Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 15, 2016

စိတ်ကြိုက်မီးဖိုခန်းလေး ပြင်ဆင်နိုင်ဖို့

ဗီရိုတွေထဲမှာ မီးဖိုးခန်းအတွက်ပြင်ဆင်တဲ့အခါ ဈေးအကြီးဆုံးကုန်ကျတတ်တာကြောင့် လိုအပ်တဲ့ပစ္စည်းတွေမဝယ်ခင်မှာ ဂရုတစိုက်စဉ်းစားရွေးချယ်ဖို့ လိုအပ်လှတယ်။ ကိုယ့်ရဲ့မီးဖိုခန်းလေးအတွက် ကိုယ့်အကြိုက်နဲ့ အလိုက်ဖက်ဆုံး မှန်ကန်တဲ့ဒီဇိုင်း၊ စတိုင် နဲ့ အရောင်အသွေးရောစပ်မှုတွေ စူးစမ်းရှာဖွေကြည့်ထားရင်တော့ ပိုပြီးအဆင်ပြေနိုင်မှာပါ။


Traditional Elegance
ဗီရိုတွေမှာ classic ဆန်ပြီး အချိန်မရွေးရေပမ်းစားနေနိုင်တဲ့ ကြော့ကြော့မော့မော့ရှိလှတဲ့စတိုင်ပါ။ ကရင်မ်အဖြူရောင်ပတ်လည်အဝန်းအနားတစ်လျှောက် အနက်ရောင်အလွှာထပ်ပိုးထားတဲ့ ဗီရိုတွေဟာ ကိန်းကြီးခမ်းကြီးနိုင်သလိုဟန်ပန်ရှိနေပေမယ့် လေးကန်ထိုင်းမှိုင်းသွားနိုင်တဲ့ရိုးရာစတိုင်ထဲက ကွဲထွက်နေပါတယ်။

Urban Update
၁၉၂၀ ခုနှစ်ထဲက ဝေလနယ်ထဲက အလယ်ခေတ်ဗိသုကာလက်ရာ တော်ဝင်Tudor house ပုံစံမှာ ရှင်းရှုင်းသန့်သန့်လိုင်းကြောင်းတွေနဲ့ ခေတ်မီစတိုင်ပေါင်းစပ်ထားတာ ဒီမီးဖိုခန်းလေးမှာမြင်တွေ့နိုင်တယ်။

Updated Vintage
အမြဲတမ်း ခေတ်စားနေခဲ့တဲ့ Vintage စတိုင်ကို ဝက်သစ်ချသားပွတ်လုံးထိုင်ခုံတွေနဲ့ တွဲဖက်အလှဆင်ထားပါတယ်။
A Touch of Italy
အီတလီအလယ်ပိုင်း Tuscan ဒေသစတိုင်လွှမ်းမိုးနေတဲ့မီးဖိုခန်းကို မီးလင်းဖိုနေရာထပ်ပေါင်းထည့်ထားတဲ့ပုံစံပါ။

Sleek Transitional Style
ရိုးရာအစဉ်အလာမပျက်သုံးလာတဲ့စတိုင်မှာ ရိုးရှင်း၊ အသုံးဝင်ပြီး ကိန်းခန်းကြီးနေတဲ့ဟန်မရှိ၊ ရိုးသားတဲ့ Shaker စတိုင်နှစ်မျိုးလုံးရောမွှေထားတဲ့ ပုံစံပါ။

Modern Scandinavian Style
သစ်သားလွှာ ဖော်မိုင်ကာအလွှာအုပ်ထားတဲ့ ဗီရိုကိုပဲ အခြေခံပြီး စိမ်းဝါရောင်နဲ့ အေးဆေးတည်ငြိမ်တဲ့ ခဲရောင်ပေါင်းစပ်ထားတော့ ခပ်ရိုးရိုးပေမဲ့ စွမ်းအားရှိတဲ့စတိုင်လို့ဆိုကြတယ်။

Farmhouse Charm
Antique ပရိဘောဂစတိုင်ဗီရိုနဲ့ Country စတိုင် စားပွဲတို့ပေါင်းစပ်ထားတယ်။ သစ်သားအရောင်နဲ့ ရေညှိစိမ်းဖျော့ဖျော့အရောင်ရောနှောထားတာ အဆင်မပြေတဲ့အသွေးအရောင်းပေါင်းစပ်မှုလို့ဆိုပေမဲ့ ကျေးလက်သဘာဝအရသာအပြည့်ရနိုင်တဲ့စတိုင်ဖြစ်နေပါတယ်။

Retro Contemporary

Customize with Color
ရိုးရှင်းတဲ့ Shaker စတိုင်မှာ အရောင်တွေစိတ်ကြိုက်ပေါင်းထည့်ထားပါတယ်။

Classic White
အဖြူရောင်မီးဖိုခန်းအားလုံးဟာ အလွန့်အလွန်ခေတ်စားလှတဲ့ စတိုင်ပါ။ 

Clean and Contemporary
ရှင်းရှင်းသန့်သန့်ချစ်စရာကောင်းလှတဲ့ ခေတ်ပြိုင်လက်ရာမီးဖိုခန်းလေးက စိတ်ကြိုက်တွေ့နိုင်တဲ့ပုံစံဖြစ်နေပါတယ်။
Easy-Access Cabinets
ကိုယ်အသုံးလိုလိုက်တိုင်း လွယ်လင့်တကူလက်လှမ်းယူနိုင်တဲ့ အဆင်အပြင်မျိုးလို့ဆိုကြတယ်။

Classic French Flair
ကျက်သရေရှိလှတဲ့ ခမ်းနားတောက်ပနေတဲ့မီးဖိုခန်းပါ။ ပြင်သစ်ဗိသုကာလက်ရာခြေထောက်စတိုင်ပရိဘောဂတွေဟာ ဘုရင် Louis XIV ခေတ်မှာအခြေခံလာခဲ့တဲ့လက်ရာမျိုးပါ။

Modern Cottage

Victorian Shaker Style
ခရစ်တော်ရှင်ပြန်ထမြောက်လာပြီးနောက်ပိုင်း စတင်အသုံးပြုလာခဲ့တဲ့ Shaker စတိုင်မှာ Victorian ခေတ်လက်ရာပေါင်းစပ်ထားပါတယ်။

Colorful Industrial Style

Country French Authenticity

Updated Arts and Crafts

Timelss Traditional

Specialized Storage

Source: Kitchen Cabinet Ideas | Better Home and Gardens(www.bhg.com)

ဖြိုးဖြိုး
(Living Fashion Magazine, July)

No comments: