ယူအက်စ်ကာကွယ်ရေးပန်တဂွန်စစ်ဌာနချုပ်က “ရှေ့ဆက်ဖို့အသင့်” လို့ပြောလာပါပြီ။ ဆီးရီးယားနိုင်ငံသားတွေကို ဓာတုလက်နက်သုံးပြီးဆန့်ကျင်နှိမ်နင်းခဲ့တယ်လို့ သင်္ကာမကင်းဖြစ်ခဲ့ရတာကြောင့် စစ်ရေးအရအရေးယူတော့မယ် ဆုံးဖြတ်လိုက်ပါတယ်။ အမိန့်တွေရလိုက်တာနဲ့ စစ်ရေးတိုက်ခိုက်မှုတွေစတင်တော့မှာပါ။ ဆီးရီးယားပြည်တွင်းစစ်ပွဲဟာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ ဒါပေမဲ့ အခြေအနေက သိပ်ကိုရှုပ်ထွေးလာခဲ့ပါတယ်။ breaking news သတင်း အရူးအမူးစွဲလမ်းနေသူတွေတောင် သတင်းတွေနောက် ထပ်ကြပ်မကွာလိုက်ဖို့ ခက်ခဲလာတဲ့အထိပါပဲ။ အချိန်တိုင်း သတင်းတိုင်းက ကြားဖြတ်သတင်းမျိုးတွေဖြစ်နေကြတယ်။ အခုဆိုရင် ဝါရှင်တန်ဟာ ဒီကမ္ဘာကြီးထဲက မတည်ငြိမ်ဆုံးဒေသထဲက တစ်ခု ဖြစ်တဲ့ ဆီးရီးယားကို ဒုံးကျည်ဘယ်နှစ်ခုအသုံးပြုပြီးအရေးယူတိုက်ခိုက်ကြမလဲ အပြင်းအထန်စဉ်းစားနေပါတယ်။ ဒီအချိန်ဟာ ဆီးရီးယားအခြေအနေကို ခြေရာပြန်ကောက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီသတင်းလွှာဟာ ဆီးရီးယားပြည်တွင်းစစ်နောက်ကြောင်းကို အမြန်ဆုံးသိနိုင်မှာပါ။ စွယ်စုံကျမ်းတစ်ခုလို ဆီးရီးယားသမိုင်း ခြုံငုံဝန်းပတ်မိဖို့တော့ ရည်ရွယ်မထားပါဘူး။ ဒါပေမဲ့ အန္တရာယ်ရှိဒေသတစ်ခုရဲ့ ကြောက်လန့်စရာအခြေအနေ၊ ဘယ်လောက်အထိအရေးတကြီးဖြစ်နေကြပြီလဲ။ အဲဒီနောက်ဆုံးအနေအထားကို သိမြင်နိုင်ပါလိမ့်မယ်။
Showing posts with label ဆီးရီးယား. Show all posts
Showing posts with label ဆီးရီးယား. Show all posts
Wednesday, August 28, 2013
Tuesday, February 26, 2013
ဘယ်လို ပြုပြင်မလဲ၊ ဘယ်လို ခေါင်းမာနေဦးမလဲ
Posted by
PhyoPhyo
at
Tuesday, February 26, 2013
Labels:
ဆီးရီးယား,
မေမေ့ရဲ့စာ,
နိုင်ငံတကာသတင်းဆောင်းပါးများ
![]() |
ဘာရှား၏ ဘာမထီအပြုံး၊ ကြံ့ကြံ့ခံ ရပ်တည်ဆဲ ဘာရှား |
ရာထူး - ဆီးရီးယားနိုင်ငံ၏ သမတ နှင့် ဘာ့သ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး
မွေးနေ့ - ၁၁ စက်တင်ဘာ ၁၉၆၅ (အသက် ၄၈)
ဇာတိ - ဒမတ်စကတ်စ် ၊ အာရပ်ပြည်ထောင်စုသမ္မတနိုင်ငံ
ဘခင် - ဟာဇက်ဇ် အယ်လ် အာဆတ်ဒ်
(ဘခင်သည်ဆင်းရဲသောမိသားစုမှ ပေါက်ဖွားခဲ့သော်လည်း Alawite များ နောက်ခံပြုသည့် အာရပ်ဆိုရှယ်လစ် ဘာ့သ်ပါတီ ကို ထူထောင်ခဲ့သည့်အပြင် သမ္မတအဖြစ်နှင့် ဆီးရီးယားနိုင်ငံကို ၂၉နှစ် အုပ်စိုးခဲ့သည်။)
(ဘခင်သည်ဆင်းရဲသောမိသားစုမှ ပေါက်ဖွားခဲ့သော်လည်း Alawite များ နောက်ခံပြုသည့် အာရပ်ဆိုရှယ်လစ် ဘာ့သ်ပါတီ ကို ထူထောင်ခဲ့သည့်အပြင် သမ္မတအဖြစ်နှင့် ဆီးရီးယားနိုင်ငံကို ၂၉နှစ် အုပ်စိုးခဲ့သည်။)
အကို နှင့်အမ - ဘာဆယ်လ် နှင့် မဟာ
ဇနီး - အက်စ်မာ (ဗြိတိန်နိုင်ငံဖွား ဘဏ်အရာရှိ)
ပညာရေး - မျက်စိအထူးကုဆရာဝန်
ပါတီ - ဘာ့သ်ပါတီ
အင်္ဂလိပ်စကားနှင့် ပြင်သစ်ဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည်။ ၂၀၀၀ခုနှစ် ဖူလိုင်လ ၁၇ရက်မှာ တာဝန်စတင်ထမ်းဆောင်သည်။ ၂၀၀၀ခုနှစ် ဒီဇင်ဘာလတွင် လန်ဒန်မှာ ကျွမ်းဝင်ခဲ့သော အက်စ်မာနှင့် လက်ထပ်သည်။ သားသမီး သုံးယောက်ရှိသည်။ (ယခု ဇနီးသည်က စတုတ္ထကိုယ်ဝန်လွယ်ထားသည်)။ ဒမတ်စကတ်စ် တက္ကသိုလ် ဆေးကျောင်းမှ ၁၉၈၈ခုနှစ်တွင်ဘွဲ့ရရှိခဲ့ပြီး တပ်မတော်တွင် စစ်တပ်ဆရာဝန်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ နောင်လေးနှစ်အကြာတွင် လန်ဒန်မြို့ အနောက်ပိုင်းဆေးတက္ကသိုလ်မှ မျက်စိအထူးကုဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ဒမတ်စကတ်စ်ရှိ အာရပ်+ပြင်သစ်အယ်ဟာရီယာကျောင်းတွင် မူလတန်း အလယ်တန်းပညာသင်ယူခဲ့သည်။
Monday, September 03, 2012
ဆီးရီးယားစစ်မြေပြင်မှာ ကြွေလွင့်ခဲ့ရတဲ့ ဂျပန်သတင်းထောက်မလေး
Posted by
PhyoPhyo
at
Monday, September 03, 2012
Labels:
ဆီးရီးယား,
မေမေ့ရဲ့စာ,
နိုင်ငံတကာသတင်းဆောင်းပါးများ
အမည် မီကာ ယာမာမိုတို ( အသက် ၄၅နှစ်)
မွေးနေ့ = ၂၆ မေ ၁၉၆၇
ကိုချီ ယာမာမိုတို မိသားစုမှ ပေါက်ဖွားသည်။
ဇာတိ = ဂျပန်နိုင်ငံ ယာမာနာရှီစီရင်စုနယ် ဆူရူကျေးရွာ
သေဆုံးသည့်နေ့  = ၂၀ သြ၈တ်စ် ၂၀၁၂
သေဆုံးသည့်နေရာ = ဆီးရီးယားစစ်မြေပြင် အလက်ပို မြို့ ၊ ဆီးရီးယားနိုင်ငံ
သေဆုံးရသည့် အကြောင်းရင်း = ဆီးရီးယား ပြည်တွင်းစစ်တွင် ဆီးရီးယား အစိုးရ တပ်မှ ပစ်ခတ်သော သေနတ်ဒါဏ်ရာဖြင့် ကွယ်လွန်ခဲ့ရသည်။
ဆူရူုတက္ကသိုလ်မှ ဘွဲ့ ရရှိသည်။
အလုပ်အကိုင် = သတင်းစာဆရာ နှင့် စစ်မြေပြင်သတင်းထောက်
၁၉၉၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
သူမတွင် ညီမနှစ်ယောက်ရှိပြီး ဘခင်”ကိုချီ ယာမာမိုတို “မှာ ယခင်က အဆာဟိရှင်ဘွန်းသတင်းစာ၏ သတင်းထောက်တဦးလည်းဖြစ်သည်။ သူမနေခဲ့သော မိခင်တက္ကသိုလ်တွင် သတင်းစာ ပညာကို ဟောပြော ပို့ချသူလည်းဖြစ်သည်။ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသော ပြည်တွင်းစစ်တွင် ဂျပန်ပရက်စ်သတင်းဌာနအတွက် ဆီးရီးယားသူပုန်တို့ ဖွဲ့စည်းထားသော “ဖရီးဆီးရီးယားအာမီ”ခေါ် လွတ်လပ်သော ဆီးရီးယားတပ်မတော်စစ်ကြောင်းနှင့်အတူ လိုက်ပါ သတင်းရယူရင်း အစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သည့် သေနတ်ဒါဏ်ရာဖြင့် ၂၀ရက် ၈လ ၂၀၁၂ခုနှစ်တွင် သေဆုံးခဲ့သည်။

Monday, April 16, 2012
ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၂)
ဘက်ပေါင်းစုံက ပိတ်ပင်တားဆီးမှုတွေစုပြုံရရှိခဲ့ပြီး အာရပ်လိဂ်အပြင်ဘက်ရောက်ခဲ့ရတဲ့ အာရပ်နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းပြောင်းလဲလာလေမလား။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ခြေလှမ်းတွေကို စောင့်ကြည့်ရပါဦးမယ်။ သမ္မတအာဆတ်ဒ်ကတော့ နိုင်ငံအတွက် အသေခံဖို့ဆန္ဒရှိတယ်လို့ ပြောနေပါတယ်။ နိုင်ငံအတွက်ထားတဲ့ သမ္မတအာဆတ်ဒ်ရဲ့ဆန္ဒအတိုင်းပဲ ဆီးရီးယားနိုင်ငံရဲ့အနာဂတ်လှပလာလေမလား မျှော်လင့်စောင့်စားကြရမှာပါပဲ။ ပိတ်ပင်တားဆီးမှုတွေကို သမ္မတအာဆတ်က ဂရုပြုခဲ့ဟန်မတူပါဘူး။ အကြမ်းဖက်နှိမ်နင်းတိုက်ခိုက်မှုတွေဟာလည်း တစ်နှစ်ကျော်လာခဲ့ပါပြီ။ ပြင်းထန်နေဆဲအကြမ်းဖက်မှုတွေကို အဟန့်အတားဖြစ်စေဖို့ ယူအန်-အာရပ်လိဂ်သံတမန်အဖွဲ့ကို ဆီးရီးယားနိုင်ငံထဲဝင်ရောက်ခွင့်နဲ့အတူ ကြိုးပမ်းချက်တစ်ရပ်အဖြစ် အချက် ၆ချက်ပါတဲ့ ညွှန်ကြားချက် ကို ကုလသမ္မဂအထွေထွေအတွင်းရေးမှူးဟောင်း ဂါနာလူမျိုး သံတမန် ကိုဖီအာနန်က ၁၉၁၂ ဖေဖေါ်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချက်တွေမှာ >>
(၁) သံတမန်အဖွဲ့ကို ဆီးရီးယားပြည်သူတွေလိုလားထောက်ခံတဲ့ ဆီရီးယားပြည်သူတွေဦးဆောင်တဲ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲရေးမှာ ပါဝင်လက်လုပ်ကိုင်ခွင့်ပြုရမယ်။
(၁) သံတမန်အဖွဲ့ကို ဆီးရီးယားပြည်သူတွေလိုလားထောက်ခံတဲ့ ဆီရီးယားပြည်သူတွေဦးဆောင်တဲ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲရေးမှာ ပါဝင်လက်လုပ်ကိုင်ခွင့်ပြုရမယ်။
Friday, March 23, 2012
ဆီးရီးယားသမ္မတကတော်ရဲ့ ကံကြမ္မာ
Posted by
PhyoPhyo
at
Friday, March 23, 2012
Labels:
ဆီးရီးယား,
မေမေ့ရဲ့စာ,
နိုင်ငံတကာသတင်းဆောင်းပါးများ
(“အက်(စ်)မာ” ဟာ ကျက်သရေရှိတယ်၊ ဆွဲဆောင်မှုရှိတယ်၊ စမတ်ကျတယ် စသဖြင့် အနောက်တိုင်းစာနယ်ဇင်းလောကမှာပါ ထင်ရှားတဲ့ ဆီးရီးယားနိုင်ငံ့ဥသျှောင် ဂုဏ်သရေရှိသမ္မတကတော်လေးတဦး ဖြစ်ပေမဲ့ စစ်အာဏာရှင်“ ဘာရှား အယ်လ်အာဆတ်ဒ်”ရဲ့ ဇနီးဖြစ်နေတယ် လို့” ခရစ်တိုဖါ ဒစ်ကီ ကပြောလိုက်ပါတယ်။)
“အက်(စ်)မာ အယ်(လ်) အာဆတ်(ဒ်)” ဟာ အသက်အားဖြင့် ၃၆နှစ်ရှိပြီး ခလေးသုံးယာက်မိခင်ဖြစ်ပါတယ်။ သူမဟာ နူးညံ့ပျော့ပျောင်းစွာ ဆက်ဆံပြောဆိုတတ်တယ်။ ဗြိတိန်မှာမွေးပြီး အဆင့်မြင့် ဘဏ်အရာရှိ တဦးလည်းဖြစ်ပါတယ်။ အနောက်တိုင်းဆန်ပြီး သွက်လက်ချက်ချာတယ်။ ခေတ်မှီ ပညာတတ်အမျိုးသမီးတဦးလည်းဖြစ်တယ်။ သူမဟာ ဒေါက်ဖိနပ်လှလှလေးစီးပြီး ကိုယ်ဟန်ကြော့ကြော့ နှင့် သွားလာတတ်တယ်။ ၀တ်စားဆင်ယင်မှုမှာ ပြေပြစ်တင့်တယ် သိမ်မွေ့တယ် စသဖြင့် နာမည်ကြီးတဲ့သူပါ။ “သဲကန္တာရရဲ့ နှင်းဆီတပွင့်” လို့ တင်စားခေါ်ဝေါ်နေကြတာပါ။ ဒါဟာ လူထုအုံကြွမှု မဖြစ်မီက ကျော်ကြားမှုတွေပါ။ ခုဆိုရင် မတည်မငြိမ် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ တနှစ်ကျော်လာတဲ့ အချိန်မှာ ဆီးရီးယားဟာ ပြည်တွင်းစစ်ကို့ ဦးတည်သွားပါပြီ။

Tuesday, November 29, 2011
ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)
ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ် |
Subscribe to:
Posts (Atom)