နယူးအော်လိန်းက ပြင်သစ်ရပ်ကွက်လမ်းမတွေပေါ်မှာ ကလေးတွေ သူတို့ရဲ့ အချစ်တော်ခွေးဘီလူးနဲ့ လမ်းလျှောက်နေကြပါတယ်။ |
"ဘရက်နဲ့ အင်ဂျလီနာတို့က ချမ်းသာတယ်၊ ကျော်ကြားတယ်၊ ချောမောလှပကြတယ်။
ဒါပေမဲ့ ပိုပြီးအရေးကြီးတာက အဲဒါတွေကိုကောင်းကောင်းအသုံးချကြတယ်။
သူတို့ အသုံးချပုံက
တစ်ခြားသူတွေကို ကူညီကြတာမျိုးပေါ့။"
ဒါပေမဲ့ ပိုပြီးအရေးကြီးတာက အဲဒါတွေကိုကောင်းကောင်းအသုံးချကြတယ်။
သူတို့ အသုံးချပုံက
တစ်ခြားသူတွေကို ကူညီကြတာမျိုးပေါ့။"
၈၄ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ The Iron Lady ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိခဲ့တဲ့ မာရီစထရိပ်ဟာ အော်စကာဆုပေးပွဲမှာပဲ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အဖြစ်အတူတူလျာထားခြင်းခံခဲ့ရတဲ့ ဗီအိုလာဒေးဗစ်ရဲ့မွေးရပ်ဇာတိ ယူနိုက်တက်စတိတ် Rhode Island - Central Falls က ကျောင်းတစ်ကျောင်းကို ဒေါ်လာတစ်သောင်းလှူဒါန်းခဲ့ပါတယ်။ ကျောင်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာ အန်ဂျလိုဂါစီယာက ပြောပါတယ်။ "တနင်္လာနေ့က အော်စကာဆုရှင်စထရိပ်ရဲ့ Silver Mountain Foundation of the Arts ကနေ ချက်လက်မှတ်ရောက်လာခဲ့တယ်။ မှတ်ချက်မှာ သူမသူငယ်ချင်း ဒေးဗစ်ရဲ့ ကိုယ်စားလို့ ရေးထားပါတယ်" တဲ့
2 comments:
ဂျိုလီနှင့် ဘရက်ပစ်တို့ ရဲ့  စေတနာကို လေးစားမိပါတယ်။
ထူးခြားလှတဲ့ ပါရမီရှင်များပါဘဲ။အတုယူစရာပါ။ရှယ်ယာလုပ်ပေးတဲ့ ဖြိုးဖြိုးကို ကျေးဇူးတင်ပါတယ်။
သီရိ
တခါတလေ သူတို့အလှူတွေမှာ စင်ကြယ်လွန်းတာတွေ တွေ့ရတတ်သေးတယ်။ ဒါကြောင့် အကျိုးပေးတဲ့အခါမှာလည်း ထူးထူးခြားခြား အကျိုးပေးကြတာ။
Post a Comment