R&B, Soul, Jazz အဆိုတော် အေမီဝိုင်ဟောက်စ်(Amy Jade Winehouse) သေဆုံးသွားပြီးတဲ့နောက် ဖခင်မစ်ခ်ျဝိုင်ဟောက်စ်က ဆေးစွဲနေသူတွေကိုအကူအညီပေးနိုင်မယ့် ဖောင်ဒေးရှင်းတစ်ခုကို သမီးလေးရဲ့အမည်နဲ့ တည်ထောင်ဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ “ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဆေးခန်းတစ်ခုတက်ဖို့ မတတ်နိုင်ခဲ့ရင်၊ အကူအညီရဖို့၊ ဆေးကုသခံဖို့ နှစ်နှစ်စောင့်ဆိုင်းရပါတယ်။ အဲဒီအခက်အခဲကို အေမီဝိုင်ဟောက်စ်ဖောင်ဒေးရှင်းက ဖြေရှင်းပေးချင်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ဆန္ဒပါ” လို့ အေမီဝိုင်ဟောက်စ်ရဲ့ ဈာပနအခမ်းအနားမှာ မစ်ခ်ျက ပြောလိုက်တယ်။ “အသက် ၂၇နှစ်အရွယ် သမီးလေးဟာ ဆေးစွဲတာကို အောင်မြင်စွာဖြတ်နိုင်ခဲ့ပေမယ့် အရက်သေစာစွဲလမ်းနေတာကိုတော့ ဖြတ်ရခက်နေဆဲပဲ။ ကြိုးစားနေဆဲအချိန်ပါ။ ၀ိုင်ဟောက်စ်ရဲ့ နောက်ဆုံးနေ့တွေမှာတော့ အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်” လို့ ပြောပြပါတယ်။ မစ်ခ်ျကထပ်ပြီးပြောပြသေးတယ်။ "အေမီက အင်မတန်တည်ငြိမ်အေးဆေးစွာပဲ ပြောပါတယ်။ ဒက်ဒီ ကျွန်မတော့ လုံလောက်ပြီလို့ထင်တာပါပဲ၊ ဒက်ဒီနဲ့ မိသားစုကပါ စောင့်ရှောက်ကြည့်ရှုပေးနေရတဲ့ ဘ၀မျိုးမှာ ရပ်တန့်မနေချင်တော့ပါဘူး တဲ့။ ကျွန်တော်သိတယ်၊ သူ စိတ်ဓါတ်ကျမနေပါဘူး၊ သိပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အဝေးကြီးကိုထွက်ခွာသွားတာပါ။ အဲဒီလို တွေးလိုက်ရတာ ကျွန်တော်တို့ ခံစားရသက်သာစေပါတယ်" လို့လည်း ပြောပါတယ်။
Showing posts with label အေမီ့ကို လွတ်မြောက်စေခြင်း. Show all posts
Showing posts with label အေမီ့ကို လွတ်မြောက်စေခြင်း. Show all posts
Monday, October 03, 2011
အေမီ့ကို လွတ်မြောက်စေခြင်း
Posted by
PhyoPhyo
at
Monday, October 03, 2011
Labels:
ဘာသာပြန်ဆောင်းပါး,
အေမီ့ကို လွတ်မြောက်စေခြင်း
Subscribe to:
Posts (Atom)
