Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, February 26, 2013

ဘယ်လို ပြုပြင်မလဲ၊ ဘယ်လို ခေါင်းမာနေဦးမလဲ

ဘာရှား၏ ဘာမထီအပြုံး
ကြံ့ကြံ့ခံ ရပ်တည်ဆဲ ဘာရှား
သူ့နာမည်အပြည့်အစုံက - ဘာရှား ဟာဖက်ဇ် အယ်လ် အာဆတ်ဒ်  ဖြစ်သည်။
ရာထူး - ဆီးရီးယားနိုင်ငံ၏ သမတ နှင့် ဘာ့သ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး
မွေးနေ့ - ၁၁ စက်တင်ဘာ ၁၉၆၅    (အသက် ၄၈)
ဇာတိ - ဒမတ်စကတ်စ် ၊ အာရပ်ပြည်ထောင်စုသမ္မတနိုင်ငံ
ဘခင် - ဟာဇက်ဇ် အယ်လ် အာဆတ်ဒ်
(ဘခင်သည်ဆင်းရဲသောမိသားစုမှ ပေါက်ဖွားခဲ့သော်လည်း Alawite များ နောက်ခံပြုသည့်  အာရပ်ဆိုရှယ်လစ် ဘာ့သ်ပါတီ ကို ထူထောင်ခဲ့သည့်အပြင် သမ္မတအဖြစ်နှင့် ဆီးရီးယားနိုင်ငံကို ၂၉နှစ် အုပ်စိုးခဲ့သည်။)
အကို နှင့်အမ - ဘာဆယ်လ် နှင့် မဟာ 
ဇနီး - အက်စ်မာ (ဗြိတိန်နိုင်ငံဖွား ဘဏ်အရာရှိ)
ပညာရေး - မျက်စိအထူးကုဆရာဝန် 
ပါတီ - ဘာ့သ်ပါတီ

အင်္ဂလိပ်စကားနှင့် ပြင်သစ်ဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည်။ ၂၀၀၀ခုနှစ် ဖူလိုင်လ ၁၇ရက်မှာ တာဝန်စတင်ထမ်းဆောင်သည်။ ၂၀၀၀ခုနှစ် ဒီဇင်ဘာလတွင် လန်ဒန်မှာ ကျွမ်းဝင်ခဲ့သော အက်စ်မာနှင့် လက်ထပ်သည်။ သားသမီး သုံးယောက်ရှိသည်။ (ယခု ဇနီးသည်က  စတုတ္ထကိုယ်ဝန်လွယ်ထားသည်)။ ဒမတ်စကတ်စ် တက္ကသိုလ် ဆေးကျောင်းမှ ၁၉၈၈ခုနှစ်တွင်ဘွဲ့ရရှိခဲ့ပြီး တပ်မတော်တွင် စစ်တပ်ဆရာဝန်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ နောင်လေးနှစ်အကြာတွင် လန်ဒန်မြို့ အနောက်ပိုင်းဆေးတက္ကသိုလ်မှ မျက်စိအထူးကုဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ဒမတ်စကတ်စ်ရှိ အာရပ်+ပြင်သစ်အယ်ဟာရီယာကျောင်းတွင် မူလတန်း အလယ်တန်းပညာသင်ယူခဲ့သည်။

၁၉၉၄ခုနှစ်ခုနှစ် အကို ဖြစ်သူ ဘာဆယ်လ် မတော်တဆထိခိုက်မှုတွင် သေဆုံးခဲ့သဖြင့် ၄င်း၏နေရာကို ရယူပြီး ၁၉၇၀ခုနှစ်တွင် ဘခင်၏အမွေခံသားအဖြစ် ဘခင်၏လမ်းညွှန်မှုအောက်တွင် အာရပ်ဆိုရှယ်လစ် ဘာ့သ်ပါတီ သန့်စင်တော်လှန်ရေးတွင် အကြီးအမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၈ခုနှစ်တွင် ဟုန်းမ်မြို့ စစ်တက္ကသိုလ်သို့ တက်ရောက်စေသည်။ ထို့ပြင် ၄င်းသည် လက်ဘနွန်သိမ်းပိုက်ရေးအဖွဲ့အစည်းတခုတွင် ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သည်။ ဘခင်ဖြစ်သူက စံနစ်တကျ နူးညံ့သိမ်မွေ့သော အပြောင်းအလဲတခုဖေါ်ဆောင်ကာပုံသွင်းခဲ့သည်။ ဘာ့သ်ပါတီ၏ ကန့်ကွက်သူမရှိ အကြွင်းမဲ့ အာဏာရယူစေခဲ့သည်ဟု ဆိုရမည်။ ဘခင်သည် သာမန်ဆရာဝန်ဘ၀ထက်  စစ်တက္ကသိုလ်ဆင်း ဗိုလ်မှူးကြီးတယောက်ဖြစ်ရန်လှုံ့ဆော် ပံ့ပိုးခဲ့သည်ဟုဆိုနိုင်သည်။

ဒုတိယအနေဖြင့် အာဆတ်ဒ်၏ပုံရိပ်ကို ပြည်သူတို့၏အကြားမှာ ထင်ရှားပေါ်လွင်စေခဲ့သည်။ ပြည်သူတို့ ရင်ခွင်တွင် ရင်းနှီးနွေးထွေးစေခဲ့သည်။ အာဆတ်ဒ်ပုံရိပ်ကို မိမိစိတ်ကြိုက် ဖေါ်ထုတ်နိုင်ရန် ဘခင်အာဆတ်ဒ်သည် (၄င်း ၂၀၀၀ခုနှစ်ကွယ်လွန်အနိစ္စရောက်ခဲ့သည့်အချိန်ထိ) ၆နှစ်ကျော်ကျော် အချိန်ယူခဲ့ရသည်။ တတိယ  တိုင်းပြည်တည်ထောင်ရာတွင် ဆီးရီးယားနိုင်ငံကို ဦးဆောင် ပဲ့ကိုင်မောင်းနှင်နိုင်စွမ်းရှိသည့် ယန္တရားအတတ်ပညာရှင်အဖြစ် ဆိုက်ရောက်စေရန် အားပေးခဲ့သည်။ သို့သော်လည်း အာဆတ်၏ စရိုက်မှာ နိုင်ငံရေး ကိစ္စရပ်များနှင့် ပါဝင်ပတ်သက်ရမှုကို နှစ်မြို့သူမဟုတ်ချေ။သမ္မတဖြစ်လာသည့်တိုင် နိုင်ငံရေးစကားမပြောတတ်ချေ။ အာဆတ်သည် ဆီးရီးယားအစိုးရအဖွဲ့အတွင်း ဌာနပေါင်းစုံမှ  ပေးအပ်သော အောက်ပါဆုများရရှိထားသည်။

ပထမတန်းစား ရဲရင့်သူ(Order of Bravery 1st Class) ဆု
ပြည်သူ့သားကောင်း (Order of Civil Merit ) ဆု 
Order of Devotion (ဘာသာတရားကိုင်းရှိုင်းခြင်း) ဆု
Long and Exemplary Service Medal (၁၅နှစ် ကြာ တာဝန်ထမ်းဆောင်နိုင်ခြင်း) ဆု
Medal of Training ( သင်တန်းဆင်းကောင်းခြင်း) ဆု 
Revolution Medal of 8 March 1963(၁၉၆၃ခုနှစ် တော်လှန်ရေးသားကောင်း) ဆု
Army Silver Jubilee Medal (စစ်မှုထမ်းကောင်း နှစ်ပတ်လည်) ဆု တို့ကို ရရှိထားသည်။
၎င်း၏လက်ထက်တွင် အဂတိလိုက်စားမှုများ လူ့အခွင့်အရေးချိုးဖေါက်မှုများ ထူပြောခဲ့။ စီးပွားရေး ကျဆင်းခဲ့။ ပြည်ပနိုင်ငံများနှင့်ပြေလည်မှု မရှိခဲ့။ အထူးသဖြင့် အစ္စရေးလ် အမေရိကန်တို့နှင့် ဆက်ဆံရေး တင်းမာခဲ့။
သမ္မတကတော် အက်စ်မာနှင့်  
အသက်အရွယ်ကြီးရင့်သူ လူအိုစစ်သားကြီးများအား ဖယ်ထုတ်ကာ လူငယ်စစ်ဗိုလ်ကလေးများဖြင့် စစ်တပ်အား အစားထိုး ပြောင်းလဲခဲ့သည်။ ၄င်းအားသစ္စာရှိ Alawite အရာရှိများက ၀န်းရံထားခဲ့သည်။ ၂၀၀၀ခုနှစ် တွင် ဘာ့သ်ပါတီမှ ကန့်ကွက်သူမရှိ  မဲအရေအတွက် ၉၇ ရာခိုင်နှုံးကျော်ဖြင့် သမတရာထူးအပ်နှင်းခံရပြီး ၂၀၀၇ အထိသမတ ရာထူးတွင်  တည်မြဲခဲ့သည်။ ဒီ့နောက်မှာတော့ အများမျက်မြင်ပါဘဲ။ ယခင် နုစဉ်အခါ အကိုဖြစ်သူ ကွယ်လွန်ပြီးချိန်က အာဆတ်ဒ်သည် အကို၏နေရာကို ဆက်ခံခဲ့သော်လည်း ပါတီကိစ္စများစိတ်မ၀င်စားခဲ့။ ပါတီစကား မပြောတတ်ခဲ့။ ယခုအခါမှာတော့ အာဆတ်ဒ်သည် ဆီးရီးယားရထားတွဲများအား မိမိဖြစ်စေချင်သလို မိမိအလိုကျ  စီးနင်း ခုတ်မောင်းနိုင်သော စစ်အာဏာရှင် ရထားမှူး ဖြစ်ခဲ့ချေပြီတည်း။

အာဆတ်သည် ဘာ့သ်ပါတီဝင်များ၏ စံနစ်တကျကြိုတင် ပြုပြင်မွန်းမံ တည်ဆောက်ခဲ့သော ဆီးရီးယားကို နောက်ထပ်၍ ဘယ်လိုပြုပြင်မှုမျိုးကိုမှ လက်ခံလိမ့်မည်မဟုတ်ပါ။ ပြည်တွင်းပြည်ပအသိုင်းအ၀ိုင်းမှာ ဘာရှားအာဆတ်ဒ်၏ နာမည်သည် အကောင်းထက် အဆိုးဘက် အားသာနေသော်လည်း လက်ရှိအခြေအနေမှာ သမ္မတရာထူးက နှုတ်ထွက်ပေးဖို့ ဖိအားများ ၀ိုင်းပေးခံနေရသော်လည်း အာဆတ်ဒ်ကတော့ မှုလိမ့်မည်မဟုတ်ပါ။ မထေမဲ့မြင်အပြုံးနှင့် အာခံနေဆဲ ဖြစ်သည်။  ဆီးရီးယားပြည်တွင်းစစ်သို့ ဦးတည်နေသည့်အခြေအနေမျိုးကို ရောက်နေသည့်တိုင် သို့မဟုတ် ပြည်တွင်းစစ်ဖြစ်နေသည့်တိုင် သူက ဘာတွေဘယ်သူ့ အားကိုးမျှော်လင့်ပြီး တောင့်ခံ နေနိုင်တာလဲ။ ၂၀၁၂ခုနှစ်သြဂတ်စ် ၂၉ရက်နေ့က Addounia TV ၏ ဒီမိုကရေစီနှင့်ပတ်သက်သော မေးခွန်းတခုကို အာဆတ်ဒ် က ယခုလိုဖြေခဲ့သည်။ ။

“ဆီးရီးယားမှာ ဒီမိုကရေစီ အလားအလာကောင်းတွေရှိပါတယ်။ ဒါပေမဲ့ ဆွေးနွေးငြင်းခုံစရာတွေရှိတယ် အချိန်ယူဖို့လိုတယ်။ ဒီမိုကရေစီ ဆိုရုံနဲ့ အဲဒါကြီးက ဒိုင်းကနဲ ဒုံးကနဲ ပြေးဝင်လာမှာ မဟုတ်ဘူးလေ" တဲ့။ 
ဘီလ်ဘုတ်ပေါ်က အာဆတ်ဒ်ရဲ့ မထေ့တထေ့အပြုံး
"ဒမတ်စကတ်စ်မြို့ဟောင်းရဲ့ နံရံပေါ်က ဧရာမ ပန်းချီကားချပ်ကြီး ဘုရားသခင် ကယ်တင်လိမ့်မည်" လို့ စာတမ်းထိုးထားသည်။
ဘာရှားမိသားစု 
(နောက်တန်း ၀ဲမှယာ)
မဟာ (အမကြီးဖြစ်သူ ပြည်သူ့သက်စောင့်တပ်မှူး)၊ ဘာဆယ်လ်၊ မဂျစ်၊ ဘာရှား၊ ဘုရှ်ရှာ
(ရှေ့တန်း)
ဘခင်အာဆတ်ဒ်နှင့် မိခင် အင်နီဆာ
တိုင်းနိုင်ငံတစ်ခု ဆုတ်ယုတ်ပြီဆိုလျှင်  အဂတိလိုက်စားမှုကိုသာ အဦးဆုံးညွှန်ပြရပါလိမ့်မည်။ ၂၀၀၇ခုနှစ်နောက်ပိုင်း သမ္မတဘာရှားအား နေရာလုယှဉ်ပြိုင်လာမည့် ပြိုင်ဘက် သမ္မတလောင်းများသည် နောက်ဆုံးတွင်  အဂတိလိုက်စားမှုနှင့် စွပ်စွဲခံရကာ အပြီးသတ် နှုတ်သိမ်းခံရတော့သည်။၁၉၉၈ခုနှစ်တွင်၁၉၇၀ခုနှစ် အာဆတ်ဒ်အစိုးရအဖွဲ့ ဆွန်နီအနည်းအကျဉ်းထဲမှတယောက်ဖြစ်သော ဒုသမတ အဘဒူလ်ခတ်ဒမ်ထံမှ “ဆီးရီးယား-လက်ဘနွန်ကိစ္စ” ကို အာဆတ်ဒ်က လွှဲပြောင်းရယူ ကိုင်တွယ်ခဲ့သည်။

ဘာရှားသည် လက်ဖနွန်ကိစ္စတွင် မိမိသြဇာခံ ဖြစ်ရန်ကြိုးပမ်းခြင်းတစ်ရပ်အဖြစ်  အဘဒူလ်ခတ်ဒမ် အားဖယ်ရှား၍ မိမိသြဇာခံယူမည့်သစ္စာရှိ အီမယ်လ် လာဟူ အား လက်ဖနွန်သမတရာထူးနှင်းအပ်လိုသည်။ယခင် မိမိနှင့် စည်းဝါးမကိုက်ညီသူ လက်ဖနွန်ဝန်ကြီးချုပ် ဟာရီရီ အားလည်း ဖယ်ရှားခဲ့ပြီးဖြစ်သည်။နောင်တွင် ဟာရီရီ အား ဆီးရီးယားတို့က လုပ်ကြံသတ်ဖြတ်ပြစ်ခဲ့သည်ဟု နာမည်ဆိုး ပေါ်ထွက်လျက်ရှိသည်။ ယနေ့အထိ တရားခံ ရှာမတွေ့ခဲ့။ ဘာရှား အာဆတ်ဒ်သည် လက်ဘနွန်တွင် မိမိအာဏာသက်ရောက်အောင်ထူထောင်နိုင်ခဲ့သည်ဆိုရမည်။ လက်ဘနွန်ရှိ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်တို့နှင့် သဘောချင်းတိုက်ဆိုင်ခဲ့သည်။ လက်ဘနွန်ရှိ  စစ်မှုထမ်းသက် ရှည်ကြာသူတို့ကို  အသစ်ဖြင့် အစားထိုးခန့်အပ်စေသည်။  လက်ဘနွန်အရာရှိများကို အဂတိလိုက်စားမှုများပြားလွန်းသည်ဟု စွပ်စွဲခဲ့သည်။ ခန့်မှန်းတစ်နှစ်လျှင် ဒေါ်လာ ၂ဘီလီယံကျော်ရှိရာ လက်ဖနွန်ဘဏ် အယ်လ် ဒီနာသည်၂၀၀၃တွင်ပြိုလဲခဲ့သည်။ ကုလသမဂ္ဂမှ အီရတ်သို့ ပေးရန်ရှိသော လောင်စာဆီနှင့် စားနပ်ရိက္ခာအတွက် ကို တရားမ၀င် ငွေကြေးခ၀ါချမှုဖြင့် အယ်လ်ဒီနာမှ ဒေါ်လာတစ်ဘီလီထက်ပိုသော ငွေကြေးကို အလျှော်အစားပေးခဲ့ရသည်ဟု ဆိုသည်။ ၄င်းအပြင် ဘာရှားအာဆတ်ဒ်နှင့် ဆွေမျိုးသားချင်း တစုတို့၏ တရားမ၀င်ပွေကြေးဥစ္စာတို့ကိုလည်း ၄င်းဘဏ်က ခ၀ါချပေးခဲ့ရကြောင်း အဆိုရှိသည်။ 

နိုင်ငံတော်တံဆိပ်
၂၀၀၅ခုCederတော်လှန်ရေးအပြီး လက်ဘနွန်တွင် တပ်စွဲထားသောဆီးရီးယားတပ်များ အမေရိကန်၏ဖိအားပေးမှုကြောင့် ရုတ်သိမ်းဆုတ်ခွာခဲ့သည်။ ထို့နောက် အဇ္ဇရေးလက်ဘနွန် ပဋိပက္ခတွင် ဟစ်ဇ်ဘိုလာ လက်ဘနွန်တို့ကို ထောက်ခံလိုက်ပြီး အစ္စရေးလ်တို့အား ရန်သူများဟု သုံးနှုံးခေါ်ခဲ့ပြီး အနာဂတ်တွင် အစ္စရေးတို့၏ ရော့ကက်ဒုံးကျည်များ အနုမြူဗုံးများသည် သက်တမ်းကုန်ဆုံးတော့မည် သုံးရတော့မည်မဟုတ်ကြောင်း နှင့် အစ္စရေး၏အပေါင်းအသင်းများသည်လည်း(အမေရိကန်ကို ဆိုလိုသည်) ငြိမ်းချမ်းခြင်း အောင်မြင်ခြင်းတို့မှကင်းရာ ဝေးရာတွင် တည်ရှိနေမည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။

ရုရှားသမ္မတဟောင်း Dmitry Medvedev နှင့်
ပါရမီဖြည့်ဘက်များ
ဘရာဇီးသမ္မတဟောင်း Lula da Silva နှင့်
သူ သမ္မတဖြစ်လာပြီးတဲ့နောက် Mezzeh အကျဉ်းထောင်ကို ပိတ်သိမ်းပြီး နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွတ်ပြစ်ခဲ့သည်။ သို့ရာတွင်  ယင်းနှစ်မှာပင် ဆူပူမှု ဖြစ်ပွားသည်ကြောင့် လုံခြုံရေး အကြောင်းပြပြီး ဖြိုခွဲ ရပြန်သည်။ ၂၀၁၂ခုနှစ် ဆန်းစစ်လေ့လာသူတို့အဆိုအရ ဘာရှားသည် သူ၏မိသားစုနှင့် ဆက်နွယ်သူတို့ အနာဂတ်စုဆောင်းငွေ ၁.၅ဘီလီယံရှိငွေကြေးဥစ္စာများ ကို ရုရှား၊ဟောင်ကောင်တို့မှာ သိမ်းဆည်းမြှုပ်နှံထားပြီး ကောက်ယူရရှိထားသည့် (အန္တရာယ်များသော) အခွန်အတုတ်များကို  ပြန့်နှံ့စွာသိုမှီးထားကြောင်းလေ့လာသူများက ဆိုသည်။

၂၀၀၇တွင် လိုအပ်ချက်အရ အင်တာနက်ကဖေးများ နိုင်ငံအနှံ့ ဖွင့်လှစ်ပေးခဲ့သော်လည်း ၀ီကီပီးဒီးယား(အာရပ်)၊ YouTube ၊ Facebook တို့ကို မကြာခဏ ပိတ်ပြစ်လေ့ရှိသည်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများအဆိုအရ ဘာရှားအုပ်ချုပ်မှု စံနစ်အောက်တွင် ညှင်းပမ်းနှိပ်စက်ခံရမှု၊ ပြိုင်ဘက် နိုင်ငံရေးသမားများကို သုတ်သင်မှု၊ လျို့ဝှက်ပုလိပ်များ၏လူမဆန်စွာပြုကျင့်မှု စသည်တို့ဖြင့် နာမည်ဆိုးကျော်ကြားခဲ့သည်။ အာရပ်နိုင်ငံများကြားတွင် ဆီးရီးယားသည် ဥပဒေချိုးဖေါက်မှု အလွန်ကဲဆုံးနိုင်ငံဟု ဆိုသည်။  The New York Times က နိုင်ငံရေးသမား အယောက် ၃၀ ကို ဖမ်းဆီးအကျဉ်းချထားကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း  ABC ရုပ်မြင်သံကြား၏အမေးကို သူက “နိုင်ငံရေးအကျဉ်းသမားရယ်လို့ တယောက်မှ မရှိ ပါ" ဟု ဘူးခံ ဖုံးကွယ်ခဲ့သည်။

အာရပ်တို့၏ နိုးကြားလာမှုတွင်၂၀၁၁ကန့်ကွက် ဆန္ဒပြမှုနှင့် နှိုင်းယှဉ်၍ Foreign Policy  မဂ္ဂဇင်းက ဆီးရီးယား၏ နေရာမှန်ကို ပြဆိုခဲ့သည်။ ၄င်းပြင် အာဆတ်သည် ဟစ်စ်ဘိုလာကဲ့သို့သော အကြမ်းဖက်သမား စစ်သွေးကြွများကို လက်နက်ငွေကြေးထောက်ပံ့ခဲ့သည်ဟု အနောက်နိုင်ငံများက ဖေါ်ထုတ်ခဲ့သည်။ ဆီးရီးယားတွင် စစ်အုပ်ချုပ်မှုသည် ဆယ်စုနှစ်များစွာ အမြစ်တွယ်ရှင်သန် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ “ခြင်္သေ့”အမည်ခံ ဘခင်အာဆတ်လက်ထက်ကတည်းက အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ကို မိမိရရ ထူထောင်ထားခဲ့သည်။ ရက်စက်သော၊ အမိန့်တစ်ခုကိုသာ နာခံသော လျို့ဝှက် ရဲတပ်ဖွဲ့ရှိသည်။ အာဆတ်မိသားစုအား ဝန်းပတ်ယှက်နွယ်ကာကွယ်ပေးမည့် လက်ရွေးစင် သစ္စာရှိ လက်နက်ကိုင်တပ်ဖွဲ့ရှိသည်။  ဘာလိုသေးသနည်း။ (ဆာဒန်ဟူစိန်တွင် ဆွန်နီလူနည်းစုသာ  အုပ်ချုပ်မှုရှိခဲ့သည်)  

ဆီးရီးယားပြည်တွင်းစစ်
အရှေ့အလယ်ပိုင်းဒေသတွင် အာရပ် နွေဦးစတင်ခဲ့သည်။ ဆီးရီးယားတွင် ၂၀၁၁ခု  ဇန်န၀ါရီ ၂၆ရက်မှာ ကန့်ကွက်ဆန္ဒပြမှုများ စတင်ခဲ့သည်ဟု ဆိုရမည်။ ၄င်းတို့၏အဆိုအရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမဖြစ်မနေ ပြောင်းလဲရမည်။ ပြည်သူတို့ ရပိုင်ခွင့်များ မလွဲမသွေ ပေးအပ်ရမည် အာဆတ်ဆင်းပေးရမည်ဟု တင်းတင်းမာမာ တောင်းဆိုခဲ့ကြသည်။ဆီးရီးယားအာဏာပိုင်တို့က ပစ်ခတ်နှိမ်နင်းသောအခါ ကန့်ကွက်ဆန္ဒပြ တောင်းဆိုသူတို့၏ အမျက်ဒေါသသည် မတ်လ၁၈ရက် ၁၉ရက်နေ့များတွင် အထွတ်အထိပ်သို့ ဆိုက်ရောက်ခဲ့သည်။၂၀၁၂ဇန်န၀ါရီလ အနှောင်းပိုင်းတွင်မူ လက်နက်စွဲကိုင်ဆန့်ကျင်သူတို့၏ ပယောဂဖြင့် လူတထောင်ကျော်သေဆုံးခဲ့စဉ် ဆီးရီးယားတပ်မတော်၏ ပစ်ခတ်မှုကြောင့်ပြည်သူလူထုနှင့် ဆန့်ကျင်သူ လူပေါင်း ၅၀၀၀ကျော်သေဆုံးခဲ့သည်ဟု စာရင်းပြုစုသူတို့က ဆိုသည်။ ယူအက်စ်သမ္မတ အိုဘားမားသည် အကြမ်းဖက်နှိမ်နင်းမှုကို ရပ်တန့်ရန်တောင်းဆိုလိုက်ပြီး ဆီးရီးယားသမ္မတအပါအ၀င်ထိပ်ပိုင်းပုဂ္ဂိုလ်များ၏ ခရီးသွားလာမှု နှင့် ငွေကြေးဥစ္စာတို့ကို ကန့်သတ်လိုက်သည်။ EU နှင့် ကနေဒါ တို့မှလည်း အလားတူ ပိတ်ပင်တားမြစ်လိုက်သည်။

၂၀၁၁ ဇန်န၀ါရီလ ၂၀ရက်နေ့က EUအဖွဲ့ဝင် ၀န်ကြီးများနှင့် ဆီးရီးယားသမ္မတသည် မိမိ၏ကိုးဦးအဖွဲ့ဝင် ၀န်ကြီးမျာနှင့်အတူ ဘရပ်ဆယ်မြို့တွင် တစ်နာရီနီးပါး ဆွေးနွေးကြရာ တူရကီမှ စစ်ပြေးဒုက္ခသည်များပြန်လာရေး  (ဖေါက်ခွဲဖျက်ဆီးသူများ ကို ပြစ်တင်ရှုံ့ချလိုက်ပြီး) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးစသည် တောင်းဆိုခဲ့သည်။သမ္မတအာဆတ်ဒ်က  ရွေးကောက်ပွဲများကျင်းပပေးမည်ဟု ကတိပေးခဲ့သည်။ ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပေးမည်ဆိုသည်မှာလည်း လှည့်စားမှုသာဖြစ်သည်။ ကုလသမ္မဂ္ဂ၏ ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်သည်လည်း မော်စကို၏ သဘောတူညီမှုမရသဖြင့် ပျက်ပြယ်ခဲ့ရသည်။

၂၀၁၁ခု သြဂုတ်လတွင် ဆီးရီးယားလုံခြုံရေးတပ်သားများသည် နိုင်ငံ၏ အကျော်ကြားအထင်ရှားဆုံး ကာတွန်းဆရာကြီးအလီဖါးဇက်အား လက်ခြေတို့ကို အပိုင်းပိုင်းချိုးပြစ်ခဲ့ရာ ကာတွန်းဆရာသည် သူ၏အသက် ၆၀ပြည့် မွေးနေ့တွင် ဆေးရုံပေါ်သို့ ရောက်ရှိခဲ့သည်။ အာဆတ်သည် ဖြစ်ပျက်သမျှအလုံးစုံတို့အတွက် တာဝန်ရှိသူတို့မှာ မိမိတို့မဟုတ်။ ဆီးရီးယားအရေးကို ၀င်ရောက်စွက်ဖက်သူ အစ္စရေးနှင့်  အနောက်နိုင်ငံများ၏ တာဝန်သာဖြစ်သည်ဟု စဉ်ဆက်မပြတ် အပြစ်ဖို့ မိန့်ခွန်းပြောကြားလေ့ရှိသည်။ ၂၀၁၂ ဇူလိုင်လတွင် နိုင်ငံတကာ ကြက်ခြေနီအသင်းနှင့် လခြမ်းနီအဖွဲ့ တို့က ဆီးရီးယားသည် ပြည်တွင်းစစ်ဖြစ်ပွားနေကြောင်း အတိအလင်းကြေငြာခဲ့သည်။နိုင်ငံအနှံ့အသေအပျောက်စာရင်းထုတ်ပြန်ရာတွင် လူပေါင်း၂၀၀၀၀ကျော်ပြီဟု ဆိုသည်။

သို့သော် နောက်ဆုံးဝင်ရောက်လာသည့်သတင်းအရ ဆီးရီးယားပြည်တွင်းစစ်အတွင်း ပြည်သူ ၆၀၀၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံစွန့်ခွာထွက်ပြေးကြသူပေါင်း တစ်သန်းကျော်သွားပြီဟုသိရသည်။ ဂိုလန်ကုန်းမြင့်ကို ဆီးရီးယားအားပြန်လည်လွဲအပ်ပြီး ၁၉၈၁ခုနှစ်တွင်ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်ခဲ့သော အစ္စရေးနိုင်ငံနှင့်လည်း ဆီးရီးယားသည် စစ်မျက်နှာဖွင့်ရကောင်း ဖွင့်ရနိုင်သည်။
အိမ်နီးချင်းနိုင်ငံများအား မယုံကြည်နိုင်သော အဇ္ဇရေးသည် ရန်သူပတ်လည်ဝိုင်းသဖြင့် ကျရောက်လာနိုင်သည့် ဘေးအန္တရယ်ကို ခုခံနိုင်ရန် အသင့်အနေအထားဖြင့် အမြဲတမ်း စစ်ကို ကြိုတင် ပြင်ဆင်ထားဟန်ရှိသည်။ အာဆတ်အားဆန့်ကျင်လှုပ်ရှားသူတို့က မိမိတို့သည် မိမိတို့ စိတ်ကြိုက် အသက်ခွင့်ရှိကြောင်း ယခု ဆီးရီးယားအရေးအခင်းသည် သာမန်နိုင်ငံရေးကိစ္စမဟုတ်တော့ပဲ အခြေခံ လူမှုရေးကိစ္စသာဖြစ်ကြောင်း ဒီမိုကရေစီ၏တန်ဘိုးကို လက်ခံသိမ်းပိုက် ရယူရေးသာဖြစ်ကြောင်း။လက်ရှိသမ္မတနှင့်သူ၏ဘခင် တို့လက်ထက်က ပြည်သူတို့သည် နိုးကြားတက်ကြွမှု ဆိတ်သုဉ်းခဲ့ရကြောင်း အသိဥာဏ်ပညာကင်းမဲ့ခဲ့ရကြောင်း ယခုအခါတွင် အရှေ့အလယ်ပိုင်းဒေသ၏ ဧရာမ နိုင်ငံရေးသိပ္ပံကျောင်းတော်မဟာ ပေါ်ပေါက်ခဲ့ပြီဖြစ်ကြောင်းကို အာဆတ်ဖယ်ရှားလိုသူတို့က ရဲဝံ့ပြောင်မြောက်စွာ အရေးဆိုနေကြပြီ ဖြစ်သည်။

သမ္မတအာဆတ်ဒ်သည်လည်း မိမိနိုင်ငံကို မသမာသူများလက်သို့ မကျရောက်စေရန်ဟု စစ်မှုမထမ်းမနေရ အမျိုးသမီးများကို ဆင့်ခေါ်ကာ ဟုမ်းမြို့တွင် အရေးပေါ်လူစု သင်တန်းပေးနေပြီဖြစ်သည်။၎င်းအမျိုးသမီးတို့ကို လူအများက ခြင်္သေံ့မများဟု အမည်ပေးထားကြသည်။ မြို့တော်၏ အ၀င်အထွက် စစ်ဆေးရေးဂိတ်တို့တွင် ၄င်းတို့အားနေရာချထားပေးသည်။ အင်အားမှာ ၁၀၀၀၀ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ (ဂဒါဗီ တွင်လည်း သက်တော်စောင့် အဖြူရောင်မယ်များရှိခဲ့သည်။)

ဆီးရီးယားကို အမြဲ ထောက်ခံအားပေးနေသည့် မော်စကို နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ ဗရော့ဘ် က "မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ဆီးရီးယားအပေါ် ဘယ်တော့မှ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။ သမ္မတနှုတ်ထွက်ရေးကို တောင်းဆိုနေသရွေ့ အစိုးရနှင့် ဆွေးနွေးပွဲ တွေ မအောင်မြင်နိုင်ပါဘူး။ မိမိတို့ဟာ သမ္မတပြုတ်ကျရေး ကို ထောက်ခံအားပေးမှာ မဟုတ်ပါဘူး ၂၂လကြာ အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှု ရှောင်လွှဲနိုင်ရေးဟာ အာဆတ်အစိုးရ ပြုတ်ကျမှမဟုတ်ပါဘူး” စသည်ပြောင်ပြောင်တင်းတင်း ၀န်ခံပြောဆိုရင်း ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူရှုံ့ချရေး အဆိုတင်းသွင်းမှုတို့ကို ဗွီတိုအာဏာနှင့် ဒလစပ် ပယ်ချပစ်ခဲ့သည်။

ယခုအပတ်အတွင်း အီတလီနိုင်ငံတွင်ကျင်းပမည့် ဆီးရီးယားမိတ်ဆွေများ နိုင်ငံတကာညီလာခံကို အတိုက်အခံညွှန့်ပေါင်းအဖွဲ့ အကြီးအကဲ အာမက်-အယ်လ်-ခါတစ်က ယခင်ဆုံးဖြတ်ချက်ကိုပယ်ဖျက်၍ မိမိတို့တက်ရောက်ကြမည်ဖြစ်ကြောင်း ပြောင်းလဲပြောဆိုထားရာ  အကျိုးကျေးဇူးပြုမည့် သဘောတူညီချက်တစ်ခုခု ရနိုင်ကောင်း၏ဟု မျှော်လင့်မိပါကြောင်း။ ဘခင် အာဆတ်ရှိစဉ် စနစ်တကျ  ပြုစု ပျိုးထောင်းခဲ့သော ဘာ့သ်ပါတီနှင့် ခိုင်မာတောင့်တင်းသော သစ္စာရှိ ဆီးရီးယားတပ်မတော်ကို  အာဆတ်ဒ် ဘယ်လို ပြုပြင်မလဲ။ ဘယ်ပုံဘယ်နည်း တောင့်ခံအုံးမလဲ ဆိုသည်မှာ စောင့်ကြည့်ရပေမည်သာ။
Bashar and Asmaa al-Assad in Moscow
Florist

No comments: