Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 04, 2018

ကိုယ့်အသည်းလေး အပြစ်ကင်းစေဖို့

ဒီလိုအံ့သြဖွယ်ကောင်းလှတဲ့အရည်တစ်ခွက် သောက်ပေးလိုက်တာနဲ့ ကိုယ်ခန္ဓာထဲက အသည်းလေးကို အဆိပ်အာနိသင်တွေကင်းစင်၊ သန့်ရှင်းစင်ကြယ်သွားစေရုံတင်မဟုတ်ဘဲ ကိုယ်အလေးချိန်ကိုပါ ၃ရက်အတွင်းလျော့ကျသွားစေဖို့ အကူအညီပေးပါလိမ့်မယ်။

အသည်းက ဘာတွေလုပ်ဆောင်လဲ။
ကျွန်မတို့ရဲ့အသည်းဟာ ကျွန်မတို့စားသုံးလိုက်တဲ့အဟာရတွေကို ကိုယ်ခန္ဓာက အသုံးပြုနိုင်မယ့် ဒြပ်ပစ္စည်းအဖြစ်ပြောင်းလဲပေးးတယ်။ အဲဒီ ဒြပ်ပစ္စည်းတွေကို သှိလှောင်သိမ်းဆည်းပေးထားပြီး ဆဲလ်တွေကလိုအပ်တဲ့အခါ အသုံးချနိုင်အောင်လိုတိုင်းထုတ်ပေးတယ်ပေါ့။ အဲဒီလိုပဲ အဆိပ်ဒြပ်ပစ္စည်းတွေကိုလည်း လက်ခံယူရရှာတာပါပဲ။ ပြီးတော့ ကိုယ်ခန္ဓာအတွက် အန္တရာယ်ကင်းစေမယ့်ဒြပ်ပစ္စည်းအဖြစ်ပြောင်းလဲပေးတယ်။ ဒါမှမဟုတ်ကိုယ်ခန္ဓာဆီက လွတ်ထွက်သွားစေဖို့ကြိုးပမ်းပေးပါတယ်။

အဲဒီအံ့သြဖွယ်ဖျော်ရည်က ဘယ်လိုကူညီနိုင်မှာလဲ။
ကျွန်မတို့သိကြပြီးတဲ့အတိုင်း အသည်းဟာ သင့်ရဲ့သွေးထဲက စွန့်ပစ်ပစ္စည်းတွေနဲ့ အဆိပ်ဒြပ်ပစ္စည်းတွေအားလုံးကို သန့်ရှင်းပေးတယ်ဆိုတော့ သူလေးကိုယ်တိုင်ကလည်း အဆိပ်ကင်းစင်ဖို့အဓိကအရေးပါနေတာပေါ့။ အသည်းလေးဟာ အဆိပ်ဒြပ်ပစ္စည်းတွေနဲ့ မနိုင်ဝန်ထမ်းရတော့မယ်ဆိုရင် သူရဲ့ လုပ်ငန်းတာဝန်တွေကောင်းကောင်းထမ်းဆောင်ဖို့ ကူညီပေးမှာပါ။ ဒီဖျော်ရည်က သင့်ရဲ့အသည်းလေးကို သဘာဝအတိုင်းအဆိပ်အာနိသင်တွေကင်းစင်စေပါလိမ့်မယ်။ ဒီလိုအံ့သြဖွယ်ဖျော်ရည်က အသည်းကို အညစ်အကြေးကင်းစင်စေပြီး လုပ်ငန်းတာဝန်တွေ ပိုကောင်းအောင်စတင်စေလိမ့်မယ်။ ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေဖို့ ကူညီနေမှာပါ။

ပါဝင်ပစ္စည်းတွေက
ရေ ၆ ခွက်
သံပုရာသီး ၃ လုံး
တရုတ်နံနံ(parsley) လှီးဖြတ်ထားတာ ၁ခွက်စာ
မုန်ညင်းတရုတ်နံနံ(Celery) ရိုးတံလေး ၅ ချောင်း တို့ပါ။

ပြင်ဆင်ပုံက
သံပုရာသီးတွေကို အခွံခွာပြီး တခြားပါဝင်ပစ္စည်းတွေအားလုံးနဲ့အတူ blender နဲ့ မွှေလိုက်ပါ။ ရေကိုတော့ မထည့်ပါနဲ့ဦး။ ရေမပါဘဲတစ်ကြိမ် blend ပြီးမှ ရေထည့်ပြီး အားလုံးပေါင်းထားတာကို နောက်တစ်ကြိမ်ထပ် blend ပေးရမှာပါ။

အသုံးပြုပုံအညွှန်းလေးက
ဒီဖျော်ရည်လေးက သင့်ရဲ့ကိုယ်ခန္ဓာကို အဆိပ်ကင်းစင်စေမှာပါ။ ၃ ရက် သောက်ပေးပါ။ ၂ ခွက်သောက်ရမယ်။ တစ်နေ့ကို ၃ ကြိမ်သောက်ပေးရင် အကောင်းဆုံးရလဒ်ရလာမယ်လို့ ဆိုထားပါတယ်။ ဖျော်ရည်သောက်နေတဲ့ ၃ ရက်အတွင်းမှာ ပေါ့ပေါ့ပါးပါးအစားအစာ/ နည်းနည်းစီ စားပေးဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ meal တွေဖြစ်ဖို့လည်း ဂရုစိုက်ပေးပါ။ ပိုပြီးထိရောက်တဲ့ရလာဒ်မျိုးမြန်မြန်ရချင်တယ်ဆိုရင် ချက်ပြုတ်စားတဲ့ meal မစားဘဲ အသီးအနှံ အရွက်စိမ်းစိမ်းအပါအဝင် ဆလတ်ပွဲ၊ အစေ့အဆံ စတဲ့ raw food တွေကို စားပေးနိုင်ပါတယ်။ 

ဖြိုးဖြိုး 
Source: Clean Your Liver and Lose Weight in 72 hours with this Miracle Drink | www.greatthingsfirst.com

No comments: