၁၉၈၉ခုနှစ်ကပါ။ ကျွန်တော် အထက်တန်းကျောင်းအောင်မြင်အပြီး ကောလိပ်သွားဖို့သုံးလအလို မှာပေါ့။ ကျွန်တော် ဗျာများခဲ့ရပြီလေ။ ပါကစ္စတန်မှာက အဲဒီအချိန်မှာ ကန့်သတ်ချက်တွေနဲ့ပါ။ ဘယ်လမ်းကို ကွန်တော်ရွေးချယ်ရမလဲ ဆိုတာ သိပ်ကို စဉ်းစားခဲ့ရတယ်။ ကျွန်တော်တို့လမ်းဆုံလမ်းခွကို ဘယ်လို ဖြတ်သန်းကျော်လွှားကြမလဲ။ တကယ့်ပြဿနာ။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ ကျွန်တော်အတွက် လမ်းသုံးသွယ်ရှိပါတယ်။ ကွန်တော်က အင်ဂျင်နီယာအလုပ်ကို ၀ါသနာမပါဘူး။ ဒီတော့ ရွေးချယ်စရာ လမ်းက နှစ်ခုဘဲ ရှိတာပါ။ ကျွန်တော် မဆုံးဖြတ်တတ်ခဲ့ဘူး။ ကျွန်တော့် မိသားစုထဲမှာ လူကြီးတွေ ရှိတော့ အကြီးဆုံးဦးလေးတယောက်က အကြံပေးတယ်။ လက်တွေ့ကွင်းဆင်းလေ့လာပါတဲ့။ ဒါ သိပ်ကောင်းတဲ့ စိတ်ကူးပါဘဲ။ ကျွန်တော် ကရာချိမှာရှိတဲ့ နိုင်ငံခြားဘဏ်တခုနဲ့ဆက်သွယ်ပြီး လေ့လာကြည့်တယ်။ စီးပွားရေးလုပ်ငန်းရှင်များ ဘယ်လိုလှုပ်ရှားနေသလဲ။ ဘယ်လို ငွေကြေးလည်ပတ်ကြသလဲ။ ကမ္ဘာ့ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းအ၀၀နဲ့ ရောင်းရေးဝယ်တာကိစ္စ ဈေးကွက်ရှာဖွေရေးကိစ္စ စသည် ကျွန်တော်လေ့လာတယ်။ ကျွန်တော် အထူးယုံကြည်အားကိုးတာက အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုဝါဒ (professionalism)ကိုပါ။ အထူးသဖြင့် မိတ်ဆွေသစ်တွေနဲ့ပါ။ ကျွန်တော် သက်တောင့် သက်သာနဲ့ ချောချောမွေ့မွေ့ လုပ်ကိုင်သွားနိုင်မှာပါ။ တစ်လဆိုတာ ဘာမှမကြာလိုက်ဖူး။ ကုန်လွယ်လိုက်တာ။ ကျွန်တော် နောက်တစ်မျိုး လေ့လာဖို့  ရှိပါသေးတယ်။