Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, March 06, 2012

လရိပ်

♫ The trees that whisper in the evening
Carried away by a moonlight shadow ♫

လရောင်ရှိတဲ့ညတွေမှာ
လရောင်ခပ်လဲ့လဲ့လေးဖြာကျတဲ့နေရာမှာအိပ်ရင်း  ...
လ ကို ငေးပြီးကြည့်ရင်း ...
အိပ်ပျော်သွားရတာ သိပ်ကြိုက်တာပဲ။
ဘာကြောင့်လည်းမသိ အူထဲအသည်းထဲကကို ကျလိကျလိနဲ့သဘောကျတာ။
ညက အိပ်ခါနီးလရောင်မြင်ရတဲ့ဘက်ကို နေရာပြောင်းအိပ်တယ်။
ပြီးတော့ မေးလိုက်သေးတယ်။
"တကယ်ချစ်ရဲ့လား" လို့
သူကဖြေတယ်။ "....." တဲ့
ဒါဆို လကြီးကို ယူပေးပါ။ ညတိုင်းလကြီးဆီက အရောင်ဖွေးဖွေးလေးနဲ့ အိပ်ချင်လို့ပါ ဆိုတော့။
"....." တဲ့။
ဘာဖြေလိုက်တာပါလိမ့်။
မသိလိုက်တော့ဘူး .. အိပ်ပျော်သွားပြီ .... zzzzzzz

Moonlight shadow သီချင်းလေးလည်းပြန်နားထောင်ဖြစ်တယ်။

♫ I stay, I pray
See you in Heaven, far away
I stay, I pray
See you in Heaven one day ♫

5 comments:

လမင်းလေးချစ်သူ :) said...

လမင်းကြီးလည်း တစ်ယောက်တည်း...
ကိုယ်လည်း တစ်ယောက်တည်း...
ဒါကြောင့် လရိပ်မှာပဲ တယောက်တည်း ပျော်နေတော့မယ် :)

ဟန်ကြည် said...

လရဲ့အောက်ဘက် မိုင်အဝေးမှာ ဆိုတဲ့ မဂျူးရဲ့ ၀ထ္ထုတစ်ပုဒ်ကိုတောင် သတိရသွားတယ်...အင်း လမင်းကြီးလည်း သူ့ဖာသာ သာနေတုန်းပေါ့လေ...ပုဂံကိုသွားတုန်းကပဲ သဘာဝအလှကို ခံစားဖြစ်တယ်...လောလောဆယ်တော့ လမင်းကြီး ကိုယ့်ရှေ့မှာ ဖုတ်ဆိုပြုတ်ကျလာမှပဲ မြင်မိတော့မယ် ထင်ပါရဲ့...

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့လဲ လသာတဲ့ညတွေဆို သဘောကျတယ်
လရောင်ခြည်ဖြာကျနေတဲ့ အောက်မှာ အိပ်ရတာ အေးအေးလေးနဲ့ ဘယ်လို ခံစားချက်မှန်းမသိဘူး.. တစ်မျိုးလေး..
ဒါပေမဲ့အေ
လကိုယူပေးပါ လို့ ဘယ်သူ့ကို ပူဆာရမှာပါလိမ့်း))

mstint said...

လရိပ်အောက်မှာအိပ်တာကိုသဘောကျတယ်ဆိုတဲ့
ဖြိုးဖြိုးရေ တိမ်တိုက်တွေကြောင့်လမင်းကြီး
မသာနိုင်တဲ့ရက်တွေလည်း အိပ်ပျော်နိုင်အောင်ကြိုးစားပါ
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

ငယ်ငယ်တုန်းကတော့ ထမင်းဆီဆမ်းရွှေလင်ဗန်းနဲ့ ပေးပါ... ၀ါ..၀ါ..၀ါ..လို့ ဖိုးလမင်းကြီးကြည့် အော်ခဲ့ကြတယ်။ ချစ်သူ ပုခုံးပေါ်မှီရင်း လမင်းကြီးကို ကြည့်ပြီး အိပ်ခွင့်ရတာ ကြည်နူးစရာ...။