နွယ်နီ မဂ္ဂဇင်း၊ သြဂုတ်၊ ၂၀၁၂ (မေမေ့ ရဲ့ စာ) |
ဝန်ကြီးချုပ်အဖြစ် လေးကြိမ်ရွေးကောက်ခံရတဲ့ “အင်ဒီရာ ဂန္ဒီ “ဟာ စည်းရုံးမှုပြိုကွဲပြီး ပဋိပက္ခတွေနှင့် မတည်မငြိမ်ဖြစ်နေတဲ့ အိန္ဒိယကို အာဏာရှင်ဆန်ဆန် ဆယ်စုနှစ် နှစ်ခုတိုင် လွှမ်းမိုးခဲ့တယ်။ သူမဟာ မွေးဖွားလာစဉ်ကတည်းက နိုင်ငံရေးနှင့်ဆက်နွယ်တဲ့ ဘခင်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းလာရသူမို့  သူမရဲ့ ပုံရိပ်ဟာလည်း နိုင်ငံရေးကိစ္စတွေထဲမှာ တ၀ဲလယ်လယ် ဖြစ်နေတယ်။ သူမဟာ အိန္ဒိယသမိုင်းမှာထင်ရှားခဲ့တဲ့ လွတ်လပ်ရေး ခေါင်းဆောင် ကြီး “ဂျဝါဟာလာ နေရူး”ရဲ့  သမီးဖြစ်တယ်။ နေရူး ဟာ ဗြိတိသျှလက်အောက်ခံ ဘ၀မှနေ ဗြတိသျှအစိုးရထံမှ လွတ်လပ်ရေးရဖို့  ၁၇နှစ် တိုင်တိုင်ဦးဆောင်ကြိုးပမ်းခဲ့ရသူပါ။ အင်ဒီရာ ဟာ မုဆိုးဖို ဖခင်ရဲ့ကိစ္စအ၀၀ လုပ်ကိုင်ပေးရင်း အိမ်တာဝန်ကို ဖခင်နှင့် အနီးကပ် ထမ်းဆောင်ခဲ့တယ်။ဖခင်နှင့် ကွန်ဂရက်ပါတီ ခေါင်းဆောင် မိုဟန်ဒက် ကေ ဂန္ဒီ တို့ နောက်မှနေ ရုံးကိစ္စများ ကူညီဆောင်ရွက်ပေးရင်း ရှေ့တန်းကို အလိုလို ရောက်လာခါ သမိုင်းစာမျက်နှာပေါ်တက် ပေါ်လွင်လာသူဖြစ်တယ်။ သား “ဆန်ဂျေးနှင့် ရာဂျစ်" တို့ ကိုလည်း ၀န်ကြီးချုပ်ဖြစ်လာစေရန် မျှော်လင့်ထားသူမို့ အများ က “ဂန္ဒီ မင်းဆက်” ထူထောင်မလား စောင့်ကြည့်တဲ့အထိ ဖြစ်ခဲ့တယ်။ဒါပေမဲ့ ဆန်ဂျေး ဟာ ၁၉၈၀ခုနှစ်က လေယာဉ်ပျက်ကျရာမှာ ကွယ်လွန်သွားခဲ့တာမို့ ၀န်ကြီးချုပ်ရာထူးဟာ “ရာဂျစ်" အဖို့  ဖြစ်လာဟန်တူတယ်။
တကယ်တော့ အီန္ဒိယဟာလူဦးရေ သန်းပေါင်း ၇၀၀ကျော် ရှိပြီး အစားအစာပြတ်လပ်မှု နဲ့ ရင်ဆိုင်နေရတာပါ။ သက်ကြီးရွယ်အို ပေါများပြီး လူဦးရေက ရှိသင့်သည်ထက် ကျော်လွန်နေပါတယ်။ ဇာတ်နိမ့် ဇတ်မြင့်ခွဲခြားဆက်ဆံမှုလည်း ပြင်းထန်နေလို့ လူနည်းစု ဟိန္ဒူ နှင့် မူဆလင်တို့ အကြား ပဋိပက္ခတွေနှင့် ဘာသာရေးကိစ္စတွေလည်းရှုပ်ထွေးပြီး တည်ငြိမ်မှုမရှိပါဘူး။ ဒီလို တိုင်းပြည် ကသောင်းကနင်းဖြစ်နေချိန်မှာ မစ္စက် ဂန္ဒီ က ဆစ်(ခ်) လူမျိုးတို့  ၀တ်ပြုဆုတောင်းရာ ရွှေဘုရားကျောင်းမှာ ခိုလှုံနေသူ ဆစ်(ခ်) လူမျိုး ဆူပူသူ အားလုံးကို အိန္ဒယ တပ်သားများစေလွှတ်ဖြိုခွင်းပြစ်ဖို့ အမိန့် ထုတ်ပြန်ခဲ့တယ်။ ဒါ့ကြောင့် အများက သူမကို အာဏာရှင်ဆန်တယ်လို့ ဆိုကြတယ်။ အမှန်တော့ သူမဟာ အာဏာရှင်စနစ်ကို သက်ဝင်သူလို့  ဆိုနိုင်တယ်။ ပုံနှိပ်လုပ်ငန်းကို အပြည့်အ၀မပေးပါဘူး။ စာပေစိစစ်ရေးတွေ ရှိတယ်။ဒီမိုကရေစီဆိုတဲ့ ဝေါဟာ၇ကို ထပ်တလဲလဲ သုံးနေဖို့ မလိုအောင်အိန္ဒိယနိုင်ငံဟာဒီမိုကရေစီ အပြည့်ဝဆုံးနိုင်ငံလို့  ယခုအခါကျော်ကြားပါတယ်။
ထိုစဉ်ကလည်း အာဏာရှင်ဆန်တဲ့  သူမကို မဲဆန္ဒရှင်များ က ဖြုတ်ချခဲ့ဖူးပါတယ်။ နောက်၁၈လအကြာမှာ သူမပြန်လည်ရွေးချယ်ခံခဲ့ရပြီး တန်ခိုးသြဇာ အရှိန်မြှုင့်တက်လာတယ်။ အိန္ဒိယဟာ အရှေ့  အနောက်အုပ်စုဝင်မဟုတ်တဲ့ ဘက်မလိုက် နိုင်ငံဖြစ်ပေမဲ့လဲ အမေရိကန်ပြည်ထောင်စုနှင့် အနီးကပ်ဆက်ဆံမှု ရှိပြီ့း  အမေရိကန်ထံမှ ၁၉၅၀ မှ ၁၉၈၀ခုနှစ် အတွင်း အထောက်အပံ့ဒေါ်လာဘီလျှံချီ ရရှိထားပါတယ် ။ သူမဟာလည်းဘက်မလိုက်နိုင်ငံများရဲ့  ထိပ်တန်းခေါင်းဆောင်တဦးပါပဲ။.
ဆိုဗီယက်နိုင်ငံဟာ အဖဂန်ကို ၀င်ရောက်သိမ်းပိုက်ချိန်ဖြစ်လို့ အိန္ဒိယဟာ ဆိုဗီယက်နှင့် နွေးနွေးထွေးထွေးမရှိဘဲ ကင်းကွာနေပေမဲ့လဲ အီန္ဒိယကို ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီတည်ဆောက်ပေးဖို့  ဆိုဗီယက်ကလည်း စိတ်ဝင်စားမှု ရှိတယ်။စွမ်းနိုင်ပါတယ်တဲ့။ မစ္စက် ဂန္ဒီ ဟာ ဘခင်ရဲ့  အရိပ်မှာ ကြီးပြင်းလာသူဖြစ်လို့  သံမဏိစိတ်ဓါတ်အပြည့်ရှိပြီးပြတ်သားမှုလည်းရှိတယ်။ “အင်ဒီရာ “အထုပ္ပတ္တိ စာအုပ်ကို ရေးသားသူ ခရစ်ရှန်ဘာဒရာ က “နေရူး”ဟာ ရောက်တဲ့နေရာကနေ သမီးကို လမ်းညွှန်မှုတွေ ပေးခဲ့တယ်” လို့ ဆိုတယ်။ တချို့ကသူမကို နားမလည်ဘဲ ရက်စက်တဲ့ နှလုံးသားရှိသူလို့  ကင်ပွန်းတပ်ကြတယ်။ ဟိန္ဒူ မူဆလင် ဘာသာရေးတင်းမာမှုကိုလည်း သူမ အလွန်မုန်းတီးစက်ဆုတ်လျက်ရှိတယ်။
သူမတကိုယ်ချင်းစိတ်နေစိတ်ထားကို ကြည့်ရင် အေးစက်စက်နေတတ်သူ။အဖက်မလုပ်ချင်သူ တသီးတခြားနေတတ်သူ လို့ ပြောနိုင်ပါတယ်။ ၁၉၆၇ခုနှစ်မှာ သမတ ‘ရစ်ချတ်နစ်ဆင်’ နယူးဒေလီကိုအလွတ်သဘော အလည်အပတ်ရောက်ရှိလာစဉ်ကဆိုရင် မိနစ်၂၀လောက်ဘဲ စကားပြော
ရရုံရှိသေး သူမက နိုင်ငံခြားရေးဝန်ကြီး ကို မစ္စတာ နစ်ဆင် ဘယ်လောက်ကြာကြာ နေအုံးမလဲ မေးပါသတဲ့။ အင်တာဗျူးတွေမှာဆိုရင်လည်းသူမက အဖြေကောင်းကောင်းမပေးပါဘူး။ တောင်ခြစ် မြောက်ခြစ်လုပ်ပြီး ၀ိုးတ၀ါးဝါးနှင့် သတိမေ့ဟန်ဆောင်ကာ မရေမရာ ပြုမူလေ့ရှိတယ်။ တခြားအချိန်တွေမှာလည်း သူမရဲ့  ဗီဇ ရုပ်ပိုင်းဆိုင်ရာ အတိုင်း အရှက်အကြောက်ကြီးတတ်ပါတယ်။ တီဘီရောဂါလည်းရှိတော့ သွေးပေါင်ကျပြီး အားနည်းနေတာလဲ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်မှာလဲ ပြဿနာရှိနေတယ်။ ကြွက်သားတွေလည်း မကြာမကြာ အကြောဆွဲ သလို ဖြစ်တတ်သေးတယ်။ ဒါပေမဲ့လဲ သူမဟာ တနေ့ ကို ၁၄နာရီ အလုပ်လုပ်ပြီး ကျန်အချိန်များကိုတော့ သူမရဲ့ ကိုယ်ပိုင် အားလပ်ချိန်အဖြစ် သတ်မှတ်ထားတယ်။
၁၉၇၄ခုနှစ်ထဲမှာ သူမဦးဆောင်ပြီး အိန္ဒိယနိုင်ငံကို နျှူကလီးယားနိုင်ငံတနုင်ငံ ဖြစ်လာဖို့  အစပျိုးလိုက်ပါပြီ။ အိန္ဒိယကို နျူကလီးယားကမ္ဘာထဲ ဆွဲသွင်းလိုက်တာပါ။.ဒါပေမဲ့ သိပ္ပံဆရာကြီးတွေက မြေအောက်မှာတင် ပေါက်ကွဲမှု ဖြစ်စေခဲ့ပါတယ်။ အောင်မြင်မှု မရှိခဲ့ဘူး။ ၁၉၈၀မှာတော့ အိန္ဒိယပိုင်ဆက်တဲလ်လိုက်နှင့် အိန္ဒိယပိုင် ရော့ကက်ကို အသုံးပြု ပြစ်လွှတ်ပြီး အာကာသခေတ်ကြီးထဲ တိုးဝင်လိုက်နိုင်တယ်။ အိန္ဒိယလူမျိုး အာကသယာဉ်မှူးဟာ ဆိုဗီယက်အာကသယာဉ်နှင့် အတူ ကျယ်ပြောလှတဲ့ အာကသကြီးထဲ လိုက်ပါပျံသန်းနိုင်ပါပြီ။
သူမဟာ ပင်ကိုယ်ဥာဏ်ထူးချွန်ထက်မြက်တယ်ဆိုတာကိုတော့ ယုံမှားစရာမလိုပါဘူး။ အတိုက်အခံတွေနှင့်ဆိုရင် အသေးစိတ် အချိန်ကြာကြာ ဆွေးနွေးလေ့ရှိတယ်။ ၁၉၇၄ခုနှစ်မှာ G.B. Verghese ထံက အာဏာလွှဲပြောင်းရယူခဲ့တာပါ။ အတိုက်အခံတွေကတော့ သူမကို အကြောရောဂါကြောင့် နိုင်ငံ့ခေါင်းဆောင် မဖြစ်သင့်ဘူး။နိုင်ငံတကာအသိအမြင်မကြွယ်ဝဘူး။ စံနစ်တကျ စီစဉ်ခြင်းမရှိဘူး။အထက်တန်းကျကျ အဆင်အသွေးကြွကြွနှင့် အိန္ဒိယကို အလှမဆင်နိုင်ပါဘူးလို့  ပုတ်ခတ်ကြတယ်။ ပင်ကိုယ်က သြဇာတိက္ကမ ၊ ရှိသော်လည်း စီးပွားရေးအမြင်ကျဉ်းးမှု အုပ်ချုပ်ရေးညံ့ဖျင်းမှု အားနည်းချက်ရှိနေတာကြောင့် လုပ်ပိုင်ခွင့်အာဏာရှိသော်လည်းကျွမ်းကျင်တဲ့ ပညာရှင် အတိုင်ပင်ခံ မစ်ရှင်အဖွဲ့ က အသင့် မရှိဘူး စသည် ကဲ့ရဲ့ ကြတယ်။ ဒီလို ဖိအားပေးပြောဆိုမှုတွေများတော့ မစ္စက်ဂန္ဒီ က ဒေါသမထိန်းနိုင်ဘူး။စာနယ်ဇင်းကို.. ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမဆို ဖိအားတွေ ဘယ်လောက်များများ ပြိုလဲတော့ မသွားပါဘူး။ ဒီလောက်ကျယ်ပြောလှတဲ့ အိန္ဒိယလို နိုင်ငံ တခုကို ထိန်းချုပ်ရတာ လွယ်မယ်ထင်သလား။ မလွယ်ဘူးလို့ပြောစမ်းပါ။ ရှိသမျှအာဏာတွေ အကုန်သုံးပြီး ငါ အခိုင်အမာပြောပါရစေ။ ဒီကမ္ဘာမှာ ဘယ်သူလာပြီးထိန်းချုပ်မလဲ။ ဘယ်သူထိန်းချုပ်နိုင်တယ်လို့ ကတိပေးနိုင်သလဲ စသည် မျက်မာန်ရှပြီး မေးတော့တယ်။
သူမကိုယ်တိုင်ကတော့ အီန္ဒိယကို သူမ ကောင်းကောင်း ဦးဆောင်နိုင်တယ်လို့  ယုံကြည်နေတယ်။

ကျွန်မအဖေက ကျွန်မကို ပညာကောင်းကောင်းသင်ပေးခဲ့တယ်။လူတွေနှင့်တွေ့ ဆုံပြီး ပေါင်းသင်းဆက်ဆံရေးတွေ ပြသခဲ့တယ်။နိုင်ငံရေးလောကမှာသာမဟုတ်ပါဘူး။အနုပညာနယ်ပယ်မှာရော စာပေလောကမှာရော ကြွယ်ဝတဲ့ အမြင်တွေနှင့် လမ်းညွှန်ခဲ့တယ်။ သမီးလို့ သဘောမထားဘဲ လူသားတယောက်အနေနဲ့ မှန်ကန်တဲ့ အမြင် ၊ မှန်ကန်တဲ့အယူအဆတွေကို တွေးခေါ်နိုင်ဖို့ ဘခင်က သင်ပြထားခဲ့ပြီးဖြစ်တယ် လို့  ဒေါနှင့်မာန်နှင့် ဖြေရှင်းခဲ့တယ်။ ထပ်ဆင့်ပြီး ယောင်္ကျားတစ်ယာက် နှစ်ကြိမ် ခက်ခက်ခဲခဲ လုပ်ဆောင်ရတဲ့ အလုပ်ကို မိန်းမက တကြိမ်တည်းနှင့် အပြီးလုပ်နိုင်တယ် ဒါအမှန်ပါဘဲ လို့  ကြွေးကြော်ခဲ့တယ်။
သူမနာမည်ဟာ အမှန်က Indira Priyadarshini ပါ။” ချစ်လှစွာသော မိန်းခလေး”ပါတဲ့။( Dearly Beloved )
လို့ ဆိုလိုတာပါ။ သူမကို ဘခင်ကြီး “ဂျဝါဟာလာလ် နေရူး “နှင့် မိခင် “ကမာလာ” တို့ က ၁၉၁၇ခုနှစ် နိုဝင်ဘာလ ၁၉ရက်မှာ မွေးဖွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း” အလာဟာဘတ်” ဒေသ ဇာတိဖြစ်တယ်။ အဖိုးဖြစ်တဲ့ “မိုတီလယ် နေရူး “ဟာလည်း နာမည်ကြီးရှေ့ နေတဦးပါ။ အကျိုးအမြတ်ရတဲ့ အလုပ်ကို စွန့် ပစ်ပြီး ကွန်ဂရက်ပါတီမှ “မိုဟန်ဒက် ကေ ဂန္ဒီ “ နှင့် မဟာမိတ်ဖွဲ့ လို့ လွတ်လပ်ရေးကို အရယူ တိုက်ပွဲ ဆင်ခဲ့သူပါ။ တကယ်တော့ မစ္စက်ဂန္ဒီ ငယ်ငယ်က မိခင် ကွယ်လွန်သွားခဲ့ပြီးဘခင်ကလည်းနိုင်ငံရေးကိစ္စများနှင့် ထောင်ခဏ ခဏ ကျခံ နေရလို့  အထီးကျန်နေရသူပါ။ ပုလိပ်တွေဆိုတာကလည်း မကြာခဏ သူမကို အနှောင့်အယှက်ပေး အမေးအမြန်းထူ ထူနေကြတယ်။
ကျွန်မဘ၀ဟာ ၃နှစ်သမီးက စခဲ့တာ တဲ့ ။ သူမက ပြောပါတယ်။
“ကျွန်မငယ်ငယ်က သူငယ်ချင်းတွေနဲ့ ဟိုဟာ ဒီဟာ ကစားခဲ့တာမျိုး မရှိဘူး။ ဂျုံး အော့ဖ် အတ်သ် လိုပဲ နေခဲ့တာ။ စားပွဲပေါ် တက်ရပ်ပြီး အစေခံတွေကို အော်ဟစ်အမိန့်ပေးတာမျိုး။ နိုင်ငံရေးကစားကွက် အခင်းအကျင်းတွေလုပ်တာမျိုး နဲ့ဘဲ ပြီးသွားတာ တဲ့။ ကျွန်မက အမြဲတမ်းခေါင်းမာတယ်။ တဇွတ်ထိုးပဲ။ အိမ်ရှင်မ မရှိတဲ့ အိမ်ကြီးတစ်အိမ်ကို ကွပ်ကဲရတာဟာ နိုင်ငံ တခုကို ကွ့ပ်ကဲရတာမျိုးနဲ့ အလားသဏ္ဍာန်တူတယ် တဲ့။
သူမဟာ ဖရိုဖရဲ နှင့် အိန္ဒိယ နိုင်ငံ ဆွစ်ဇာလန် နိုင်ငံ စသည်တို့မှာ လှည့်လည် ကျောင်းနေခဲ့ ရတယ်။ ကျောင်းနေစဉ် ၃နှစ်တာကာလဟာ ပျော်ပိုက်စရာ မရှိပါဘူးတဲ။့
ပြတ်တောင်းပြတ်တောင်းလို့ပဲ ဆိုရမှာပါ။ ဘခင်ကလည်း ထောင်အကျဉ်းးကျခံနေရတာပါ။ ထောင်ထဲကနေ သမီးထံ စာတွေ အဆက်မပြတ်ပို့ ပါတယ်။ ဘခင်နဲ့ သမီးဟာ အရာရာမှာပွင့်လင်းညင်သာပြီး အပေါင်းအသင်းတယောက်လို မိတ်ဆွေ တယောက်လို ပုံမှန် ဆက်သွယ်ကြတယ်တဲ့။
(ပေးပို့ သမျှစာတွေဟာ ကနေ့  ကမ္ဘာကျော် စာအုပ်အသွင် မြင်နေရပါတယ်။ရောင်းကောင်းနေဆဲပါ။)
၁၉၃၄ခုနှစ်မှာ အနောက် ဘင်ဂေါလ် ရှိ နိုဘယ်ဆုရ တွေးခေါ်မျှော်မြင်ရေးကဗျာဆရာကြီး “ရာဘင်ဒရာနတ်တဂိုး “ထူထောင်တဲ့ ငြိမ်းချမ်းခြင်းဘုံဗိမာန်" အမည်ရှိ (Santiniketan= ရှန်တိနိကေတန်)တက္ကသိုလ် ကို ရောက်သွားတယ်။
ချမ်းမြေ့ကြည်နူးဖွယ်ကောင်းပါတယ် ကျေးလက်ဆန်ပြီး အဲဒီမှာကျွန်မ “မဏိပူရီ" စတိုင် မြူးကြွတဲ့ အကလေးတွေလည်းသင်ရတယ်။ “တဂိုး" ဟာ ဘခင်ကလွဲရင် ကျွန်မအလေးစားအကြည်ညိုရဆုံးသော ပုဂ္ဂိုလ်ကြီးပါဘဲ။ တဲ့။ တညနေခင်းလုံးကျွန်မသူ့ခြေရင်းမှာ ၀ပ်စင်းပြီး သူရေးဆွဲတာကို စောင့်ကြည့်တယ်။ စကားစမြည်ပြောတယ်။ အမှတ်တရ ရင်မှာ ပီတိဖြစ် သိမ်းဆည်းထားတယ် လို့ သူမက ပြောတယ်။
သူမဟာ အော့စဖို့ဒ် တက္ကသိုလ်မှာ မနုသဗေဒ ပညာနှင့် သမိုင်းဘာသာရပ် နှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲခြင်း ဘာသာရပ်တို့ ကို သင်ကြားခဲ့တယ်။ အဆုတ်အမြှေးပါးရောင်ရောဂါကြောင့် ကျန်းမာရေး မကောင်းလှသော်လည်ုး ဗြိတိသျှ လေဘာပါတီ ၏ တောင်ပန်အဖြစ် စေတနာ့ဝန်ထမ်း ကြက်ခြေနီတပ်ဖွဲ့ မှာ သူနာတင်ကားမောင်းသူအဖြစ် ဒုတိယ ကမ္ဘာစစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့တယ်။
ငယ်ငယ်က မိတ်ဆွေဖြစ်ခဲ့သူကွန်ဂရက် ပါတီ တွင် ဦးဆောင်လှုပ်ရှားခဲ့တဲ့ သတင်းစာဆရာ “ ဖီရိုဇီ ဂန္ဒီ “
နှင့် ပြန်လည်တွေ့ ဆုံအပြီး ၁၉၄၂မှာ ဘယ်သူကမှ သဘောတူခြင်းမရှိတဲ့ မင်္ဂလာပွဲကို “အင်ဒီရာ နှင့် ဖီရို ဇီ် ဂန္ဒီ" တို့ ကျင်းပခဲ့ကြတယ်။ “အင်ဒီယာ" က ဟိန္ဒူဘာသာဝင်ဖြစ်ပြီး “ဖီရိုဇီ ဂန္ဒီ”က ရှေးဟောင်းပါရှားလူမျိုးတို့ ကိုးကွယ်သည့် ဘာသာဝင် ပါစီ (Parsee) ဖြစ်နေတဲ့အတွက် မိသားစုတွေက သဘောမတူကြပါဘူး။ လက်ထပ်အပြီး စက်တင်ဘာလမှာ ဗြိတိသျှတို့ က နှစ်ယောက်စလုံး ထောင်သွင်းအကျဉ်းချလိုက်တယ်။ ၁၉၆၀ခုနှစ်မှာ “မစ္စတာဂန္ဒီ “သေဆုံးသွားပါတယ်။
ကမ္ဘစစ်အပြီး “နေရူး” လွတ်မြောက်လာရာမှာ ဗြိတိသျှတို့ နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး လွတ်လပ်ရေးကို အရယူကာ ယာယီအစိုးရ ဖွဲ့ စည်းလိုက်တယ်။ “မစ္စက်ဂန္ဒီ “ ဟာလည်း ကွန်ဂရက်ပါတီရဲ့ ဥက္ကဌဖြစ်လာ ပြီး အလားတူ နိုင်ငံရေးလောကမှာ ကျင်လည်လာရတယ်။ ၁၉၆၄ခုနှစ် “နေရူး“ ကွယ်လွန်ချိန်မှာ “ဗဟာဒူးရှာဆထရီ" ကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်ကြတယ်။ “မစ္စက် ဂန္ဒီ”ဟာ လည်းအစိုးရ အဖွဲ့ဝင် တဦးဖြစ်လာခဲ့ပြီး ၁၉၆၆ခုနှစ်မှာ ရုတ်တရက် ၀န်ကြီးချုပ် ကွယ်လွန်ခဲ့တဲ့ အတွက် ဘခင်ရဲ့ အရှိန်အ၀ါကြောင့်၎င်း ကွန်ဂရက်ပါတီက သူမကို ကိုင်တွယ်ရ လွယ်ကူလိမ့်မည်ဟု၎င်း ယူဆကာ ၀န်ကြီးချုပ်ရာထူးကို ရွေးချယ်ပေးအပ်ခဲ့တာပါ။ ဒီအချိန်မှာသူမအသက် ၄၂နှစ်ဘဲ ရှိပါသေးတယ်။
မစ္စက်ဂန္ဒီဟာ အစိုးရအဖွဲ့ ကို ဦးဆောင်ပြီး အလုပ်တွေ ပြင်းပြင်းထန်ထန်လုပ်ခဲ့ ပေမဲ့  ပထမနှစ်မှာ အောင်မြင်မှု သိပ်မရဘူးလို့ ပြောရနိုင်တယ်။ စီးပွားရေး ဆုတ်ရုတ်ကျဆင်းမှုများရှိခဲ့ပါတယ်။ ဒါ့ကြောင့် မဲဆန္ဒရှင် သန်း၂၅၀ကျော်ထံက ကွန်ဂရက်ပါတီကို ထောက်ခံမှု နည်းပါး ကျဉ်းမြောင်းသွားတယ်။
ပါကစ္စတန်ပြည်တွင်းစစ်အတွင်း အိန္ဒိယက အရှေ့ ပါကစ္စတန်ကို အကူအညီပေးခဲ့ပါတယ်။ စစ်ပွဲ ပြီးတဲ့အခါ အရှေ့ ပါကစ္စတန်က ဘင်္ဂလားဒေ့ ရှ် ဖြစ်လာပြီး အိန္ဒိယက သြဇာ လွှမ်းမိုးလာနိုင်တယ်။ မစ္စက်ဂန္ဒီ ဟာ လည်း တန်းခိုးထွားလာပြီး လွှတ်တော်မှာ အမတ်နေရာ ၅၂၅ရှိတဲ့အနက် ၃၅၀ ကို အနိုင် ရရှိသွားတယ်။ နောက်ထပ်၂နှစ်ကုန်လွန်သွားတဲ့အခါ သူမပါတီဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားပြန်တယ်။ ကွန်ဂရက် ပါတီဟာလည်းလူကြီးပိုင်း လူငယ်ပိုင်း အကွဲ အပြဲတွေ ဖြစ်လာတယ်။ နိုင်ငံဟာ စီးပွားရေးကျဆင်းမှု ငွေကြေးဖေါင်းပွမှု လောင်စာဆီ မြင့်တက်မှုတွေနှင့် ကြုံဆုံရပြန်တယ်။ သူမအနေဖြင့် နောကိထပ် တွေ့ကြုံရတဲ့ အကြပ်အတည်းကတော့ အာဏာပိုင်အဖွဲ့အစည်းအတွင်း အာဏာနှင့် ငွေကြေးအလွှဲသုံးစားလုပ်မှု အကျင့်ပျက် ခြစားမှု တွေပါဝင်လာတယ်။ အကျဉ်းကျများအစာငတ်ခံ မှုနှင့် သဘောထားကွဲ လွှဲ သူ ကျောင်းသားအများအပြား ပေါ်ထွက်လာတယ်။
သူမကတော့ သူမဟာ အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်ရာထူးနှင့် ကံဇာတာပါတယ် ထိုက်တန်တယ် ဘာမဆို မြေကြီးလက်ခတ်မလွှဲ ကျော်လွှားနိုင်ရမယ် ။ထပ်တရာ ပန်းကုံးများဟာ သူမလည်မှာ အမြဲ တင့်တင့်တယ်တယ်ဆင်မြန်းဖို့ အခွင့်ရှိတယ်လို့ ခံယူတယ်။ ဆန့်ကျင်တိုက်ခိုက်မှုတွေ ကြီးထွားလာသည်နှင့်အမျှ သူမကတော့ မထေမြဲ့မြင်ပါဘဲ။သူမကို သံချပ်တန်ဆာဆင်မြန်းပေးသည့်ပမာ ပိုမို ခွန်အားတိုးလာပြီး သက်ဦးဆံပိုင်မင်းဧကရီ လို့ လည်း မိမိကိုယ်ကို စိတ်ကူးယဉ်စေပြန်တယ်။ ဆန့်ကျင်ကန့်ကွက်မှုတွေကို အိနြေ္ဒမပျက် မသိကျိုးကျွံပြုပြီး သူမရဲ့  သြဇာ အာဏာကို ကျယ်ပြန့်စေတယ်။ ဒုဝန်ကြီးချုပ်အပါအ၀င် ဆန့်ကျင်သူ ခေါင်းဆောင်တွေကို ဒါဇင်နဲ့ချီပြီး ဖမ်းပါတယ်။ဗြိတိသျှလက်အောက်ခံဘ၀က အက်ဥပဒေအရ အရေးပေါ်အမိန့်ထုတ်ပြန်ကြေငြာတယ်။ ထောင်နဲ့ ရာနဲ့ချီ လူတွေ အဖမ်းခံကြရတယ်။ အသတ်ခံကြရတဲ့လူတွေလည်းမနည်းဘူး။
နိုင်ငံတကာစောင့်ကြည့်လေ့လာသူများနှင့် ပြည်ပနိုင်ငံတွေက ဒီမိုကရေစီ ဆိတ်သုဉ်းသွာပြီလို့  သူတို့ အမြင်ကို ထုတ်ပြန်ကြေငြာကြတယ်။ သူမက “ဒီမိုကရေစီကို လိုင်စင်ပေးသလို လူတွေကို အများကြီး ပေးခဲ့ ပြီးပြီ။ ကနေ့ ကမ္ဘာပေါ်က ဒီမိုကရေစီ ရှိတယ်ဆိုတဲ့ နိုင်ငံတွေထက်ပိုပြီး ကျွန်မတို့ က ဒီမိုကရက်တစ် ပီသပါတယ် လို့ သူမက ချေပလိုက်တယ်။ ဒီ့နောက်မှာတော့ သူမဟာ ဥပဒေပြင်ဆင်ချက်များ ပြုလုပ်ခဲ့တယ်။နိုင်ငံရပ်ခြားပေါ်လစီတွေလဲ ပြောင်းလွဲမှု ရှီလာတယ်။ ၁၅နှစ် အေးစက်နေရာမှ ပီကင်း(ဘေဂျင်း)သို့ သံအမတ်ခန့်အပ်ခဲ့တယ်။ မော်စကိုသို့  ၅ရက်ကြာအလယ်အပတ်ခရီးထွက်ခဲ့ပြီး ကုန်သွယ်စာချုပ်များသဘောတူလက်မှတ်ထိုးချုပ်ဆိုခဲ့တယ်။
လူဦးရေ တိုးပွားမှုကို ထိန်းချုပ်ကန့် သတ်မှုများပြုလုပ်တယ်။ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးထားရာက ၁၉၇၇ခူ ဇန်န၀ါရီလမှာပြန်လွှတ်ပေးခဲ့တယ်။ မတ်လမှာရွေးကောက်ပွဲကျင်းပပေးမယ်လို့ကြေငြာလိုက်တယ်။ ရွေးကေက်ပွဲကျင်းပပေးဖို့  အချိန်နီးကပ်လာတာနှင့်အမျှ သူမဘက်က သေချာမှု မရှိသေးရင်လည်း ရွေးကောက်ပွဲ ရက်ကို ရွှေ့  ဆိုင်းပြစ်တတ်ပါတယ်။
၁၉၇၇ခုနှစ် မတ်လ၂၀ရက်နေ့ ရွေးကောက်ပွဲကျင်းပရာမှာတော့ ဆန့် ကျင်သူတွေက နဖူးစီးစာတမ်းတွေမှာ “ အာဏာရှင်စံနစ်ဇတ်သိမ်းပြီ။ ဘုရင်မကြီးနန်းကျပြီ “ စသဖြင့် ရေးလာကြတယ်။ လူထုသဘောထားခံယူချက်တွေက သူမကို စိန်ခေါ်နေပြီဖြစ်တယ်။ နောက်၂ရက်အကြာ ရွေးကောက်ပွဲ အဖြေထွက်လာတဲ့အခါ မစ္စက်ဂန္ဒီဟာ မိမိနေထိုင်ရာ အစိုးရ ဂေဟာမှ ထွက်ခွာခဲ့ပြီး သမတနန်းတော်ကိုသွားေ၇ာက်နှုတ်ထွက်စာတင်တယ်။ဖြစ်ပျက်သမျှတွေကို ကြံ့ကြံ့ခံရင်း ပြည်သူလူထုအတွက် ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ အာမခံကြောင်း ပြောတယ်။
၁၉၇၇ ခုနှစ် အောက်တိုဘာလမှာဘဲ သူမကိုအဂတိလိုက်စားမှုမှာ တာဝန်အရှိဆုံးလူ အာဏာအလွဲသုံးစားလုပ်သူ အဖြစ် အဖမ်းခံရပါတယ်။သူ မမှာ တာဝန်မရှိဘူးလို့ ငြင်းဆိုပြီး အချိန်တိုအတွင်းမှာဘဲ သူမက အာမခံပေးထွက်လာခဲ့တယ်။ သူမဟာ ရုတ်တရက် လူထု စည်းရုံးမှု ပြုသည့် သဘောဖြင့် အိန္ဒိယအနောက်ပိုင်းဒေသ ဘုံဘေမြို့ ကို သုံးရက်အကြာသွားရောက်လည်ပတ်ရင်း သူမကို ကြိုဆိုကြတဲ့ လူပေါင်း ၂၅၀၀၀၀ကျော်ကို မိန့် ခွန်းပြောခဲ့တယ်။ အိန္ဒိယအရှေ့ဘက် ကမ်းခြေမှာ ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့စဉ်မှာလဲ သူမ ဦးဆုံး သွားရောက်ပြီးလိုအပ်တဲ့ အကူအညီပေးပါတယ်။ လူထုရဲ့ဒုက္ခကို သူမက ဝေမျှခံယူပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ပြောဆိုတဲ့အခါ လူသိန်းချီ ထောက်ခံကြတယ်။
ကွန်ဂရက်ပါတီကို ကွန်ဂရက် အိုင်ပါတီ အဖြစ် (Congress-I) အသစ်ပြန်လည်ဖွဲ့စည်း လိုက်တယ်။ အသက်၄၀ အရွယ်ရှီပြီဖြစ်တဲ့ “ရာဂျစ်ဂန္ဒီ" ဟာ ကွန်ဂရက် အိုင်ပါတီ အထွေထွေ အတွင်းရေးမှုး ငါးဦးထဲမှာ ပထမနေရာက ပါဝင်တယ်။ ၁၉၇၈ခု ဖေဖေါ်ဝါရီလမှာ ကျင်းပတဲ့ ကြားဖြတ်ရွေကောက်ပွဲ မှာ တောင်ပိုင်းကျေးလက်ဒေသမှဝင်ရောက်အရွေးခံရာမှာ အောင်နိုင်ခဲ့တယ်။ပြည်နယ်အစိုးရ ၂၂ခုရှီသည့်အနက် ၄ခုကသူမရဲ့ အုပ်စုဝင်ဖြစ်လာတဲ့အတွက် အင်အားပိုတောင့်လာတော့တယ်။
ဇွန်လမှာ ပန်ဂျပ်ပြည်နယ် မြောက်ပိုင်းဆစ်(ခ်)အကြမ်းဖက်သမားများဆူပူ အုံကြွလာတယ်။”မစ္စက်ဂန္ဒီ”ဟာ အိန္ဒိယစစ်တပ်ကို အသုံးပြုပြီး အလုံးအရင်းနှင့် အကြမ်းဖက်သမားများ ခိုအောင်းရာ ဆစ်(ခ်) ဘုရားကျောင်းကို စီးနင်းတိုက်ခိုက်စေရာမှာ လူပေါင်း ၆၀၀ကျော် သေဆုံးသွားတယ်လို့ ဆိုတယ်။ အချို့သတင်းတွေမှာတော့ ၁၂၀၀ ကျော်သေဆုံးကြေင်းဖေါ်ပြတာမျိုးလည်းတွေ့ရတယ်။ ဧက၇၀ကျော်ကျယ်ဝန်းတဲ့ ဘုရားကျောင်း ပရ၀ဏ်တခုလုံး အလောင်းကောင်တွေ ပြန့် ကြဲနေတာမမြင်ဝံ့ဘူးလို့ ဆိုကြတယ်။ ဒါပေမဲ့ ဒီစီနင်းတိုက်ခိုက်မှုကြောင့် သူမကို ထောက်ခံသူများလာပါတယ်။ ပို သြဇာညောင်းလာပြီးနိုင်ငံတကာမျက်နှာစာမှာ သိသိသာသာထင်ရှား ကျော်ကြားလာတယ်။ ၁၉၃၈ခုနှစ် နယူးဒေလီမှာ ကျင်းပတဲ့ အဆင့်မြင့် ဘက်မလိုက်နိုင်ငံများအစည်းအဝေးမှာ ဥက္ကဌရာထူးကိုယူပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။
နိမ့်တုံ မြင့်တုံရှိလှတဲ့ နိုင်ငံရေးလှိုင်းလေအကြား လူးလူးလှိမ့်လှိမ့် ပြင်းပြင်းထန်ထန် ခံရသူ့ “အင်ဒီယာ”တယောက် အိမ်တွင်းရေးလှိုင်းလုံးတွေပုတ်ခတ်လာမှုကိုလည်း ခံစားရင်ဆိုင် ဖြေရှင်းနေရတာပါ။ လေယာဉ်ပျက်ကျရာမှာ ကွယ်လွန်သွားသူ “ဆန်ဂျေး” ရဲ့ ဇနီး “မနီကာ “ကို နောက်အိမ်ထောင်ထူမှုကြောင့် ၀န်ကြီးချုပ်နေအိမ်မ်မှ နှငိထုတ်ရပါတယ်။ “မနီကာ “က တဖန် “ရာဂျစ် “ရွေးကောက်ပွဲဝင်ချိန်မှာ သူ မဲမရအောင် နှောင့်ယှက်နိုင်ကြောင်း ကမ္ဘာမကြေကြောင်း တုံ့ ပြန်ချေပတာမျိုးခံရပါတယ်။မိသားစုအကြားက တိုက်ပွဲ များ အထက်အောက် လွှတ်တော်ထဲက တိုက်ပွဲ များကြားက သေသည်အထိ ရင်ဆိုင်သွားတဲ့ အမျိုးသမီးဝန်ကြီးချုပ်တဦးရဲ့ ဘာမထီ ဇာနည်စိတ်ထားကတော့ ဘာဘဲပြောပြော ချီးကြူးစရာသာ ဖြစ်တယ်။
ထို့ အပြင် “အင်ဒီယာ “ဟာ အိန္ဒိယပြည်ရဲ့  ထင်ရှားပေါ်လွင်မှုအရှိဆုံး အမျိုးသမီးတဦးသာ ဖြစ်ပါတယ်။ ဆစ်(ခ်)တို့ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် သူမကို မီးသဂြိုလ်ပြီး အရိုးပြာကိုတော့ ဂင်္ဂါမြစ်ထဲ ကြဲချခဲ့ပါတယ်။ ။

2 comments:
အင်ဒီရာဂန္ဒီအကြောင်း ဖတ်ဘူးခဲ့ပေမယ့် နောက်တစ်ကြိမ် ထပ်ဖတ်ဖြစ်သွားတယ် ဖြိုးဖြိုးရေ။ ကမ္ဘာပေါ်မှာ ထူးချွန်ထက်မြက်သူတိုင်း သာမာန်ဘဝလှိုင်းတံပိုးထက် အဆပေါင်းများစွာ ခက်ထန်တဲ့ လှိုင်းတံပိုးတွေရဲ့ ရိုက်ခတ်ဒဏ်ကို ဘဝရဲ့နောက်ဆုံးအချိန်အထိ ရဲရင့်ပြတ်သားစွာ ရင်ဆိုင်သွားကြတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တော်တော်ဗဟုသုတရလိုက်ပါတယ်မဖြိုးရေ။မဖြို့းအမေရေးတာတော်တော်ကောင်းပါတယ်။ဒါနဲ့စကားမစပ်" မင်းအတွေးထဲ တို့မပါတော့ဘူးဆိုရင်" ဆိုတာက ဘာများပါလိမ့်။ :)
Post a Comment