Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ဒီနေ့လား မနက်ဖြန်လား. Show all posts
Showing posts with label ဒီနေ့လား မနက်ဖြန်လား. Show all posts

Saturday, March 20, 2010

ဒီနေ့လား မနက်ဖြန်လား

ပြီးခဲ့တဲ့ တနင်္ဂနွေက သချိုင်းကိုရောက်ဖြစ်ခဲ့တယ်၊
အဖိုးအဖွားတွေကို ကန်တော့မယ်ဆိုတော့ တာတာ၊ မာမား တို့နဲ့ သွားဖြစ်ကြတယ်၊
အုတ်ဂူမှာ ပန်းအသစ်လဲကြတယ်၊ မှန်ပုံးလေးထဲက ဆီမီးခွက်အဟောင်းကိုပြန်ထုတ်တယ်၊
ဆီအပြည့်ထည့်ထားတဲ့ဖန်ခွက်လေးထဲ သတ္တုကွပ်ထားတဲ့မီးစာလေးကို မီးရှို့ပြီး မှန်ပုံးလေးထဲပြန်ထည့်လိုက်တယ်၊ နှင်းတွေဖုံးနေလို့ ကော်ပြားလေးနဲ့ နည်းနည်းခဲပြီး ကပ်နေတဲ့နှင်းတွေကိုခွဲရင်း အုတ်ဂူကိုရှင်းကြတယ်၊ ကွယ်လွန်သွားတဲ့အဖိုးအဖွားတွေ ဦးလေးတွေ ဘယ်သူက ဘယ်သူဆိုတာပြောပြကြတယ်၊ အုတ်ဂူက ကျောက်ပြားမှာ အဖိုးအဖွားဓါတ်ပုံ ဦးလေး၊ အဒေါ် မိသားစုဝင်တွေရဲ့နာမည်တွေ အစဉ်လိုက်ရေးထားကြတယ်၊ တချို့ အသက်ရှင်နေဆဲ ဦးလေး တွေပါ နာမည်ရေးထားတာတွေလိုက်သေးတယ်၊ မွေးဖွားတဲ့ခုနှစ်ပဲထည့်ထားကြတာပေါ့၊ တာတာက သူ့ သူငယ်ချင်းတစ်ချို့ရဲ့ အုတ်ဂူတွေဆီ ပန်းတွေသွားထားတယ်၊
တာတာ နဲ့ မာမားနှစ်ယောက်သား အရှေ့မှာ တလှုပ်လှုပ်သွားနေကြတာကြည့်ရင်း နောက်က ဓါတ်ပုံရိုက်ယူထားလိုက်တယ်၊ ဓါတ်ပုံရိုက်မလို့ ဆိုတော့ လူကြီးနှစ်ယောက်က လှည့်ကြည့်ပါတယ်၊
သချိုင်းမှာ ရုပ်တုတွေထားကြတယ်၊ ဘောလုံးကိုကိုင်ထားတဲ့ကလေးငယ်လေးပုံ၊ ဂစ်တာတီးနေတဲ့ ဂီတသမားပုံ၊ ပြီးတော့ နိုင်ငံရေးသမားဖြစ်မယ်(မပြောတတ်ပါဘူး မိန့်ခွန်းပြောနေတဲ့ပုံစံလိုရုပ်တုတွေ့လို့)၊ ဇနီးမောင်နှံစုံတွဲရုပ်တုတွေလဲ တွေ့ရတယ်၊ လက်ဝါးကတ်တိုင်တွေကို အုတ်ဂူခေါင်းရင်းပိုင်းမှာ စိုက်ထားကြတယ်၊ ကွန်မြူနစ်တွေကြီးစိုးတဲ့ခေတ်တုန်းကတော့ သချိုင်းတွေမှာ လက်ဝါးကပ်တိုင်ကို လူမြင်သူမြင်မစိုက်ရဲကြဘူး၊ ခရစ်ယာန်မှန်းသိသွားတဲ့အခါ အလုပ်မှာရာထူးတိုးမပေးတာတို့ ဖမ်းဆီးဖို့ကြိုးစားကြတာတွေရှိခဲ့တယ်လို့ ဆိုတယ်၊ ဆုတောင်းပွဲတွေ ကြီးကြီးမားမားလုပ်လို့မရဘူး၊ ဒါကြောင့်ခရစ်ယာန်ဘာသာဝင်တွေ ကိုယ့်အိမ်ထဲမှာပဲ မိသားစုဆုတောင်းပွဲတွေပြုလုပ်ကြရတယ်၊ မိသားစုတိုင်းမှာ စိန့်(သူတော်စင်)တစ်ပါးစီ စောင့်ရှောက်နေတယ်လို့ အယူရှိတယ်၊ စိန့်တွေကို သူ့နေ့နဲ့ သူ အိမ်တွေမှာ ၀တ်ပြုဆုတောင်းတာလုပ်ကြတယ်၊

အုတ်ဂူတွေကိုကြည့်ရင် ကျွန်မအလှည့်ဘယ်တော့လဲ ... တွေးနေမိခဲ့သေးတယ်၊
ကျွန်မသေရင် ဘယ်နေရာမှာမြှပ်ဖြစ်မလဲ ဘဲလ်ဂရိတ်မြေကြီးမှာလား ရန်ကုန်မှာပဲလား၊
အနာဂါတ်ဆိုတာ ကြိုမှမသိနိုင်ပဲ ..
ဒီနေ့လား ... နက်ဖြန်လား ..