Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 07, 2010

ရေဘ၀ဲပေါလ်ရဲ့ အဟောမှာ ဂျာမနီမြောလေပြီ

ဒီက ဂျာနယ်၊ သတင်းစာတွေမှာ ရေဘ၀ဲဟောတဲ့ဗေဒင်အကြောင်းရေးလာကြပြီ၊
စပိန်တဲ့၊ သူမှန်လာတာများပြီဆိုပဲ၊ ဂျာမနီကို သဘောကျတော့ ရေဘ၀ဲဟောတဲ့ဗေဒင်က တိုက်ဆိုင်တာပါလို့ နဲရှောနဲ့ ပြောရင်း လောင်းကြတယ်၊ သူက စပိန်တဲ့၊ ဘာကြေးမှတော့ မဟုတ်ပါဘူး၊

အဲဒီပွဲမစခင် သတင်းကြေညာတဲ့သူက ဂျာမနီနည်းပြတွေ အပြာရောင်နဲ့ ကုတ်ကို ပွဲစဉ်တိုင်းဝတ်တာကိုပြောသွားပါတယ်၊ အဲဒီအရောင်က ဂျာမနီအသင်းကိုကံကောင်းစေတယ်လို့ နည်းပြက အယူရှိပြီး ဆက်တိုက်ဝတ်ဖြစ်တယ်လို့ဆိုတယ်၊
ပွဲစတော့ ဂျာမနီအသင်းသားတွေ နိုင်ငံတော်သီချင်း အင်တိုက်အားတိုက်ဆိုကြတယ်၊ စပိန်အသင်း နိုင်ငံတော်သီချင်းသီဆိုတဲ့အခါ စပိန်အသင်းသားတွေနှုတ်ခမ်းတင်းတင်းစေ့လို့ တစ်ယောက်မှ လိုက်မဆိုတော့ အံ့သြသွားမိတယ်၊ စပိန်အသင်းကို အရင်ပွဲတွေ အစကနေ သေချာမကြည့်လိုက်မိတော့ မသိလိုက်ဘူး၊ နောက်တော့ နဲရှောကပြောတယ်၊ 'no official lyrics' တဲ့၊ စာသားမရှိတဲ့ နိုင်ငံတော်သီချင်းတွေအကြောင်း သိမထားဘူး၊ မာချာရဲလ် "The Royal March" စပိန်အမျိုးသားသီချင်းက စာသားမရှိတဲ့ နိုင်ငံတော်သီချင်းအနည်းစုထဲက တစ်ပုဒ်တဲ့၊ ဒါကြောင့် စပိန်အသင်းသားတွေ နှုတ်ခမ်းတင်းတင်းစေ့ပိတ်ထားတာကိုး၊ ဆိုစရာစာလုံးမှမရှိတာ၊ ကျွန်မသာဆို အတီးကိုပဲ ပါးစပ်နဲ့လိုက်ဆိုမိမယ်ထင်တယ်၊ ငယ်ငယ်က မြန်မာနိုင်ငံတော်သီချင်းကို အတီးပိုင်းပါ လိုက်ဆိုခဲ့ကြတာ၊

ဒီလိုနဲ့ ဂျာမနီနဲ့ စပိန် ကန်ကြတယ်၊ ကိုယ်ကပဲ မနက်စောစောထ အလုပ်ရှုပ်နေလို့ အိပ်ငိုက်တာပဲလားမသိ၊ အုပ်စုပွဲတွေကမှ ပိုသွက်သလိုပဲ၊ အိပ်ငိုက်နေလို့ မျက်လုံး မနည်းပြူးကြည့်ရတယ်၊ စကန်ပြီး ၄မိနစ်လောက်မှာ ကွင်းထဲကို ပရိသတ်ထဲက တစ်ယောက်ပြေးဝင်လာလို့ သူ့ကို ခေါ်ထုတ်သွားကြတာတွေ့လိုက်ရသေးတယ်၊ နှစ်ဘက်လုံးက ခံစစ်ကြီးကစားနေကြသလိုပဲ၊ ဂိုးသွင်းနိုင်တဲ့အခွင့်အရေးတွေတောင် နည်းနည်းပဲတွေ့ရတယ်၊ စပိန်က တစ်ချက်တစ်ချက်ပိုပြီးတိုက်စစ်နဲ့ကစားတယ်၊

ဘောလုံးပွဲမစခင် ကော်ဖီသောက်လိုက်တော့ ညစာ ဗိုက်ကမဆာဘူး၊ ပထမပိုင်း ပြီးချိန်လောက်ရောက်တော့ နဲရှောလှုပ်လှုပ်ရှားရှားဖြစ်လာပြီ၊ သူ ဆင်းဒ၀စ်ခ်ျလုပ်ပေးမယ်ဆိုပြီး သွားပြင်တော့တယ်၊ နောက်တော့ ဗန်းကြီးကိုင်လာ ရေကျန်ခဲ့လို့ တစ်ခါသွားခပ်၊ ပျားရည်ကျန်လို့ သွားပြန်ယူနဲ့ သူ့ပဲကြည့်နေရတယ်၊ သူလဲ သုတ်သုတ်သွား သုတ်သုတ်လားနဲ့ ခြေချိတ်ထိုင်နေတဲ့ တာတာ့ခြေထောက်နင်းမိပါလေရော၊ တာတာက ဖြတ်ကနဲ နဲရှောခြေထောက်ကို လက်နဲ့လှမ်းထိန်းပေးတယ်၊ တာတာက သူ့ခြေထောက်ဝင်နင်းမိလို့ စိတ်မတိုတဲ့အပြင် မျက်နှာမှာ နဲရှောလဲမှာစိုးရိမ်တကြီးဖြစ်သွားတဲ့အမူအရာနဲ့၊ မိဘများဘယ်အချိန်မဆို သားသမီးအပေါ်ချစ်ကြတာ တခဏလေးတွေ့လိုက်ရသေးတယ်၊ ကျွန်မက အဝေးမှုန် တီဗီကြည့်ရင်မျက်မှန်တပ်ရတော့ နဲရှောကို ကျွန်မ မျက်မှန်ငှားမယ်လို့ အဲဒီအချိန်ခဏလေးကို လှမ်းနောက်လိုက်သေးတယ်၊ မားမားက ခိခိ နဲ့ ရယ်တယ်၊ နဲရှောကလဲ ကျွန်မမျက်မှန်သာ သူတပ်ထားရင် ဟိုရှေ့က ခုံကြားထဲရောက်နေပြီတဲ့ ချက်ချင်း ဆင်ခြေပြန်တက်တယ်၊ အားလုံး ၀ိုင်းရယ်ကြတယ်၊

ဒါနဲ့ ပထမပိုင်းပြီးရော၊ ဒုတိယပိုင်းကျတော့လဲ အိပ်ငိုက်နေတာပဲ၊ jumper ကလိုဆေးလဲ မခုန်နိုင်ဘူး၊ သူက ဂိုးသွင်းပြီးရင် ကျွမ်းထိုးပြီး ခုန်တတ်တယ်၊ ၇၃ မိနစ်လောက်မှာ စပိန်က ကားလက်စ်ပူယို ထောင့်ကန်ဘောကနေဂိုးရသွားပါတယ်၊ အဲဒီဂိုးနဲ့ပဲ စပိန် ဖိုင်နယ်တက်သွားတော့တယ်။

5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

စပိန်နိုင်သွားတဲ့အတွက် ၀မ်းသာမိတယ်
ကျွန်မက စပိန်ရဲ့ အမာခံ ပရိတ်သတ်တစ်ဦးမို့ပါ..

PhyoPhyo said...

@ချော(အစိမ်းရောင်လွင်ပြင်)
စပိန်က အလွန်ဆိုကိုကြိုက်တယ်၊ စပိန်နိုင်လဲ ၀မ်းသာပါတယ်၊
လင့်လေးယူထားတယ်နော် အရင်က ယူထားဖူးပါတယ်၊ လင့်တွေပြုတ်တော့ ပြန်ထည့်ပြီးပြီထင်တာ ခု ပြန်ထည့်လိုက်ပြီ၊ ကျေးဇူး

သက်ဝေ said...

ရေဘ၀ဲပေါလ်ရဲ့ အဟောမှာ ဂျာမနီမြောလေပြီ ဆိုတဲ့ ခေါင်းစဉ်ကို ရည်ရည်လည်လည် သဘောကျသွားတယ်...
ကိုယ်က ဂျာမဏီကလွဲရင် ဘယ်သူနိုင်နိုင်ဆိုတဲ့ စိတ်ထားဆိုးဆိုးနဲ့ လူတယောက်ပါ...း))

Anonymous said...

ညီမ ဖြိုး ရေ

အမ ကတော့ စပိန် ကိုဘဲကြိုက်တယ် စပိန် နိုင်လိုဝမ်းသာတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြတ်မွန် said...

မမရေ..အာဂျင်ကို နိုင်သွားတဲ့ ဂျာမနီ ကောင်းတယ် ရှုံးတာ..

ရေပဝဲကတော့ မှန်ပြီးရင်းကို မှန်နေတော့တာနော်..။