တွေ့ဆုံဆွေးနွေးပွဲတွေ ဘယ်အချိန်၊ ဘယ်လိုပုံစံမျိုးနဲ့ စတင်ခဲ့တာလဲ။
အခက်အခဲကျော်လွှားနိုင်မှုလို့ ပြောနိုင်မယ့် ကြားဖြတ်သဘောတူညီချက်တွေကို လက်ခံခဲ့ကြတဲ့ ဆွေးနွေးပွဲတွေ ၂၀၁၃ နိုဝင်ဘာမှာပြုလုပ်နိုင်ခဲ့တယ်။ ဂျနီဖာသဘောတူညီချက် နဲ့ ပူးတွဲစီမံလှုပ်ရှားမှု လို့ သိခဲ့ကြတဲ့ဆွေးနွေးပွဲတွေ အဲဒီနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ကြတာပါ။ အဲဒီထက်အစောပိုင်း ၂၀၀၂ ကတည်းက အီရန်နဲ့ သဘောတူညီမှုရနိုင်ဖို့ စေ့စပ်ဆွေးနွေးမှုပြုလုပ်ဖို့ အကြိမ်များစွာကြိုးပမ်းခဲ့ကြတယ်။ မအောင်မြင်ခဲ့ပါဘူး။
အဲဒီတုန်းက အီရန်အစိုးရဆန့်ကျင်ဘက်အုပ်စုတွေဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ထဲက နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) နဲ့ ယူအန် နျူကလီးယားစောင့်ကြည့်အဖွဲ့တွေကို ဖွင့်ဟဝန်ခဲ့ထားခြင်းမရှိတဲ့ နျူကလီးယားအဆောက်အအုံ၂ ခုတည်ရှိနေတာကို ထုတ်ဖော်ခဲ့တယ်။ တပ်လှန့်သတိပေးခဲ့ကြတယ်။ လက်ရှိဆွေးနွေးပွဲတွေဖြစ်ပေါ်လာစေတဲ့ တွန်းအားမျိုးပေးတဲ့ ဖြစ်ရပ် နှစ်ခုမှာ ပထမတစ်ခုက ၂၀၁၃ မှာ အိုဘားမားအစိုးရအဖွဲ့က အီရန်ကို လမ်းကြောင်းပြောင်းစေခဲ့တယ်။ အဲဒီ ကူးပြောင်းမှုဟာ အိုမန်မြို့တော်မှာပြုလုပ်ခဲ့ကြတဲ့ နှစ်ဦးနှစ်ဖက် လှို့ဝှက်တွေ့ဆုံဆွေးနွေးမှုအများကြီးဆီကို ဦးတည်နိုင်ခဲ့ပါတယ်။ ဒုတိယဖြစ်ရပ်က ၂၀၁၃ ဇွန်လက ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာ အီရန်နျူကလီးယားစေ့စပ်ဆွေးနွေးပေးသူအဖြစ် ၁၀ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဟာဆန်ရူဟာနီ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာပါ။ နိုင်ငံတကာအုပ်စုနဲ့ အလားအလာကောင်းကောင်း အပြုသဘောဆောင်တဲ့ စေ့စပ်ရေးမူဝါဒလမ်းစဉ်အဖြစ်ဆွေးနွေးကြပြီး ပြင်းထန်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းရေးနဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်မှုမရှိတဲ့ အီရန်ရဲ့ သီးခြားဖြစ်တည်မှုကို အဆုံးသတ်ရေးရည်မှန်းခဲ့ကြတယ်။ ၂၀၁၄ မတ်က စတင်ခဲ့တဲ့ စေ့စပ်ဆွေးနွေးပွဲတွေဟာ ကတိကဝတ်အဆင့် ဦးတည်လာနေတယ်။ ပြည့်စုံတဲ့ သဘောတူညီချက်တစ်ခုတည်ဆောက်နိုင်ဖို့ deadline တွေ အများကြီး သတ်မှတ်ခဲ့ကြတယ်။ အပြီးသတ် deadline ဟာ ဒီနှစ်ထဲ ဇူလိုင် ၁ ရက်မှာပါ။ ဒါပေမဲ့ အီရန်နဲ့ အပေးအယူမှန်သမျှ ဝေဖန်ကြတဲ့ ရီပတ်ပလီကန်တွေရဲ့ ပိတ်ဆို့မှုအသစ်တွေ ဥပဒေပြဌာန်းဖြစ်အောင် ကြိုးပမ်းတာတွေရှိနေကြတယ်။ အီစတာအားလပ်ရက်တွေအပြီး လွှတ်တော်မှာပြန်လည်ဆွေးနွေးတဲ့အခါ သဘောတူညီချက်အသေးစိတ်ကအစ ရှင်းလင်းအောင် အိမ်ဖြူတော်က ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ရီပတ်ပလီကန်တွေရဲ့ ကြိုးပမ်းမှုဟာ ဆွေးနွေးပွဲတွေကို ရှင်းထုတ်ပြစ်တတ်လွန်းလို့ပါ။
အဲဒီတုန်းက အီရန်အစိုးရဆန့်ကျင်ဘက်အုပ်စုတွေဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ထဲက နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) နဲ့ ယူအန် နျူကလီးယားစောင့်ကြည့်အဖွဲ့တွေကို ဖွင့်ဟဝန်ခဲ့ထားခြင်းမရှိတဲ့ နျူကလီးယားအဆောက်အအုံ၂ ခုတည်ရှိနေတာကို ထုတ်ဖော်ခဲ့တယ်။ တပ်လှန့်သတိပေးခဲ့ကြတယ်။ လက်ရှိဆွေးနွေးပွဲတွေဖြစ်ပေါ်လာစေတဲ့ တွန်းအားမျိုးပေးတဲ့ ဖြစ်ရပ် နှစ်ခုမှာ ပထမတစ်ခုက ၂၀၁၃ မှာ အိုဘားမားအစိုးရအဖွဲ့က အီရန်ကို လမ်းကြောင်းပြောင်းစေခဲ့တယ်။ အဲဒီ ကူးပြောင်းမှုဟာ အိုမန်မြို့တော်မှာပြုလုပ်ခဲ့ကြတဲ့ နှစ်ဦးနှစ်ဖက် လှို့ဝှက်တွေ့ဆုံဆွေးနွေးမှုအများကြီးဆီကို ဦးတည်နိုင်ခဲ့ပါတယ်။ ဒုတိယဖြစ်ရပ်က ၂၀၁၃ ဇွန်လက ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာ အီရန်နျူကလီးယားစေ့စပ်ဆွေးနွေးပေးသူအဖြစ် ၁၀ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဟာဆန်ရူဟာနီ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာပါ။ နိုင်ငံတကာအုပ်စုနဲ့ အလားအလာကောင်းကောင်း အပြုသဘောဆောင်တဲ့ စေ့စပ်ရေးမူဝါဒလမ်းစဉ်အဖြစ်ဆွေးနွေးကြပြီး ပြင်းထန်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းရေးနဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်မှုမရှိတဲ့ အီရန်ရဲ့ သီးခြားဖြစ်တည်မှုကို အဆုံးသတ်ရေးရည်မှန်းခဲ့ကြတယ်။ ၂၀၁၄ မတ်က စတင်ခဲ့တဲ့ စေ့စပ်ဆွေးနွေးပွဲတွေဟာ ကတိကဝတ်အဆင့် ဦးတည်လာနေတယ်။ ပြည့်စုံတဲ့ သဘောတူညီချက်တစ်ခုတည်ဆောက်နိုင်ဖို့ deadline တွေ အများကြီး သတ်မှတ်ခဲ့ကြတယ်။ အပြီးသတ် deadline ဟာ ဒီနှစ်ထဲ ဇူလိုင် ၁ ရက်မှာပါ။ ဒါပေမဲ့ အီရန်နဲ့ အပေးအယူမှန်သမျှ ဝေဖန်ကြတဲ့ ရီပတ်ပလီကန်တွေရဲ့ ပိတ်ဆို့မှုအသစ်တွေ ဥပဒေပြဌာန်းဖြစ်အောင် ကြိုးပမ်းတာတွေရှိနေကြတယ်။ အီစတာအားလပ်ရက်တွေအပြီး လွှတ်တော်မှာပြန်လည်ဆွေးနွေးတဲ့အခါ သဘောတူညီချက်အသေးစိတ်ကအစ ရှင်းလင်းအောင် အိမ်ဖြူတော်က ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ရီပတ်ပလီကန်တွေရဲ့ ကြိုးပမ်းမှုဟာ ဆွေးနွေးပွဲတွေကို ရှင်းထုတ်ပြစ်တတ်လွန်းလို့ပါ။
P5+1 ဆိုတာ ဘယ်သူတွေလဲ။ ဘာကြောင့် P6 လို့ မခေါ်ဝေါ်နိုင်တာလဲ။
P5+1 တွေဟာ အမေရိက၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ ရှုရှား နဲ့ ဂျာမနီတို့ပါ။ ပထမ 5 ဟာ ယူအန်လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတယ်။ ဂျာမနီ အဲဒီထဲပါနေတာက ပြင်သစ်၊ ဗြိတိန် အပါအဝင် EU3 နိုင်ငံအဖွဲ့ဝင်ဖြစ်နေလို့ပါ။ EU3 ဟာ အီရန်နဲ့ အစောပိုင်းက စေ့စပ်ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ကြတယ်။ EU ဟာလည်း နိုင်ငံခြားရေးအကြီးအကဲဦးဆောင်မှုနဲ့ ဆွေးနွေးပွဲတွေမှာ ကိုယ်စားပြုပါဝင်ခဲ့တယ်။ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်(NPT) အရ အကာအကွယ်ပေးထားတဲ့ သဘောတူညီချက်တွေကို အီရန်က မလိုက်နာတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလက်အောက်ခံ IAEA နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီဟာ ၂၀၀၆ ခုနှစ်ကတည်းက နောက်ဆက်တွဲ အစီရင်ခံစာတွေထုတ်ပြန်နေခဲ့တယ်။ ယူအန်လုံခြုံရေးကောင်စီကလည်း တားမြစ်ပိတ်ဆို့မှု ပြစ်ဒဏ်သတ်မှတ်ထားတဲ့ဆုံးဖြတ်ချက်တွေ တသီတတန်းကြီး ချမှတ်နေခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ယူရေနီယံသန့်စင်-ဆက်စပ်ပစ္စည်းအားလုံးနဲ့ ပြန်လည်အသုံးပြုလုပ်ငန်းတွေဆိုင်းငံ့ထားဖို့ကို အီရန် ငြင်းဆန်ခဲ့တဲ့အချိန်ကစတင်ပြီး တားမြစ်ပိတ်ဆို့မှုတွေ ပထမဆုံးသတ်မှတ်လာခဲ့တာပါ။
ဒီသဘောတူညီချက်ကနေ သူတို့ဘာတွေမျှော်လင့်ခဲ့ကြလဲ။
ကာလတိုမှာတော့ P5+1 ဟာ အီရန် နျူကလီးယားလက်နက်ရမသွားဖို့ တားဆီးချင်ပါတယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ လက်နက်တစ်ခုခု မြန်မြန်ဆန်ဆန်ကြီး ရသွားနိုင်တဲ့အခြေအနေကို ရပ်တန့်အောင် ဒါမှမဟုတ် နျူကလီးယားလက်နက် ပုန်းလျှိုးကွယ်လျှိုးမလုပ်နိုင်အောင်တားဆီးချင်တာပါ။ အဲဒီလိုတားဆီးချင်တဲ့အရေးကိစ္စတွေပြီးဆုံးဖို့ စေ့စပ်ဆွေးနွေးသူတွေဟာ အီရန်ကို ပြည့်ဝယူရေနီယံ(ယူရေနီယံသန့်စင်ခြင်း)ဆက်လုပ်ဖို့ ခွင့်ပြုထားနေတာကို သဘောတူညီရမယ်။ ကြီးမားတဲ့နျူကလီးယားအခြေခံအဆောက်အဦတွေ အလုံးစုံဖျက်သိမ်းအဆုံးသတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အီရန်ရဲ့ ပြည့်ဝယူရေနီယံအစီအစဉ်အတွက် တင်းကျပ်တဲ့ကန့်သတ်ချက်တွေကိုတော့ ရှာဖွေကြမှာပါ။ တည်ဆောက်နေဆဲ ပလူတိုနီယံထုတ်လုပ်မယ့် heavy-water နျူကလီးယားဓာတ်ပေါင်းဖိုတစ်လုံးကို ပြန်ပြီးပုံစံချတည်ဆောက်ဖို့ အစီအစဉ်လည်းရှိနေတယ်။ လှည့်စားတာကိုတားဆီးနိုင်မယ့်အဆင့်မြင့်စစ်ဆေးမှုတွေလက်ခံတဲ့ အီရန်အစိုးရတစ်ရပ်လည်း မျှော်လင့်ကြတယ်။ သူတို့ရဲ့ရည်မှန်းချက်က အီရန်ရဲ့ နျူကလီးယားလက်နက်လုပ်နိုင်စွမ်းကို အချိန်ဆွဲချင်တာပါ။ နျူကလီးယားလက်နက်တစ်ခုအတွက် လုံလောက်တဲ့ နျူစွမ်းအင်ထုတ်ပစ္စည်းထုတ်လုပ်ရာမှာ လိုအပ်တဲ့အချိန်၊ အခုလက်ရှိကနေ လအနည်းငယ်၊ အနည်းဆုံးတစ်နှစ် နဲ့ ဆယ်စုနှစ်တစ်ခုစာ ဒါမှမဟုတ် ပိုပြီး အီရန်ကို ထိန်းချုပ်ထားနိုင်ဖို့ပါ။
အီရန်က ဘာတွေရဖို့ မျှော်လင့်ခဲ့လဲ။
အီရန်အတွက်ကတော့ အင်တိုက်အားတိုက်တောင်းဆိုလိုတာက တားမြစ်ပိတ်ဆို့မှုတွေကနေ လွတ်မြောက်ရေးအတွက်ပါ။ ပိတ်ဆို့မှုတွေနဲ့ မှီခိုဆက်နွယ်နေတဲ့စီးပွားရေးအကြီးအကျယ်ထိခိုက်ပျက်စီးရတယ်။ သီးခြားစီပြောရရင် လောင်စာဆီနဲ့ ဓာတ်ငွေ့ပို့ကုန်တွေကို ပိတ်ဆို့ထားတော့ နည်းပညာတင်သွင်းပြီး စွမ်းအင်အရင်းအမြစ်တွေဖန်တီးအသုံးချရာမှာ ခက်ခဲလှတယ်။ နိုင်ငံတကာနဲ့ငွေကြေးဆက်သွယ် message ပို့တဲ့စနစ် SWIFT ကိုလည်း ပိတ်ထားတော့ ကမ္ဘာ့ဘဏ်တွေနဲ့ ငွေလွှဲတဲ့အခါအခက်အခဲတွေရင်ဆိုင်ရပြီး ဆုံးရှုံးမှုတွေ တိုးနေတယ်။ အီရန်က အပေးအယူစာချုပ် လက်မှတ်ထိုးပြီးတာနဲ့တချိန်တည်း တားမြစ်ပိတ်ဆို့ထားတာတွေအားလုံး အဆုံးသတ်စေလိုတယ်။ ဒါပေမဲ့ အဲဒီသက်သာရာရမှုဟာ နျူကလီးယားအစီအစဉ်ပေါ်မှာ ကန့်သတ်ချက်တွေဘာပဲဖြစ်ဖြစ် အကောင်အထည်ဖော်နိုင်မယ့် စစ်မှန်ကောင်းမွန်တဲ့ယုံကြည်မှုအပေါ်မှာ အခြေခံနေတယ်။ နောက်ဆုံးသဘောတူညီမှုတွေအပေါ်မှာ မူတည်နေတယ်။ တားမြစ်ပိတ်ဆို့မှုတွေဟာ အီရန်ရဲ့ တခြား သဘောထား/ အပြုအမူတွေမြင်နိုင်တဲ့ ကဏ္ဍတွေ- ဥပမာ လူ့အခွင့်အရေးကိစ္စ၊ အကြမ်းဖက်ဝါဒကို အထောက်အပံ့ပေးနေတာနဲ့ အဝေးထိန်းဒုံးပျံစနစ်တို့ကိုတော့ အကျိုးသက်ရောက်နိုင်မှာမဟုတ်ဘူး။ အဲဒီအပြင် ကွန်ဂရက်က ပြဌာန်းလိုက်တဲ့ ပိတ်ဆို့မှုတွေကို မစ္စတာအိုဘာမားကသာ ဆိုင်းငံ့ထားနိုင်ပါတယ်။
သဘောတူညီချက်မှာ အမှန်တကယ် ဘာတွေပါဝင်လဲ။
ဧပြီ ၂ရက် ကြာသပတေးနေ့ည သဘောတူညီချက်ကြေညာခဲ့တုန်းက မျှော်လင့်ထားကြတာထက် ပိုပြီး အသေးစိတ်ပြောသွားခဲ့တယ်။ ဒါပေမဲ့ ဇူလိုင် ၁ ရက် deadline မတိုင်ခင် တရားဝင်သဘောတူညီချက် စာချုပ်လက်မှတ်ထိုးလာနိုင်သည့်တိုင် ဘာမှအဆင်သင့်မဖြစ်နိုင်ကြသေးဘူး။ စိတ်အားထက်သန်နေတဲ့ အီရန်ရဲ့ ဒီထုတ်ပြန်ချက်ထဲမှာ တပ်ဆင်ထားတဲ့ယူရေနီယံသန့်စင် စက်ဒလက် ၁၉၀၀၀ ကနေ ၆၀၀၀ အထိ လျှော့ချမယ်ဆိုတဲ့အချက်ပါဝင်တယ်။ စက်ဒလက် ၅၀၀၀ ကိုသာ အလုပ်လုပ်စေမှာပါ။ အားလုံးဟာ ပထမမျိုးဆက်စက်ဒလက်တွေဖြစ်တယ်။ အဲဒီထက်ပိုပြီးအဆင့်မြင့်တဲ့မိုဒယ်တွေ တစ်ခုမှ အနည်းဆုံး ၁၀နှစ် အသုံးပြုခွင့်မရှိဘူးလို့ ဆိုပါတယ်။ သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) ပိုင်းအတွက် ပိုပြီးသင့်တော်တဲ့ဒီဇိုင်းပုံစံတွေဖြစ်ဖို့ စနစ်တစ်ခုပေါ်အခြေခံတည်ဆောက်ရမယ်လို့ IAEA ကို အဆိုတင်သွင်းထားတယ်။ အီရန်ရဲ့ ဒုတိယပြည့်ဝနျူကလီးယား အဆောက်အအုံ Fordow ဟာ လေကြောင်းတိုက်ခိုက်မှုမပြုလုပ်နိုင်လောက်တဲ့ မြေအောက်ခပ်နက်နက်၊ တောင်တစ်လုံးအတွင်းမှာ တည်ဆောက်ထားတယ်။ (ပင်မတစ်ခုက Isfahan ဒေသ၊ မြို့တော် Natanz မှာပါ။) အဲဒီပြည့်ဝနျူကလီးယားလုပ်ငန်းအားလုံးကို ရပ်စဲလိုက်ပြီး ရူပဗေဒဆိုင်ရာသုတေသနစင်တာအဖြစ်ပြောင်းလဲမယ် လို့ ဆိုပါတယ်။ အနည်းဆုံး ၁၅ နှစ်အတွင်း ဒုံးကျည်ပစ္စည်းပစ္စယ ထုတ်လုပ်/ သိုမှီးထားမှာ မဟုတ်ပါဘူး။ အီရန်ပြောတာက အဲဒါကို အဆင့်နိမ့်ပြည့်ဝယူရေနီယံ ၁၀၀၀၀ ကီလိုဂရမ်ကနေ ၃၀၀ကီလိုဂရမ်အထိသာ သိုလှောင်တဲ့နေရာအဖြစ် လာမယ့် ၁၅နှစ်အတွင်း အဆင့်လျှော့ချထားလိုက်မယ်လို့ ဆိုတယ်။ (အဆင့်နိမ့်ယူရေနီယံဟာ လက်နက်အဆင့်ပစ္စည်းအဖြစ်တော့ ထုတ်လုပ်နိုင်ပါတယ်။) ဗုံးတစ်လုံးပြုလုပ်နိုင်တဲ့ အီရန်ရဲ့ တခြား ပလူတိုနီယံလမ်းကြောင်းဟာလည်း လက်ခံနိုင်လောက်စရာ အပေးအယူလုပ်နိုင်တဲ့အဆင့်ဖြစ်ခဲ့တယ်။ Markazi ဒေသ မြို့တော် Arak မှာရှိတဲ့ heavy-water နျူကလီးယားဓာတ်ပေါင်းဖိုကို ပြန်ပြီးပုံစံပြောင်းပါလိမ့်မယ်။ အရေးကြီးတဲ့ လက်နက်အဆင့် ပလူတိုနီယံတွေထုတ်လုပ်တဲ့ မူလဗဟိုချက်နေရာကိုတော့ ဖယ်ရှား/ ဖျက်ဆီးပါလိမ့်မယ်။ ၁၅ နှစ်အတွင်း heavy-water ဓာတ်ပေါင်းဖိုတစ်လုံးမှ ထပ်မဆောက်ပါဘူး။ အာမခံချက်အပေါ်မှာ ချုပ်နှောင်ထားကြတဲ့လုပ်ငန်းတာဝန်တွေအားလုံး အီရန်က လိုက်နာဖို့ရှိပါတယ်။ ဘောင်အကန့်အသတ်နဲ့ သဘောတူညီချက်ဆိုတဲ့ ဝေါဟာရအရ IAEA က စုံစမ်းစစ်ဆေးသူတွေဟာ အဆောက်အအုံမှန်သမျှ အတိအလင်းကြေညာပြီးတော့ပဲဖြစ်ဖြစ်၊ မကြေညာဘဲဖြစ်ဖြစ် သံသယဖြစ်ဖွယ်ရာလို့ ယူဆနိုင်သမျှ ကာလပတ်လုံးစစ်ဆေးနိုင်ပါလိမ့်မယ်။ သဘောတူညီချက်မှာ အီရန်ဟာ IAEA ရဲ့ အရေးကြီးကိစ္စထဲမှာ ဆက်ပြီးရှိနေမယ်ဆိုတာလည်း ထည့်သွင်းထားတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို Possible Military Dimensions (PMDs) လို့ ခေါ်ဝေါ်သုံးစွဲနေဦးမယ်။ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်(NPT) ရဲ့ ပုံမှန်ကာကွယ်ရေးသဘောတူညီချက်တွေရှိနေသေးသလို IAEA ရဲ့ အဲဒီလုပ်ပိုင်ခွင့်မျိုးဟာ အကန့်အသတ်မရှိကျန်ရှိနေဦးမယ်။
ဇူလိုင် ၁ ရက်နေ့ သဘောတူညီချက်အတွက် ဘာတွေလိုအပ်မလဲ။
အခြေခံအားဖြင့် နည်းပညာပိုင်းအသေးစိတ်ဖြည့်တင်းဖို့ လိုအပ်တာတွေ အများကြီးရှိနေတယ်။ စုံစမ်းစစ်ဆေးခြင်းနဲ့ အတည်ပြုတဲ့စနစ်သဘာဝ အတိအကျဆိုရရင် မလိုက်နာမှုအတွက် ပြစ်ဒဏ်ဆိုတာအထူးအရေးကြီးပါတယ်။(ဥပမာ ယူအက်စ်နဲ့ အီးယူကတားမြစ်ပိတ်ဆို့မှုတွေ ချက်ချင်းမြန်မြန်ဆန်ဆန်ပြန်လည်ချမှတ်တာနဲ့ ယူအန်က တားမြစ်ပိတ်ဆို့မှုအသစ်တွေချမှတ်လိုက်တာမျိုးပါ။) ဘာကြောင့်လဲဆိုရင် ဘောင်အကန့်အသတ်နဲ့သဘောတူညီချက်ဟာ သိပ်ပြီးအသေးစိတ်ပါဝင်တယ်။ ပြင်းထန်တာတွေထဲက တချို့ရုတ်သိမ်းပြီးနေပါပြီ။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးသူတစ်ဦးရဲ့ မှတ်ချက်က အားလုံးသဘောတူသည့်တိုင် ဘာမှအတည်မပြုနိုင်သေးဘူး တဲ့။
သဘောတူညီချက်ပြိုကွဲပျက်စီးသွားဖို့ ဘယ်သူတွေက မျှော်လင့်နေမလဲ။ သူတို့ထူးထူးခြားခြားမျှော်လင့်တာ ဘာတွေလဲ။
သဘောတူညီချက်ကို အားသွန်ခွန်စိုက်အပြစ်ဖို့သူတွေအများကြီးပဲ ရှိတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုက (အစ္စရေးရဲ့လုံခြုံရေးတည်ဆောက်ဖို့ ပိုပြီးမျှော်လင့်ထားပေမယ့်) ဒီသဘောတူညီချက်ကို ပြိုလန့်ချောက်ချားစရာစကားလုံးတွေနဲ့ ရွေးနှုတ်ဖော်ပြခဲ့တယ်။ ကွန်ဂရက်ထဲက ရီပတ်ပလီကန်သိမ်းငှက်ကြီးတွေ(တချို့ဒီမိုကရက်တွေတောင် အပါအဝင်ပါ) အီရန်နဲ့ ပြုလုပ်တဲ့သဘောတူညီချက်မှန်သမျှကို မုန်းတီးကြတယ်။ အရှေ့အလယ်ပိုင်းမှာ ပြဿနာတွေကိုဖန်တီးနေသူ၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာအကြမ်းဖက်သမားတို့လို အကြမ်းဖက်သမားတွေအတွက် လိုအပ်တဲ့ပစ္စည်းထောက်ပံ့ပေးသူဆိုတဲ့ အီရန်ရဲ့လုပ်ရပ်တွေကို အဲဒီသဘောတူညီချက်က ဘာမှ ရည်ညွှန်းဟန့်တားနိုင်မှာမဟုတ်ပါဘူးလို့ ယူဆကြတယ်။ တီဟီရန်က သဘောထားတင်းမာသူတွေကလည်း ဒီသဘောတူညီချက်ကို ဆန့်ကျင်ကြတယ်။ သူတို့ဘက်ကအမြင်အတွေးနဲ့ပဲ ကျန်းမာရေးမကောင်းလှတဲ့ ခေါင်းဆောင်ကြီး အလီ ခိုမေနီကို မျှော်လင့်နေကြတုန်းပဲ။ (၂၀၁၅ အစပိုင်း Wall Street Journal က သတင်းမှာ ခိုမေနီ ကင်ဆာရှိနေတယ်ဆိုတာ အတည်ပြုဖော်ပြခဲ့တယ်။) Possible Military Dimensions (PMDs)ဖြစ်နိုင်ခြေရှိတဲ့စစ်ရေးရှုထောင့်တွေကိုညွှန်ပြပြီး တောင်းဆိုမယ်ဆိုရင် IAEA ဟာ စစ်ဆေးနိုင်ခွင့်ရရှိမယ်။ စစ်ရေးဗျူဟာကျတည်နေရာတွေကို ထိန်းချုပ်ထား အားကြီးအီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRG) ဟာ သဘောတူညီချက်ပျက်စီးနိုင်မယ့်နည်းလမ်းရှာဖို့ အလွန်အမင်း ဝမ်းမြောက်နေနိုင်တယ်။ IRD ရဲ့သဘောထားဆိုရင် တားမြစ်ပိတ်ဆို့မှုတွေကိုတောင် ဒေသတွင်းမှာ ရှိနေစေချင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ခေါင်းဆောင်အများအပြားကို ငွေရှာနိုင်တဲ့အခွင့်အလမ်းတွေ စီစဉ်ပေးနိုင်လို့ပါ။ ဒါပေမဲ့ သဘောတူညီချက်ပျက်ပြားသွားတာမြင်ချင်နေတဲ့သူတွေ ရင်ဆိုင်နေရတဲ့ပြဿနာရှိတယ်။ အဲဒါက သဘောတူညီချက်မဟုတ်ရင် တခြားဆွဲဆောင်နိုင်မယ့်ရွေးချယ်စရာနည်းလမ်း သူတို့ရှာဖွေပေးရမှာကိုပါ။ သာမန် အီရန်နိုင်ငံသားတွေဟာ ပုံမှန်စီးပွားရေးပြန်ရောက်လာဖို့ ပြင်းပြင်းပြပြလိုလားကြတယ်။ နျူကလီးယားလက်နက်တစ်ခုရရှိသွားမှာကို တားဆီးချင်တာနဲ့ပဲ အမေရိကန်မဲဆန္ဒရှင်တွေဟာ အီရန်နဲ့ စစ်ပွဲမှာတွေ့ကြဖို့ အာသီသနည်းနည်းလည်းရှိနေတယ်။ ဧပြီ ၂ ရက်နေ့ သဘောတူညီချက်မကြေညာခင်ဖော်ပြခဲ့တဲ့ ဝါရှင်တန်ပိုစ့်-ABC သတင်းဌာန စစ်တမ်းကောက်ယူမှုတစ်ခုအရတော့ အမေရိကန်တွေဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ တားမြစ်ပိတ်ဆို့မှုတွေကိုလျှော့ချပေးဖို့ အလဲအလှယ်အတွက် သဘောတူညီချက်ကို ထောက်ခံကြတယ်။ two to one margin နီးပါး အမေရိကန်နှစ်ယောက်က yes ဆိုရင် တစ်ယောက်က no သဘောထားမျိုးရှိကြတယ်။
သဘောတူညီချက် အတူတကွဆုပ်ကိုင်ထားလိုက်ကြပြီဆိုရင် အရှေ့အလယ်ပိုင်းအတွက် ဘယ်လိုအဓိပ္ပါယ်သက်ရောက်မလဲ။
အဲဒါပြောဖို့ခက်ပါတယ်။ အားလုံးခြုံပြောရင်တော့ သဘောတူညီချက်ဖြစ်မြောက်မယ်ဆိုရင် အဓိပ္ပါယ်က ဒေသတွင်းမှာ တော်တော်လေးလုံခြုံလာမယ်။ အန္တရာယ်ကြီးတဲ့နျူကလီးယားလက်နက်တွေနဲ့အပြိုင်အဆိုင် ပါဝင်ပတ်သက်နိုင်တဲ့ ဆော်ဒီအာရေဗျ နဲ့ အီဂျစ်၊ တူရကီတို့လည်း အနည်းဆုံးတော့ အခုအချိန်မှာ ပိုပြီးလုံခြုံလာနိုင်တယ်။ အီရန်သဘောတူညီချက် တစ်လတည်းကနေ တစ်နှစ်ကျော်ကျော်အထိပဲဖြစ်ဖြစ် တိုးလိုက်နိုင်တယ်ဆိုရင် အစ္စရေးဟာ ပိုပြီး လုံခြုံလာမှာသေချာပါတယ်။ နျူကလီးယားအစီအစဉ်တစ်ခုလုံးကလည်း ပိုပြီးပွင့်လင်းမြင်သာရှိလာမယ်။ ဒေသတွင်း ပထဝီဝင်နိုင်ငံရေးအရ သြဇာအရှိန်အဝါချဲ့နေတဲ့ဇာတ်ကောင်အဖြစ်မရပ်တည်ဘဲ၊ ပိုပြီးပူးပေါင်းဆောင်ရွက်လာနိုင်တယ်။ အီရန်က ချမ်းသာလာမယ်ဆိုရင် အန္တရာယ်များတာတစ်ခုကတော့ နှောင့်ယှက်မှုပိုပြီးပေးလာနိုင်တာပါ။ သဘောတူညီချက်ဟာ ပြိုင်ဘက်(ရန်သူ)တွေကြားက လက်နက်ထိန်းချုပ်ရေးသဘောတူညီချက်သက်သက်ပါ။ မိတ်ဖြစ်ဆွေဖြစ်ကြိုဆိုပွေ့ဖက်မှုတွေ မဟုတ်ပါဘူး။ အီရန်နဲ့ အနောက်နိုင်ငံတွေကြားက ချဉ်းကပ်မှုတွေမှာ ကွဲပြားမှုတွေဆက်ပြီး ဖြစ်နေပါလိမ့်မယ်။ အီရန်စီးပွားရေး ကမ္ဘာနဲ့ ပြန်လည်ပူးပေါင်းဆောင်ရွက်လာနိုင်မယ်၊ အီရန်တို့ လက်မှတ်ထိုးလိုက်တဲ့သဘောတူညီချက်အရ လိုက်နာစရာတာဝန်တွေကိုလည်း လက်ခံလုပ်ဆောင်မယ်၊ အဘက်ဘက်က ယုံကြည်မှုအတိုင်းအတာတည်ဆောက်နိုင်မယ်ဆိုရင် ပိုပြီးအကျိုးများစရာ နောက်ဆုံးမှာပေါ်ထွက်လာမှာပါ။
Source: Everything you want to know about the Iranian nuclear deal | www.economist.com
Arak's IR-40 Heavy water reactor |
အီရန် နျူကလီးယားသဘောတူညီချက်မှာ ဘာတွေပါဝင်လဲ။
ပါဝင်တဲ့အရေးကြီးအချက်အလက် ၇ ချက်မှာ -
၁. စက်ဒလက်တွေ
စုစုပေါင်း စက်ဒလက် ၁၉၀၀၀ ခန့်မှာ ၁၀၀၀၀ ဟာ ဒီနေ့လည်ပတ်နေဆဲပါ။ သဘောတူညီအရ ၆၁၀၄ အထိ လျှော့ချမယ်။ စက်ဒလက် ၅၀၆၀ သာ ၁၀ နှစ်ကျော် ယူရေနီယံသန့်စင်ရာမှာ အသုံးပြုခွင့်ရှိပါမယ်။ စက်ဒလက်တွေဆိုတာဟာ ပြွန်ပုံစံရှိတဲ့စက်တွေဖြစ်ပြီး ယူရေနီယံသန့်စင်ရာမှ အသုံးပြုတယ်။ ပြည့်ဝယူရေနီယံဟာ နျူကလီးယားစွမ်းအင် နဲ့ နျူကလီးယားဗုံးတွေပြုလုပ်ရာမှ လိုအပ်တဲ့ပစ္စည်းပါ။
၂. ယူရေနီယံသန့်စင်ခြင်း
အီရန်စက်ဒလက်တွေ ၃.၆၇ ရာခိုင်နှုန်းသာ ယူရေနီယံသန့်စင်ရေးအသုံးပြုနိုင်မယ်။ အဲဒီပမာဏဟာ တိုင်းပြည်၊ အရပ်သားတွေအတွက် စွမ်းအင်ထုတ်ရာမှာ လုံလောက်စေတယ်။ နျူကလီးယားဗုံးထုတ်လုပ်ဖို့တော့ မလုံလောက်ပါဘူး။ သဘောတူညီချက်ဟာ ၁၅ နှစ်အကြာမှာပြီးဆုံးမယ်။ တီဟီရန်ဟာ အဲဒီ ၁၅ နှစ်ကာလအတွင် ယူရေနီယံသန့်စင်အဆောက်အအုံ အသစ်မတည်ဆောက်ဘူးလို့ သဘောတူညီရပါမယ်။ ၃.၆၇ ရာခိုင်နှုန်းထိ လျှော့ချဖို့ အဓိကငြင်းဆန်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ၂၀ ရာခိုင်နှုန်းထိ လျှော့ချခဲ့တယ်။ ဖြည့်စွက်ချက်မှာ ၁၅ နှစ်အတွင်းမှာ အီရန်ဟာ လက်ရှိထုတ်နေတဲ့ အဆင့်နိမ့်ယူရေနီယံ ၁၀၀၀၀ ကီလိုဂရမ်ကနေ ၃၀၀ ကီလိုဂရမ်အထိလျှော့ချထားရမယ်။
၃. လက်နက်ထုတ်လုပ်တဲ့အချိန် (breakout time)
နျူကလီးယားလက်နက်တစ်ခုထုတ်လုပ်ရာမှာလိုအပ်တဲ့ ပစ္စည်းသိုမှီးဖို့ အီရန်အဖို့ လတ်တလော ၂လ ဒါမှမဟုတ် ၃လ သာကြာမြင့်နိုင်တယ်။ သဘောတူညီချက်အရအတည်ဖြစ်သွားရင် ယူရေနီယံသန့်စင်ထုတ်လုပ်မှုလျှော့ချရမှာဖြစ်တဲ့အတွက် နျူကလီးယားလက်နက်တစ်ခုထုတ်လုပ်ဖို့ အချိန် တစ်နှစ် တိုးမြင့်သွားနိုင်ပါလိမ့်မယ်။ အဲဒီသဘောတူညီချက် breakout ကာလဟာ အနည်းဆုံး ၁၀နှစ် အထိ အကျုံးဝင်နေမှာပါ။
၎. Fordow နျူကလီးယားအဆောက်အအုံ
အီရန်ရဲ့ Fordow မြေအောက်နျူကလီးယားဓာတ်ပေါင်းဖိုဟာ အနည်းဆုံး ၁၅ နှစ်အတွင်း ယူရေနီယံသန့်စင်မှုရပ်တန့်ထားရပါလိမ့်မယ်။ အဲဒီအဆောက်အအုံမှာ ကွဲပွားစေတဲ့ပစ္စည်း သှိမှီးမထားနိုင်ဘဲ စက်ဒလက် ၁၀၀၀ တော့ ထားရှိနိုင်မယ်။ Fordo ကျေးလက်ဒေသမှာရှိတဲ့ ဓာတ်ပေါင်းဖိုဟာ အီရန်ရဲ့ အကြီးဆုံးဓာတ်ပေါင်းဖိုတွေထဲက တစ်ခုပါ။ တောင်တစ်လုံးရဲ့မြေအောက် ပေ ၂၀၀ အနက်မှာ မြှပ်နှံတည်ဆောက်ထားတယ်။ ၂၀၀၉ ခုနှစ် ယူအက်စ်က သိရှိထုတ်ဖော်ခဲ့တဲ့အချိန်မတိုင်ခင်အထိ နိုင်ငံတကာအုပ်စုက အဲဒီဓာတ်ပေါင်းဖိုအကြောင်းမသိရှိခဲ့ကြဘူး။
၅. သုတေသန နဲ့ ဖွံ့ဖြိုးရေးအတွက်
အီရန်ဟာ ယူရေနီယံသန့်စင်တာကို သုတေသန နဲ့ ဖွံ့ဖြိုးရေးအတွက်သာ ဆက်လက်လုပ်ဆောင်နိုင်မယ်။ ဒီလုပ်ငန်းကိုလည်း breakout time က တစ်နှစ် အတွင်းမှာပဲ ဘောင်ခတ်ကန့်သတ်ထားပါလိမ့်မယ်။ ဒါပေမဲ့ အဆောက်အအုံစနစ်ပုံစံ အီရန်ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေရှိတယ်။ စက်ဒလက်တွေ လျှောချတာရယ် Arak မှာရှိတဲ့ heavy water ဓာတ်ပေါင်းဖိုကိုလည်း ပြန်လည်တည်ဆောက်တာရယ် အပါအဝင်ပါ။ လက်ရှိအဆောက်အအုံတွေ ထိန်းသိမ်းထားနိုင်ခွင့်တော့ရှိနေမယ်။
၆. စုံစမ်းစစ်ဆေးမှုတွေ
အီရန်ဟာ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၊ ယူအန် နျူကလီးယား စောင့်ကြပ်ကြည့်ရှုတဲ့အဖွဲ က စုံစမ်းစစ်ဆေးသူတွေကို လက်ခံစီစဉ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ကြေညာထားတဲ့အဆောက်အအုံတွေအားလုံးကို စုံစမ်းခွင့်ပြုပေးမှ အဲဒီမှာ စစ်ရေးခြိမ်းခြောက်နိုင်တဲ့လက်နက်ထုတ်လုပ်မှုမရှိ အေဂျင်စီက သေချာသိရှိစေနိုင်မှာပါ။ အီရန်စစ်တပ်အဆောက်အအုံ Parchin ဟာလည်း နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်နေတာကြောင့် အဲဒီအဆောက်အအုံကို စစ်ဆေးခွင့်ပြုရမယ့်အထဲ ပါဝင်တယ်။ အနောက်နိုင်ငံတွေဟာ ကြေညာထားတဲ့အဆောက်အအုံတွေသာမကဘဲ အီရန်နိုင်ငံအနှံ့အပြား ထိန်းချုပ်မှုမရှိခွင့်ပြုနိုင်ရေးကြိုးစားနေကြတယ်။ အရင်က အီရန်ဟာ နျူကလီးယားလုပ်ငန်းတွေကို လှို့ဝှက်စီမံခန့်ခွဲနေခဲ့ပါတယ်။
၇. တားမြစ်ပိတ်ဆို့မှု ပယ်ဖျက်ခဲ့တာတွေ
အဓိကအချက်တွေ အီရန်နဲ့ သဘောတူညီချက်ရပြီလို့ ယူအန်စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုပြီးတဲ့နောက် ယူအက်စ်နဲ့ အီးယူ ဟာ အီရန်စီးပွားရေးအတွက်ဦးစားပေး၊ နျူကလီးယားထုတ်လုပ်မှုနဲ့သက်ဆိုင်တဲ့တားမြစ်ပိတ်ဆို့မှုတွေကို ပယ်ဖျက်ကြမယ်။ သဘောတူညီချက် ချိုးဖောက်မှုတွေရှိမယ်ဆိုရင် တားမြစ်ပိတ်ဆို့မှုတွေ ချက်ချင်းပြန်လည်သတ်မှတ်နိုင်ပါလိမ့်မယ်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အသစ်မှာ တခြားအရံကန့်သတ်ချက်တွေပါဝင်နေမှာဖြစ်ပေမယ့် အီရန်ရဲ့ နျူကလီးယားဆက်စပ်အဆင့်တွေ သဘောတူညီပြီဆိုရင် ယူအန်တားမြစ်ပိတ်ဆို့မှုတွေ ပယ်ဖျက်မှာပါ။ နိုင်ငံတကာလျှော့ချမှုတွေမှာ အီရန် ရေနံဆီဝယ်ယူမှုတွေနဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာနိုင်ငံတွေနဲ့ ဆက်ဆံမှုမရှိနိုင်တာတွေကြောင့် လက်ရှိနှစ်တွေမှာ အီရန်ရဲ့စီးပွားရေးဆုပ်ကိုင်ထိန်းချုပ်ထားခံရသလိုဖြစ်နေခဲ့တယ်။ တားမြစ်ပိတ်ဆို့မှုတွေ ပယ်ဖျက်မယ်ဆိုရင် နိုင်ငံရဲ့ အဓိကစီးပွားရေးဆုလာဘ်တွေ ယူဆောင်လာနိုင်မှာပါ။
Source: What's in the Iran nuclear deal? 7 key points, as conveyed by U.S. officials | CNN Politics
ဖြိုးဖြိုး
လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အီရန်ရဲ့ နျူကလီးယားအန္တရာယ် (အီရန် နျူကလီးယားအကြောင်း တဆက်တည်းဖတ်ချင်ရင်ပါ။)
No comments:
Post a Comment