Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, January 01, 2018

Fight Fight!

တစ်ခုခုကို ကြောက်တဲ့အခါတိုင်း သီချင်းတွေ အကျယ်ကြီး အကြာကြီးနားထောင်မိတယ်။

breaking news သတင်းလှုပ်လှုပ်ခတ်ခတ်တွေ စိတ်ဝင်တစားစောင့်စောင့်ကြည့်ပစ်လိုက်တယ်။

အရင်တုန်းကတော့ ဘောလုံးပွဲတစ်ပွဲအစအဆုံးထိုင်ကြည့်ပြီးတိုင်း စိတ်တွေပေါ့ပါးသွားတာပဲ။
အခု ဘောလုံးသမားတွေလည်း သိပ်မသိတော့ဘူး။ သေသေချာချာလိုက်ကြည့်မှ ဘယ်သူက ဘယ်အသင်းမှာသိတော့မှာ။ အဲဒီတော့မှလည်း ကြည့်ရတာ ပိုပြီးအသက်ဝင်မှာ။ စိတ်ဝင်စားဖို့ ပိုကောင်းတော့မှာ။ ခု မသိတော့ မကြည့်ဖြစ်တော့ပါဘူး။
သီချင်းနဲ့ သတင်းတွေကတော့ အမြဲ အဖော်ရနေတုန်းပဲ။

Rachel Platten ရဲ့ Fight Song လေးနားထောင်ဖြစ်တိုင်းလည်း စိတ်ပေါ့ပါးရတယ်။
"Like a small boat
On the ocean
Sending big waves
Into motion
Like how a single word
Can make a heart open
I might only have one match
But I can make an explosion" 
လှသလောက် အားပါလှတဲ့ စာသားလေးတွေ
Rachel Platten က သီချင်းရေးတော့ စိတ်ပျက်အားငယ်ရတာနှစ်နဲ့ချီခဲ့တာ။ စိန်ခေါ်မှုတွေနဲ့ ဝရုန်းသုန်းကားဖြစ်နေခဲ့တာ။ ဒါပေမဲ့ စိတ်ပျက်အားလျော့ရတာကို ပုန်းရှောင်မနေဘူး။ မကြောက်ပါဘူးတဲ့။ အဲဒါကပဲ အားဖြစ်စေတယ်။ သိပ်ကောင်းတဲ့သီချင်းတွေဖန်တီးလာနိုင်ခဲ့တာပါတဲ့။ သူ့သီချင်းလေးတွေ သိပ်ကြိုက်တယ်။ အသံလေးကိုလည်းကြိုက်တယ်။ သီချင်းစာသားလေးတွေလည်း ချစ်တယ်။
သီချင်းတွေတော့ အမြဲကြိုက်နေတာပဲ။ ကြိုက်တာတွေလည်း များနေတာပါပဲ။


Better Place လည်း ကြိုက်တယ်

No comments: