Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 07, 2015

Game of Thrones ရုပ်ရှင်ထဲက သဘာဝရှုခင်းများ


အမေရိကန် fantasy တီဗီဇာတ်လမ်းတွဲ Game of Thrones ထဲက အထူးခြားဆုံးဇာတ်ဝင်ခန်းရှုခင်းတွေဟာ အံ့သြမင်သက်စရာတွေပါ။ အားလုံးစုစည်းပြီးကြည့်လိုက်ရတော့ အဲဒီနေရာတွေကို တစ်ခုစီတစ်နေရာစီ သွားကြည့်ချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြပေါ်ပေါက်လာတော့တာပေါ့။ စွမ်းအားတွေသုံးပြီး ခပ်ကြမ်းကြမ်းတိုက်ခိုက်မှုတွေအပြည့်ဖန်တီးရိုက်ကူး/ အဓိကဇာတ်လမ်းဆင်ထားတဲ့ ဒီရုပ်ရှင်ထဲက ဥရောပတလွှားမြင်ကွင်းရှုခင်းတွေဟာ အင်မတန်စိတ်လှုပ်ရှားစရာကောင်းလှတယ်။ မြောက်ပိုင်း အိုင်ယာလန်၊ ခရိုအေးရှား၊ အိုက်စ်လန်၊၊ မော်ရိုကို၊ မော်လ်တာ၊ စပိန်၊ စကော့တလန် နဲ့ ယူအက်စ်မှာရှိတဲ့ ရှုခင်းတွေပါဝင်ရိုက်ကူးထားတာပါ။ ၂၀၁၁ ထဲက စတင်ပြသခဲ့တဲ့ Game of Thrones ဟာ ဒီနှစ်ထဲမှာတော့ အပိုင်း ၅ ထိရောက်ရှိခဲ့ပါပြီ။ အပိုင်း ၅ မှာ The Wars to come| The House of Black and White| High Sparrow| Sons of the Harpy| Kill the Boy| Unbowed, Unbent, Unbroken| The Gift| Hardhome| The Dance of Dragons စတဲ့ အခန်းတွေပါဝင်ကြတယ်။ အဲဒီနေရာတွေအများစုဟာ ခရီးသွားလုပ်ငန်းမှာ နာမည်ကြီးလှတဲ့နေရာဒေသတွေဖြစ်နေတော့ သွားရောက်လေ့လာချင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဟိုတယ်နေရာရယူဖို့ Game of Thrones ထဲကလို တိုက်ပွဲတွေမဆင်နွဲရလေအောင် ကြိုတင်စာရင်းပေးထားတာအကောင်းဆုံးပါပဲ။

အပိုင်း ၅ ကို စောင့်ကြည့်ရင်းနဲ့ ပြီးခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲက ဇာတ်ဝင်ခန်းတွေနဲ့ လက်ရှိဇာတ်ဝင်ခန်းတွေထဲက အံ့ဘနန်းထူးခြားလှတဲ့ရှုခင်းတွေကို တစ်စုတစ်စည်းထဲကြည့်ရအောင်ပါ။

The Dark Hedges (Northern Ireland, UK) 
၁၈ ရာစုက သစ်ခေါက်ချောပြောင်ပြောင် သစ်ခက်ကွေ့ကွေ့ဝိုက်ဝိုက် beech သစ်ပင်ကြီးမျိုးတွေဟာ မြောက်ပိုင်းအိုင်ယာလန်၊ အန်ထရင်မ်ဒေသ Stranocum မှာ ရှိနေပါတယ်။ Game of Thrones(GoT)အပိုင်း ၂ ထဲမှာ နက်ဒ်နဲ့ ကိတ်လင်းစတာ့ခ်တို့ရဲ့ သမီးငယ်လေး Ayra Stark ဟာ King's Landing ဆီကို ယောက်ျားလေးလိုဝတ်စားဆင်ယင်ပြီး ထွက်ပြေးတဲ့အခန်းမှာ ပါဝင်ရိုက်ကူးထားတယ်။

Binevenagh Mountain (Northern Ireland, UK)
မြောက်ပိုင်းအိုင်ယာလန်ဟာ ဒီရုပ်ရှင်မှာ အဓိကကျတဲ့ဒေသတွေဖြစ်နေပါတယ်။ အပိုင်း ၅ မှာလည်း လန်ဒန်ဒါးရီပိုင်းက Binevenagh တောင်ရဲ့ အရိပ်မိုးနေတဲ့ ရှုခင်းလှလှကို မြင်တွေ့နိုင်ကြပါတယ်။

Stangford (Northern Ireland, UK)
ကျောက်ဆောင် ကျောက်ကမ်းပါး ကျောက်သားပေါများလှတဲ့ Strangford ရဲ့ ကမ်းရိုးတန်းတစ်လျှောက်ဟာ GoT ရုပ်ရှင်အဖွဲ့သားတွေ ကျင်လည်ကျက်စားကြတဲ့ နေရာတွေဖြစ်သလို ရုပ်ရှင်ထဲက Westero တွေသွားလာလှုပ်ရှားကြတဲ့ဒေသပေါ့။ သူတို့ရဲ့ Winterfell ရဲတိုက်ကြီးတည်ရှိရာနေရာဖြစ်နေတော့တာကိုး။

Tollymore Forest (Northern Ireland, UK)
ဒီလှပတဲ့ သစ်တောစပ်စပ်နယ်မြေလေးဟာ မြောက်ပိုင်းအိုင်ယာလန် Down အရပ်မှာရှိနေတယ်။ GoT အပိုင်း ၁ မှာ ပထမဆုံးမြင်တွေ့ခဲ့ရပြီး တခြားအပိုင်းတွေမှာလည်း အမဲလိုက်တဲ့ဇာတ်ဝင်ခန်းတွေအတွက် အများဆုံးအသုံးပြုခဲ့ကြတယ်။ 

Downhill Beach (Northern Ireland, UK)
လေကြမ်းကြမ်းရိုက်ခတ်လေ့ရှိတဲ့ ဒီကမ်းခြေမှာ လေကြမ်းရိုက်ခြစ်ထားပစ်ခဲ့တဲ့ သဘာကျောက်တုံးကျောက်သားတွေပြည့်လို့နေတယ်။ အဲဒီကျောက်တုံးကျောက်သားတွေကို GoT မှာ Dragonstone အဖြစ် မြင်တွေ့ရမှာပါ။ အဲဒီ Dragonstone မှာ နတ်ဘုရားအိုတွေ ပူဇော်ပသတဲ့အခမ်းအနားကျင်းပတဲ့နေရာအဖြစ် အသုံးပြုရိုက်ကူးထားကြတယ်။

Cushenden (Northern Ireland, UK)
Cushendun ရဲ့ ကျောက်သားဥမင်လိုဏ်ဂူတွေကို GoT အပိုင်း ၂ မှာ ပါဝင်လာတယ်။ အလင်းနတ်ဘုရားမဖြစ်တယ်လို့ ယုံကြည်နေတဲ့ Melisandre တစ်ယောက် အရိပ်မည်းနှောင့်ယှက်နေတဲ့ ကလေးငယ်ကို အဲဒီနေရာမှာ မွေးဖွားခဲ့တယ်။

Osuna (Spain)
ဒီ စပိန်မြို့ငယ်လေးဟာ Seville အရှေ့ဘက်ပိုင်းမှာ တည်ရှိတယ်။ အခုထိတော့ ကမ္ဘာလှည့်ခရီးသွားတွေ အလွန်အမင်းမျက်စိကျနေတဲ့ အဓိကနေရာမဟုတ်သေးပါဘူး။ GoT အပိုင်း ၅ မှာ ငွေဝယ်ကျွန်တွေရှိရာမြို့၃ မြို့ထဲက အကြီးဆုံးမြို့ Meereen ရဲ့ ရှေးကျတဲ့နွားသတ်ပြိုင်ကွင်းအဖြစ် ရိုက်ကူးထားပါတယ်။ Osuna မြို့လေး ဒီရုပ်ရှင်မှာ ပေါ်ထွက်လာတော့ မကြုံစဖူး ခရီးသွားအရေအတွက်များပြားလာလိမ့်မယ်လို့လည်း မျှော်လင့်နေကြတယ်။

Real Alcazar palace (Seville, Spain)
ကြော့ကြော့မော့မော့ သပ်ရပ်လှပနေတဲ့ပန်းခြံတွေရယ်၊ Moorish တော်ဝင်နန်းတော်ရဲ့ လျှောက်လမ်းတွေရယ် စပိန်မြို့တော် Seville မြို့လယ်မှာရှိနေတယ်။ အပိုင်း ၅ ဇာတ်လမ်းတွဲအသစ်တွေမှာ ပါဝင်ပါလိမ့်မယ်။ Royal Alcazars of Seville နန်းတော်ဟာ House Martell ရဲ့ နွေရာသီစံနန်း Water Gardens of Dome အဖြစ် ဖန်တီးထားမှာပါ။

Roman Bridge (Corboda, Spain)
၂၄၇ မီတာ ရှည်လျားတဲ့ ဒီရောမန်တံတားကို ရောမစစ်သားတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က တည်ဆောက်ခဲ့ကြတယ်။ GoT အပိုင်း ၅ မှာ Long Bridge of Volantis အဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။

Azure Window (Gozo, Malta)
သဘာဝအတိုင်းဖြစ်ပေါ်နေခဲ့တဲ့ ထုံးကျောက် ပေါင်းမိုးအခုံးအဝိုက်တွေ မော်လ်တာကျွန်း Gozo ကမ်းရိုးတန်းတွေမှာတွေ့ရမှာပါ။ GoT အပိုင်း ၁ မှာ Daenerys Targaryen နဲ့ Khal Drogo တို့ ရဲ့ လက်ထပ်ပွဲမှာ နောက်ခံရှုခင်းအဖြစ် အသုံးပြုထားကြတယ်။ အပိုင်း ၅ မှာလည်း အဲဒီဒေသကို ပြန်သွားတဲ့အခန်းတွေပါဝင်မယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ 

Ouarzazate (Morocco)
မော်ရိုကိုနိုင်ငံဟာ GoT အပိုင်း ၅ အတွက် အားဖြည့်ပါဝင်ထားပါတယ်။ အပိုင်း ၃ မှာလည်း Daenerys Targaryen ဟာ သူ့ရဲ့တိုင်းပြည်ကနေခွဲခွာခဲ့ရပြီး လွတ်လပ်တဲ့တိုင်းနိုင်ငံတွေအဖြစ် ဒီနေရာမှာ နေထိုင်တဲ့ဇာတ်ဝင်ခန်းတွေ ရိုက်ကူးထားတယ်။

Dubrovnik (Croatia)
မြောက်ပိုင်းအိုင်ယာလန်လိုပဲ ခရိုအေးရှားဟာ GoT ထုတ်လုပ်သူတွေ စတည်းချရိုက်ကူးခဲ့ကြတဲ့နေရာပါပဲ။ Dalmatian ကမ်းရိုးတန်းမြို့တော်ကို Quarth နဲ့ ဘုရင့်အပျိုတော်တို့ရဲ့ နေရာဒေသအဖြစ် ပါဝင်အသုံးပြုထားတာပါတယ်။

Vatnajökull glacier (Iceland)
GoT ရဲ့ ပုံမှန်ဇာတ်ဝင်ခန်းဒေသလို့ ပြောနိုင်တဲ့နေရာနောက်တစ်ခုကတော့ အိုက်စ်လန်မှာရှိတဲ့ Vatnajökull ရေခဲမြစ်ပါ။ အိုက်စ်လန် အနောက်တောင်ဘက်မှာရှိနေတယ်။ GoT ဇာတ်ကောင်တွေဖြစ်တဲ့ Westeros တွေရဲ့ မကြုံစဖူးထူးကဲလှတဲ့ နယ်မြေဒေသ Beyond the Wall အဖြစ် ဖန်တီးရိုက်ကူးခဲ့ကြတယ်။

Source: The hottest thing on Game of Thrones: The scenery | CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, July, 2015)

No comments: