သိမ်မွေ့တဲ့ လေပြေကလေး သဲ့သဲ့တိုက်ခတ်နေစဉ် ဒီဇင်္ဘာလ တရက်မှာ ကျွန်မတို့ဟာဖိလစ်ပိုင် တောင်ပိုင်းကမ်းခြေတလျှောက်မှာ အေးအေးဆေးဆေး ရွက်လွှင့် ထွက်ခွာနေကြတယ်။ကျွန်မတို့ ရောက်ရှိနေတဲ့ နေရာကနေ ပြန်လှည့်ကြည့်လိုက်ရင်တော့ ကျွန်မတို့နေတဲ့ကျွန်းကလေးကို ရေးရေးဘဲ မြင်နိုင်တော့တယ်။ ဖြာကျနေတဲ့ နေရောင်ခြည်ကလေးက ရေပေါ်မှာ အပြာရောင်ဖွဖွလေး တောက်ပနေတယ်။ သစ်ပင်တွေနဲ့ စက်ရုံတွေကိုလည်း နေရာတိုင်းမှာ ထိုးထိုးထောင်ထောင် မြင်နေရတယ်။ ပျော်ပျော်ရွှင်ရွှင် ကျီကျီကျာကျာ အော်မြည်ရင်း ဟို..ကောင်းကင်အမြင့်ကို ပျံတက်နေတဲ့ ချစ်စရာငှက်ကလေးတွေကိုလဲ မြင်နေရတယ်။ ဒါဟာ ၁၉၈၀ခုနှစ်များဆီက..ရိုက်ကူးခဲ့တဲ့ ဖိလစ်ပိုင် ရုပ်ရှင်ပြကွက်တခုကို ဖေါ်ပြပေးနေတာပါ ။
ကျွန်မဟာ နှစ်ပေါင်းများစွာ ရုပ်ရှင် သရုပ်ဆောင်အဖြစ် ကျင်လည်ရင်း ခုအခါမှာလဲ ရုပ်ရှင်ရိုက်ကူးဖို့ တစ်ဖန် ရောက်ရှိလာခဲ့တာပါ။ အဖွဲ့သားအားလုံး ၃၀လောက်ရှိမဲ့ ကျွန်မတို့ဟာ ကျွန်မတို့ တည်းခိုရမဲ့ ဧည့်ရိပ်သာမှာ အသီးသီး အသင့် နေရာယူလိုက်ကြပါတယ်။ နောက်နေ့မနက် ကျွန်မတို့ ရိုက်ကူးရမယ့် နေရာမှာ ပွဲကြည့်ပရိသတ်တွေက အများကြီးဘဲ။ ညံညံ စီစီ ဝေေ၀ ရှိနေပီ။ ကျွန်မတို့လည်း မိတ်ကပ် အသင့်အနေအထားပြင်ဆင်ပြီးကြပြီ။
“ မီး ကင်မရာ အက်ရှင်” ဆိုတဲ့ အသံတွေ ထွက်ပေါ်လာပြီ။ ဒါပေမဲ့..
မမျှော်လင့်တဲ့ ထူးထူးဆန်းဆန်းအသံတခု။ ပရိသတ်ကြားက ထွက်ပေါ်လာတယ်။
“ ဒီနှစ်ယောက်ကို ငါတို့ ငှားချင်တယ် ရမလား” တဲ့။
ကျွန်မအသံလာရာ ကြည့်လိုက်တော့
“အလိုလေး”