- နှောင်ကြိုးမယ့်ကိုနှင်
- ကျေးတမာသို့ ပန်ကြားလွှာ
- လူငယ်များသို့
- အပြန်လမ်း
- အနုပညာဟူသည် ကုန်ပစ္စည်းလော
- ပြည်သူ့လယ်ယာသမားများသို့
နှောင်ကြိုး မယ့်ကိုငင်
တသုတ်သုတ်နှင့်၊ဖြုတ်ဖြုတ်ကြွေကျ၊
မြေသို့ခသည့်၊ရွက်လှရော်ဝါ၊
ပွင့်မာလာကို၊ကြည့်ကာရင်တွင်း၊
ထိတ်လန့်ခြင်းဖြင့်၊အော် အင်း ဒုက္ခော၊
မရဏောဟု၊တွေးတောစိတ်တွင်၊
နိမိတ်ထင်သော်၊နက်မင်မြဆံ၊
ပိတုံးပျံသို့၊တလံမျှရှည်၊
မယ့်ကေသီဝယ်၊ပြီပြီရိတ်ဖြတ်၊
တောမြိုင်ရပ်သို့၊ခိုကပ်မှီအောင်း၊
များကိုရှောင်းလျက်၊
ပျော်ကြောင်းကိုမှန်
၊စိတ်မှာကြံလည်း၊မွန်းမံ ရစ်ပတ်၊
ဖွဲ့နွဲ့အပ်သည့်၊ထပ်ထပ်နှောင်ကြိုး ၊
မယ့်ကိုစိုးသည်၊ ပြေနိုးဖြေဖွယ် ကင်းတကား။ ။
(၁၉၅၇ခုနှစ် ဇွန်လထုတ် ပထမအပတ် တိုင်းရင်းမေဂျာနယ် )
******************
ကျေးတမာသို့ ပန်ကြားလွှာ
လေနှင့်ရော၊
တိမ်ကြောကိုတဲ့ပျံလေပါ၊
ကျေးရွှေတမာ။
နယ်ခြားမြို့တနေရာမှာ၊
မာလာရို့ သက်ထား။
တထောက်မနားပါနှင့်၊
အရောက်သွားကာ စာလွှာပို့ချေတော့ရယ်လို့၊
ခွန်းနော့ပန်ကြား။ ။
၁၉၆၂ခုနှစ်
******************
လူငယ်များသို့
လူကြီးနှင့် လူငယ်၊
အမြင်ချင်းဖလှယ်လို့၊
အသိကြွယ်နိုင်စေရေး၊
ဆွေးနွေးကြလေး။
ကြီးသူနှင့် ငယ်သူ ၊
ဘယ်မတူယှဉ်မရသည်မို့၊
မာနတံခွန်ထူလို့၊
ကြီးသူကို ခြေကန်မထုတ်လေနှင့်၊
ဆုတ်ယုတ်မယ်လေး။ ။
******************
အပြန်လမ်း
စစ်ထွက်သူ တပ်တော်သား
ယနေ့လားနက်ဖြန်၊
အောင်ပွဲကပြန် ပြန်မတဲ့လား။
ရန်သူကို အပြတ်ရှင်း၊
လင်းခဲ့ပလား။
ဆီးလိုက်ပါဆို၊
ကြိုလိုက်ပါအုံး။
မလေးပျို မောင့်ပြန်လမ်းကို၊
မှန်းဆ မဆုံး၊။
လာပြီတဲ့ လာပြီ၊
အောင်တပ်တော် တံခွန်လွှင့် ၊
မြူးစွင့်ခဲ့ပြီ။
မေ့ချစ်ဦးရဲဇာနည်၊
ဟန်ညီညီချီတက်၊
နှင်းပန်းဝေေ၀နှင့်၊
အောင်သပြေ တမာခက်၊
ကမ်းကြိုဆိုလျက်။
မောင့်မျက်နှာ ရွှန်းမြမြ ၊
ထွန်းပတဲ့ လလို၊
မျက်ထားရယ်ချို၊
ချိုပါရဲ့လေး။
ရန်အထိုထို၊
မောင်ဖြိုခဲ့ပြီ၊
ညိုနွဲ့ရယ်လေး၊တဲ့။
မြန်ပြည်မှာ ဘယာကင်းလို့ ၊
လင်းခဲ့ပြီလေး။ ။
၁၉၆၈ခုနှစ်
******************
အနုပညာသည် ကုန်ပစ္စည်းလော
ကဗျာဆရာ၏၊ ရင်မှာဖြစ်လာ၊
ဝေဒနာအပိုင်းအစ၊တစစီချွေချတော့ ၊
ရသကဗျာ မွေးဖွားလာတယ်ပေါ့။
ပန်းချီဆရာ၊စိတ်မှာတိတ်တိတ်၊
ခံစားမှု နိမိတ်ကို၊ပုံရိပ်ဖမ်းယူ၊
ဆေးချက်ကူတော့ ၊
သူမတူအောင် ထင်ရှားတဲ့ ၊
ပန်းချီကားတချပ် ဖြစ်လာလေရော။
ဟော အခု၊ တေးပြုဆရာ၊ကိုဂီတာရဲ့၊
ရသာလွန်မြောက်၊ထွန်းပေါက်ကျော်ကြား၊
ဖွဲ့ဆိုထားတဲ့ တေးအက္ခရာ စာသားများကို
လက်ကစားထားတာလို့ ၊ဆိုကြမလား။
ဒါမှမဟုတ်၊ကုန်ထုတ်စွမ်းအား၊
ကြီးမြင့်မားဖို့ လုပ်အားတန်ဘိုး ချစ်မြတ်နိုးလို့
သူတို့ ကုန်ထုတ်လုပ်ကြသတဲ့လား။
ရကြေးလား။
ယနေ့ ဆိုရှယ်လစ်၊မျက်မှောက်ခေတ်တွင်ဖြင့် ၊
တသစ်ဆန်းစွာ၊ အနုပညာကို ၊
ကုန်မာပစ္စည်းနှင့် ၊ပြွမ်းတီးရောထွေး၊
ထုတ်လုပ်ရေးလို့ ၊ဟစ်ကြွေးညံညံ ၊
အဆိုပြုကြပြန်တော့ ..၊အမှန်ဘဲ ငါ့ရင်မှာ
ဘ၀င်မကျနိုင်ပါလားကွယ်။
၁၉၆၉ခုနှစ်
******************
ပြည်သူ့လယ်ယာသမားများသို့
မိုးမင်းမလာ။
နေလင်းဖြာသော်၊
ဥယျာဉ်ပန်းမာလ် ခြောက်ဘိသောဝ်။
ဥတုသုံးလီ၊
မိုးကိုမှီတည့်၊
စိုပြည်မှဲ့ဝင်း ကင်းဘိသောဝ်။
အိုဘယ့်လူသား၊
ယာသမားငဲ့၊
သင်ကား အားမာန်ထန်ဘိသောဝ်။
ဆည်မြောင်းချောင်းကန်၊
တာတမံမှ၊
ရေကိုပြန်ထုတ် သွန်းတော့လော့။
ထကြွလုံ့လ၊၀ိရိယဖြင့်၊
နိုးထအသိ၊ရှိတော့လော့။
သို့တည်းမဟူ။
များပြည်သူ၊
မည်သူ ၀မ်းဝ နိုင်အံ့နည်း။
လုပ်အားအပြည့်၊
ကြိုးစားဘိမူ၊
သင်၏အောင်ပွဲ ရလဒ်တည်း။ ။
ငါတို့အောင်ပွဲ ရလဒ်တည်း။ ။
၁၉၈၄ခုနှစ်
******************
တသုတ်သုတ်နှင့်၊ဖြုတ်ဖြုတ်ကြွေကျ၊
မြေသို့ခသည့်၊ရွက်လှရော်ဝါ၊
ပွင့်မာလာကို၊ကြည့်ကာရင်တွင်း၊
ထိတ်လန့်ခြင်းဖြင့်၊အော် အင်း ဒုက္ခော၊
မရဏောဟု၊တွေးတောစိတ်တွင်၊
နိမိတ်ထင်သော်၊နက်မင်မြဆံ၊
ပိတုံးပျံသို့၊တလံမျှရှည်၊
မယ့်ကေသီဝယ်၊ပြီပြီရိတ်ဖြတ်၊
တောမြိုင်ရပ်သို့၊ခိုကပ်မှီအောင်း၊
များကိုရှောင်းလျက်၊
ပျော်ကြောင်းကိုမှန်
၊စိတ်မှာကြံလည်း၊မွန်းမံ ရစ်ပတ်၊
ဖွဲ့နွဲ့အပ်သည့်၊ထပ်ထပ်နှောင်ကြိုး ၊
မယ့်ကိုစိုးသည်၊ ပြေနိုးဖြေဖွယ် ကင်းတကား။ ။
(၁၉၅၇ခုနှစ် ဇွန်လထုတ် ပထမအပတ် တိုင်းရင်းမေဂျာနယ် )
******************
ကျေးတမာသို့ ပန်ကြားလွှာ
လေနှင့်ရော၊
တိမ်ကြောကိုတဲ့ပျံလေပါ၊
ကျေးရွှေတမာ။
နယ်ခြားမြို့တနေရာမှာ၊
မာလာရို့ သက်ထား။
တထောက်မနားပါနှင့်၊
အရောက်သွားကာ စာလွှာပို့ချေတော့ရယ်လို့၊
ခွန်းနော့ပန်ကြား။ ။
၁၉၆၂ခုနှစ်
******************
လူငယ်များသို့
လူကြီးနှင့် လူငယ်၊
အမြင်ချင်းဖလှယ်လို့၊
အသိကြွယ်နိုင်စေရေး၊
ဆွေးနွေးကြလေး။
ကြီးသူနှင့် ငယ်သူ ၊
ဘယ်မတူယှဉ်မရသည်မို့၊
မာနတံခွန်ထူလို့၊
ကြီးသူကို ခြေကန်မထုတ်လေနှင့်၊
ဆုတ်ယုတ်မယ်လေး။ ။
******************
အပြန်လမ်း
စစ်ထွက်သူ တပ်တော်သား
ယနေ့လားနက်ဖြန်၊
အောင်ပွဲကပြန် ပြန်မတဲ့လား။
ရန်သူကို အပြတ်ရှင်း၊
လင်းခဲ့ပလား။
ဆီးလိုက်ပါဆို၊
ကြိုလိုက်ပါအုံး။
မလေးပျို မောင့်ပြန်လမ်းကို၊
မှန်းဆ မဆုံး၊။
လာပြီတဲ့ လာပြီ၊
အောင်တပ်တော် တံခွန်လွှင့် ၊
မြူးစွင့်ခဲ့ပြီ။
မေ့ချစ်ဦးရဲဇာနည်၊
ဟန်ညီညီချီတက်၊
နှင်းပန်းဝေေ၀နှင့်၊
အောင်သပြေ တမာခက်၊
ကမ်းကြိုဆိုလျက်။
မောင့်မျက်နှာ ရွှန်းမြမြ ၊
ထွန်းပတဲ့ လလို၊
မျက်ထားရယ်ချို၊
ချိုပါရဲ့လေး။
ရန်အထိုထို၊
မောင်ဖြိုခဲ့ပြီ၊
ညိုနွဲ့ရယ်လေး၊တဲ့။
မြန်ပြည်မှာ ဘယာကင်းလို့ ၊
လင်းခဲ့ပြီလေး။ ။
၁၉၆၈ခုနှစ်
******************
အနုပညာသည် ကုန်ပစ္စည်းလော
ကဗျာဆရာ၏၊ ရင်မှာဖြစ်လာ၊
ဝေဒနာအပိုင်းအစ၊တစစီချွေချတော့ ၊
ရသကဗျာ မွေးဖွားလာတယ်ပေါ့။
ပန်းချီဆရာ၊စိတ်မှာတိတ်တိတ်၊
ခံစားမှု နိမိတ်ကို၊ပုံရိပ်ဖမ်းယူ၊
ဆေးချက်ကူတော့ ၊
သူမတူအောင် ထင်ရှားတဲ့ ၊
ပန်းချီကားတချပ် ဖြစ်လာလေရော။
ဟော အခု၊ တေးပြုဆရာ၊ကိုဂီတာရဲ့၊
ရသာလွန်မြောက်၊ထွန်းပေါက်ကျော်ကြား၊
ဖွဲ့ဆိုထားတဲ့ တေးအက္ခရာ စာသားများကို
လက်ကစားထားတာလို့ ၊ဆိုကြမလား။
ဒါမှမဟုတ်၊ကုန်ထုတ်စွမ်းအား၊
ကြီးမြင့်မားဖို့ လုပ်အားတန်ဘိုး ချစ်မြတ်နိုးလို့
သူတို့ ကုန်ထုတ်လုပ်ကြသတဲ့လား။
ရကြေးလား။
ယနေ့ ဆိုရှယ်လစ်၊မျက်မှောက်ခေတ်တွင်ဖြင့် ၊
တသစ်ဆန်းစွာ၊ အနုပညာကို ၊
ကုန်မာပစ္စည်းနှင့် ၊ပြွမ်းတီးရောထွေး၊
ထုတ်လုပ်ရေးလို့ ၊ဟစ်ကြွေးညံညံ ၊
အဆိုပြုကြပြန်တော့ ..၊အမှန်ဘဲ ငါ့ရင်မှာ
ဘ၀င်မကျနိုင်ပါလားကွယ်။
၁၉၆၉ခုနှစ်
******************
ပြည်သူ့လယ်ယာသမားများသို့
မိုးမင်းမလာ။
နေလင်းဖြာသော်၊
ဥယျာဉ်ပန်းမာလ် ခြောက်ဘိသောဝ်။
ဥတုသုံးလီ၊
မိုးကိုမှီတည့်၊
စိုပြည်မှဲ့ဝင်း ကင်းဘိသောဝ်။
အိုဘယ့်လူသား၊
ယာသမားငဲ့၊
သင်ကား အားမာန်ထန်ဘိသောဝ်။
ဆည်မြောင်းချောင်းကန်၊
တာတမံမှ၊
ရေကိုပြန်ထုတ် သွန်းတော့လော့။
ထကြွလုံ့လ၊၀ိရိယဖြင့်၊
နိုးထအသိ၊ရှိတော့လော့။
သို့တည်းမဟူ။
များပြည်သူ၊
မည်သူ ၀မ်းဝ နိုင်အံ့နည်း။
လုပ်အားအပြည့်၊
ကြိုးစားဘိမူ၊
သင်၏အောင်ပွဲ ရလဒ်တည်း။ ။
ငါတို့အောင်ပွဲ ရလဒ်တည်း။ ။
၁၉၈၄ခုနှစ်
******************
No comments:
Post a Comment