Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, April 27, 2013

ရှမ်းပြည်နယ်ရဲ့ အသည်းနှလုံး

အင်းလေးကန်
တည်နေရာ _ ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်
အမျိုးအစား - ထုံးကျောက်ရေအိုင် / polymictic lake
(လွန်ခဲ့သောအနှစ်၁၀သန်းကပင် တည်ရှိခဲ့။ ရှမ်းကုန်းမြေမြင့်သည် ထုံးကျောက်ကြွယ်ဝသဖြင့် ရေတိုက်စားရာမှ ချိုင့်ဝှမ်းဖြစ်ပေါ်စေပြီး ထုံးကျောက်အိုင်ဖြစ်လာသည်။အချို့ ဘူမိပညာရှင်တို့ကမူ အက်ကြောင်နှစ်ခုအကြား အလယ်ဗဟို လျောကျမှုမှ ချိုင့်ဝှမ်းဖြစ်ပေါ်စေပြီး ရေအိုင်ဖြစ်လာသည်ဟု ဆိုသည်။ ထုပြတ်ရွေ့ Block Faulting ဟုခေါ်သည်။)
မျက်နှာပြင်ဧရိယာ - 44.9sq mi (116km2 )          
(ယခင်ကန်ရေပြင်သည် ပေ၃၀၀ခန့် မြင့်တက်ခဲ့သည်ဟု ဆိုသည်။)
ပျမ်းမျှအနက်………………..ခြောက်သွေ့ရာသီတွင်..5 ft (1.5m)…မုတ်သုန်ရာသီတွင် +5 { 12ft (3.7m)}
ပင်လယ်ရေမျက်နှာပြင်အထက် 2,900ft (880m)တွင် ရှိသည်။
Nam pilu မှ စတင်စီးဆင်းသည်။

အင်းသားများနှင့် အတူ..ရှမ်း။ တောင်ရိုး။ ပအို့။ ဓနု။ကယား၊ ဓနော်။ဗမာ စသည် စုပေါင်းနေထိုင်ကြသည်။အများစုမှာ ဗုဒ္ဓဘာသာများဖြစ်သည်။ အလှူအတန်းတွင် ရက်ရောသည်။ အင်းလေးကန်သည် ရှမ်းပြည်နယ်၏ အသည်းနှလုံးပမာ တခုတည်းသော အဖိုးထိုက်ရတနာ ရေကန်ကြီးဖြစ်သည်။ေ တာင်ကြီးမြို့၏ ၃၀ကီလိုမီတာအကွာ တွင် တည်ရှိသည်။ပြာသောတောင်တန်းနှင့်  မြူခိုးများပိတ်ဆီးနေပုံမှာအင်းလေးကန်၏တမူ လှပထူးခြားသော ရှုခင်းဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် မီတာ  ၉၀၀ ခန့် တွင် တည်ရှိသည်။ aရပေါ်မျောနေသော မြို့ကလေးတမြို့ နှင့် တူသည်။ အင်းဈေးသည် ရေပေါ်ဈေးဖြစ်သည်။ လှေဖြင့် လှော်ခတ်သွားလာ ရောင်းချကြသည်။အရောင်အသွေးစုံ ကုန်မျိုးစုံ သီးနှံစုံ လှေချင်းယှဉ်၍ ၀ယ်ယူ ရောင်းချကြသည်။ မြေသြဇာကောင်းမွန်သော ကျွန်းမျောများကိုလည်း ဖြတ်တောက် ရောင်းချကြသည်။

အင်းလေး၏ ထူးခြားချက်တခုမှာ အင်းသားတို့သည် လှေကိုတဘက်တည်းသော  ခြေဖြင့် မတ်တတ်ရပ် လှော်ခတ် ကြခြင်းပင် ဖြစ်သည်။ ဟဲယာရွာမသည်  နေ့စဉ်ရေပေါ်ဈေးအရောင်းအ၀ယ် အများဆုံးနေရာ ဖြစ်သည်။ အင်းပေါခုံရွာမှာ လက်မှုပညာထွန်းကားသဖြင့် ပိုးသားလက် ယက္ကန်းထည်အများအပြားထွက်ရှိရာ  ကမ္ဘာတလွှား နာမည်ကျော်ထင်ရှား သည်။
နိုင်ငံခြားသားများအလွန်တန်ဘိုးထားဝယ်ယူကြသည်။ အင်းလေးကန်အတွင်း တည်ရှိသော ဖေါင်တော်ဦးဘုရားမှာလည်း အထူးကျော်ကြားသည်။ နှစ်စဉ် ဖေါင်တော်ဦးဘုရားပွဲကို အောက်တိုဘာလတွင် ကျင်းပကြသည်။ ထို ဖေါင်တော်ဦးဘုရားပွဲတွင် မတ်တပ်ရပ် ခြေဖြင့်လှော်ခတ်သော အင်းသားတို့ကို အပြိုင်အဆိုင် အများအပြားတွေ့ရှိနိုင်သည်။ ရိုးရာလှေပြိုင်ပွဲလည်းကျင်းပကြသည်။  ဒီဇယ်အင်ဂျင်တပ် စက်လှေများလည်းရှိသည်။ ရိုးရာစတိုင် လက်ဖြင့်လည်းထိုင်၍လှော်ခတ်ကြသည်။မတ်တတ်ရပ်၍ ခြေဖြင့် လှော်ခတ်သလို မတ်တတ်ရပ်၍ လက်ဖြင့်လည်း လှော်ခတ်ကြပါသည်။

အင်းလေးကန်ကို မို့မောက်သော တောင်ပြာတန်းများက ပတ်လည်ကာရံထားပြီး ညအခါ မီးရောင်စုံဖြာယှက်နေသော အင်းလေးကန်၏ ရှုခင်းလှလှကို ရှုမငြီးစရာတွေ့မြင်နိုင်သည်။မုတ်သုန်ရာသီတွင် ပို့ချထားသော နုံးမြေမျာက စိုက်ခင်းအတွက် မြေသြဇာကို ဖြစ်စေသဖြင့် သီးနှံစပါး ဖြစ်ထွန်းအောင်မြင်သည်။
အင်းလေးကို အလယ်အပတ်ခရီးထွက်လိုပါက စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်း သွားလျှင် အဆင်ပြေသည်။ သီတင်းကျွတ်မီးထွန်းပွဲကိုလည်း တွေ့မြင်နိုင်သည်။ ပိုးသားယက်ထည် အင်းလေးလက်ဖြစ် လြုံခည်များကို  တိုးရစ်များက အားပေးဝယ်ယူကြသည်။ အင်းလေးကန်၏ အလှသည် ကမ္ဘာတွင် တုနှိုင်းစရာမရှိပေ။ ခြေဖြင့်လှော်ခတ်သွားလာနေကြသည့် လူငယ် လူရွယ်များ၏ ဟန်ပန်သဏ္ဍာန်တို့မှာ မြင်ရသူအဖို့ အဆန်းတကျယ် ဖြစ်စေသည်။ မျက်စိပသာဒလည်းရှိနေသည်။ လှော်ခတ်ပုံမှာလည်း မြန်ဆန်၍ လှေကို ငြိမ်သက်ညီမျှစေရန် ပဲ့ပိုင်းကို ကျွမ်းကျင်စွာ  ထိမ်းချုပ်နိုင်စွမ်းရှိသည်။ အင်းသားတံငါသည်တို့မှာ မိုးလင်းလျှင်လင်းချင်း သားငယ် သားကြီးတို့ အကူအညီကို ရယူရင်း အလုပ်အမြဲရှုပ်နေကြသည်။ ငါးဖမ်းသည့်နည်းပညာမှာလည်း အံ့တပါးပါပေ။ကံတော့ပုံသဏ္ဍာန်ရှိသော ငါးဖမ်းပိုက် ကရိယာကို ရေမှာချ၍ မတ်တတ်ရပ်လျက်ဖြစ်စေ ထိုင်လျက်ဖြစ်စေ  လှံ မှိန်းစသည် အချွန်ရှည်နှင့် ငါးကို ထိုးယူဖမ်းဆီးသည်။

လှေကို တဘက်တည်းသောခြေဖြင့် လှော်ခတ်သွားလာကြသည့် နည်းပညာမှာ အလွန်အံ့စရာကောင်းသည်။ မိန်းမယောက်ျား ခလေးလူကြီးမရွေး ကျွမ်းကျင်စွာ  လှေပဲ့ကို ထိမ်းနိုင်စွမ်းသဖြင့် လှော်ခတ်ကြသည်။
အင်းလေးကန်ကမ်းစပ်တလျှောက် အသွင် အမျိုးမျိုး ကွဲပြားခြားနားသော အိမ်ကလေးများကိုလည်းတွေ့မြင်နိုင်ပါသည်။အိမ်အတွင်းမှာ ပြည်တွင်းဖြစ်ဆေးပေါ့လိပ်သောက်နေသည့် အဖွားတယောက်နှင့်အတူ့ ကြာရိုးမျှင်နှင့် ပိုးသားကို ရောစပ်၍ ကြာသက္ကင်္န်း ယက်လုပ်နေသည့် အင်းသူမလေးတယောက်ကို တွေ့ရသည်။

ရှမ်းဖက်ဆေးပေါ့လိပ်သည်လည်း ထွက်ကုန်တမျိုးဖြစ်သည်။ ရှမ်းသနပ်ဖက်၊ လက္ဘက်ရွက် သည်လည်း  ရှမ်းပြည်နယ်၏ အဓိက ထွက်ကုန်ဖြစ်သည်။ ရှမ်းပင်နီအချောစား အကြမ်းစားရှိသည်။အချောစားမှာ  ပြည်တွင်းဖြစ် နုညက်သော ရှမ်းယက်ထည်ဖြစ်၍ နာမည်ကြီးကျော်ကြားသည်။ အိမ်တွင်း လက်ဖြစ် ပိုးထည်လုပ်ငန်းသည်လည်း ရှမ်းပြည်နယ်၏ စီးပွားရေးကို ပါဝင်ကူညီဖြွံ့ဖိုးစေသည်။ ကမ္ဘောဒီးယားနိုင်ငံမှာကဲ့သို့ အင်းလေးတွင်  ရိုးရာ ရုပ်သေးပွဲများကိုလည်း မြင်တွေ့နိုင်သည်။ ယခု ရုပ်သေးကြိုးဆွဲ ပြသနေသည့် လူငယ်ကလေးက “သူ့မိသားစုဟာ ဘိုးစဉ်ဘောင်ဆက် ရုပ်သေးကြိုးဆွဲလာတာ ပါ။ သူဟာ ပဉ္စမမြောက် မျိုးဆက် ဖြစ်ပါတယ်" တဲ့။ သူကမွေးဖွားလာမယ့် သားကိုလည်း ရုပ်သေးကြိုးဆွဲ ပညာ သင်ပေးအုံးမှာပါ" တဲ့။ အင်းလေးတွင် ခရမ်းချဉ်သီး စိုက်ခင်းများကို အနီရောင် အစိမ်းရောင် အ၀ါရောင် စုံလင်စွာ  လှလှပပ တမျှော်တခေါ် ထူးထူးခြားခြားမြင်တွေ့နိုင်သည်။ ခရမ်းချဉ်သည်လည်း အဓိက ထွက်ကုန်ပင်ဖြစ်သည်။ မြေပေါ်တည်ခင်းရောင်းချသည့် ၅ရက်တဈေးလည်းရှိသည်။

အစားအစာ
ငါးထမင်းချဉ်သည် အင်းလေးဒေသ၏ ရိုးရာအစာဖြစ်သည်။ဧည့်လာလျှင် ခရမ်းချဉ်သီး အာလူး ငါးဖယ် မကျည်းသီးမှည့်စသည် အမွှေးအနံ့အရသာစုံဖြင့် လုံးဝန်းသော အသွင်သဏ္ဍာန်ရှိ ထမင်းချဉ်သုပ်ကိုဂျူးမြစ် ကြက်သွန်ဖြူကြော်  ကြက်သွန်နီကြော် ဆီချက် နိုင်းချင်းဖြင့်လှပခန့်ညားစွာ တည်ခင်း ဧည့်ဝတ်ပြုလေ့ရှိသည်။ ၄င်းပြင် ပဲပုပ်၊ ငါးချဉ်၊တိုဟူးခြောက်ကြော်တို့သည် အင်းလေးဒေသထွက် အစားအစာအဖြစ် အလွန်ထင်းရှား လူကြိုက်များကြသည်။ အင်းလေးဒေသရိုးရာ အစားအစာများသည် အင်းလေး၏ အဓိက ထွက်ကုန်များသာဖြစ်သည်။ အိပဲ့အိပဲ့ရွေ့ရွေ့သွားနေသည့်ရေပေါ်ရေမျော ကျွန်းမျော ဥယာဉ်ခြံမြေကလေးများ သီးနှံ စိုက်ခင်းကလေးများ ကို ဆန်းကျယ်စွာ မြင်တွေ့နိုင်သည်။ငါးမျိုးစိတ် အများမပြားရှိသည့်အနက် ငါးဖိန်းသည် အပေါများဆုံးဖြစ်သည်။ ဆန်စပါးကိုလည်းစိုက်နိုင်သလို ရှမ်းဆန်သည် နာမည်ကြီးသည်။

ခရီးသွားဧည့်သည့်များကို ဆွဲဆောင်နိုင်သည့် အင်းလေးဒေသ ကို သွားရောက်လည်ပတ်လိုသူတို့ အနီးဆုံးအသုံးပြုနိုင်သည့်ဟဲဟိုးလေဆိပ်ရှိသည်။ ၃၅ကီလိုမီတာသာဝေးသည့် ဟဲဟိုးလေဆိပ်နှင့် ဆက်သွယ်နိုင်ပြီး ရန်ကုန်ဖလိုက် မန္တလေးဖလိုက်တို့ နှင့်လည်းဆက်သွယ်နိုင်သည်။ ရန်ကုန်နှင့် ကားလမ်းအားဖြင့် ၆၆၀မိုင် မန္တလေးနှင့် ကားလမ်းအားဖြင့် ၃၃၀မိုင်သာ ကွာဝေးပါသည်။ ဗေဒါသည် သူ၏ဇာတိမဟုတ်သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ဆယ်မှစ၍ ပြန့်ပွားလာခဲ့သည်။ ရေမှော် မြက် ပေါင်းပင်တို့ကိုလည်း မကြာ မကြာ သုတ်သင်ပြစ်ရသည်။ လူသေလျှင်လည်း ရေမှာ ချ၍ မြှုပ်နှံကြသည်။ အင်းလေးဒေသ၏ ထွက်ကုန်တမျိုးမှာ ရှမ်းလွယ်အိပ်နှင့် ရှမ်းရိုးရာ ရှမ်းပင်နီ အင်္ကျီအ၀တ်အထည် စသည်တို့ဖြစ်သည်။ ကြာပန်းရိုးမျှင်များဖြင့် ယက်လုပ်သည့် ကြာသင်္ကန်းကို သီးတင်းကျွတ်ချိန်တွင်  ဗုဒ္ဓဘုရားရှင်အား ကပ်လှူပူဇော်ကြသည်။

၂၀၁၀ခုနှစ် နွေရာသီက အပူရှိန်မြင့်တက်မှုကြောင့် ကန်ရေမျက်နှာပြင်သည် နှစ်၅၀အတွင်း  အနိမ့်ဆုံးသို့ ကျရောက်ခဲ့သည်။ရေပေါ်ဈေးနှင့် ရေပေါ် စိုက်ခင်းများအတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။  လျှပ်စစ်မီးနှင့်သောက်သုံးရေအတွက် လောပီတ ရေအားလျှပ်စစ်ကို  ရန်ကုန်မှ လက်ခံ၍ ဖြန့်ဝေပေးရသည်။ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်အား တိုးမြှင့်သည့်အနေဖြင့် ယခုအခါ ဟိုတယ်ဇုံ ဆောက်လုပ်ရေးစီမံကိန်းကို စတင် အကောင်အထည်ဖေါ်နေပြီဖြစ်သည်။ အချို့က ကန့်ကွက်နေသည်။ကန်တလျှောက် ချစ်စဖွယ် ရိုးရာအိမ်ကလေးများကို တွေ့မြင်နိုင်မည်။ ရှေးဟောင်းစေတီများကို ဖူးမျှော်နိုင်သည်။ မတ်လတွင် နိုင်ငံခြား ခရီးသွားများဖြင့်စည်ကားလှ၏။ အင်းလေးကန်အား သဘာဝဘေးအန္တရယ် ၏ ခြိမ်းခြောက်မှုများလည်း ရှိနေသဖြင့်သဘာ၀၀န်းကျင် စောင့်ရှောက်ထိန်းသိမ်းလို သူများအတွက် စိန်ခေါ်မှုများလည်း အတော်အတန်ရှိနေပါသည်။        ။

Living Fashion Magazine, May, 2013
ခင်မေသစ်
source : Wikipedia/ internet

No comments: