Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 15, 2010

ခဏလေးပါ .. ရပ်ပါဦးလို့ .. ကျွန်မအိမ်ရှေ့မှာ

စစ်ပွဲတွေအကြောင်းဖတ်ရတာ ကိုယ့်ဘာသာတောင် ခေါင်းမူးလာတယ်။
အဲဒါနဲ့ပဲ ... သီချင်းနားထောင်ရပြန်ရော



ငယ်ငယ်ကကြားဖူးတာ .... အဲဒီလို

♫ ခဏလေးပါ ရပ်ပါဦးလို့ ကျွန်မအိမ်ရှေ့မှာ.. (ရပ်)
ပိုစ့်ကတ်စာလေးတွေဝေတဲ့အခါ ..
ဒီလိုနေ့တိုင်းနေ့တိုင်း စောင့်စားနေ .. (လွမ်းဆွေး)
သနား သနား ရင်မှာ သနား ..
စာတွေစစ်ကြည့်ပါဦးနော် မှားသွားမှာ သိပ်ကြောက် ♫

♫ စာရောက်မယ့်ရက် စောင့်နေရင်း  ..
စိတ်မှာတုန်လှုပ် စိတ်မထိန်းနိုင် ..
ဘယ်တော့မှ မပါဘူး..
သိပ်ကိုဆိုးတယ် မဖြစ်နိုင် ..
စောင့်ခဲ့ ရက်လ နှစ်များ ကြာညောင်း ♫

♫ ဟေ .. ဒီမှာ မင်းစာ ရောက်လာပြီ ..
ဒီလို ပြောမလား ... ♫

♫ စက်ဘီး ကို ခဏလောက်ရပ်လို့ .. ခဏလောက်ရပ်လို့  ♫
ဟေး .. ဟေး .. ဟေး  Mr.Postman ♫

ဘယ်သူဆိုတာလည်း မသိတော့ပါဘူး၊ ငယ်ငယ်ကတော်တော် နာမည်ကြီးခဲ့တာ။

11 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်နီများလား
မသိဘူးနော်
ထင်တာ ပြောသွားတာ
သီချင်းလေး နားထောင်သွားတယ်
ကော်ဖီသောက်ပြီး နားထောင်သွားတာနော်
သူများလိုဖျော်ပေးမဲ့သူတော့ ရှိဘူး
ကိုယ့်ဟာကို ဖျော်သောက်တား))

PhyoPhyo said...

အယ်လ်ခွန်းရီ လားပဲ .. ကော်နီတော့ဟုတ်ဘူးထင်တယ်
:)

PAUK said...

ဖွင့်နေတုန်း ၉စက္ကန့်အရောက်မှာ ရပ် ရပ်သွားတယ်။
ဒါနဲ့ ယူကျုဆီပဲ သွားနားထောင်တော့လည်း တူတူပဲ။
အခုလောလောဆယ် လစ်လ်ဝင်းန် သီချင်းတစ်ပုဒ်ကြိုက်တာရှိတယ်..။
အန်န်နမင်နြ့ တွဲဆိုတဲ့တစ်ပုဒ်..။

ShwunMi- said...

:) အခုတော့ Gmail က လှုပ်မလား Yahoo က လှုပ်မလား ထိုင်စောင့်ရတဲ့ခေတ်ပေါ့..
လူကိုယ်တိုင်က ကွန်ပြူတာရှေ့ ခဏခဏဖြတ်နေရေား)

PhyoPhyo said...

@ပေါက် .. ရပ်တယ်ဆိုတော့ မဟုတ်မှလွဲရော .. စာရောက်နေလို့ ဖြစ်မယ်၊ မဟုတ်မှတော့ လွဲမှာပေါ့နော်
@ရွှန်းမီလေး .. စာတွေလည်း ခဏခဏရောက်ပေါ့ :) ဟုတ်လား

မြတ်မွန် said...

ဟားဟား..မမဖြိုးရေ..
ခဏရပ်ပါအုံး ကျွန်မ အိမ်ရှေ့မှာ ဆိုလို့..
မုန့်ကျွေးမှာလားဟင်
အိမ်ထဲပါ ဝင်စားမယ်နော်။

လသာည said...

လသာညလည်း စက်ဘီးနဲ့ လာရပ် အဲလေ မောက်စ်လေးကလစ်လုပ်ပြီး လာနားထောင်သွားပါတယ်း))))

ကြည်ဖြူပိုင် said...

ခေါင်းစဉ်လေးကအရမ်းချစ်ဖို့ကောင်းတယ်နော်။
မဖြိုးဆိုပြတဲ့သီချင်းလေးကိုနားထောင်သွားမယ်။
မကြားဖူးတော့နားထောင်ရတာတမျိုးလေးကောင်းတယ်။ သီချင်းကိုဖွင့်နားထောင်ပြီးမဖြိုးစာသားလေးတွေထည့်ပြီး
စတိုင်လ်တစ်မျိုးနဲ့နားထောင်သွားတယ်။
သီချင်းကောင်းတယ်မမ။ ၂ခေါက်နားထောင်သွားတယ်။
:)

sosegado said...

နားလည်ထောင် ဖတ်လည်း ဖတ်သွားပါတယ်၊
တကယ်တော့ ကိုဆိုဗိုဆိုတာ လူမြိုခံရတဲ့ ပြည်နယ်တစ်ခုပါ၊
နယ်မြေပါဆုံးရှုံးရတယ်၊ ဒီ့အတွက် အနောက်နိုင်ငံတွေဟာ သူတို့ရံ့ အင်မင်ဂရေးရှင်း ပေါ်လစီကို ပြန်ကြည့်နေကြပြီ၊

SHWE ZIN U said...

အင်း ကိုးနတ်ရှင် ကြည်ဖြူမှဘဲ လာနားထောင်တော့မယ်

ကြည်ဖြူပိုင် said...

အနော်က“ခွန်အား”တွေကိုမမဖြိုးတို့လို
စာရေးကောင်းတဲ့လူတွေရဲ့လက်ရာတွေကို
အားပါးတရအားပေးဖို့ထား,ထားလို့စာမရေးတာ။ :D
မမတို့ရေးထားတာလေးတွေလိုက်ဖတ်မယ်လေ။:)
(ဟဲဟဲ..အပျင်းတစ်နေတာမမဖြိုးရေ...ခုလိုသတိတရလာမေးတာအရမ်းကျေးဇူးနော်။မမဖြိုးက ဒါကြောင့်အရမ်းချစ်ခင်ဖို့ကောင်းနေတာ)
ပျော်ရွှင်ဖွယ်နေ့လေးပါမမ.............. :)