Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label အားကစားနည်းများ. Show all posts
Showing posts with label အားကစားနည်းများ. Show all posts

Friday, August 02, 2013

သေသပ်ကျန ကြံ့ခိုင်တဲ့ခန္ဓာကိုယ် ဖြစ်ချင်တယ်ဆို

ခန္ဓာကိုယ်အလေးချိန်ပိုကဲလာတာဟာ အိပ်စက်တဲ့အခါ တခေါခေါအသံတွေပြုပြီး ကျယ်ကျယ်လောင်လောင် ဟောက်တတ်သလို၊ အိပ်နေရင်း တခဏလေး အသက်ရှုရပ်တန့်တာမျိုးတွေ ဖြစ်တတ်ပါတယ်တဲ့။ ဝဖြိုးခြင်းဟာ အထွေထွေကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်စွာနေထိုင်ရှင်သန်ရေးမှာ အဓိကလွှမ်းမိုးနေတတ်တယ်။ အလွန်အမင်းဝဖြိုးသူ ၅၀-၆၀ ရာခိုင်နှုန်းလောက်ဟာ အဲဒီလို အိပ်စက်ရင်းအသက်ရှုရပ်တန့်တာတွေဖြစ်ပွားနေကြတယ်။ တကယ်ဆို သင့်တင်တဲ့ အစားအသောက် နဲ့ လေ့ကျင့်ခန်းလေးတွေ နေ့စဉ်ပြုလုပ်သွားပေးရုံနဲ့ သွက်လက်ကျန်းမာတဲ့ဘဝနေထိုင်မှုရရှိနိုင်မှာပါ။ ကိုယ့်ရဲ့ တစ်နေ့တာအစားအသာက်နဲ့ လှုပ်ရှားမှုလေးတွေကို ဟန်ချက်ညီအောင် မပျက်မကွက် ထိန်းပေးသွားတာကအကောင်းဆုံးပါပဲ။ အစားအသောက် အလွန်အမင်းချိုးခြံဖို့ မလိုသလို၊ လေ့ကျင့်ခန်းတွေလည်းအလွန်အကျွံမပြုလုပ်သင့်ပါဘူး။ ဒါပေမဲ့ အစားအသောက်ထိန်းညှိတာရယ်၊ သင့်တင့်တဲ့လေ့ကျင့်ခန်းလေးတွေတော့ နေ့စဉ် မပျက်မကွက်ပြုလုပ်ဖို့လိုအပ်ပါတယ်။ နာမည်ကျော်တွေဟာ သူတို့ရဲ့ ကျစ်လစ်သေသပ်တဲ့ခန္ဓာကိုယ်ကို ပွဲနေပွဲထိုင်အခမ်းအနားတွေမှာ၊ ကမ်းခြေတွေမှာ လှလှပပ ပြသကြဖို့ အမြဲအသင့်ရှိနေကြတယ်။ သူတို့ရဲ့ အဆီပိုမရှိ သေသပ်လှပတဲ့ခန္ဓာကိုယ်တွေအတွက် အမြဲ ဝံ့ဝံ့ကြွားကြွားရှိနေတတ်ကြမြဲပေါ့။ သူတို့ရဲ့ ဝံ့ကြွားမှုနောက်ကွယ်က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု၊ အားကစားလေ့ကျင့်ခန်းအတွက် ဘယ်လိုအားထုတ်မှုတွေရှိနေလဲ သူတို့ပြောတာကတော့

Friday, February 01, 2013

မြင်းတစ်ကောင်နဲ့ ကကြိုးဆင် ... ကဆုန်စိုင်းကြတော့မယ်ဆိုရင်

မြင်းစီးအားကစားကို Equestrian sport ဒါမှမဟုတ် horseback riding, horse riding လို့လည်း ခေါ်ကြတယ်။ မြင်းစီးကျွမ်းကျင်တယ်ဆိုတာကတော့ ပုံမှန်အလှစီး၊ အပြင်းဒုန်းစိုင်းစီး၊ တန်းကျော်စီး စသည်ဖြင့် နည်းစနစ်အားလုံးကို တတ်ကျွမ်းနေရတာပါ။ မြင်းတွေကို အသုံးပြုနိုင်ကြတာက နေ့စဉ်လုပ်ငန်းခွင်မှာခိုင်းစေတာ၊ ခရီးသွားတဲ့အခါ၊ အလှပြကာယလှုပ်ရှားမှုတွေမှာ၊ ယဉ်ကျေးမှုအနုပညာဆိုင်ရာလေ့ကျင့်လှုပ်ရှားမှုတွေ နဲ့ အားကစားပြိုင်ပွဲလို (လုပ်ငန်းခွင်၊ အလှပြ၊ အားကစား)နေရာမျိုးစုံမှာပါ။ မြင်းတွေဟာ လေ့ကျင့်သင်ကြားပေးဖို့ အင်မတန်လွယ်ကူတဲ့အမျိုးအစားဖြစ်တာကြောင့်ပဲ လုပ်ငန်းခွင်အတွက်ဆိုရင် ရဲဌာနမှာ တာဝန်ထမ်းဆောင်ရင်းအသုံးပြုကြတယ်။

အားကစားပြိုင်ပွဲတွေမှာ မြင်းအလှစီး (dressage), တာဝေးအကြမ်းစီးခြင်း (endurance riding)၊ အလှစီး၊ အကြမ်းစီး၊ အမြင့်ခုန်စမ်းသပ် စသည် မြင်းစီးနည်းမျိုးစုံပေါင်းစပ်ထားတဲ့ (eventing)၊ မြင်းဇက်ထိန်းစီးနည်း(စက်ဝိုင်းပုံစီး/ လှည့်ပတ်စီး/ ရုတ်တရက်ရပ်တန့်)လို့ ခေါ်ကြတဲ့ အမေရိကန်cowboy စီးကြတဲ့စတိုင်လ် (reining)၊ ကစားကွင်းထဲမှာ ပြိုင်ကြတဲ့ အမြင့်ခုန်၊ အဖွင့်ခုန်စီးနည်း (show jumping)၊ လက်မောင်းသားကျွမ်းကျင်မြင်းစီးနည်းလို့ တင်စားခေါ်တဲ့ စီးချင်းတိုက်မြင်းစီး (tent pegging)၊ မြင်းကျောကုန်းပေါ်အစုလိုက်အဖွဲ့လိုက် ကာယအလှပြကစားတဲ့ (vaulting)၊ ပလပ်စတစ်/ သစ်သားဘောလုံးကို တုတ်တံနဲ့ ရိုက်ယူဂိုးသွင်းကြတဲ့ အုပ်စုလိုက်မြင်းစီး (polo)ကစားနည်း၊ လေးဘီးလှည်း/ ရထားလုံး/ စွတ်ဖားချိတ်ထားတဲ့ မြင်းစီး (driving) နဲ့ အနောက်အမေရိက/ အနောက်ကနေဒါ/ မြောက်ပိုင်းမက္ကဆီကိုဘက်က cowboy တွေ နွားအုပ်ထိန်းကျောင်းအလုပ်လုပ်ပုံစီးကြတဲ့ rodeo မြင်းစီးပြိုင်ပွဲဆိုပြီး ကစားနည်းမျိုးစုံရှိပါတယ်။

မြင်းစီးအားကစားနည်းရဲ့ သမိုင်းကြောင်း ခေတ်တွေ နောက်ပြန်ကြည့်မယ်ဆိုရင်တော့ ဂရိလူမျိုးတွေရဲ့ စစ်သုံးမြင်းတွေကို အလှစီးလေ့ကျင့်သင်ကြားပေးတဲ့ dressage နည်းကို စတင်မိတ်ဆက်အသုံးပြုခဲ့ကြတယ် လို့ ဆိုတယ်။ အဲဒီကနေစတင်လာလိုက်တာ အလယ်ခေတ်မှာ စစ်ရေးလေ့ကျင့်မှုတွေကို ၃ ရက်တာပြုလုပ်ကြတဲ့အခါ အလှစီး၊ ဖြတ်ကျော်ခုန်စီး၊ နောက် အမြင့်ခုန် လေကျင့်စမ်းသပ်မှုတွေ ပါဝင်တယ်။ အဲဒီမြင်းစီးလေ့ကျင့်မှုတွေဟာ စစ်တပ်အတွက်လိုအပ်တဲ့စိန်ခေါ်မှုတွေအတိုင်း ပြင်ဆင်လေ့ကျင့်ကြတာပါ။ အဲဒီအချိန်ကနေ ပိုပြီးခေတ်မှီလာတဲ့အခါမှာတော့ အိုလံပစ်ပြိုင်ပွဲတွေစတင်လာပါပြီ။ ၁၉၂၁ မှာ ဆွစ်ဇာလန်နိုင်၊ မြို့တော် Lausanne အခြေစိုက် အပြည်ပြည်ဆိုင်ရာမြင်းစီးအားကစားအဖွဲ့ချုပ် (Fédération Équestre Internationale(FEI) ရဲ့ ဦးဆောင်မှုနဲ့ အိုလံပစ်အားကစားပြိုင်ပွဲစတင်ဆင်နွှဲလာတာပါ။ အိုလံပစ်ပြိုင်ပွဲမှာ မြင်းစီးအားကစားပြိုင်ပွဲဟာ အမျိုးသမီး၊ အမျိုးသားအတူတူရင်ဘောင်တန်းကာ တစ်ဘက်အသင်းကို တိုက်စစ်ဆင်ကစားနိုင်တဲ့ အားကစားနည်းပါလို့ ဆိုတယ်။ ပြီးတော့ လူသားနဲ့ တိရစ္ဆာန် အတူတကွယှဉ်ပြိုင်နိုင်တဲ့ တစ်ခုတည်းသော အားကစားနည်းဖြစ်ပါတယ်။
အိုလံပစ်မြင်းစီးအားကစားပြိုင်ပွဲမှာ Eventing (အသင်းလိုက်/ တစ်ဦးချင်း)၊ Dressage (အသင်းလိုက်/ တစ်ဦးချင်း) နဲ့ Jumping (အသင်းလိုက်/ တစ်ဦးချင်းပြိုင်ပွဲတွေ ရှိပါတယ်။ အိုလံပစ်မြင်းစီးအားကစားပြိုင်ပွဲတိုင်းရဲ့ စည်းမျဉ်းစည်ကမ်းတွေကို FEI ကပဲ သတ်မှတ်အုပ်ချုပ်ပါတယ်။

Dressage မြင်းစီးကစားနည်းဟာ မြင်းစီးသူအတွက် အခက်အခဲမရှိ ကျက်သရေရှိရှိ ကြွကြွရွရွလေး စီးနိုင်အောင် မြင်းကို စနစ်တကျလေကျင့်သင်ကြားထားပြီးမှ ပြိုင်ပွဲဝင်ကြတယ်။ dressage ကို သဲမြေခင်းထားတဲ့အားကစားကွင်းထဲမှာယှဉ်ပြိုင်ရတာပါ။ ရာသီတိုင်းကစားနိုင်တဲ့ကွင်းဖြစ်ရပြီး ၆၀x၂၀ မီတာ အကျယ်ရှိပါတယ်။ အသင်းလိုက်မြင်းစီးပြိုင်ပွဲကတော့ တစ်ချိန်စာပဲ ပြိုင်ကြရပြီး တစ်ဦးချင်းပြိုင်ပွဲတွေကတော့ ၃ ချီကျော်တဲ့အထိ ယှဉ်ပြိုင်ကြရပါတယ်။ အိုလံပစ် dressage ပြိုင်ပွဲမှာ FEI ဒိုင်လူကြီးငါးဦးက ကွင်းရဲ့ ရှုထောင့်အမျိုးမျိုးကနေ စောင့်ကြည့်နေကြတယ်။ လှုပ်ရှားမှု တိကျသေချာခြင်း၊ တည်ငြိမ်ခြင်း၊ ပေါ့ပါးဖျတ်လတ်စွာ ကွေးနိုင်ဆန့်နိုင်ခြင်းမှာ အားသာမှုတွေစောင့်ကြည့်ပြီး အနိုင်ရသူကို ရွေးချယ်ပါတယ်။
Jumping (Show Jumping)နည်းဟာ မြင်းနဲ့ မြင်းစီးသူရဲ့ အကာအရံအတားအဆီးတွေကို ခုန်ပျံကျော်လွှားနိုင်စွမ်းကို စမ်းသပ်တာပါ။ ၆ ပေ ၆ လက်မ (၂ မီတာ)အမြင့်/အကျယ် ရှိတဲ့ အကာအရံ ၁၀ ခု ကနေ ၁၆ ခု အထိ ဖြတ်ကျော်ပြီး ယှဉ်ပြိုင်ရပါတယ်။ လမ်းကြောင်းတွေဟာ အလိမ်အကွေ့များများ၊ အရောင်အသွေးစုံ အတားအဆီးတွေနဲ့ ပြင်ဆင်ထားတာကြောင့် မြင်းကိုရော၊ မြင်းစီးတဲ့သူကိုပါ စိတ်ပိုင်း/ရုပ်ပိုင်း ကြံ့ခိုင်ပေါ့ပါးလျင်မြန်ဖျတ်လတ်မှု အားလုံးအတွက် စိန်ခေါ်မှုတွေပြည့်နှက်နေတယ်။ တစ်ဦးချင်းရော အသင်းလိုက်ပါ ပွဲစဉ်တစ်ပွဲအတွင်း ပင်နယ်တီရခဲ့ရင် လမ်းကြောင်းနောက်ပြန်ဆုတ်ပြီး ပြန်လည်ကစားကြရတယ်။ ခုန်တဲ့အကြိမ်အရေအတွက်၊ ပြုတ်ကျ၊ ထိတွေ့၊ မြင်းက ခုန်ဖို့ငြင်းဆန်၊ အချိန်ပင်နယ်တီ စသဖြင့်အဲဒီအချက်တွေကို အခြေခံပြီး ရမှတ်တွေကို ပေးပါတယ်။ ပင်နယ်တီအနည်းဆုံးရတဲ့ မြင်းစီးသမားက အနိုင်ရပါလိမ့်မယ်။ မြင်းစီးပြိုင်မယ့်သူတွေဟာ ပြိုင်ပွဲမစတင်မီမှာ လမ်းကြောင်းကို စစ်ဆေးနိုင်ပါတယ်။ အကောင်းဆုံးဗျူဟာနဲ့ စီးနိုင်ဖို့ လမ်းကြောင်း စစ်ဆေးပြင်ဆင်မှုကလည်း အင်မတန်အရေးကြီးလှတယ်။

Eventing(Three Day Eventing) ပြိုင်ပွဲကတော့ ကျွမ်းကျင်မှု၊ နည်းမျိုးစုံနဲ့ စီးနိုင်တာ၊ သတ္တိကောင်းတာ နဲ့ ခံနိုင်ရည်ရှိ အားကောင်းမှုအတွက် မြင်းရော စီးသူကိုပါ စစ်ဆေးစမ်းသပ်တဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ သုံးရက် Eventing ဆိုတဲ့အတိုင်းပါပဲ။ ပြိုင်ပွဲအချိန်ကာလ သုံးရက်အတွင်းမှာ စည်းကမ်းဥပဒေ သုံးမျိုးနဲ့ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲပါ။ cross country jumping, dressage နဲ့ stadium jumping ပြိုင်ပွဲ သုံးမျိုးပါဝင်တယ်။ cross-country လမ်းကြောင်းမှာ သဘာဝကုန်းမြေ၊ လူလုပ်အရာဝတ္ထုတချို့နဲ့ ပြင်ဆင်ထားတယ်။ အကာအရံ ၄၀ အထိ ရှိနိုင်ပါတယ်။ မြင်းတွေဟာ အဲဒီအကာအရံတွေကို လွတ်မြောက်အောင် ခုန်ကျော်နိုင်ရပါမယ်။ လမ်းကြောင်းအရှည်က ၄ မိုင်ခန့်အထိ ရှည်လျားတယ်။ မြင်းကငြင်းဆန်တဲ့အခါ၊ မြင်းစီးသူ ပြုတ်ကျခဲ့တဲ့အခါ၊ အချိန်ကျော်သွားတဲ့အခါ စတဲ့အခြေအနေတွေကို မူတည်ပြီး ရမှတ်ကိုပေးပါတယ်။

အိုလံပစ် dressage ပြိုင်ပွဲတွေမှာ မြင်းတွေကို ချပ်ဝတ်တန်ဆာအနည်းဆုံးဝတ်ဆင်ရတာပါ။ အများစုက အနက်ရောင်သားရေပါပဲ။ boot ဝတ်ဆင်လို့မရပါဘူး။ မြင်းခွာ၊ bell boot နဲ့ အမြီးအဖုံးအကာလည်းအတူတူပါပဲ ဝတ်ဆင်ခွင့်မရှိပါဘူး။ မြင်းစီးသူကတော့ ဝမ်းဗိုက်အဖုံးအကာပါတဲ့ အမြီးရှည်ကုတ်လို့ခေါ်တဲ့ ကုတ်ရှည်ရှည်ဝတ်ရပါတယ်။ အဝါရောင် ဝေ့စ်ကုတ်၊ ဦးထုပ်၊ လက်အိပ်အဖြူ၊ ဘောင်းဘီအဖြူ နဲ့ အနက်ရောင်လည်ရှည်ဖိနပ်ဟာ မြင်းစီးသူတွေဝတ်ဆင်ရမယ့် ဝတ်စုံစတိုင်လ်ပါ။ three day Eventing ပြိုင်ပွဲအတွက် မြင်းစီးသူတွေဟာ အသင်းလိုက်ဒီဇိုင်းနဲ့ ဂျာစီ၊ ခေါင်းဆောင်းတွေ၊ ဦးခေါင်းထိခိုက်မှုကို အကာအကွယ်ပေးနိုင်မယ့် အထူးခေါင်းဆောင် ASTM/SEI helmet ဆောင်းရတယ်။ လက်အိတ်၊ ကိုယ်ထည်ပိုင်းအကွယ်အကာတွေ ဝတ်ဆင်ရပါသေးတယ်။ အိုလံပစ် show jumping ပြိုင်ပွဲတွေမှာဆိုရင် အလိမ့်အလှည့်၊ အကာအရံအတားအဆီးများစွာရှိတာကြောင့် မြင်းအတွက်လည်း လည်ရှည် boot၊ အထူးပြုလုပ်ထားတဲ့ ကုန်းနှီး၊ ဇက်ကြိုးနဲ့ လိုအပ်တဲ့အကာအကွယ်ဝတ်စုံတွေအားလုံး စီးသူအတွက်ပါ ပြည့်စုံအောင် ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။

၂၀၁၂ နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနှစ်ဆု (တစ်ဦးချင်း/ အသင်းလိုက်) ရရှိခဲ့တဲ့ ဗြိတိသျှ dressage မြင်းစီးချန်ပီယံမလေး ရှားလော့ထ်ဒူးဂျာဒင်း(Charlotte Dujardin) ရဲ့ အတ္ထုပတ္တိအကျဉ်းချုပ်လေး ဖော်ပြပေးလိုက်ပါတယ်။
Charlotte Dujardin
လူမျိုး - ဗြိတိသျှ
မွေးရက် - ၁၃ ဇူလိုင်၊ ၁၉၈၅
မွေးရပ် - London Borough of Enfield
နည်းပြ - Carl Hester

ရရှိခဲ့တဲ့ ဆုတံဆိပ်များ
Olympic finals - 2012 Summer Olympics, Gold, team dressage
2012 Summer Olympics, Gold, individual dressage
Medal record
Competitor for  United Kingdom

Olympic Games
Gold 2012 London Team dressage (with Valegro)
Gold 2012 London Individual dressage (with Valegro)

European Championships
Gold 2011 Rotterdam Team dressage (with Valegro)
ရွှေရောင်ကြယ်ပွင့် ရှားလော့ထ်ဒူးဂျာဒင်းအကြောင်း ပြုံးရယ်ပျော်ရွှင်စရာလေးတွေ
ဒူဂျာဒင်းရဲ့ နာမည်ပြောင်က “နောက်တီးနောက်တောက်” တဲ့။ dressage နည်းကိုပဲ လေ့ကျင့်ဖြစ်ခဲ့တာကတော့ ငယ်ငယ်တုန်းကတော့ showing ကို ကစားခဲ့ပြီး နောက်ပိုင်းမှာ dressage မြင်းစီးပုံစီးနည်းတွေကို ပိုပြီးလေ့ကျင့်ဖြစ်ခဲ့တယ်။ ပိုပြီး ချစ်မက်လာခဲ့ပါတယ်။ ၂ နှစ်အရွယ်ကတည်းက မြင်းစီးစသင်ခဲ့တယ်ဆိုတော့ အခုထိ မြင်းစီးသက်တမ်းက ၂၅ နှစ်တောင်ရှိနေခဲ့ပါပြီ။ အကြာကြီးပဲနော် လို့ သူမကပြောပါသေးတယ်။ အချစ်ဆုံးမြင်းတစ်ကောင်ကို ပြောပြရမယ်ဆိုရင် အရင်က ပိုနီမြင်းပုမျိုး မြင်းမလေး Dyan ကို သိပ်ချစ်ခဲ့တယ်။ အခုလက်ရှိ အချစ်ဆုံးကတော့ Valegro ပါ။ သူက အင်မတန်ချစ်စရာကောင်းတယ်။ သူ့ မြင်းဇောင်းကိုတောင် သူ့ဘာသာတံမြက်စည်း လှည်းတတ်သူပါ။ ကျွန်မ လေကျင့်ဖို့၊ ပြိုင်ပွဲဝင်ဖို့ သူ့ကို ခေါ်ထုတ်လာတိုင်း သူဟာ ကြော့ကြော့မော့မော့နဲ့ အမြဲ အသင့်ဖြစ်နေတတ်လို့ အချစ်ပိုရတယ်။ Valegro နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေရရှိခဲ့တာ ယုံကြည်ဖို့တောင် ခက်နေခဲ့သေးတာ။ အောင်မြင်မှုတွေက သိပ်ကို မြန်နေတော့ အံ့သြဖွယ်ရာပေါ့။ ဂျာမနီက Aachen ကွင်းကို ကျွန်မ သဘောကျတယ်။ လေထုနဲ့ မြေနေရာအနေအထားက ကျွန်မအတွက် တစ်သက်မမေ့ရက်စရာပါပဲ။ Greenwich လည်း ထပ်ထည့်ချင်ပါသေးတယ်။ အဲဒီမှာ ကွင်းအပြင်အဆင်က စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။ အားလပ်ရက်တုန်းက ကျူးဘားကို ရောက်ခဲ့တာ မယုံနိုင်စရာကောင်းလောက်အောင် သဘောကျဖို့ကောင်းတဲ့နေရာပါပဲ။ အားလပ်ရက် အပမ်းဖြေခရီးထွက်မယ်ဆိုရင် ကျွန်မတော့ အဲဒီနေရာကိုပဲ ညွှန်းလိုက်ချင်တော့တယ်။ အကြိုက်ဆုံးရုပ်ရှင်က “Pretty Woman” အမြဲတမ်းအတွက် အကြိုက်ဆုံ classic ရုပ်ရှင်ပေါ့။ ကျွန်မကိုယ်ကျွန်မ တစ်ခုခု ပြောင်းလဲနိုင်မယ်ဆိုရင်တော့ ခြေထောက်တွေ ဒီ့ထက်ပိုပြီး ရှည်ရှည်လျားလျားဖြစ်အောင် ပြောင်းကြည့်ချင်ပါတယ်။        ။


နေခြည်ခ
Ref :
http://www.horseandrideruk.com/article.php?id=2426
http://en.wikipedia.org/wiki/Riding_Horse
http://www.bbc.co.uk/sport/0/equestrian/20766671 

Living Fashion Magazine, February, 2013

Wednesday, October 31, 2012

စက်ဘီးလေးကို စီးပြီး

စက်ဘီးပြိုင်ပွဲတွေဟာ ကမ္ဘာတစ်ဝှမ်း ထင်ရှားတဲ့ အားကစားပြိုင်ပွဲပါ။ အထူးသဖြင့် ဥရောပနိုင်ငံတွေမှာ အားကစားသမားတွေ ပိုပြီးတော့ ချစ်ခင်နှစ်သက်ကြတဲ့ ကစားနည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်စ်၊ စပိန် နဲ့ ဆွစ်ဇာလန် တို့မှာ ပေါ်ပြူလာဖြစ်လှတယ်။ တခြားတိုင်းပြည်တွေမှာဆိုရင် သြစတြေးလျ၊ လူဇမ်ဘာဂ့်၊ ယူကေ နဲ့ ယူအက်စ်တို့မှာလည်း စက်ဘီးအားကစားသမားတွေ အများကြီးပဲ နှစ်ခြိုက်စွာ ပြိုင်ပွဲဝင်ကြပါတယ်။ 

စက်ဘီးပြိုင်ပွဲတွေမှာ လူသိများလာခဲ့တာဆိုရင် ၁၈၆၈ မေ လ ၃၁ ရက်က ပြင်သစ်နိုင်ငံ Saint-Cloud မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံး မီတာ ၁၂၀၀ ပြိုင်ပွဲမှာပါ။ အဲဒီပြိုင်ပွဲမှာ အင်္ဂလိပ်အမျိုးသား ဂျိမ်းမိုးရ်က အနိုင်ရရှိခဲ့ပါတယ်။ သူ ပြိုင်ပွဲဝင်ခဲ့တဲ့စက်ဘီးဟာ သစ်သားစက်ဘီးဖြစ်ပြီး တာယာကတော့ သံနဲ့လုပ်ထားတာပါ။ အဲဒီစက်ဘီးကို အင်္ဂလန်က ကိန်းဘရစ်ခ်ျရှိုင်းယားက ပြတိုက်တစ်ခုမှာ အခုအခါ ပြသတားပါတယ်။ အပြည်ပြည်ဆိုင်ရာ စက်ဘီးယူနီယံ (UCI) ကို ၁၉၀၀ ဧပြီ ၁၄ ရက်နေ့မှာ ပါရီမြို့မှာ စတင်တည်ထောင်ဖွဲ့စည်းလိုက်ပါတယ်။ ပါဝင်ခဲ့တဲ့နိုင်ငံတွေက ဘယ်လ်ဂျီယံ၊ ယူအက်စ်၊ ပြင်သစ်၊ အီတလီ နဲ့ ဆွစ်ဇာလန် နိုင်ငံတွေပါ။ ပထမဆုံးအပြည်ပြည်ဆိုင်ရာ စက်ဘီးပြိုင်ပွဲအဖွဲ့အစည်း ICA-International Cycling Association ကိုတော့ စက်ဘီးတွေမှာ ဂီယာ ၃မျိုးပါဝင်လာအောင်စတင်တီထွင်ခဲ့သူ စက်ဘီးသမား ဟန်နရီစတာမေး က ၁၈၉၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ ICA ကနေပြီး ကမ္ဘာ့စက်ဘီးချန်ပီယံပြိုင်ပွဲ၊ ချန်ပီယံဆုပေးပွဲတွေ နှစ်စဉ်ကျင်းပခဲ့ပြီး ၁၉၀၁ ခုနှစ်မှာမှ ပြင်သစ်အခြေစိုက်အဖွဲ့အစည်း UCI က အစားထိုးဖွဲ့စည်းလိုက်တာပါ။
စက်ဘီးပြိုင်ပွဲတွေမှာ အမျိုးအစားတွေကွဲပြားကြတယ်။
  • ကတ္တရာလမ်းပေါ်(road bicycle) ပြိုင်ပွဲ၊
  • တစ်ဦးတည်းအချိန်မှတ်ပြီး လမ်းပေါ်(time trailing)ပြိုင်ပွဲ(နာရီကို ရင်ဆိုင်ခြင်း)လို့လည်းခေါ်ကြတယ်။ တစ်ဦးချင်းပြိုင်တဲ့ပွဲ Individual time trial (ITT) ဖြစ်ပေမယ့် Team time trial (TTT) လည်းရှိပါတယ်။
  • cyclocross လို့ခေါ်ကြတဲ့ပြိုင်ပွဲ၊(cyclocross ဟာ တမံတလင်း၊ ကတ္တရာပြေးလမ်း၊ သစ်တောလမ်း၊ မြက်ခင်း၊ မတ်စောက်တဲ့တောင်ကုန်း အတားအဆီးအပိတ်အဆို့၊ အနိမ့်အမြင့်တွေနဲ့ လိုအပ်တဲ့အခါ စက်ဘီးပေါ်မှဆင်းပြီး စက်ဘီးကိုသယ်ပိုးကာ အတားအဆီးတွေကိုဖြတ်ကျော်၊ တစ်ဖန်စက်ဘီးကိုနင်း လိုအပ်သလို ပြိုင်ပွဲဝင်ရပါတယ်။)
  • တောင်တက်စက်ဘီး (mountain bike) ပြိုင်ပွဲ၊
  • လမ်းကြောင်းအတိုင်း (track cycling)ပြိုင်ပွဲ၊ (စက်ဘီးလမ်းကြောင်း အနိမ့်အမြင့်တွေပြုလုပ်ထားတဲ့ အားကစားရုံအတွင်းမှာပြိုင်ကြတယ်။)
  • BMX ပြိုင်ပွဲ
  • Bike လမ်းကြောင်း(cycle speedway)ပြိုင်ပွဲ၊ (ဖန်တီးထားတဲ့ အနိမ့်အမြင့်အတားအဆီးတွေကို ဖြတ်ကျော်ရတာပါ)။
  • ဘဲဥပုံသဲလမ်းကြောင်းအတိုင်း အမြန်စီးနင်းရတဲ့ပြိုင်ပွဲတွေပါ။ (ဒီပြိုင်ပွဲမှာ သုံးတဲ့စက်ဘီးက မော်တာစက်တွေပါပြီး ဘရိတ်ကို အသုံးမပြုရပါဘူး။ ဒါမှမဟုတ် ဂီယာအမျိုးမျိုးအသုံးပြုပြီး အရှိန်ပြင်းပြင်းပြိုင်ကြတဲ့ပွဲမျိုးပါ။ ပုံမှန်အားဖြင့် မီတာ ၇၀-၉၀ပြိုင်ပွဲတွေဖြစ်ပြီး အပြင်မှာပဲစီးနင်းယှဉ်ပြိုင်ပါတယ်။ တစ်ခါတစ်ရံ အားကစားရုံအတွင်းဖြစ်နိုင်ပါတယ်တဲ့)
စက်ဘီးပြိုင်ပွဲတွေကိုပဲ တစိုက်မတ်မတ်ယှဉ်ပြိုင်ကစားနေကြတဲ့ အားကစားသမားတွေလည်း အများကြီးပဲ ရှိနေကြပါတယ်။ ၂၆-၃၀ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ British National Track Championships စက်ဘီးပြိုင်ပွဲမှာ အသက် ၂၀ အရွယ် ဝေ လမိန်းကလေး၊ ပရော်ဖက်ရှင်နယ်စက်ဘီးစီးယှဉ်ပြိုင်သူလေး ဘက်ကီဂျိမ်းစ်(Becky James-Rebecca James)ဟာကစားနည်းလေးမျိုးမှာ ဗိုလ်စွဲခဲ့ပါတယ်။ မီတာ ၅၀၀ time trial၊ တစ်ဦးချင်းတာတို နဲ့ အသင်းလိုက် တာတိုပြိုင်ပွဲ၊ Keirin ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။ “ကျွန်မ တကယ်ပဲ စိတ်ကျေနပ်ရပါတယ်။ ကျွန်မ ဦးခေါင်းပေါ်မှာ သရဖူရှိနေပါပြီ။ အဲဒါ ကျွန်မ လိုချင်ခဲ့တဲ့ အောင်မြင်မှုပါ။ ကျွန်မ မျှော်လင့်တာတက် ပိုပြီး ကျေနပ်စရာဖြစ်ခဲ့ပါသေးတယ်” လို့ ဂျိမ်းစ် က ပြောပါတယ်။

ဂျိမ်းစ် အဓိကပြိုင်တဲ့ စက်ဘီးပြိုင်ပွဲမျိုးက track cycling ပါ။ လက်ရှိ British UCI ရဲ့ Node 4-Giordana Racing အသင်း မှာ လက်ရှိယှဉ်ပြိုင်ကစားနေပါတယ်။ British Cycling ရဲ့ အိုလံပစ်ဖွံ့ဖြိုးရေးပရိုဂရမ်မှာလည်း အဖွဲ့ဝင်တစ်ဦးပါ။ ၂၀၀၇ ခုနှစ်မှာ British လူသစ်တန်း မီတာ ၅၀၀ time trial ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဂျိမ်းစ် နှစ်သက်သဘောကျတဲ့ သီချင်းတွေက Electronic Dance မြူးမြူကြွကြွ သီချင်းတွေပါတဲ့။ Featuring ဖာရဲလ်ဝီလျမ်စ် ဆိုထားတဲ့ Swedish House Mafia အဖွဲ့ရဲ့ One ကို အကြိုက်ဆုံးလို့ ဆိုတယ်။ ဂါဘရီယဲလာဆီလ်မီ ရဲ့ On a mission က ဂျိမ်းစ် ရဲ့ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကို ပိုလို့ သွက်လက်စေပါသတဲ့။ ရက်ဂေးသီချင်းအမျိုးအစားတွေလည်း သဘောကျသူပါ။ Bob Marley, Sean Kingston နဲ့ Iyaz တို့က ဂျိမ်းစ်ရဲ့ အနှစ်သက်ဆုံးအဆိုတော်တွေဖြစ်ပါတယ်။
ဂျိမ်းစ် စက်ဘီးစီးဖို့ အကြိုက်ဆုံးနေရာက စပိန်နိုင်ငံက Pollenca နဲ့ Mallorca မြို့လေးတွေက လမ်းကြောင်းတွေလို့ ဆိုတယ်။ “ကျွန်မ အဲဒီနေရာတွေကို တစ်ကြိမ်ပဲ ရောက်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မ သိပ်ပြီး နှစ်သက်ခဲ့ရတဲ့ နေရာလေးတွေပါ။ လမ်းတွေက တကယ့်ကိုပဲ အံ့သြစရာကောင်းလှတယ်။ လေ့ကျင့်ခန်းလုပ်ကြတုန်းက ငြိမ်သက်အေးဆေးပြီး၊ လမ်းကြောင်းတွေက တစ်နေရာနဲ့ တစ်နေရာမတူလို့ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” တဲ့။
ဂျိမ်းစ် ရရှိခဲ့တဲ့ ဆုတွေထဲမှာ ၂၀၀၉ ခုနှစ်က မော်စကိုမှာ ပြုလုပ်တဲ့ အငယ်တန်းကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ သက်တံရောင် ဂျာစီအကျီကို အကြိုက်ဆုံးပါပဲတဲ့။ ဂျိမ်းစ်က အိမ်မှာ အဲဒီဂျာစီအကျီကို ဘောင်နဲ့ ကွပ်ပြီး သိမ်းထားတယ်။ ဘယ်သူမှ ကျွန်မ အနားကနေ အဝေးကို ယူသွားလို့ မရတော့ဘူးပေါ့ လို့ ပြောပါတယ်။ ။
ဂျိမ်းစ် ရဲ့ ပြိုင်ပွဲ ရလာဒ်တွေ

in 2009:
Junior European Championships Belarus:
Gold – Sprint
Gold – 500m TT
Silver – Keirin
Junior World Championships Moscow:
Gold – Sprint
Gold – Keirin
Silver – 500m TT
Junior 200m World Record – 11.093s

2010:
Commonwealth Games Delhi:
Silver – Sprint
Bronze – 500m TT
U23 European Championships St Petersburg:
Gold – Sprint
Silver – 500m TT
Silver – Team Sprint
Living Fashion Magazine, November, 2012
ဖြိုးဖြိုး

Thursday, October 04, 2012

အာရှ နဲ့ ဥရောပ ကြက်တောင်ချန်ပီယံတွေရဲ့ ပြောစကား

ကြက်တောင်(Badminton)အားကစားနည်းဟာ ၁၈ရာစုအလယ်ပိုင်းလောက်မှာ အင်္ဂလိပ်ကိုလိုနီလက်အောက်ခံအိန္ဒိယမှာ စတင် ကစားလာခဲ့ကြတယ်လို့ ဆိုတယ်။ ပထမဆုံး ကြက်တောင်အားကစားပြိုင်ပွဲ(All England Open Badminton Championship)ကို ၁၈၉၉ခုနှစ်မှာ အင်္ဂလန်နိုင်ငံ ဘက်ကင်ဟမ်နန်းတော်အနီးက ဘက်ကင်ဟမ်ဂိတ်လမ်းမမှာ ပြုလုပ်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်တောင်ဖက်ဒရေးရှင်း(IBF) လက်ရှိ Badminton World Federation(BWF) လို့ ခေါ်တဲ့ ကြက်တောင်အားကစားအဖွဲ့အစည်းကို ၁၉၃၄ ခုနှစ်မှာ ကနေဒါ၊ ဒိန်းမတ်၊ အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန်၊ အိုင်ယာလန်၊ နယူးဇီလန်၊ စကော့တလန်၊ ဝေလ်းစ် ဒေသတွေနဲ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ၁၉၃၆ခုနှစ်မှာ ပါဝင်လာခဲ့တယ်။ ဒီနေ့မှာတော့ ကြက်တောင်အားကစားလောကမှာ လွှမ်းမိုးနိုင်တာက အာရှနိုင်ငံတွေက ဖြစ်လို့နေပါတယ်။ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ တရုတ်၊ မလေးရှားနိုင်ငံတွေက ကြက်တောင်အားကစားမှာ အားကြိုးမာန်တက်ကစားလာကြပြီး တရုတ်နိုင်ငံက အမျိုးသား၊ အမျိုးသမီးကြက်တောင်ကစားသမားတွေ ခွန်အားအကြီးမားဆုံးဖြစ်နေခဲ့ပါတယ်။ ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်အားလုံးကို တရုတ်နိုင်ငံကပဲ သိမ်းပိုက်ရယူသွားခဲ့တယ်။ ဒိန်းမတ်နိုင်ငံက ငွေတံဆိပ်ရရှိခဲ့ပါတယ်။
လန်ဒန်အိုလံပစ်ပြိုင်ပွဲက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ လီရွှယ်ရွေ့(Li Xuerui)ဟာ အသက် ၂၁ ပဲ ရှိသေးတဲ့ မိန်းကလေးပါ။ လီရွှယ်ရွှေ့ပြောပြတဲ့သူရဲ့အကြောင်းလေး ဖော်ပြပေးလိုက်ပါတယ်။ ဇန်န၀ါရီ ၂၄၊ ၁၉၉၁ မှာ မွေးဖွားခဲ့ပါတယ်။ ဇာတိက တရုတ်နိုင်ငံ Chongqing ကပါ။ အရပ်အမြင့်က ၅ပေ ၈လက်မခွဲ ရှိတယ်။ လက်ရှိ ဘေကျင်းမှာနေထိုင်ပါတယ်တဲ့။ လီရွှယ်ရွေ့က “သူမသာ ကြက်တောင်ကစားသမားတစ်ဦးဖြစ်မလာခဲ့ရင်၊ ဆရာမတစ်ဦးဖြစ်နေပါလိမ့်မယ်” လို့ ဆိုတယ်။ ပညာရေးမှာ ဘွဲ့မရသေးပါဘူး။ သူမရဲ့ဝါသနာတွေက ဟော့ပေါ့စားတာရယ်၊ ဈေးဝယ်ထွက်တာရယ်၊ အိပ်တာရယ် လို့ ပြောပါတယ်။ မိသားစုမှာ မိဘနှစ်ပါးနဲ့ အစ်ကိုတစ်ယောက်ရှိပါသတဲ့။ သူမက ညာသန်ဖြစ်ပြီး ကစားတဲ့စတိုင်လ်က တိုက်စစ်အသားပေးကစားတာကို အားသန်ပါတယ်။ သူမရဲ့ ပထမဆုံး ကစားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာကစားပွဲက ၂၀၀၇ အာရှအငယ်တန်းချန်ပီယံပြိုင်ပွဲမှာပါ။ သူမရဲ့ အားကစားနည်းပြက ဇန်နင်း ဖြစ်ပါတယ်တဲ့။

နောက်တစ်ဦးက အပြည်ပြည်ဆိုင်ရာကြက်တောင်ကစားသမားတွေထဲမှာ ထိပ်ဆုံးမှာအကြိမ်တော်တော်များများရှိနေခဲ့သူ ဒိန်းမတ်ကြက်တောင်ကစားသမား ပီတာဟေဂ့်ဂန်ဒ်(Peter Høeg Gade) ပါ။ ၁၉၉၈ ကနေ ၂၀၁၀ အထိ ကမ္ဘာ့ထိပ်ဆုံးအဆင့်တွေမှာ ရှိနေခဲ့ပါတယ်။ ဒိန်းမတ်မြောက်ပိုင်းဒေသ အော်လ်ဘောဂ့်မြို့(Aalborg)မှာ မွေးဖွားခဲ့တယ်။ လက်ရှိ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၊ ဟောလ်တဲ(Holte) မှာနေထိုင်ပါတယ်။ နန်နာ နဲ့ အယ်လ်မာ ဆိုတဲ့သမီးလေးနှစ်ယောက်ရှိပါတယ်။ ပီတာရဲ့ ၀ါသနာတွေကတော့ ဂီတ၊ ၀ိုင်၊ ဘောလုံး (အထူးသဖြင့် လီဗာပူးအသင်းပါတဲ့) နဲ့ ချက်ပြုတ်ခြင်းပါ။ အရပ်က ၆ ပေ မြင့်ပါတယ်။ ဒိန်းမတ်၊ အင်္ဂလိပ် နဲ့ ဂျာမန်ဘာသာစကားတွေပြောဆိုနိုင်ပါတယ်တဲ့။

ပီတာဟာ ဂီတကို အရူးအမူးနှစ်သက်သူဖြစ်နေပါသေးတယ်။ ပင့်ခ်ဖလွိုက်ဒ်၊ ဂျွန်လင်နွန်၊ ဘောပ့်ဒိုင်လန်၊ ရိုင်ယန်အဒမ်စ်၊ ယူတူး၊ လက်ဒ်ဇက်ပလင်၊ ရိုးလင်းစတုန်း၊ ဘီတဲလ်စ် နဲ့ အဲလန်အော်လ်စန် တို့ရဲ့ သီချင်းတွေကို အမြဲ နားထောင်တတ်သူပါ။ ပီတာရဲ့နေ့စဉ်ဘ၀မှာ ဂီတဟာ အစိတ်အပိုင်းတစ်ခုအဖြစ်အမြဲပါနေခဲ့တယ်။ တခြားသူတွေ စာအုပ်တွေဖတ်သလိုမျိုး ဂီတကို သူက အသုံးပြုပါတယ်တဲ့။ သီချင်းတွေက ပေးတဲ့ သံစဉ်တွေ၊ စာသားတွေကို ခံစားပြီး သူ့ရဲ့ဘ၀ထဲက အဖြစ်အပျက်တွေမှာရောင်ပြန်ဟပ်စေတယ် လို့ ဆိုတယ်။ ပီတာပြောပြတတ်တဲ့အကြိုက်ဆုံးသီချင်း ၅ ပုဒ်ကတော့ ပင့်ခ်ဖလွိုက်ဒ် ရဲ့ Shine on You Crazy Diamond ၊ Comfortably Numb ၊ Wish You Were Here သီချင်း သုံးပုဒ်ရယ်၊ ဂျွန်လင်နွန် ရဲ့ Imagine ၊ ပြီးတော့ အလန်အော်လ်စန်ရဲ့ Seende Kærester သီချင်းတွေပါ။ အကြိုက်ဆုံးအစားအစာက အီတလီကာပရိစ်ဆလတ်သုပ် နဲ့ သူ့ရဲ့ အမေကိုယ်တိုင်ပြုလုပ်တဲ့ ပါတီကိတ်မုန့် လို့ ဆိုတယ်။ ပီတာအကြိုက်ဆုံး သရုပ်ဆောင်က အယ်လ်ပါစီနို၊ ရောဘတ်ဒီနီရိုး နဲ့ ဂျက်နီကိုလ်စန် ပါ။ ဂီတကိုပဲ အမြဲတမ်းရူးသွပ်ခဲ့ပေမယ့် သူသဘောကျတဲ့ ရုပ်ရှင်တွေလည်း ရှိပါသေးတယ်။ Godfather ရုပ်ရှင်တွေ၊ Carlito’s Way ၊ The Deer Hunter ၊ One flew over the Cucko’s Nest တွေကို ကြိုက်နှစ်သက်တယ်။ အကြိုက်ဆုံး တီဗီဇာတ်လမ်းတွဲက Friends ပါ။ ကမ္ဘာထဲက ဘယ်နေရာတွေများ သွားချင်ပါသလဲလို့ မေးကြည့်ခဲ့မယ်ဆိုရင်တော့ စိတ်ကူးယဉ်ဆန်ပြီးအနုပညာတွေပြည့်ဝလှပနေတဲ့မြို့တော် ရောမမြို့ကြီးကို ချစ်မက်တယ်။ အမြဲတမ်းနေဖို့ဆိုရင်တော့ ၀ိုင်နဲ့ အစားအသောက်တွေ သူ့အကြိုက်ရနိုင်တဲ့ အီတလီနိုင်ငံက တောစ့်ကာနာဒေသမှာ နေထိုင်သွားချင်ပါတယ် လို့ ဖြေပါလိမ့်မယ်။

လီရွှယ်ရွေ့ ရရှိခဲ့တဲ့ဆုတွေ -
2012     London Olympics    
2012     India Open    
2012     Badminton Asia Championships    
2012     All England Open    
2012     German Open    
2011     Bitburger Open    
2011     Thailand Open    
2010     Macau Open    
2010     Badminton Asia Championships    
Junior Tournaments -
2008     Asian Junior Championships

ပီတာ ရရှိခဲ့တဲ့ ဆုတွေ -
2010 - European Champion (5th), Copenhagen Masters (10th)
2009 - Korea Open (4th)
2008 - Denmark Open (3th), French Open, Copenhagen Masters
2007 - Malaysia Open (2th), Copenhagen Masters
2006 - European Champion, Singapore Open, Copenhagen Masters
2005 - Korea Open, Copenhagen Masters
2004 - European Champion, Copenhagen Masters
2002 - US Open, Copenhagen Masters
2001 - Copenhagen Masters, Korea Open
2000 - Korea Open, Danish Open, Taiwan Open, European Champion, Copenhagen Masters
1999 - Ipoh Masters, Copenhagen Masters, All-England Open, Japan Open (2th), Word GP-Final
1998 - Japan Open, Swiss Open, Danish Open, Malaysian Open, European Ch.
1997 - German Open, Taiwan Open, Hong Kong Open
1995 - Scottish Open, European-Junior-Champion in MS and MD
1994 - World-Junior-Champion in MD
Medals at World Championships: 1 x Silver (2001) and 4 x Bronze (1999, 2005, 2010 and 2011)
European Champion in Men's Singles: 1998, 2000, 2004, 2006 and 2010 (5)
Danish National Champion: 2000, 2001, 2002, 2003, 2005, 2006, 2007, 2009, 2010 and 2011 (10).
IBF World Badminton Player of the year 1998
Special Award of the DBF 2006

Tuesday, September 04, 2012

ကားပြိုင်ပွဲက အလှဆုံးမိန်းကလေး

ဒန်နီကာပက်ထရစ် Danica (Sue) Patrick ဟာ အမေရိကန်အော်တိုကားပြိုင်ကားမောင်းသူလေး၊ ချစ်စရာမော်ဒယ်မိန်ကလေး၊ အသံသရုပ်ဆောင်သူလေးပါ။ အမေရိကန် ပရီးမီးယား IndyCar  ပြိုင်ပွဲစီးရီးတွေထဲက တစ်ဦးတည်းသော အောင်မြင်မှုအရဆုံးမိန်းကလေးဖြစ်ပါတယ်။ Indianapolis 500 မှာလည်း အမြင့်ဆုံးအဆင့် နံပါတ် ၃ ရရှိခဲ့ဖူးတယ်။ ၁၉၉၈ခုနှစ်ကနေ စတင်ပြီး ဒန်နီကာ ကားပြိုင်ပွဲလောကထဲ ပရော်ဖက်ရှင်နယ်အဖြစ် ၀င်လာခဲ့ပါတယ်။ ၂၀၁၀ မှာလည်း NASCAR ပြိုင်ပွဲတွေမှာ ပါဝင်ယဉ်ပြိုင်ခဲ့တယ်။

၁၉၈၂မှာ ဘဲလွိုက်၊ ၀ီစ်ကွန်စင်မှာမွေးဖွားခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ အားကစားပွဲတွေမှာ အားပေးတဲ့အဖွဲ့လေးရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ အသက် ၁၂ နှစ်အရွယ်ကစလို့ အမျိုးသမီးကားမောင်းပြိုင်ပွဲဝင်ဆန္ဒရှိလာခဲ့ပါတယ်။ ကလေးငယ်လေး ဒန်နီကာရဲ့ အိပ်ရာဝင် ပုံပြင်၊ ကာတွန်း တွေက ကားပြိုင်ပွဲတွေပဲလို့ဆိုတယ်။ မအိပ်ခင်မှာ ဖခင်က ကားပြိုင်ပွဲ ဗီဒီယိုခွေတွေဖွင့်ဖွင့် ပြပြီး သိပ်ခဲ့ရသတဲ့။