Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label အခက်အခဲတွေကြားက စိန့်ဆာဗာဘုရားကျောင်း. Show all posts
Showing posts with label အခက်အခဲတွေကြားက စိန့်ဆာဗာဘုရားကျောင်း. Show all posts

Friday, March 19, 2010

အခက်အခဲတွေကြားက စိန့်ဆာဗာဘုရားကျောင်း



အော်သိုဒေါ့စ်ခရစ်ယာန်တွေအများစုရှိကြတဲ့ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့က ဆာဗာဘုရားကျောင်းဟာ အော်သိုဒေါ့စ်ဘုရားကျောင်းတွေထဲမှာ အကြီးဆုံးလို့လူသိများကြတယ်၊ အဲဒီဘုရားကျောင်းကို စိန့်ဆာဗာ(St.Sava) အတွက်ရည်ညွှန်းတည်ဆောက်ခဲ့ပါတယ်၊ ဆားဘီယားခေတ်လယ်ပိုင်းမှာထင်ရှားတဲ့ ဘုရားကျောင်းပါ၊ တူရကီအော်တမန်အင်ပါယာစစ်သူရဲ စီနန်ပါရှားက ၁၅၉၅ခုနှစ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေမီးရှို့ဖျက်ဆီးခဲ့ရာက ဆာဗာဘုရားကျောင်းလဲပျက်စီးခဲ့တယ်၊ ဘဲလ်ဂရိတ်မြို့သားတွေရဲ့ အလှူငွေနဲ့တည်ဆောက်ခဲ့တဲ့ မော်ကွန်းဝင်အဆောက်အဦးတစ်ခုပါ၊