Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label November(8)diary. Show all posts
Showing posts with label November(8)diary. Show all posts

Monday, March 07, 2016

အဆင်ပြေပါစေ နိုဝင်ဘာ ၈

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရက် အတိအကျသတ်မှတ်လိုက်ပြီဆိုတဲ့ အဲဒီနေ့က ကျွန်မ Facebook မှာ သတင်းတွေဖတ်ရင်း တွေ့လိုက်ရတယ်။ နိုဝင်ဘာ ၈ ရက်ဆိုတဲ့ ရက်စွဲတစ်ခုတော့ မေ့တတ်လွန်းတဲ့ကျွန်မ မှတ်ဥာဏ်တဲ့ အတင်း တိုးဝင်နေရာယူသွားလိုက်ရော။ မှတ်မှတ်သားသားဖြစ်သွားခဲ့တယ်ပေါ့။ ကျွန်မက မြန်မာနိုင်ငံနဲ့ အဝေးကြီး၊ လူသူသိပ်မသိလှတဲ့ အရှေ့တောင်ဥရောပဘက်က ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ခင်ပွန်းသည်နဲ့ နေထိုင်ပါတယ်။ ကျွန်မခင်ပွန်းက ဆားဘီးယားနိုင်ငံသားပါ။ ကျွန်မနေထိုင်တာ ၅ နှစ်ကျော်ခဲ့ပြီ ဆားဘီးယားနိုင်ငံသားလျှောက်မယ်ဆို ခပ်စောစောကတည်းက လျှောက်လို့ရနေခဲ့ပြီ။ ဒါပေမဲ့ နိုင်ငံသားလျှောက်ဖို့ စဉ်းစားလိုက်တိုင်း အားတက်သရော မရှိလှတာကြောင့် ကျွန်မခင်ပွန်းကလည်း အတင်းကာရော မတိုက်တွန်းခဲ့ပါဘူး။