Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 15, 2016

ဗိုလ်ချုပ်ပြတိုက်ရဲ့ အခင်းအကျင်း

သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်ပြတိုက်ဟာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာတည်ရှိပါတယ်။ ပြတိုက်ဟာ ခေတ်မီမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူးဂုဏ်ပြုဖွင့်လှစ်ထားတာပါ။ နှစ်ထပ်ရှိတဲ့အဆောက်အဦဖြစ်ပြီး ၁၉၆၂ မှာ ဗိုလ်ချုပ်ရဲ့ နေအိမ်ကို ပြတိုက်အဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်၊ ဗိုလ်ချုပ်လုပ်ကြံသတ်ဖြတ်ခံရချိန် မတိုင်ခင်အထိ အဲဒီအိမ်မှာပဲ နေထိုင်သွားခဲ့ပါတယ်။ နေအိမ်ပုံစံကတော့ ကိုလိုနီခေတ်က အပမ်းဖြေအိမ်ပုံစံမျိုးပါ။ ၁၉၂၁ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ အဲဒီနေအိမ်မှာပဲ ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကြီးပြင်းခဲ့တာပါ။ ပြတိုက်အခင်းအကျင်းကိုတော့ ဗိုလ်ချုပ်အောင်ဆန်ရဲ့ လူကြီးဘဝသက်တမ်းခပ်တိုတိုကာလလေးကို အဓိကထားပြသထားတာပါ။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့ရာနေအိမ် ပြတိုက်ကိုတော့ သူ့ရဲ့ ငယ်ဘဝနဲ့ မိသားစု အမှတ်တရပစ္စည်းလေးတွေစုဆောင်းပြီး ပြတိုက်၂ခုလုံးကို အသက်ထင်ရှားရှိစဉ်က ဘဝအနေအထားနဲ့ လိုက်ဖက်ညီအောင် အခင်းအကျင်းပြင်ဆင်ထားခဲ့ကြတယ်။
ဗိုလ်ချုပ်ပြတိုက်မှာ ဘဝဇာတ်ကြောင်းရာဇဝင်၊ အထွေထွေအမှတ်တရပစ္စည်းတွေထဲမှာ အဝတ်အစား၊ စာအုပ်၊ ပရိဘောဂ၊ မိသားစုဓာတ်ပုံတွေနဲ့ ဗိုလ်ချုပ်စီးခဲ့တဲ ကား စသဖြင့်ပြသထားပါတယ်။ ဗိုလ်ချုပ်ပြတိုက်ကို အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီခွဲ ကနေ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်တယ်။ တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ပြတိုက်ပိတ်ပါတယ်။ နှစ်စဉ် အာဇာနည်နေ့ ဇူလိုင် ၁၉ရက်နေ့မှာတော့ ၃ နာရီခန့်ပဲ ဖွင့်လှစ်ပါတယ်။ ပြတိုက်ဟာ ရန်ကုန်မြို့တော်အမွေအနှစ်စာရင်းဝင်နေရာတစ်ခုပါ။

ပြတိုက်အောက်ထပ်မှာ မိသားစုအခန်း၊ ထမင်းစားခန်းနဲ့ ဧည့်ခန်းတွေအဓိက ပါရှိတယ်။  နတ်မောက်မြို့မှာရှိစဉ် မူလတန်းပညာသင်ကြားတဲ့ ဘုန်းကြီးကျောင်းဓာတ်ပုံအပါအဝင် လူငယ်ဘဝကဓာတ်ပုံတွေလည်းပြသထားတယ်။ တခြား ပညာရေးနဲ့ပတ်သက်တဲ့အောင်လက်မှတ်တွေလည်း ပြထားပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံတွေနဲ့ နိုင်ငံရပ်ခြားခရီးသွားခဲ့တဲ့ဓာတ်ပုံတွေလည်း တွေ့ရှိနိုင်ကြတယ်။ ကျော်ကြားတဲ့ မိန့်ခွန်းတွေလည်းခင်းကျင်းပြသထားတယ်။ မိသားစုဓာတ်ပုံတွေနဲ့ ဇနီးသည် ဒေါ်ခင်ကြည်ဆီကို ရေးသားခဲ့တဲ့မှတ်စု၊ စာတမ်းလေးတွေနဲ့ အောင်ဆန်းလို့ရေးထွင်းထားတဲ့ မီးခြစ်နဲ့ ဆေးလိပ်ပြာခံခွက်လို တခြားတစ်ကိုယ်ရေအမှတ်ရစရာပစ္စည်းလေးတွေလည်း ပြသထားသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရတဲ့နေ့တိုင်အောင်အသုံးပြုခဲ့တဲ့ ရုံးသုံးကားကိုလည်းတွေ့ရှိနိုင်ပါတယ်။

အပေါ်ထပ်မှာ ဗိုလ်ချုပ်နဲ့ ဇနီးဒေါ်ခင်ကြည်တို့ရဲ့ အိပ်ခန်း၊ ကလေးတွေရဲ့အိပ်ခန်း၊ စာကြည့်ခန်းနဲ့ အစည်းအဝေးခန်းတို့ ရှိကြတယ်။

ပန်းခြံထဲမှာတော့ ဗိုလ်ချုပ်ပေါက်တူးတစ်လက်နဲ့ မြေတူးဆွနေတဲ့ ကြေးရုပ်ထုကို မြင်တွေ့ရမှာပါ။ ပန်းခြံထောင့်နားမှာပဲ သားအလတ် အောင်ဆန်းလင်း ရေတိမ်နစ်သေဆုံးခဲ့တဲ့ ရေကူးကန်ကိုလည်း အညွှန်းစာတမ်းနဲ့အတူ တွေ့နိုင်ပါတယ်။     


Bogyoke Aung San Museum
The Bogyoke Aung San Museum, located in Bahan, Yangon, is a museum dedicated to General Aung San, the founder of modern Myanmar (Burma). Established in 1962, the two-story museum was Aung San's last residence before his assassination in July 1947. It is a colonial-era villa, built in 1921,[1] where his daughter Aung San Suu Kyi grew up as a child. The museum, with its focus on Gen. Aung San's short adult life, is complementary to the Bogyoke Aung San Residence Museum in Natmauk, Magwe Division, which is dedicated to his childhood and family memorabilia. It houses exhibits on his life story and general memorabilia which includes clothing, books, furniture, family photos and the late general's car.

For many years, the museum was opened only for three hours each year– on the Martyrs' Day of 19 July, and museum opens on Tuesday to Sunday from 9:30am to 4:30pm except on Monday and gazetted holidays. The museum formally reopened on 24 March 2012.
The museum is listed on the Yangon City Heritage List.

Ground floor displays
The majority of the displays are located at the family room, dining room and living room on the ground floor.
Photos of his youth at Natmauk, including those of the Buddhist monastery where he received primary education, and other certificates of educational achievements
Photos at various political activities and during travels abroad

Displays of his famous speeches
Family photos
Other personal mementos such as handwritten notes to his wife Khin Kyi, personal lighter etched Aung San and ash tray, etc.
Car used for official transport until the day of assassination

Upper floor displays
Bedroom of Aung San and Khin Kyi
Bedrooms of their children
Library
Meeting room

In the garden
In the garden of the house, there is a bronze statue of Aung San doing gardening work, and also the swimming pool where his middle son Aung San Lin drowned.

Ref: Wikipedia/ Tripadvisor
Spring
(Living Fashion Magazine, September, 2016)

No comments: