Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 20, 2011

ဒီလှိုင်းကိုဆန့်ကျင်၍ (မေမေ့ရဲ့စာ)

“ဘုန်းတော်ကြီး  “ဆွန်နော့ခ် အတီပင်ယို” ဟာ ပင်လယ် ရွာကလေးတရွာက ဘုရားကျောင်းမှာ နေထိုင်ရင်း တလိပ်လိပ်တက်လာတတ်တဲ့  လှိုင်းလေတွေနဲ့  စစ်ခင်းခဲ့ရတာ  ၇နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။
          
လူတွေတော်တော်များများကထိုင်းနိုင်ငံရဲံ့မြို့ တော် “ဘန်ကောက်”ကို“အရှေ့တိုင်းရဲ့ဗင်းနစ်စ်မြို့တော်”လို့ တင်စား ခေါ်ဝေါ်နေကြတာပါ။ ဒီလို တင်စားခေါ်ဝေါ်မှုကြောင့်ဘဲ ဗင်းနစ်စ်မြိုနဲ့ ရာသီဥတုအခြေအနေ အနေအထားချင်းတူညီသွားရော့သလားလို့ ထင်မှားရပါတော့မယ်။ ဘာ့ကြောင့်လဲ ဆိုရင် ဒီလို”ဗင်းနစ်စ်”လို လှပတဲ့ မြို့တ်ာလေးတမြို့အဖြစ်    တင်စားခံခဲ့ရတဲ့ “ဘန်ကောက်”ကို  ယခုအခါကျွမ်းကျင်တဲ့ ပညာရှင်များက ထိုင်းနိုင်ငံရဲ့ ကမ်းရိုးတန်းတွေ ကီလိုမီတာ၆၀၀လောက်ရေမှာ နစ်မြုပ်သွားပြီလို့ဆိုနေပါတယ်။ ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းများဟာလည်း ဆိုးဆိုးဝါးဝါး  ရေတိုက်စား ခံနေရပြီလို့  ပညာရှင်အများအပြားက တညီတညွတ်တည်း ဆိုကြတယ်။

ထိုင်းနိုင်ငံရဲ့မြို့တော်ဟာ ကျောက်အစားရွှံ့စေးပေါ်မှာ အထိုင်ချတည်ဆောက်ထားတဲ့အတွက် လာမယ့် ဆယ်စုနှစ်ကာလများမှာရေလွှာမြင့်တက်မှုကနေရေအောက်ငုပ်လျိုးနစ်မြုပ်ပျောက်ကွယ်သွားနိုင်ကြောင်း ဆိုနေပါတယ်။ ဘန်ကောက်ဟာ  အဲဒီလို ဆိုးဆိုးဝါးဝါး အခြေအနေမျိုးနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ပညာရှင်များ တညီ တညွှတ်တည်းအဆိုပြုထားပေမဲ့ဘယ်တော့လဲဆိုတာဘယ်သူမှအတိအကျမပြောနိုင်ကြသေးပါဘူး။ အငြင်းအခုံဖြစ်နေဆဲပါပဲ။
(ဒါပေမဲ့လောလောဆယ်ထိုင်းနိုင်ငံရေကြီးမှုကကြောက်ခမှန်းလိလိပါ။
ဆိုးဆိုးဝါးဝါးရေလွှမ်းမိုးနေတာပါ။ အယုဒ္ဓယဆိုရင်အားလုံးလိုလိုရေမြုပ်နေပါတယ်။ အောက်တိုဘာ၁၄၊၂၀၁၁နေ့ ဒီဆောင်းပါးကိုရေးသားနေချိန်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ရေလွှမ်းမိုးမှုအကြီးအကျယ်  ဖြစ်နေချိန်ပါ။ ရေဟာခါးလယ်ရောက်နေပြီးစက်ရုံများလည်းပိတ်ထားရပါတယ်။
အယုန္ဓယကဘုရားကျောင်းများမှာလည်း ရေနစ်နေပါတယ်။ ၂လကျော်ကြာမြင့်ခဲ့ပေမဲ့ရေဟာ ကျမသွားတဲ့အပြင်တိုးတိုးနေတယ်လို့ဘီဘီစီသတင်းက ဆိုပါတယ်။ ကြုံကြိုက်လို့ ပြောရရင် မေလ ၇ရက် ၂၀၁၁ ခုနှစ်နေ့စွဲနဲ့ National Time ဂျာနယ်မှာ၂၇နှစ်ကြာ ရေအောက်မြုပ်နေတဲ့ထိုင်းဘုရားသုံးဆူနှင့်သာသနိကအဆောက်အဦ၊ရွာကြီးတရွာစသည် မြစ်ရေခန်းခြောက်ရာ
မှ ပေါ်ထွန်းလာကြောင်း သတင်းပါရှိလာတယ်။ လွန်ခဲ့တဲ့ နှစ်(၂၅၀ခန့် )လောက်က ဟံသာဝတီမြို့  ပျက်သုန်းသွားပြီးထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသူမွန်လူမျိုးတို့ကတည်ထားခဲ့တယ်လို့  ကျွမ်းကျင်သူ
ပညာရှင်အများအပြားက ကောက်ချက်ချပါတယ်။ လက်ရှိထိုင်းမြန်မာနယ်စပ်နှင့် ကီလိုမိတာ (၃၀)လောက်ဘဲ ဝေးပြီးယခင်ထိုင်းမြန်မာနယ်စပ်လို့ဆိုပါတယ်။ ဒီတုံးကထိုင်းအာဏာပိုင်တို့ဟာ စံခလယ်ချောင်း၊ကင်းချောင်း ၊ ယန်တီချောင်းတို့ပေါင်းဆုံရာ “ကွေမြစ်”ပေါ်မှာရေကာတာဆောက်လုပ်ပြီး ထွန်ဖါဖွန်ရေအားလျှပ်စစ်စီမံကိန်းကိုအကောင်အထည်ဖေါ် တည်ဆောက်ခဲ့တာကြောင့် ရွာဟောင်းတခုလုံးနှင့်အတူ ဘုရားသုံးဆူရော အဆောက်အဦးများပါ ရေအောက် နစ်မြုပ်သွားကြောင်း ရေကာတာများတည်ဆောက်ခြင်းရဲ့  ဆိုးကျိုးကိုလည်း  ဂျာနယ်က ဖေါ်ပြထားပါတယ်။)


ဘန်ကောက်မြို့တော်ရဲ့တောင်ဘက်ကီလိုမီတာ(၂၀)၀န်းကျင်ကငါးဖမ်းလုပ်ငန်းရှိရာ  ဒေသတ၀ိုက်မှာတော့ ပြောင်း လဲလာတဲ့ ရာသီဥတုဒါဏ်ကြောင့် တော်တော်လေးအခက်ကြုံနေရတာ အမှန်ပါဘဲ။ အသက်၄၄နှစ်ရှိပြီဖြစ်တဲ့ဘုန်းတော်ကြီး Somnuk Atipanyo က တမျှော်တခေါ်ရှိလွန်းတဲ့ “၀ပ့်ခွန်စမတ် ထရာဝပ်” ဗုဒ္ဓဘာသာဘုရားကျောင်း မြေတွေပေါ်ကရေပြင်ကျယ်ကြီးကိုညွှန်ပြရင်း “ဒီမှာ လမုတွေ စိုက်ပျိုးရ ပါမယ်။ လမုတောတွေ ဖြစ်ထွန်းဖို့လိုပါတယ်။ ဒါပေမဲ့လှိုင်းလေထန်ရင် ဘာမှမခံနိုင်ဘူး ဒါကို အစိုးရ က ဖြေရှင်းပေးရမှာပါ “လို့ပြောတယ်။သူက မေးတညိတ်ညိတ်၊ ခေါင်းတယမ်းယမ်းနဲ့ “မိသားစုတွေ သူတို့အိုး၊ သူတို့အိမ်၊သူတို့အလုပ်ရှိရာပြန်လာချင်ပေမဲ့ ခင်ဗျားကြည့်လေ။ ဒီမှာသဘာဝဘေးဥပါဒ်အန္တရယ်က ဖျက်ဆီးပြစ်လိုက်တော့   သူတို့ ဘာမှမလုပ်တတ်ဘူး”လို့   ပြောပါတယ်။
လွန်ခဲ့တဲ့ခုနှစ်တာကာလကလည်း“ခွန်ဆမတ်ချင်”ရွာမှာရေမျက်နှာပြင်မြင့်တက်လာမှုကိုဆိုးဆိုးဝါးဝါးခုခံ
ကာကွယ်ခဲ့ရတယ်။

ဒီရေဟာကုန်းမြေကိုတစ်ကီလိုမီတာမျိုပြစ်ထားတာပါ။ကျန်မာရေးဌာနနှင့်စာသင်ကျောင်းတွေပိတ်ခဲ့ရပါတယ်။လူဦးရေတ၀က်လောက်မိမိတို့အိုးအိမ်ကိုစွန့်ခွာထွက်သွားကြရတယ်။ လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်များ ပျက်စီးခဲ့ရတယ်။ ထိုင်းပင်လယ်ကွေ့ ဟာကုန်းမြေမှနေ မီတာ ၅၀၀ လောက် ပိုင်းခြားဝေးကွာ ခဲ့ တယ်။ “၀ပ်ခွန်စမတ်ထရာဝပ်” ဘုရားကျောင်းကတော့ ရေထဲမှာ ထီးထီးကြီးပါဘဲ။ ဘုန်းတော်ကြီး”ဆွန်နော့ခ်”ကတော့တက်လာတဲ့ရေနဲ့ရေမှာမြုပ်နစ်နေတဲ့ ဘုရားကျောင်းကိုမျှော်ကြည့်နေတယ်။ သူရဲရဲဆုံးဖြတ်ချက်ချလိုက်တယ်။ “ဒါတွေအားလုံးပြန်လည်ပြုပြင်ရမယ်” တဲ့။ “ဒီလှိုင်းတွေကို သူခုခံ တိုက်ခိုက်ပြစ်မယ်”တဲ့။ ကြိမ်းဝါးနေပြန်တယ်။

ဘုန်းတော်ကြီး“ဆွန်နော့ခ်”ဟာ ငယ်ငယ်က သူ့မိသားစုနဲ့ အတူ သစ်သီးတွေ ရောင်းချခဲ့ရတဲ့ ဘ၀ကိုသတိရနေတယ်။ သူက  လူ့ဘ၀ဆိုတာကို အလေးမထားခဲ့ဘူး။ ဆေးလိပ်လဲ သောက်တယ် ။အရက်သေစာလဲ သောက်တယ်တဲ့။ ဒီလိုနဲ့ အသက်(၃၀)အရွယ်ရောက်တြော့ဖစ်ရပ်ဆန်းတခု အံ့သြဖွယ်တွေ့ကြုံရတော့တယ်။ သူငယ်ချင်းတယောက်သူ့ကိုယ်သူ သတ်သေသွားခဲ့ လို့ ပါ။ သူငယ်ချင်းရဲ့  အမေက  တိုတောင်းလှတဲ့ လူ့ဘ၀မှာ လူဆိုတာ အပြစ်သားမဖြစ်ဖို့  အရေးကြီးတယ်တဲ့။ မင်းသာသနာ့ဘောင်ဝင်ပြီး ဘုန်းကြီးတပါးဖြစ်ဖို့  ဆန္ဒ မရှိဖူးလားလို့  မေးခဲ့တယ်။ သူလည်း တရက်နှစ်ရက်လောက် ဘုန်းကြီးကျောင်းသွာပြီး ခေတ္တနေကြည့်ပါတယ်။ သူကသူငယ်ချင်းသေတာကိုမြင်ပြီး ခြောက်ခြားနေတာကိုး။ ပင်လယ်ထဲမှာမြုပ်နစ်နေတဲ့ ဘုရားကျောင်းတခုဆီ အလယ်လာဖို့ဘုန်းကြီးငယ်လေးတပါးပြောပြတာနဲ့   သူအလယ်ရောက်သွားခဲ့တာပါ။ ဘုရားကျောင်းကဆွေးတဲ့နေရာကဆွေး။ကျိုးတဲ့နေရာကကျိုးဘဲ။ သိပ်ကို ခက်ခဲပါတယ်။ ဘုရားကန်တော့ဖို့ တောင် နေရာ မရှိပါဘူး။ ဒါတွေကို သူစိန်ခေါ်ပြုပြင်ခဲ့ပါတယ်။ ကြိုးစားပြီးတော့ ထိန်းချုပ်ပြုပြင်နေလာရာမှာ အဆင်ပြေတဲ့အခါလဲ ပြေလာတယ်။ ဒေသခံရွာသူရွာသားများကလည်း အချိန်ပြည့် နေထိုင်ဖို့ ခေါ်ကြတယ်။ သူဘုန်းကြီးကျောင်းမှာပျော်လာတယ်။ လူ့ဘ၀နဲ့နှိုင်းယှဉ်ကြည့်ရင်ဘုန်းကြီးကျောင်းမှာဘုန်းကြီးဖြစ်ရတာ တကယ်သက်တောင့်သက်သာရှိတယ်လို့ သူထင်မြင်လာတယ်။

လေးလလောက်နေပြီးတော့ ကျောင်းထိုင်ဆရာတော်ဖြစ်လာပါတယ်။ ဘုရားဖူးတွေဝတ်ပြုဆုတောင်းရာ အခန်းပတ်လည်မှာရေက၂မီတာလောက်တက်လာတယ်။  ဘယ်လိုစွမ်းဆောင်လုပ်ကိုင်နိုင်မလဲ သူစဉ်းစားရတော့တယ်။   သူကပြောတယ် ။ကျွမ်းကျင်တဲ့  ပညာရှင်တွေ ဒီမှာလာပြီးလေ့လာကြတယ်။ ပြီးတော့ကျုပ်တို့ကိုဘာလုပ်သင့်တယ်ဆိုတာပြောပြကြတယ်။ သစ်တောတွေခုတ်ထွင်ရှင်းလင်းရင် ရာသီဥတုပြောင်းလဲတတ်ပုံသူတို့ဟောပြောကြတယ်။ ဒါဘာကို ဆိုလိုတာလဲ သူနားမလည်ဘူးတဲ့ ။
ဒီကလူတွေကသူတို့လက်နဲ့သူတို့ဘဲ သူတို့မြေကြီးကိုလက်တွေ့ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ကြတာပါ။ သူတို့ ပညာရှင်ဆိုသူတွေရဲ့  တွေးတောယူဆမှုတွေ ပြောဆိုချက်တွေကို လက်ခံနိုင်ကြပါ့မလားဆိုတာက သူတို့  တာဝန်ပါ။ မေးစရာရှိတာက ခုကျုပ်တို့ ဒီဒေသကို  ဘာတွေကူညီ လုပ်ကိုင်ပေးကြရမလဲ တဲ့။ အချိန်က ၇နှစ် ကြာသွားပါပြီ။ သူက ကျောင်းထိုင်ဘုန်းကြီးဘ၀မှာဘဲ ဒေသခံ volunteer ကလေးတွေနဲ့ လမုပင်တွေစိုက်ပျိုးကြတယ်။ မဟုတ်ရင်လဲကျောက်တုံးတွေကိုရွှေ့ပြီး မြေကြီးတွေဖို့ကာ လှိုင်းလေကိုတပျော်တပါး ကာကွယ်တြတယ်။ အတားအဆီးတွေလုပ်ကြတယ်။ 

ဟိုရှေးရှေးအခါက အင်အားပြင်းလှိုင်းဒါဏ်လေဒါဏ်ခံရစဉ်အခါက အမှတ်တရဓါတ်ပုံတွေ ရေအောက်နစ်မြုပ်တဲ့  ဆုတောင်းဝတ်ပြုရာခန်းမတွေ ပြန်မြင်လာတယ်။ ကျောင်းထိုင်ဆရာတော်က ၀န်ခံပါတယ်။” ဒါဟာ အင်မတန် ခက်ခဲတဲ့အလုပ်ပါ။ ဒီကျောင်းမှာ သီတင်းသုံးဖို့အကြောင်းပြချက်က ဘာလဲ။ အယင်ငယ်ငယ်ဘ၀ကို သတိရတယ်။ ဒါပေမဲ့ဒီမှာ အနှောင်အဖွဲ့မရှိ လွတ်လပ်စွာ နေခဲ့ရလို့  စိတ်ချမ်းမြေ့ပါတယ်။ မိသားစုကိစ္စမရှိ သားမရှိ။ ၀န်ထုပ်ဝန်ပိုးမရှိ။ ဘာမှ စိတ်အာရုံပျံ့ လွင့်စရာ မရှိပါဘူးစိန်ခေါ်စရာရှိတယ်ဆိုရင်အဲဒါ ဒီလှိုင်းတွေဘဲမဟုတ်ပါလား”တဲ့။ “ကျုပ်ဘ၀ရှေ့ရေး အတွက်ကိုတော့တခြားရွေးစရာ မလိုတော့ပါဘူး။ ဒီကျောင်းကလေးကိုဘဲ ထိန်းသိမ်းစောင့်ရှောက်ရင်း ဘ၀ဆုံးသည့်တိုင် မခွဲအတူ နေသွားဖို့ ပါဘဲ။ ဘယ်လို စိန်ခေါ်မှုတွေ ပြွမ်းတီးနေပါစေ ကျုပ်မငြီးငွေ့ ပါဘူး” တဲ့ ။ “လူတွေ လူတွေ လာကြတယ်။ ကျောက်ပြားတွေ ဘုရားကျောင်းကို ကပ်ကြတယ်။ သွားကြတယ် ။ လှူဒါန်းတဲ့အဖွဲ့အစည်းတွေလည်းရောက်လာတယ်။ ကျုပ်ကတော့ကျုပ်နေရာမှာဘဲရှိနေပါမယ်။ ကျုပ်ရဲ့ ကျောင်းတော်မဟာကို ဘဲသထက်ကောင်းအောင် ပြုပြင်မွန်းမံပြီး  တသက်လုံး နေသွားမှာပါ”။  “ဟောင်ကောင်နဲ့  စင်္ကာပူနိုင်ငံတွေက မြေသားအပို မရှိလို့  အမျိုးမျိုးမြေကြီး ဖန်တီးနေရချိန်မှာ ကျုပ်တို့  ထိုင်းနိုင်ငံကတော့ ရှိတဲ့ မြေသားကို မကာကွယ်နိုင်ကြဘူး။ ဒီလို မဖြစ်သင့်ပါဘူး။ ကျုပ်တို့  တတ်စွမ်းသရွေ့ကာကွယ်သွားမှာဖြစ်ပါတယ်လို့ ဘုန်းတော်ကြီး “ခွန်စမတ်ချင်” က စိတ်အားထက်သန်စွာ ပြောဆိုပါတယ်။           ။

Florist
Against the Rising Tide By Brent Lewin
Reader's Digest Aug2011                                       

7 comments:

မေသိမ့်သိမ့် ကျော် said...

နေထိုင်တဲ့သူအားလုံးကော အုပ်ချုပ်နေတဲ့ တာဝန်ရှိသူများပါ ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းတဲ့ တာဝန်ယူသင့်တယ်။

ခင်တဲ့
မေသိမ့်

မေသိမ့်သိမ့် ကျော် said...

ဖြိုးရဲ့စာကောင်းလေးတွေကို မိုဘာမှာလည်း ဖတ်စေချင်လို့ www.moba4all.org ဆိုတဲ့ ဆိုရှယ်ဆိုက်လေးမှာ လာတင်ပေးဖို့ ဖိတ်ပါတယ်ရှင်။ ဆက်ဆက်လာခဲ့ပါနော်။

ခင်တဲ့
မေသိမ့်

mstint said...

ထိုင်းအကြောင်းဖတ်မိတိုင်း ရင်မောမိတယ် ဖြိုးဖြိုးရေ။
တိုတောင်းတဲ့လူ့ဘဝမှာအပြစ်သားမဖြစ်ဖို့အရေးကြီးတယ် ဆိုတဲ့စကားလေး တန်ဘိုးရှိလာတာနော်။ စာကောင်းပေကောင်းလေးအတွက် ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

သဘာဝတရားကြောင့် ဖြစ်လာရတဲ့ ဒဏ်ချက်တွေကလည်း အင်အားကြီးမားလွန်းတော့ လူသားတွေက မကာကွယ်နိုင်ဘူးနော်။ ဖြစ်ပြီးမှဘဲ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ကြရတော့မယ်. ကမ္ဘာကြီးလဲ ယိုယွင်းလာပြီ. ဟိုနေရာမှာ တစ်ခုဖြစ်လိုက် ဒီနေရာမှာ တစ်ခုဖြစ်လိုက်နဲ့.. ကြားရတဲ့သတင်းတွေက စိတ်ချမ်းသာစရာမရှိဘူး။။ ထိုင်းရေဘေးကနေ အမြန်ဆုံး ကင်းလွတ်ကြပါစေလို့ ဆုတောင်းနေရုံကလွဲပြီး ကိုယ်တိုင်လည်း ဘာမှ ဝင်မကူညီနိုင်ဖြစ်နေရတယ်

ညီရဲ said...

ထိုင်းလဲ ဘဝပျက်နေတယ်လို့ ပြောရမှာပေါ့...
သဘာဝဘေးဆိုးတွေကို ဒီဘက်နှစ်တွေမှာ ပိုကြားလာရပြီနော်...
စိတ်မချမ်းမြေ့စရာ သတင်းတွေပေါ့...

ဆူးသစ် said...

ဆိုးကျိုးတွေကတော့ အကုန်ခံရမှာပါပဲ။ ကျွန်တော်တို့ဆီမှာလည်း အခုရေတွေကြီးနေပြီးမဖြိုး။ လူတွေတော်တော်ဒုက္ခရောက်နေကြပြီ။

...အလင်းစက်များ said...

အားပါး ထိုင်းမှာနေတဲ့ သူတောင် လက်ဖျား ခြေဖျား ခါသွားတယ် အစ်မ ဖြိုးရေ....။

ကျေးကျေး အစ်မ။

တနင်္ဂနွေမှာ ဆည်ရေလွတ်မယ် ကြားနေလို့ ။ သောက်ရေနဲ့  စားစရာတွေ စုနေလိုက်တယ်။ သတိတရ မေးပေးတာ ကျေးဇူးပါ အစ်မဖြိုး။