သင် နောက်ကျ ကျန်ရစ်မှာစိုးပြီး အမြဲတန်း ဤ ခေတ်ကြီးနှင့်အမှီ
အပြေးအလွှားလိုက်နေရတာ မို့  မောပမ်းနွမ်းနယ် နေလောက်ပြီ။
ကိုင်း .. ကျုပ်တို့ နဲ့ အတူလိုက်ခဲ့။ ကျောက်ခေတ်ကို ပြန်သွားပြီး ဂူအောင်းကြရအောင် …တဲ့။
အပြေးအလွှားလိုက်နေရတာ မို့  မောပမ်းနွမ်းနယ် နေလောက်ပြီ။
ကိုင်း .. ကျုပ်တို့ နဲ့ အတူလိုက်ခဲ့။ ကျောက်ခေတ်ကို ပြန်သွားပြီး ဂူအောင်းကြရအောင် …တဲ့။
Nick Weston ကတော့ ဂူနေလူသားဘ၀ကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပြောပြနေပါတယ်။ တစ်ခါတစ်ရံ Florist တို့တတွေ ခေတ်ကိုအမှီလိုက်နေရတာ အားရတယ် ကျေနပ်ဝမ်းသာတယ် ပျော်ရွှင်မိတယ် ဆိုပေမဲ့ တစ်ခါတစ်ရံတော့လည်း စိတ်ညစ်ညူးထွေပြားလာတာမျိုးတွေ ရှိတတ်ပါတယ်။ ကားစီးရတာကြာတော့ မွန်းကြပ် ပိတ်ဆို့လာလို့ လှည်းယဉ်ကလေးစီးချင်တဲ့ဆန္ဒ ဖြစ်ပေါ်လာသလို ဒီကမ္ဘာကြီးကို back လုပ်ပြီး ထိန်ထိန်ညီးနေတဲ့ လျှပ်စစ်မီးရောင်နဲ့ ကင်းရာ လူသူမနီး လရောင်ဆမ်းတဲ့ တောစခန်းမှာ စိတ်လွတ် ကိုယ်လွတ် နေချင်တဲ့ ဆန္ဒ မကြာမကြာ ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် မွမ်းမံချယ်သမှုမပါ သာမန်ရိုးသားပွင့်လင်းလွတ်လပ်တဲ့ ဂူနေလူသားဘ၀ လူနေမှု စတိုင်ကလေးတခု ပြန်လည်ပုံဖေါ်ဖို့  ကြိုးစားနေတဲ့ Nick ပြောပြတာကလေးကို Florist တို့  ဖတ်ကြည့်ကြရအောင်။