Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 07, 2018

သင်ရဲ့ပန်းကန်လေးကနေ ရေဓာတ်ကြွယ်နေစေဖို့

“ရေဓာတ်ကြွယ်ဝနေဖို့က H20 ကို တစ်ကျိုက်တည်းသောက်နေဖို့က တစ်ခုတည်းသောနည်းလမ်းလို့ ထင်နေမလား။ နောက်ထပ်တစ်တစ်ခါလောက် ပြန်စဉ်းစားကြည့်ပါဦး”
Story by Victoria Clayton

ဂျန်နီဖာဘရောင်းက နံနက်ခင်းတွေမှာ သံပုရာညှစ်ထားတဲ့ရေ ၁၆ အောင်စရှိတဲ့ရေ ဖန်ခွက်တစ်ခွက် စတင်သောက်နေပြီ။ အဲဒီနံနက်ခင်းရိုးရာအလေ့အကျင့်ဟာ ရှေးအိန္ဒိယ ဆေးသိပ္ပံပညာ Ayurveda (ဘဝနေနည်းဗဟုသုတဆိုင်ရာ) လေ့ကျင့်ခန်းဖြစ်ပြီး အစာခြေစနစ်ကို အရှိန်မြှင့်ပေးဖို့ စိတ်ချရစေတယ်။ ရေဓာတ်ကြွယ်ဝစေဖို့လည်းအာမခံပေးတယ်လို့ ဘရောင်းက ပြောပါတယ်။ အရီဇိုးနားပြည်နယ် Pheonix အနီးမှာနေတဲ့သူတွေအတွက် ရေနည်းနည်းလေးပဲ မသောက်သင့်ဘူး။ “နွေရာသီမှာ ကျွန်မတို့ရဲ့နေရာမှာ အပူချိန်က ၁၁၀ဒီဂရီလောက် မကြာခဏဖြစ်တတ်တာ။ ည ၉ နာရီ တောင်မှ အပူချိန် ၁၀၀ ဝန်းကျင်လောက်ရှိနေတုန်းပဲ” လို့ အရီဇိုးနားပြည်နယ် Goodyear က Wellness Center က ယောဂသင်ပေးတဲ့သူ အဟာရဗေဒပညာရှင် ဘရောင်းက ပြောပါတယ်။
သူမရဲ့ နံနက်ခင်းလေ့ကျင့်ခန်းနဲ့ဝေးချိန်ဆို၊ ဘရောင်းဟာ တစ်နေ့ကိုရေဘယ်လောက်ပမာဏသောက်သလဲ မှတ်သားမထားပါဘူး။ ရောက်လေရာနေရာမှာ ရေကျိုက်ချလိုက်နိုင်ဖို့ အမြဲပြင်ဆင်သယ်ဆောင်တတ်တယ်။ “ကျွန်မ ရေတစ်ဗူးအမြဲသယ်သွားတယ်။ ညဘက်မှာဆို ကျွန်မအိပ်ရာဘေးမှာ ရေတစ်ခွက်အမြဲရှိတယ်။ အဲဒါကြောင့် ကျွန်မက အချိန်တိုင်းရေဓာတ်ကြွယ်ဝနေတာပေါ့” လို့ သူမက ပြောပါတယ်။ ပြီးတော့ ဘရောင်းဟာ သူမရဲ့ သင်တန်းသားတွေကို ပြောပြတယ်။ “တစ်နေ့မှာ ရေ ၈ ခွက်ဆိုတဲ့ နည်းဟာ တကယ့်နည်းလမ်းတစ်ခုတော့မဟုတ်ဘူး။ အဲဒီ အကြံပြုချုက်အိုကြီးနောက်ကွယ်မှာ ဆေးသိပ္ပံပညာခက်ခက်ခဲခဲမရှိပါဘူး” တဲ့ အဲဒီအစား သင်တန်းသားတွေကို ရေဓာတ်ကြွယ်စေဖို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်စဉ်းစားကြည့်ဖို့ တိုက်တွန်းပါတယ်။ “ရေက အင်မတန်ထူးကဲပါတယ်။ ဒါပေမဲ့ ရေဓာတ်ကြွယ်ဝမှုက အဓိကသော့ချက်ပါ။ အဲဒါကို ရေဓာတ်ကြွယ်ဝတဲ့အစားအစာတွေကလည်း ရနိုင်ပါတယ်” တဲ့။
“အဲဒါ မှန်သားပဲ။ ကျွန်မတို့ကိုယ်ခန္ဓာထဲနေ့စဉ်ဖြည့်တင်းနေတဲ့အစားအစာတွေထဲမှာ လိုအပ်တဲ့အရည် ကူညီပေါင်းထည့်ပေးနေတာပါ။ ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်အကြောင်းပြချက်တွေကြောင့် ရှောင်ရမယ့် ကော်ဖီ ဒါမှမဟုတ် အဖျော်ယမကာတွေမှာတောင်မှ ရေဓာတ်ပါဝင်နေတယ်။ အဓိကအကြောင်းက လူအများစုဟာ သူတို့လိုအပ်တဲ့ ရေဓာတ်ကို ဝါးစားနေတဲ့အစားအစာတွေက ရနိုင်နေတာကိုပါ” လို့ ဝါရှင်တန်၊ Ellensburgမြို့ Central Washington University က အဟာရဗေဒနဲ့ ကိုယ်လက်လှုပ်ရှားမှုသိပ္ပံ လက်ထောက်ပရော်ဖက်ဆာ ကယ်လီပရစ်ထ်ချက်ထ် က ပြောပါတယ်။ အသီးအနှံနဲ့ အသီးအရွက်တွေလို ရေပါဝင်မှုနှုန်းများတဲ့ အစားအာတွေကနေ ရေ ၄ ခွက်စာရဖို့က မခက်ခဲပါဘူး လို့ သူမကပြောပါတယ်။ 

