ဝက်သစ်ချပင်(oak tree) နွေဦးမှာ စိမ်းစိမ်းစိုစိုနဲ့ | ၀က်သစ်ချပင်အရွက်ကခြောက်သွားရင်တောင်ကြွေမကျပဲ
တော်တော်ခိုင်တယ်၊ အဲဒါကြောင့် Saint တွေကို ဆုတောင်းပွဲလုပ်တဲ့အခါကြရင်ဝက်သစ်ချပင် အခက်တွေနဲ့ ဂျုံနှံလေးတွေစည်းထားတဲ့သစ်ခက်တွေကို ဘုရားကျောင်းမှာဝေကြတယ်၊ အိမ်တွေမှာ တစ်နှစ်ပတ်လုံးထားကြတယ်၊ ကျန်းမာတယ်၊ လာဘ်ရွှင်တယ်အယူအဆနဲ့ပါ | 
ဆောင်းဦးမှာ အရွက်တွေခြောက်သွားပြီ |
သစ်ကြားသီးပင် (walnut) | 
စကဲလာခြံထဲကအပင်တွေက သိပ်တော့မသီးဘူး၊ နေပူဒဏ်ကိုသိပ်မကြိုက်ဘူး၊ | 
အဲဒီမှာ ကွင်းပြင်ကြီးလိုဖြစ်နေတော့ အသီးသိပ်မရှိဘူး၊ ရှိသလောက်ခူးရတာပျော်ဖို့ကောင်းတယ်၊ ခူးပြီးသားခြောက်ပြီးသားသစ်ကြားသီးစားရတာထက်
အောက်မှာကြွေကျနေတာ လိုက်ရှာပြီး ထုစားရတာ၊ ပိုချိုတယ်၊ ပိုလတ်ဆတ်သလိုပဲ |

Hazalnut မြန်မာလိုတော့ ဘာနတ်ခေါ်မှန်းမသိပါဘူး |  | 
Hazalnut ကိုတောင် သစ်ကြားသီးထက်ပိုကြိုက်တယ်၊
oven ထဲထည့် .. ပြီးတော့ ကိတ်မုန့်ထဲထည့်ဖုတ်တယ်၊ အရမ်းမွှေးတာပဲ |
 | 
Hazalnut တွေတော့ အများကြီးပဲခူးလို့ရတယ် | ကိုယ်ကတော့ငယ်ငယ်ကတည်းက ဗာဒံသီးထုစားလာတာဆိုတော့ ချက်ချင်းထုစားရတဲ့အရသာကိုပဲ ပိုကြိုက်တယ် :D |
ချယ်ရီသီးတော့ တော်တော်ချိုတယ် | 
ပန်းသီးတွေကတော့ သိပ်မချိုဘူး၊ ချိုတာ ၂ ပင်လောက်ပဲရှိတယ်၊ ဂရုစိုက်မယ့်သူလည်းမရှိ ပစ်ထားရတော့ အသီးတွေသိပ်လည်းမကြီးသလို အချိန်မတန်ခင်ကြွေကြွေကျကုန်တယ်၊ အဲဒီပန်းသီးတွေကိုကြိတ်ပြီး ပန်းသီးဗီနီဂါလောက်ပဲလုပ်ကြတယ်၊ |  |
စတော်ဘယ်ရီပင်လေး၊ သုံးလေးလုံးသီးလို့ ခူးစားကြည့်တာ တော်တော်ချိုတယ်၊ ငှက်ချီပြီး သူ့ဘာသာအစေ့ကျ ပေါက်နေတာတဲ့ | 
ဝက်သစ်ချပင် | 
ထင်းရှုးတို့၊ နှင်းဆီတို့ ဟိုဟိုဒီဒီပင်တွေ |
| | |
5 comments:
ပျော်စရာ
ခြံထဲက အပင်တွေ ကြားထဲ သွားလာနေရရင် ပျော်စရာ ကောင်းမှာပဲ..။
ဖြိုးဖြိုးရဲ့ ကမ္ဘာလေးကို အလည်လာခဲ့တယ် တစ်ချို့အပင်တွေ ကြားဘူးပေမဲ့ အခုမှတွေ့ဘူးတာ၊ ဗဟုသုတလည်းရ မျက်စိလည်းအေးတယ် မျှဝေပေးတာကျေးဇူးနော်။
ဖြိုး
အဲဒီအသီးတွေအားလုံးကို သိပ်စိတ်ဝင်စားတာဘဲ
ဟေဇယ်နတ်နဲ့ဖျော်တဲ့ကော်ဖီလေ သိပ်မွှေးတယ်သိလား
အသည်းစွဲဘဲ
အခုရိုက်ထားတဲ့ပုံလေးတွေ အီးမေလ်းပို့ပေးမလား
အနီးကပ်သေချာကြည့်ပြီး သိမ်းထားချင်လို့
အပင်တွေအားလုံးက ဒီမှာ မရှိတဲ့အပင်တွေဖြစ်နေတာ
သိမ်းထားချင်တယ် ပို့ပေးနော် .. နော်
ချစ်တဲ့
မချော
ဖြိုးရေ
အမ ကလည်း ဗန်ဒါစေ့ သိပ်ကြိုက်တာ အဲဒါတွေ စားချင်လိုက်တာ ပျော်စရာကြီး
ချစ်တဲ့
အမရွှေစင်
Post a Comment