဆိုခံရတော့ မက်ဒေါနားဟာ ပြုံးရွှင်ရယ်မောနေခဲ့တယ်။ မလာဝီနိုင်ငံ စီးပွားရေးမြို့တော် Blantyre မှာ ခုတင် ၅၀ ကလေးခွဲစိတ်ကုဆောင်နဲ့  အထူးကြပ်မတ်ကုသဆောင် တည်ဆောက်ရေးအတွက် ရံပုံငွေ ပံ့ပိုးထောက်ပံ့ခဲ့တာကြောင့် အသက် ၅၆ နှစ်အရွယ် မက်ဒေါနားကို မလာဝီသမ္မတ မူသာရီကာက  ကြိုဆိုနှုတ်ဆက်ခဲ့တာပါ။ တွေ့ဆုံပွဲမှာ မက်ဒေါနားဟာ အဖြူခံမှာ အနက်ရောင်အလုံးလေးတွေပါတဲ့ ဝတ်ဆံလေး ဝတ်ဆင်ထားပြီး နုပျိုကျော့ရှင်းနေတယ်။ မက်ဒေါနား မလာဝီနိုင်ငံဆီသွားတဲ့အခါ မလာဝီက သူမမွေးစားခဲ့တဲ့ ကလေးငယ် မာဆီ နဲ့ ဒေးဗစ်တို့ကိုပါ အတူတူခေါ်သွားခဲ့တာပါ။ သား ရော့ကိုလည်းပါသေးတယ်။ မွေးစားကလေးငယ်တွေကိုပါ သမ္မတနဲ့ တွေ့ဆုံပွဲဆီ ခေါ်ယူခဲ့ဟန်တူပါတယ်။ ကလေးတွေကို သူတို့မွေးဖွားရာနိုင်ငံဆီခေါ်ယူလာတဲ့အတွက် သမ္မတ ပီတာမူသာရီကာက ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။ သမ္မတရဲ့ ဆုံးပါးခဲ့ပြီးတဲ့ အစ်ကို ဘင်ဂူဝါ မူသာရီကာ ရဲ့ အလှူအတန်းအတွက်အားသွန်ခွန်စိုက်ကြိုးစားမှုတွေအတွက် သူမဟာ အမြဲ လေးစာနေခဲ့ရတယ် တကယ့်ပရိတ်သတ်ဖြစ်ခဲ့ပါတယ် လို့ မက်ဒေါနားကလည်း ပြောခဲ့တယ်။ Raising Malawi ဆိုတဲ့ ကုသိုလ်ဖြစ်အဖွဲ့ကို ဦးဆောင်နေတဲ့ မက်ဒေါနားဟာ မလာဝီကို ရောက်ခဲ့စဉ်မှာ Queen Elizabeth ဆေးရုံ ဆီအလည်အပတ်သွားခဲ့ပြီး မိဘမဲ့ကလေးငယ်တွေနဲ့ တစ်နေ့တာ အချိန်ပေးနေထိုင်ခဲ့ပါတယ်။ နောက်ထပ် ကလေးတစ်ဦးကို ထပ်ပြီးမွေးစားဖို့ စီစဉ်နေတယ်လို့လည်းဆိုတယ်။ Raising Malawi ဟာ မလာဝီနိုင်ငံက  ကျောင်းတွေ၊ ဆေးရုံတွေက မိဘမဲ့ကလေးငယ်တွေကို ရံပုံငွေထောက်ပံ့ပေးနေခဲ့တာပါ။  သမ္မတဟောင်း ဘန်ဒါကို အနိုင်ရခဲ့တဲ့ မလာဝီသမ္မတသစ်ကတော့ မက်ဒေါနားကို Very Very Important person (VVIP) လို့ နာမည်တပ်ခဲ့ပါတယ်။

ခရစ္စမတ်သစ်ပင်မီးထွန်းညှိပွဲမှာ သီးသန့်ဆန်လှတဲ့ အဆိုနဲ့ တည်ခင်းခဲ့တဲ့ Mariah Carey
နယူးယောက်စီးတီး ခရစ္စမတ်သစ်ပင်မီးထွန်းညှိပွဲပြုလုပ်ရာ Rockefeller Plaza မှာပြုလုပ်တဲ့  ဒီဇင်ဘာ ၄ ရက်နေ့က ဖျော်ဖြေပွဲမှာ မယ်ရေးကယ်ရီးဟာ တေးသွားမပါဘဲ အဆိုသက်သက်နဲ့ သီဆိုသွားခဲ့တယ်။ အဲဒီနေ့က ပရိတ်သတ်တွေမိုးရွာထဲ စောင့်ဆိုင်းနေခဲ့ရတဲ့အတွက် ကယ်ရေးဟာ Twitter ကနေ ပရိတ်သတ်ကို တောင်းပန်ခဲ့ပါတယ်။ "မနေ့ကအခြေအနေမှာ ကျွန်မထိန်းချုပ်နိုင်မှုရဲ့ အလွန်ဘက်ကိုရောက်နေခဲ့တယ်။ အဲဒီအနေအထား မြင်သာစေခဲ့တဲ့အတွက် အားလုံးကို တောင်းပန်လိုက်ပါတယ်။ ရှင်တို့ သိပါတယ်။ အဲဒါက ကျွန်မ ဘယ်တော့မှရှင်တို့ကို စိတ်ပျက်စေဖို့ မလိုလားဘူးဆိုတာကိုပေါ့" လို့ အမြင့်သံအဆိုပိုင်ပိုင် နာမည်ကြီးလှတဲ့ ဂရမ်မီဆုရှင် အသက် ၄၄ နှစ်အရွယ် ကယ်ရီးက ရေးခဲ့တယ်။ အဲဒီနေ့က ရာသီဥတုအခြေအနေကြောင့် ကားထဲက ဆင်းဖို့ ငြင်းဆန်ခဲ့တာပါ။ ကယ်ရီးရဲ့ သီချင်းမှာ နောက်ခံဖျော်ဖြေမယ့် ကလေးငယ် ၁၅ ယောက်ဟာ အားလုံး ၁၀ နှစ်အောက်ငယ်တဲ့ ကလေးလေးတွေပါ။ အဖြူရောင် နဲ့ ရွှေရောင်ဝတ်စုံလေးတွေဝတ်ဆင်ထားကြတဲ့ ကလေးတွေကလည်း အကြာကြီးပဲ စောင့်လိုက်ရလို့ တော်တော်စိတ်ပျက်သွားခဲ့ကြသတဲ့။ NYC ခရစ္စမတ်သစ်ပင်မီးထွန်းညှိပွဲကို နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့က စတင်ဖွင့်လှစ်ပါတယ်။ နေ့စဉ် ညနေ ၅ နာရီခွဲကနေ ညလယ်အထိ ဖျော်ဖြေပွဲတွေကို အမှတ် ၃၀ Rockefeller Plaza မှာ ပြုလုပ်ကြတယ်။ ခရစ္စမတ်သစ်ပင်ကို ၂၀၁၅ ဇန်နဝါရီလ ၇ ရက်အထိ ဖွင့်လှစ်ပြသထားမှာပါ။

Frozen Fever ပြသမယ့်ရက်ကြေညာ
Frozen ရုပ်ရှင် အောင်မြင်မှုဟာ နိုင်ငံတကာမှာပါ hit ဖြစ်ခဲ့ပြီး အော်စကာဆု ၂ ဆု ရရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ပေါင် သန်း ၈၀၀ ရရှိခဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်ဖြစ်ခဲ့တယ်။ နောက်ဆက်တွဲ ဒစ္စနေးရဲ့ Frozen Fever ရုပ်ရှင်ဇာတ်လမ်းတိုလေး ပြသမယ့် အစီအစဉ်အသေးစိတ် ကြေညာခဲ့ပါတယ်။ လာမယ့် ၂၀၁၅ မတ်လ ၁၃ ရက်နေ့ ကဇာတ်ရုံမှာ ပြသမယ့် ဒစ္စနေးရဲ့ "စင်ဒရဲလား" ကဇာတ်အရှေ့ပိုင်းမှာ ပြသမှာပါ။ အန်နာ၊ အဲလ်စာ၊ ခရစ်တော့ဖ် နဲ့ နှင်းလူသား အိုလာ့ဖ်တို့ ပါဝင်ကြပါလိမ့်မယ်။ Frozen Fever မှာလည်း Frozen အဖွဲ့သားတွေ ပြန်ပြီး ပေါင်းဆုံကြမှာပါ။ မူရင်းသီချင်းသစ်တွေအားလုံးကို ရောဘတ်လိုပက်ဇ်နဲ့ ခရစ်စတန် အန်ဒါဆန်-လိုပက်ဇ်တို့ကပဲ သီဆိုကြပါလိမ့်မယ်။  နှင်းဘုရင်မလေး အဲလ်စာ အသံသရုပ်ဆောင်ခဲ့တဲ့ မန်ဇဲလ်က ရုပ်ရှင်တစ်ကားလုံးရဲ့ အရေးကြီးဆုံးနေရာဖြစ်တဲ့ hit သီချင်းလေး Let it Go ရဲ့ အသံလေ့ကျင့်သီဆိုခဲ့ရတာ တော်တော်ခက်ခဲပါတယ်။ ကျမ မနက်ခင်းမှာ အိပ်ရာထဲက မထနိုင်ဘူးဆိုရင် သီချင်းအော်ဆိုလိုက်တာပဲ လို့ ဘရော့ဒ်ဝေးစတား မန်ဇဲလ်ကပြောပါတယ်။ "လူတိုင်းကို အကြံပေးချင်တာက သီချင်းသီဆိုဖို့ သဘောနှစ်သက်တယ်ဆို ကျယ်ကျယ်လောင်လောင်ဆိုပစ်လိုက်ဖို့ပါပဲ။ ပြီးတော့ ဂုဏ်ယူပစ်လိုက်ပါ။ ကာရာအိုကေနဲ့ ကိုယ့်ရဲ့အသံကို လွှင့်ထုတ်ပစ်လိုက်ပါတယ်။ ရေချိုးရင်းလည်း ဆိုပါ၊ ကားထဲမှာလည်းဆိုပါ။ သိပ်မြင့်တဲ့အသံထိ မရနိုင်ဘူးဆိုလည်း စိတ်မပူပါနဲ့" လို့ မန်ဇဲလ်က အကြံပြုပါတယ်။ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၈၆ ခုနှစ်အကယ်ဒမီဆုပေးပွဲမှာ ပွဲအစီအစဉ်တင်ဆက်ခဲ့သူ ဂျွန်ထရာဗိုလ်တာက မန်ဇဲလ်ကို Let It Go သီချင်းသီဆိုပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

၂၀၁၄ ကုန်ခါနီးမှာ အယ်လ်ဘမ်အသစ်နဲ့ နှုတ်ဆက်လိုက်တဲ့ Nicki Minaj
ဒီဇင်ဘာ ၁၅ ရက်နေ့ထွက်ရှိခဲ့တဲ့ တတိယမြောက် အယ်လ်ဘမ်အသစ် "The Pinkprint" အတွက် ဒီဇင်ဘာ ၃ ရက်နေ့က promotional single "All Things Go" ကို ဖြန့်လိုက်ပါတယ်။ အဲဒီသီချင်းဟာ  သူမရဲ့ အထိအခိုက်မခံဆုံး၊ အရိုးသားဆုံးသီချင်းတွေထဲက တစ်ပုဒ်လို့ သတ်မှတ်နိုင်တယ်လို့ ဆိုတယ်။ All Things Go ကို Boi-1day, Vinylz နဲ့ Allen Ritter တို့က ထုတ်လုပ်ပါတယ်။ တွဲဖက်ရေးသားသူက Ester Dean ပါ။ အဲဒီသီချင်း ပထမတစ်ပိုဒ်မှာ "လွန်ခဲ့တဲ့ ၁၀နှစ် ရှင် ချစ်ရေးဆိုချိန်မှာ ကျွန်မက နိမ့်ပါးပြိုလဲနေခဲ့တယ်" လို့ ပါဝင်ပြီး ဒုတိယပိုဒ်မှာ သူမရဲ့ ဝမ်းကွဲမောင်ငယ်လေး သေဆုံးတဲ့အကြောင်း ညွှန်းဆိုထားတယ်။ သူမကို ခြောက်လှန့်နေဆဲ သေဆုံးမှုတဲ့။ တတိယတစ်ပိုဒ်မှာ သူမရဲ မောင်ငယ် ကိုင်ရာ အပါအဝင် သူမရဲ့ မိခင်၊ အစ်ကိုမောင်ငယ်တွေနဲ့ ဆက်ဆံရေးအတွက် မပြိုကွဲအောင် ထိန်းသိမ်းကာဆီးထားရပုံအကြောင်းတွေ အသေးစိတ် စပ်ဆိုထားတယ်။  (ကျွန်မအလုပ်တွေပိုလုပ်လေ၊ သူတို့ လျစ်လျူရှုကြလေလေပဲလို့ ကျွန်မ ပိုပြီးခံစားမိရတယ်) တဲ့။ နောက်ဆုံးတစ်ပိုဒ်မှာ သူမရဲ့ လွန်ခဲ့တဲ့ ၁၆ နှစ်ကကွဲကွာခဲ့သူနဲ့ ဆုံးရှုံးခဲ့ရတဲ့ သူမရဲ့ကလေးငယ်လေးအကြောင်းဆိုထားပါတယ်။ All Things Go ကို iTunes  မှာ ဝယ်ယူနားဆင်နိုင်ကြတယ်။ The Pinkprint အယ်လ်ဘမ်မှာ Beyoncé, Lil Wayne, Drake, Chris Brown, Ariana Grande, Meek Mill, Skylar Grey, Jeremih တို့ featuring ပါဝင်သီဆိုထားကြပါတယ်။

#Trending in 2014
နှစ်တစ်နှစ်ကုန်ခါနီးတော့ များပြားလှတဲ့ Digital ကုမဏီတွေဟာ ကမ္ဘာကြီးက ဘယ်သီချင်းတွေ စောင့်ကြည့်နားထောင်နေလဲစောင့်ကြည့်ကာ၊ ပြီးခဲ့တဲ့နှစ်တစ်နှစ်စာအတွက် စာရင်းတွေပြုစုကြတော့တယ်။ တချို့ နာမည်တွေဟာ ပြီးခဲ့တဲ့ တစ်နှစ်ထဲမဟုတ်ဘဲ ၁၅ နှစ်စာလောက် လူသိများနေဆဲ နာမည်တွေဆိုရင် Eminem, Coldplay, Jennifer Lopez နဲ့ Britney Spears တို့ရှိနေကြတယ်။ တချို့ အခုနာမည်ကြီးနေသူတွေမှာ Clean Bandit, Iggy Azalea, Sam Smith (sort of), Meghan Trainor (All About that Bass နဲ့ နာမည်ကြီးသူလေး) နဲ့ Rick Homey Quan တို့ ပါဝင်နေကြတယ်။ Yahoo, Vevo, Rhapsody, Spotify and Bing တို့က ၂၀၁၄ ရဲ့ ဂီတလောကထဲက အကြီးကျယ်ဆုံးနာမည်တွေကို ဝေမျှထားပါတယ်။

YAHOO!

No. 3: Ariana Grande
No. 6: Kim Kardashian
No. 7: Frozen
No. 8: Miley Cyrus

BING
(Including music searches only.)
No. 1: Beyonce
No. 2: Miley Cyrus
No. 3: Katy Perry
No. 4: Britney Spears
No. 5: Justin Bieber
No. 6: Jennifer Lopez
No. 7: Selena Gomez
No. 8: Taylor Swift
No. 9: Nicki Minaj
No. 10: Carrie Underwood

SPOTIFY
Most-streamed artists in the U.S.
No 1. Eminem
No 2. Drake
No 3. Kanye West
No. 4. Lana del Rey
No. 5. Ariana Grande

Top Five Global Artists
No 1. Ed Sheeran
No. 2. Eminem
No. 3. Coldplay
No. 4. Calvin Harris
No. 5. Katy Perry

Top Five Global Tracks
No. 1. "Happy" From Despicable Me 2 by Pharrell Williams
No. 2. "Rather Be" (feat. Jess Glynne) by Clean Bandit
No. 3. "Summer" by Calvin Harris
No. 4. "Dark Horse" Katy Perry
No. 5. "All of Me" by John Legend

RHAPSODY
Most-streamed artist: Eminem
Most-streamed album: Drake, Nothing Was the Same

Most-streamed songs:
"Happy" by Pharrell Williams
"Dark Horse" by Katy Perry
"All of Me" by John Legend
"Fancy" by Iggy Azalea
"Royals" by Lorde

VEVO
1. “Fancy” by Iggy Azalea ft. Charli XCX
2. “All About That Bass” by Meghan Trainor
3. “Dark Horse” by Katy Perry ft. Juicy J
4. “Shake It Off” by Taylor Swift
5. “Anaconda” by Nicki Minaj
6. “Problem” by Ariana Grande ft. Iggy Azalea
7. “Chandelier” by Sia
8. “Rich Gang” Lifestyle ft. Young Thug, Rich Homie Quan
9. “Loyal” by Chris Brown ft. Lil Wayne, Tyga
10. “Stay With Me” by Sam Smith
ဖြိုးဖြိုး
(Yati Magazine, January, 2014)

No comments: