ဟယ်..လှလိုက်တဲ့ ဆည်းဆာနေရီကလေး။
သီရိ ကင်မရာထုတ်ပြီး အမြန်မှတ်တမ်းတင် ရိုက်ကူးလိုက်သည်။
သီရိ ရိုက်ကူးလိုက်တဲ့ ပုံကလေးက ကျေနပ်အားရစရာပါ။
ရဲရဲနီနေတဲ့ နေလုံးကလေး ဟိုအနောက်ကို ၀င်ရောက် ပျောက်ကွယ်တော့မယ်။ ဒါပေမဲ့ ..
ဖြတ်ကနဲ သီရိရင်မှာ နာကျင်လာသည်။ မြကလေးကို သတိရလာတာကြောင့်ပါ။
နေညိုရင် ရွှေဘိုက မြကလေးကို လွမ်းမိပါသည်။
ဟို ငယ်ငယ် သီရိ တို့ ကျောင်းသားဘ၀က စာမေးပွဲအဖြေလွှာတွင် မှတ်ချက်ရေးခိုင်းရာမှာ လောကဓံတရားကို ကြံ့ ကြံ့ ခံနိုင်စွမ်းရှိသူ တရားဓမ္မနှင့်ပြည့်ဝသူလို့  သီရိ က မှတ်ချက်ရေးခဲ့ဖူးသည်။
ဟုတ်ပါသည်။
အသတ်ခံရတော့မည့်ဆဲဆဲမှာတောင် မတုန်မလှုပ် နှင့် တေးထပ်တပုဒ်ရေးပြီး ဘုရင်ကို သတိပေးဆုံးမသွားတာမို့ တရားဓမ္မနှင့်ပြည့်ဝသူလို့ သီရိ မှတ်ချက်ရေးခဲ့တာပါ။ ဒီလိုအချိန်ကလေးမှာပေါ့။