ကျွန်မတို့နေ့စဉ်ရေဘယ်လောက်များများလိုအပ်နေမှာလဲ။ National Academies of Sciences ကျန်းမာရေးနဲ့ ဆေးပညာဌာနက အမျိုးသမီးအများစုဟာ တစ်နေ့က ရေ ၉၁ အောင်စလောက်(ရေ ၁၆ခွက်နီးပါး) သောက်သုံးဖို့လိုအပ်တယ်လို့ အကြံပြုပါတယ်။ ဒါပေမဲ့ အမျိုးသမီး/ အမျိုးသား gender ဆိုတာထက် ကိုယ်အလေးချိန်ပေါ်မူတည်ဖြည့်တင်းတာက ပိုကောင်းတဲ့လမ်းညွှန်မှုလို့ ဘရောင်းက ပြောတယ်။ အမျိုးသား ဒါမှမဟုတ် အမျိုးသမီး တွေဟာ ကိုယ်အလေးချိန် တစ်ပေါင်မှာ အရည် ၁/၂ အောင်စ လိုအပ်မှာပါ။ ယောဂကျင့်သူတွေအပါငအဝင် ပူနွေးတဲ့နေရာ ဒါမှမဟုတ် အမြင့်ပိုင်းပတ်ဝန်းကျင်မှာ အလုပ်လုပ်/ နေထိုင်တဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ အားကစားသမားတွေဟာ ပိုပြီးလိုအပ်ပါတယ်။ Hatha ယောဂကျင့်သူ ဒါမှမဟုတ် အထူးသဖြင့် ခပ်သွက်သွက်ယောဂလေ့ကျင့်ခန်း တစ်နာရီနဲ့ တစ်နာရီထက်ပိုပြီး လေ့ကျင့်သူတွေအများစုကတော့ ဘယ်နေရာမျိုးမှာပဲ နေထိုင်ပါစေ လေ့ကျင့်ပြီးချိန်မှာ ရေ ဒါမှမဟုတ် အစားစားပေးရမှာပါ။ “ဘာကြောင့်ပဲ ချွေးထွက်ပါစေ၊ ပြန်ပြီးအစားထိုးဖြည့်တင်းပေးသင့်ပါတယ်” လို့ ဘရောင်းကပြောပါတယ်။ 
ဘယ်လောက်ပြန်ပြီးဖြည့်တင်းရမလဲဆိုတာကတော့ ဖြေရှင်းစဉ်းစားရမယ့်နောက်တစ်ချက်ပေါ့။ Bikram ဒါမှမဟုတ် hot yoga လေ့ကျင့်ခန်းမျိုးကို ပူပြင်းတဲ့ဝန်းကျင်မှာ အပြင်းအထန်လေ့ကျင့်မယ်ဆိုရင် ၁၀၀ အောင်စလောက်ထိ ချွေးထွက်နိုင်ပါတယ်။ ကျွန်မတို့အများစုဟာ လေ့ကျင့်ခန်းခပ်ပြင်းပြင်းလုပ်ရင်တောင် ရေဓာတ်ခမ်းတဲ့အနေအထားရောက်ပေမဲ့ ချွေးမထွက်တာလည်းရှိကြတယ်။ ဒါပေမဲ့ နှလုံးနဲ့ ဗဟိုအာရုံကြောစနစ်ကိုတော့ အခွန်အခကောက်ခံတဲ့သဘော ဖိအားပေးဖို့ လုံလောက်တဲ့လှုပ်ရှားမှုတွေပါ။ တစ်ဝက်လောက်ပဲချွေးထွက်ပါစေဦး ပြန်လည်ဖြည့်တင်းတာမလုံလောက်ရင် ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တယ်။ Central Washington University ရဲ့ လေ့လာချက်တစ်ခုမှာ hot-yoga ကစားတဲ့သူတွေ ပျှမ်းမျှချွေးထွက်နှုန်းဟာ ကိုယ်အလေးချိန်ရဲ့ ၁ ရာခိုင်နှုန်းလျော့နိုင်ပါတယ်လို့ ဖော်ပြထားတယ်။ ငိုက်မျဉ်းလေးကန်တာနဲ့ ဆုံးဖြတ်ချက်ချတဲ့အခါ ယုတ်လျော့အားမရမှုတွေဖြစ်နိုင်ပါတယ်လို့ အဲဒီသုတေသနပြုလုပ်သူတွေကပဲ ဆိုတယ်။ လေ့ကျင့်ခန်းယူတဲ့အချိန်အတွင်းဘယ်လောက်လျော့ကျနိုင်တယ်ဆိုတာ သိနိုင်အောင် ယောဂလေ့ကျင့်ခန်းမစခင် ကိုယ်အလေးချိန် အရင်ချိန်ထားသင့်ပါတယ်။ သင်တန်းချိန်မှာ ရေလုံးဝမသောက်ပါနဲ့။ လေ့ကျင့်ခန်းပြီးချိန် ကိုယ်အလေးပြန်ချိန်ပါ။ ကွဲပြားလျော့ကျသွားတဲ့ အောင်စ ဟာ ရေဓာတ်ပြန်ဖြည့်တင်းရမယ့်ပမာဏပါ။ 

