Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label အတောင်အလက်စုံတဲ့နေ့. Show all posts
Showing posts with label အတောင်အလက်စုံတဲ့နေ့. Show all posts

Tuesday, August 23, 2011

အတောင်အလက်စုံတဲ့နေ့

အဲဒီတစ်နေ့က အမွှေးလေးတွေမစုံမလင် ကျိုးတို့ကျဲတဲ စုတ်ချွန်းချွန်း၊ ငှက်မဲလေးတစ်ကောင် အိမ်ကိုရောက်လာခဲ့ပါတယ်။ နဲရှော ယူလာတာပေါ့။ အပြင်ကပြန်လာတဲ့နဲရှောက စက္ကူပုံးလေးကို ရင်ဘတ်ဆီမှာ ပွေ့ထားပြီး အိမ်ခန်းထဲဝင်လာတယ်။ သူ ဖွင့်ပြတယ်။ “ဒီမှာကြည့်ပါဦးတဲ့” အိုး သနားစရာ ခေါင်းနဲ့ လည်ပင်းတစ်ဝိုက်မှာ အမွှေးလေးတွေမရှိရှာဘူး။ ရင်ဘတ်နေရာဆီမှာလည်း ပြောင်သလင်းခါလို့၊ ရင်ဘတ်လေးက နိမ့်ချည်မြင့်ချည်၊ မျက်လုံးလေးက ပြူးပြူးပြာပြာ။ သူ ဘာတွေများ ထိတ်လန့်နေပါလိမ့်။ ကျွန်မ က ဘာငှက်လည်း မေးလိုက်တော့ ခိုလေးလေတဲ့။ နဲရှောကဖြေတယ်။ “အသိုက်ပေါ်က ပြုတ်ကျနေတာထင်ပါရဲ့ကွာ၊ စင်္ကြန်လူသွားလမ်းမှာ ကျနေတာ။ လူတွေကဖြတ်သွားဖြတ်လာများပါဘိနဲ့။ အမြဲအလျင်လိုနေကြတဲ့လူတွေက ခိုသေးသေးတစ်ကောင်ကို ဂရုမစိုက်နိုင်အားဘူးကွဲ့၊ ကိုယ်တော့မနေနိုင်လို့ အနားက အသိဆီက ကတ်ပုံးတစ်ခုတောင်းပြီးထည့်လာတယ်ကွာ၊ မဟုတ်ရင် သူသေသွားလိမ့်မယ်” တဲ့။
ကျွန်မ သနားကြင်နာစွာ ခေါင်းလေးကို တို့ကြည့်လိုက်တော့ သူက အသံသေးသေးလေးနဲ့ အော်ပြီး နောက်ကိုဆုတ်ပြေးတယ်။ ကတ်ပုံးသေးသေးလေးထဲမှာ ရသလောက် လှည့်ပတ်ပြေးနေတော့တာပေါ့။ “မကြောက်နဲ့၊ မကြောက်နဲ့ ငါ သာသာလေးတို့ကြည့်ရုံပါ” လို့ ပြောလည်း သူကတော့ မျက်လုံးပြူးပြူးလေးနဲ့ ကျွန်မကိုကြည့်ရင်း ကြောက်ရွံ့နေတာပါပဲ။