Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ဟိုဟို ဒီဒီ. Show all posts
Showing posts with label ဟိုဟို ဒီဒီ. Show all posts

Saturday, October 19, 2013

Happy Thidinkyut for all Friends !

ပုံအသစ်လေးမလုပ်ဖြစ်လို့ အရင်နှစ်ကပုံလေးပြန်တင်

သီတင်းကျွတ်မှာ မိဘနှစ်ပါး၊ ဆရာသမားအားလုံး ရည်မှန်းကန်တော့ပါတယ်။
မိသားစုတွေ ဆုံစည်းနိုင်ကြပါစေ။

Tuesday, September 20, 2011

38 dead in India, Nepal after 6.9 quake

Deadly earthquake rocks India, Nepal and Tibet Dozens of people have been killed and many more injured after a magnitude 6.9 earthquake shook north-eastern India, Nepal and Tibet.

Saturday, June 18, 2011

I have talent, Ja imam talenat !

Ja imam talenat(I have talent)- Đurađ Đuričić

ဆားဘီးယန်းဗားရှင်း Talent show ပါ။
ဒီကလေးမျိုးတစ်ယောက်လောက်ရှိထားရင် အဖေ အမေတော့ ပျင်းနေရမှာကိုမဟုတ်တော့ဘူး။
ဂျုးရက်ဂ်ျဂျူးရီချစ်ခ်ျလေးက တီးနေရင်း ပါးစပ်လေးဟောင်းလောင်းနဲ့ ချစ်စရာလေး။

Friday, February 11, 2011

သူညံ့လို့ပေါ့

ခရစ်တစ်ဆိုက်ဇင်းသဂါးဗားမန့် အဲ .. ဘရီးဒေး တဲ့
ပြောပုံကိုက :D

Tuesday, December 07, 2010


အကုတ်အခြစ်ကောင်းတဲ့ခွေးလေးလဲ့ရာကို ကျောယားရင် ကုတ်ခိုင်းရကောင်းမလားပဲ ..

ငယ်ငယ်က တူလေးဆိုပြတဲ့ သီချင်းသတိရမိသေးတယ်၊

~ အန္တရာယ်ကင်းအောင်ကွယ် .. ကျားလေးနှစ်ကောင်ကိုဝယ် ~
~ ယောက္ခမအတွက် တစ်ကောင်ပေးမယ် ~
~ တစ်ကောင်ကို ကျောယားတော့ ကုတ်ခိုင်းမယ် ~ တဲ့ .. တော်တော်ရယ်ရတယ်၊ သူဆိုပြတုန်းက။

Tuesday, November 09, 2010

နွေဦး၊ ဆောင်းဦးနဲ့ အသွင်ပြောင်းအပင်လေးတွေ

ဝက်သစ်ချပင်(oak tree) နွေဦးမှာ စိမ်းစိမ်းစိုစိုနဲ့ ၀က်သစ်ချပင်အရွက်ကခြောက်သွားရင်တောင်ကြွေမကျပဲ
တော်တော်ခိုင်တယ်၊ အဲဒါကြောင့် Saint တွေကို ဆုတောင်းပွဲလုပ်တဲ့အခါကြရင်ဝက်သစ်ချပင် အခက်တွေနဲ့ ဂျုံနှံလေးတွေစည်းထားတဲ့သစ်ခက်တွေကို ဘုရားကျောင်းမှာဝေကြတယ်၊ အိမ်တွေမှာ တစ်နှစ်ပတ်လုံးထားကြတယ်၊ ကျန်းမာတယ်၊ လာဘ်ရွှင်တယ်အယူအဆနဲ့ပါ

ဆောင်းဦးမှာ အရွက်တွေခြောက်သွားပြီ
သစ်ကြားသီးပင် (walnut)
စကဲလာခြံထဲကအပင်တွေက သိပ်တော့မသီးဘူး၊ နေပူဒဏ်ကိုသိပ်မကြိုက်ဘူး၊

အဲဒီမှာ ကွင်းပြင်ကြီးလိုဖြစ်နေတော့ အသီးသိပ်မရှိဘူး၊ ရှိသလောက်ခူးရတာပျော်ဖို့ကောင်းတယ်၊ ခူးပြီးသားခြောက်ပြီးသားသစ်ကြားသီးစားရတာထက်
အောက်မှာကြွေကျနေတာ လိုက်ရှာပြီး ထုစားရတာ၊ ပိုချိုတယ်၊ ပိုလတ်ဆတ်သလိုပဲ

Hazalnut မြန်မာလိုတော့ ဘာနတ်ခေါ်မှန်းမသိပါဘူး

Hazalnut ကိုတောင် သစ်ကြားသီးထက်ပိုကြိုက်တယ်၊
oven ထဲထည့် .. ပြီးတော့ ကိတ်မုန့်ထဲထည့်ဖုတ်တယ်၊ အရမ်းမွှေးတာပဲ

Hazalnut တွေတော့ အများကြီးပဲခူးလို့ရတယ်
ကိုယ်ကတော့ငယ်ငယ်ကတည်းက ဗာဒံသီးထုစားလာတာဆိုတော့ ချက်ချင်းထုစားရတဲ့အရသာကိုပဲ ပိုကြိုက်တယ် :D
ချယ်ရီသီးတော့ တော်တော်ချိုတယ်
ပန်းသီးတွေကတော့ သိပ်မချိုဘူး၊ ချိုတာ ၂ ပင်လောက်ပဲရှိတယ်၊ ဂရုစိုက်မယ့်သူလည်းမရှိ ပစ်ထားရတော့ အသီးတွေသိပ်လည်းမကြီးသလို အချိန်မတန်ခင်ကြွေကြွေကျကုန်တယ်၊ အဲဒီပန်းသီးတွေကိုကြိတ်ပြီး ပန်းသီးဗီနီဂါလောက်ပဲလုပ်ကြတယ်၊
စတော်ဘယ်ရီပင်လေး၊ သုံးလေးလုံးသီးလို့ ခူးစားကြည့်တာ တော်တော်ချိုတယ်၊ ငှက်ချီပြီး သူ့ဘာသာအစေ့ကျ ပေါက်နေတာတဲ့
ဝက်သစ်ချပင်

ထင်းရှုးတို့၊ နှင်းဆီတို့ ဟိုဟိုဒီဒီပင်တွေ

Tuesday, October 05, 2010

နောက်တစ်ကြိမ် ဖြူဖြူ့ကို စလို့မရတော့ဘူး


 စိတ်မကောင်းလိုက်တာ၊ ဖြူဖြူ ဒီနေ့ပဲ သေသွားပြီ၊
နောက်တစ်ကြိမ် စလို့လည်း မရတော့ပါဘူး၊
ညက တစ်ညလုံး အသံ အဆန်းနဲ့ အော်နေတာ၊ ကွီ ကွီနဲ့၊ ဆေးခန်းသွားပြတော့ အဆုတ်မကောင်းလို့၊ ကျွေးရမယ့်ဆေးတွေပေးလိုက်ပြီး အပြန်လမ်းမှာပဲ သေသွားတယ်။
RIP Phyu Phyu !!

ဖြူဖြူ မတိုင်ခင် နဲရှော တူလေးရဲ့ ခွေးမလေး မက်ဂီလည်း သေသွားပြန်တယ်၊ ခုတစ်လော သေခြင်းတရားတွေနဲ့တွေ့နေရတယ်၊ အကောင်ပလောင်လေးတွေရဲ့ သေခြင်းတရားတွေပေါ့၊
မက်ဂီ မသေခင်ရက်ပိုင်းကပဲ အခန်းထဲအိပ်ရာပေါ်တက်ဆော့နေလို့ ဓါတ်ပုံရိုက်ဖြစ်လိုက်သေးတယ်။
RIP Maggi !!


သေခြင်းတရားတွေ ခုတလောတွေ့နေရတာနဲ့ “ကျွန်တော်သေတဲ့အခါ” ဆိုပြီး ငါသေရင်တော့ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ်နဲ့ လျှောက်ရေးခဲ့ဖူးတာ ပြန်အမှတ်ရမိတယ်၊ တကယ်ကြီး အဲလို လုပ်ချင်မိပါတယ်၊ တကယ် သေရင်သာ ဘယ်လိုသေရမယ်မသိဘူး၊
ကျန်တဲ့သူတွေက ဘယ်လိုလုပ်ပေးကြမယ်တော့မသိနိုင်ဘူး။

ပိုစ့်အဟောင်းကို ဒီမှာ ပြန်တင်ပါတယ်၊ သေတာတွေ စုထားတဲ့ သဘောပေါ့။

ကျွန်တော်သေတဲ့အခါ

Monday, September 20, 2010

မေမေ ... ကြောက်တယ် !!

ချစ်စရာ .. သနားစရာ .. ရယ်စရာ


fb မှာ သူငယ်ချင်းတစ်ယောက် share ထားတာတွေ့လို့ပါ။

Saturday, August 28, 2010

Show Them to me ! Have Fun


come on girls ! I'd like to shake your daddy's hand :D

အမေရိကန်ဟာသသရုပ်ဆောင်၊ ကန်းထရီးဂီတအဆိုတော် ရောဒ့်နေးကာရင်တန်(Rodney Scott Carrington)ရဲ့ ၂၀၀ရခုနှစ်က ထွက်ရှိခဲ့တဲ့ King of the Mountains အယ်လ်ဘမ်ထဲက Show Them to me ဆိုတဲ့ သီချင်းပါ။

facebook မှာ သူငယ်ချင်းတစ်ယောက်တင်ထားတာတွေ့တာနဲ့ မျှဝေလိုက်ပါတယ်၊
အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ။

Oh it seems to me this whole world's gone crazy
There's too much hate and killin goin on
But when I see the bare chest of a woman
My worrys and my problems are all gone
No one thinks of fightin, when they see a topless girl
Baby if you would show yours too, we could save the world

Show them to me, show them to me
Unclasp your bra and set those puppies free
They'd look a whole lot better without that sweater baby I'm sure you'll agree
If you got, two fun bags,
Show them to me

I don't care if they don't match or ones bigger than the other
You could show me one, and I'll imagine the other
Even if you're really old, theres nothing wrong
Don't be sad your boobs ain't bad, they're just a little long

Show them to me, show them to me
Lift up your shirt and let the whole world see
Just disrobe, show your globes and a happy man I'll be
If you got, dos chichi's,
Show them to me

I've met a lot of them, but never one I've hated
Even if you've had thirteen kids and you think they look deflated
Theres no such thing as a bad breast, I believe this much is true
If you're a big fat man I'm a titty fan and I'd love to see yours toooo

Show them to me, show them to me
Just like the girls gone wild on T.V.
Just lean back and show your rack and I'll be in ecstasy
If you got two casabas
Show them to me

All the world will live in harmony
It'll do you good, it'll give me wood, we'll make history
If you love your country, I'm gonna say it one more time,
I said if you love your country yea
Then stand your ass up and show them big old titties to me

Saturday, August 21, 2010

စကားမစပ် သတင်း "Goodbye Iraq"

htun: စကားမစပ်

phyo: ဘာတုန်း

htun: အမေရိကန်တိုက်ခိုက်ရေးတပ်တွေ အီရတ်က ထွက်သွားပြီနော်

phyo: ၂၀၁၁ မှဆို

htun: ဟုတ်

phyo: ထွက်သေးပါဘူး မလား

htun: အီရတ်အစိုးရကို ကူညီပေးမယ့် တပ်တွေတော့ ကျန်ခဲ့တယ်
သူတို့က လက်နက်ကိုင်ထားပေမယ့် ပစ်ခွင့်မရှိဘူး

phyo: ဟယ် ပစ်ခွင့်မရှိကိုင်ထားပြီး သေနတ်နဲ့ ကောက်ပေါက်ရမှာလား
 

htun: မဟုတ်ဘူး
ရိုက်ရမှာ
သေနတ်ဒင်နှင့်


အဲဒီလိုနဲ့ သူငယ်ချင်း ဘာမှထပ်ပြီး စကားမစပ်တော့ပါဘူး၊
သတင်းတွေနဲ့ အလှမ်းဝေးနေပြီ။



Saturday, August 07, 2010

No Worries !!!!!

ဒီနေ့ အိပ်ရာနိုးနိုးချင်း အင်တာနက်ကြည့် ဂျီတော့ခ်ကသူငယ်ချင်းတွေကြည့်နဲ့ စင်္ကာပူက သူငယ်ချင်းတစ်ယောက်တင်ထားတဲ့လင့်လေးကို တွေ့လို့ လိုက်ကြည့်မိတယ်၊
ကိုယ့်ကိုယ်ကို နောင်တတောင်ရလိုက်တယ်၊ ကိုယ်က တစ်ခါတစ်လေနေမကောင်းမိရင်တောင် လူမဖြစ်ချင်တော့ဘူးလို့ စနောက်ရင်းပြောမိတတ်တယ်၊ စိတ်ဓါတ်တွေ ဟိုး အောက်ဆုံးပြုတ်ကျနေတဲ့အခါတွေရှိတယ်၊
ဒီ ဗီဒီယိုလေးကိုကြည့်ရင်း မျက်ရည်တောင်ကျမိပါတယ်၊
သူက No Arms, No Legs, No Worries တဲ့
ကျွန်မတို့ With Arms, With Legs, with Happiness လို့ ဘာလို့ မပြောနိုင်ရမှာလဲနော်။
ဘ၀ကိုရင်ဆိုင်ဖို့ အားတွေပေးလိုက်တဲ့ Nick Vujicic ကို ကျေးဇူးတင်မိတယ်၊
လင့်လေး မျှပေးထားတဲ့သူငယ်ချင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Wednesday, July 07, 2010

ရေဘ၀ဲပေါလ်ရဲ့ အဟောမှာ ဂျာမနီမြောလေပြီ

ဒီက ဂျာနယ်၊ သတင်းစာတွေမှာ ရေဘ၀ဲဟောတဲ့ဗေဒင်အကြောင်းရေးလာကြပြီ၊
စပိန်တဲ့၊ သူမှန်လာတာများပြီဆိုပဲ၊ ဂျာမနီကို သဘောကျတော့ ရေဘ၀ဲဟောတဲ့ဗေဒင်က တိုက်ဆိုင်တာပါလို့ နဲရှောနဲ့ ပြောရင်း လောင်းကြတယ်၊ သူက စပိန်တဲ့၊ ဘာကြေးမှတော့ မဟုတ်ပါဘူး၊

အဲဒီပွဲမစခင် သတင်းကြေညာတဲ့သူက ဂျာမနီနည်းပြတွေ အပြာရောင်နဲ့ ကုတ်ကို ပွဲစဉ်တိုင်းဝတ်တာကိုပြောသွားပါတယ်၊ အဲဒီအရောင်က ဂျာမနီအသင်းကိုကံကောင်းစေတယ်လို့ နည်းပြက အယူရှိပြီး ဆက်တိုက်ဝတ်ဖြစ်တယ်လို့ဆိုတယ်၊
ပွဲစတော့ ဂျာမနီအသင်းသားတွေ နိုင်ငံတော်သီချင်း အင်တိုက်အားတိုက်ဆိုကြတယ်၊ စပိန်အသင်း နိုင်ငံတော်သီချင်းသီဆိုတဲ့အခါ စပိန်အသင်းသားတွေနှုတ်ခမ်းတင်းတင်းစေ့လို့ တစ်ယောက်မှ လိုက်မဆိုတော့ အံ့သြသွားမိတယ်၊ စပိန်အသင်းကို အရင်ပွဲတွေ အစကနေ သေချာမကြည့်လိုက်မိတော့ မသိလိုက်ဘူး၊ နောက်တော့ နဲရှောကပြောတယ်၊ 'no official lyrics' တဲ့၊ စာသားမရှိတဲ့ နိုင်ငံတော်သီချင်းတွေအကြောင်း သိမထားဘူး၊ မာချာရဲလ် "The Royal March" စပိန်အမျိုးသားသီချင်းက စာသားမရှိတဲ့ နိုင်ငံတော်သီချင်းအနည်းစုထဲက တစ်ပုဒ်တဲ့၊ ဒါကြောင့် စပိန်အသင်းသားတွေ နှုတ်ခမ်းတင်းတင်းစေ့ပိတ်ထားတာကိုး၊ ဆိုစရာစာလုံးမှမရှိတာ၊ ကျွန်မသာဆို အတီးကိုပဲ ပါးစပ်နဲ့လိုက်ဆိုမိမယ်ထင်တယ်၊ ငယ်ငယ်က မြန်မာနိုင်ငံတော်သီချင်းကို အတီးပိုင်းပါ လိုက်ဆိုခဲ့ကြတာ၊

ဒီလိုနဲ့ ဂျာမနီနဲ့ စပိန် ကန်ကြတယ်၊ ကိုယ်ကပဲ မနက်စောစောထ အလုပ်ရှုပ်နေလို့ အိပ်ငိုက်တာပဲလားမသိ၊ အုပ်စုပွဲတွေကမှ ပိုသွက်သလိုပဲ၊ အိပ်ငိုက်နေလို့ မျက်လုံး မနည်းပြူးကြည့်ရတယ်၊ စကန်ပြီး ၄မိနစ်လောက်မှာ ကွင်းထဲကို ပရိသတ်ထဲက တစ်ယောက်ပြေးဝင်လာလို့ သူ့ကို ခေါ်ထုတ်သွားကြတာတွေ့လိုက်ရသေးတယ်၊ နှစ်ဘက်လုံးက ခံစစ်ကြီးကစားနေကြသလိုပဲ၊ ဂိုးသွင်းနိုင်တဲ့အခွင့်အရေးတွေတောင် နည်းနည်းပဲတွေ့ရတယ်၊ စပိန်က တစ်ချက်တစ်ချက်ပိုပြီးတိုက်စစ်နဲ့ကစားတယ်၊

ဘောလုံးပွဲမစခင် ကော်ဖီသောက်လိုက်တော့ ညစာ ဗိုက်ကမဆာဘူး၊ ပထမပိုင်း ပြီးချိန်လောက်ရောက်တော့ နဲရှောလှုပ်လှုပ်ရှားရှားဖြစ်လာပြီ၊ သူ ဆင်းဒ၀စ်ခ်ျလုပ်ပေးမယ်ဆိုပြီး သွားပြင်တော့တယ်၊ နောက်တော့ ဗန်းကြီးကိုင်လာ ရေကျန်ခဲ့လို့ တစ်ခါသွားခပ်၊ ပျားရည်ကျန်လို့ သွားပြန်ယူနဲ့ သူ့ပဲကြည့်နေရတယ်၊ သူလဲ သုတ်သုတ်သွား သုတ်သုတ်လားနဲ့ ခြေချိတ်ထိုင်နေတဲ့ တာတာ့ခြေထောက်နင်းမိပါလေရော၊ တာတာက ဖြတ်ကနဲ နဲရှောခြေထောက်ကို လက်နဲ့လှမ်းထိန်းပေးတယ်၊ တာတာက သူ့ခြေထောက်ဝင်နင်းမိလို့ စိတ်မတိုတဲ့အပြင် မျက်နှာမှာ နဲရှောလဲမှာစိုးရိမ်တကြီးဖြစ်သွားတဲ့အမူအရာနဲ့၊ မိဘများဘယ်အချိန်မဆို သားသမီးအပေါ်ချစ်ကြတာ တခဏလေးတွေ့လိုက်ရသေးတယ်၊ ကျွန်မက အဝေးမှုန် တီဗီကြည့်ရင်မျက်မှန်တပ်ရတော့ နဲရှောကို ကျွန်မ မျက်မှန်ငှားမယ်လို့ အဲဒီအချိန်ခဏလေးကို လှမ်းနောက်လိုက်သေးတယ်၊ မားမားက ခိခိ နဲ့ ရယ်တယ်၊ နဲရှောကလဲ ကျွန်မမျက်မှန်သာ သူတပ်ထားရင် ဟိုရှေ့က ခုံကြားထဲရောက်နေပြီတဲ့ ချက်ချင်း ဆင်ခြေပြန်တက်တယ်၊ အားလုံး ၀ိုင်းရယ်ကြတယ်၊

ဒါနဲ့ ပထမပိုင်းပြီးရော၊ ဒုတိယပိုင်းကျတော့လဲ အိပ်ငိုက်နေတာပဲ၊ jumper ကလိုဆေးလဲ မခုန်နိုင်ဘူး၊ သူက ဂိုးသွင်းပြီးရင် ကျွမ်းထိုးပြီး ခုန်တတ်တယ်၊ ၇၃ မိနစ်လောက်မှာ စပိန်က ကားလက်စ်ပူယို ထောင့်ကန်ဘောကနေဂိုးရသွားပါတယ်၊ အဲဒီဂိုးနဲ့ပဲ စပိန် ဖိုင်နယ်တက်သွားတော့တယ်။