ပြီးတော့ သတိထားပေးရမှာက ရေဓာတ်ကိုပဲဖြည့်တင်းပေးဖို့လိုအပ်တာမဟုတ်ပါဘူး။ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ် နဲ့ ဘိုင်ကာဘွန်နိတ် တို့လို Electrolyte တွေလည်းပြန်ဖြည့်ပေးဖို့လည်းလိုနေတယ်လို့ ဘရောင်းကပြောပါတယ်။ အဲဒါဟာ ကိုယ်ခန္ဓာတစ်သျှုးတွေကို ပြန်လည်ပြုပြင်ပေးပြီး အာရုံကြော၊ ကြွက်သားလုပ်ငန်းတွေစနစ်ကျစေပါတယ်။ အုန်းရည်သောက်ကြည့်ပါ။ အရည်ဓာတ်ပေါကြွယ်ဝလှပြီး သဘာဝ electrolyte အရင်းအမြစ်တစ်ခုပါ။ ဒါမှမဟုတ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ meal တစ်နပ်စားပေးသင့်တယ်။ အသီးးအနှံနဲ့ ဟင်းသီးဟင်းရွက် meal မျိုးက လေ့ကျင့်ခန်းပြီးချိန် အားပြန်ဖြည့်တင်းချိန်စားသုံးသင့်တဲ့ စံပြအစားအစာပါ။ အဲဒီအသီးအနှံတွေက ရေဓာတ်ဖြည့်ပေးပြီး electrolyte ၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါဝင်တယ်။ ဈေးကွက်ထဲမှာပေါပေါများများရနေတဲ့ အားဖြည့်အချိုရည်မျိုးကတော့ သကြားဓာတ်များလွန်းလှတယ်။ တခြားပြန်လည်လန်းဆန်းစေနိုင်တဲ့တစ်ချက်က ရေကို အစားအစာနဲ့ ပေါင်းစပ်တဲ့အခါ ဝမ်းဗိုက်ထဲမှာ အချိန်ကြာကြာနေနိုင်ပြီး စုပ်ယူမှုနှေးကွေးပါတယ်။ အဲဒါက ကျွန်မတို့ကို အာသာပြေစေတယ်ပေါ့။ ခပ်မြန်မြန် အစားထပ်ယူစားဖြစ်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ အစားအစာနဲ့ ရေပမာဏအများကြီးသောက်တာကတော့ အစာမကြေလည်းဖြစ်စေနိုင်ပါတယ်။ ရေဓာတ်ကြွယ်ဝမှုနှုန်းလေး ရှာဖွေကြည်ရအောင်နော်။
(ရေဓာတ်ကြွယ်ဝမှုအဆင့်စစ်ဆေးဖို့ လွယ်ကူတဲ့စမ်းသပ်မှု- သုတေသနပြုသူတွေကတော့ ရေဓာတ်ကြွယ်ဝမှုကို စစ်ဆေးဖို့ ဓာတ်ခွဲခန်းထဲမှာ ဆီးထဲက plasma ကို လေ့လာကြတယ်။ ဒါပေမဲ့ နေ့စဉ်ဘဝထဲမှာတော့ ရေဓာတ်အလုံအလောက်ရှိရဲ့လား ဆုံးဖြတ်နိုင်မယ့် ရိုးရှင်းတဲ့စူပါနည်းလမ်းတစ်ခုရှိပါတယ်။ နံနက်ခင်း ပထမဆုံးအကြိမ် ဆီးသွားချိန်မှာ သင့်ရဲ့ ဆီးအရောင်ဟာ ကြည်လင်နေရပါမယ်။ ဒါမှမဟုတ် အဝါဖျော့ဖျော့ပဲရှိသင့်တယ်။ တကယ်လို့ ပိုပြီးအရောင်ရင့်နေမယ်ဆိုရင် အဲဒါဟာ တစ်နေ့လုံးအရည်ဓာတ်မလုံလောက်ဘူးဆိုတဲ့ လက္ခဏာပါ လို့ ကယ်လီပရစ်ထ်ချက်ထ်က ပြောပါတယ်။       ။
Source: Hydrate your plate | Yoga Journal

ဖြိုးဖြိုး

No comments: