Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 01, 2016

နှစ်ကုန် အထူးလျှော့ဈေးပွဲတော်တွေမှာ သွက်လက်စွာ


နှစ်တစ်နှစ်ကုန်ဆုံးကာနီးအချိန်ဆိုရင် ဈေးဝယ်ထွက်တာဝါသနာကြီးကြတဲ့ လူကြီးလူငယ်တွေဟာ Black Friday ဆိုတဲ့ လျှော့ဈေးပွဲတော်ချိန်ကို ရင်တဖိုဖိုစောင့်မျှော်တတ်ကြတယ်။ လာမယ့် ၂၀၁၅ Black Friday လျှော့ဈေးပွဲတော်ကတော့ ဘယ်တော့ရောက်မလဲ။ ဒီနှစ်အတွက် ဘယ်ဆိုင်တွေ၊ ဘယ်လိုကုန်ပစ္စည်းတွေ ဒီလျှော့ဈေးပွဲတော်မှာ ပါဝင်လာကြမလဲ ဆိုတာ သိထားချင်ကြမှာပါ။ Black Friday လျှော့ဈေးပွဲတော်ဟာ ယူအက်စ်ကနေစတင်လာတဲ့ ပွဲတော်မျိုးဖြစ်နေပေမယ့် အခုအခါ နိုင်ငံတွေအတော်များများ Black Friday လျှော့ဈေးပွဲတော်ပြုလုပ်လာကြတယ်။ ယူအက်စ်၊ ယူကေ၊ ကနေဒါ၊ မက္ကဆီကို၊ ဘရာဇီး၊ အိန္ဒိယ၊ ပနားမား၊ ကိုစတာရီကာ၊ ရိုမေးနီးယား၊ ဒိန်းမတ်၊ ဆွီဒင်၊ တောင်အာဖရိက၊ ပြင်သစ်၊ နော်ဝေး၊ ဟန်ဂေရီနဲ့ စပိန်နိုင်ငံတွေမှာ အထူးသဖြင့်ပြုလုပ်ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်ကုန်လျှော့ဈေးရောင်းချကြတာတွေတော့ အမြဲရှိနေကြပါတယ်။ ပုံမှန်ဈေးလျှော့ရောင်းချတာတွေထက် ဈေးဝယ်ဝါသနာကြီးကြသူတွေကတော့ Black Friday ကို ပိုပြီးစိတ်ဝင်တစားရှိတတ်ကြတယ်။

 

Black Friday က သိပ်မကြာခင်ပြုလုပ်ကြတော့မှာပါ။ လျှော့ဈေးအမဲလိုက်နေကြသူတွေ အခုဆိုရင် အဲဒီပွဲတော်ရက်တွေအတွက် ပြင်ဆင်နေကြပါလိမ့်မယ်။ အမေရိကမှာ ၁၉ ရာစုနှောင်းပိုင်းလောက်မှာ ကျေးဇူးတော်နေ့(Thanksgiving Day) အပြီးနောက်တစ်ရက်မှာ စတိုးဆိုင်တွေတချို့က လျှော့ဈေးနဲ့ရောင်းချခဲ့တာကနေ စတင်လာခဲ့တယ်။ ကျေးဇူးတော်နေ့ကတော့ ကောက်ရိတ်သိမ်းပွဲအပြီး ကျေးဇူးတော်ချီးမွမ်းဆုတောင်းကြတဲ့နေ့အဖြစ် နိုဝင်ဘာလ စတုတ္ထမြောက် ကြာသပတေးနေ့မှာပြုလုပ်ကြတာပါ။ ကနေဒါမှာ အောက်တိုဘာလ ဒုတိယမြောက် တနင်္လာနေ့သတ်မှတ်ကြပါတယ်။ Black Friday ဟာ ကျေးဇူးတော်နေ့ ဆုတောင်းပွဲအပြီး ပျော်ရွှင်မြူးထူးစွာ ဈေးဝယ်ထွက်ကြတာကနေစတင်လာခဲ့ကြတယ်။ ပြီးခဲ့တဲ့နှစ် UK မှာ Black Friday နေ့ဈေးဝယ်ကြသူတွေက ခန့်မှန်းခြေ ပေါင် ၈၁၀ သန်းခန့် အဲဒီနေ့မှာ သုံးစွဲခဲ့ကြတာဆိုရင် အရင်နှစ်တွေကထက် နှစ်ဆတက်လာတဲ့နှုန်းပါ။ တချို့ဈေးဝယ်စင်တာတွေက ခရစ်စမတ်နေ့အထိ ဆက်ပြီး ရောင်းချတတ်ကြပါတယ်။ ဒီနှစ်အတွက် Black Friday လျှော့ဈေးပွဲတော်ကို နိုဝင်ဘာ ၂၇ ရက်နေ့က စတင်ပါလိမ့်မယ်။ ဒါပေမဲ့ တချို့လက်လီစတိုးဆိုင်တွေကတော့ နိုဝင်ဘာ ၂၃ ရက်ကတည်းက စတင်ရောင်းချလာတတ်ကြတယ်။ 
ဘာကြောင့်များ Black Friday လို့ခေါ်ဆိုကြလဲ တိတိကျကျတော့ မသိနိုင်ပါဘူး။ ဈေးဆိုင်တွေဟာ Black Friday မှာ အမြတ်အစွန်းအများဆုံးရကြတဲ့အချိန်ဖြစ်တယ်။ ဈေးဆိုင်တွေမှာ ငွေစာရင်းမှတ်တမ်းတွေသွင်းကြတဲ့အခါ မှင်အနီရောင်ကအရှုံးစာရင်းဖြစ်ပြီး အမြတ်အစွန်းစာရင်းကိုတော့ မင်အနက်ရောင်နဲ့ရေးမှတ်ကြတယ်။ ၁၉၆၀ ခုနှစ်တွေမှာ ခရစ်စမတ်ဈေးဝယ်ကာလတွေမှာ အမြတ်အစွန်းကြီးကြီးမားမားရလေ့ရှိကြတော့ မင်အနက်ရောင်စာရင်းတွေပဲပြည့်နေပြီး Black Friday လို့ ခေါ်လိုက်ကြတယ်လို့ဆိုတယ်။ ယူအက်စ်က ဈေးဝယ်စင်တာတွေ မနက်အစောဆုံး ၅ နာရီဖွင့်တတ်ကြတယ်။ ဈေးဝယ်လိုကြသူတွေက ညလယ်ကတည်းက စောင့်ဆိုင်းကြသူတွေရှိလာတယ်။ ခရစ်စမတ်ဈေးဝယ်ရာသီ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်စင်တာရှေ့တန်းစီစောင့်ဆိုင်းကြသူတွေ ရန်ဖြစ်တိုက်ခိုက်ကြတာတွေတောင်ဖြစ်ခဲ့ကြတယ်။ အဲဒါနဲ့ပဲ Black Friday လို့ ခေါ်ကြတယ်လို့လည်း ဆိုတယ်။ လူတွေစုပြုံအုံတိုးတာကြောက်လန့်တတ်သူတွေကတော့ online ကနေပဲ ဈေးဝယ်တတ်ကြတယ်။ 

ဒီနှစ် Black Friday ဈေးရောင်းပွဲတော်မှာ ဘယ် retailer တွေ ပါဝင်ရောင်းချမလဲ စိတ်ဝင်စားစရာပါ။ US Apple စတိုးဆိုင်တွေက ပစ္စည်းတွေဈေးလျှော့ပေးမယ့်အစား gift cards တွေဈေးလျှော့ပေးမယ်လို့ဆိုတယ်။ UK မှာတော့ cash ဈေးလျှော့ပေးဖို့ မျှော်လင့်ထားပါတယ်။ Amazon က ၂၀၁၀ ခုနှစ်ကတည်းက စတင်လို့ Black Friday ကို နွှဲလာခဲ့တာပါ။ ဒီနှစ်လည်း ၆ နှစ်မြောက် လျှော့ဈေးအစီအစဉ်တွေအများကြီးပဲရှိနေတော့ နိုဝင်ဘာ ၂၃ ရက်နေ့ကတည်းက အွန်လိုင်း စတင်ဝယ်ယူနိုင်ကြမှာပါ။ လျှော့ဈေး ၅၀ ရာခိုင်နှုန်းနဲ့ အထက် ဖက်ရှင်နဲ့ နည်းပညာပစ္စည်းတွေ ဝယ်ယူနိုင်ကြပါလိမ့်မယ်။ 80% - 99% off shoes: Havaianas flip flops, Dune London, Kurt Geiger, Moschino, Mountain Warehouse Reebok and Sketchers ရှုးဖိနပ်တွေ ၈၀ရာခိုင်နှုန်း- ၉၉ရာခိုင်နှုန်းထိလျှော့ဈေး၊ Apple accessories တွေနဲ့ အဝတ်အစား Debenhams, Surfdome, Austin Reed and American Apparel တံဆိပ် အဝတ်အထည်တွေနဲ့ cameras, hi-fi systems, televisions, telephones and mobile phones, e-book readers and computers or laptops ၅၀ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်းထိ အထူးလျှော့ဈေးတွေရှိကြတယ်။ Argos, John Lewis, Tesco, Marks & Spencer, Currys, Debenhams, River Island စတဲ့ ဈေးဝယ်စင်တာတွေမှာ အပြိုင်အဆိုင် အထူးလျှော့ဈေးတွေနဲ့ ဆွဲဆောင်နေကြပါတယ်။ ebay ကလည်း အိန္ဒိယက ဈေးဝယ်သူတွေအတွက် အထူးလျှော့ဈေးတွေကြေညာထားပါတယ်။ နိုဝင်ဘာ ၂၇ နေ့မှာ ebay မှာ ဘာပစ္စည်းကိုဝယ်ဝယ် တကယ့်ဈေးနှုန်းအတိုင်းပေးချေစရာမလိုဘဲ အထူးလျှော့ဈေးတွေရရှိမှာပါ။ ဈေးနှုန်းအကြီးဆုံးပစ္စည်းတွေဖြစ်ကြတဲ့ Apple iPhoen, တန်ဖိုးကြီး တီဗီတွေ၊ ကင်မရာ၊ လက်ပ်တော့ပ်၊ ကွန်ပျူတာတွေနဲ့ တခြားပစ္စည်းတွေကို အင်မတန်နည်းတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ပါလိမ့်မယ်။ အိန္ဒိယကဈေးဝယ်ဝါသနာကြီးသူတွေအတွက် eBay Black Friday Deals 2015 အစီအစဉ်မှာ အချိန်အကန့်အသတ်တော့ရှိနေပါတယ်။ ၂၇ ရက်နေ့တစ်ရက်တည်း ၂၄ နာရီအတွင်း ဝယ်ယူနိုင်တာပါ။ အဲဒါကြောင့် ဝယ်ယူလိုသူတွေက အွန်လိုင်းဈေးဝယ်ဖို့ဆိုတော့ ခြေသွက်ဖို့မလိုပေမယ့် လက်သွက်ကြဖို့တော့ လိုအပ်ပါလိမ့်မယ်။ နှစ်တစ်နှစ်ကုန်ဆုံးကာနီးအချိန်တွေမှာ Black Friday ရယ်လို့ ဈေးပွဲတော်မရှိတဲ့နိုင်ငံတွေမှာလည်း ခရစ်စမတ်လျှော့ဈေးပွဲတော်၊ နှစ်ကုန်လျှော့ဈေးပွဲတော်တွေနဲ့ ဈေးဝယ်သူတွေစည်ကားနေတတ်ကြပါတယ်။ ဈေးဝယ်ထွက်တာ ဝါသနာပါတဲသူတွေအတွက် ကိုယ်တကယ်လိုအပ်နေတဲ့ပစ္စည်းတွေ၊ ကိုယ်လိုချင်တဲ့တံဆိပ်၊ အမျိုးအစားစသဖြင့်ပစ္စည်းလေးတွေကို ဈေးအသက်သာဆုံးနဲ့ ဝယ်ယူနိုင်ကြဖို့ဆိုရင် ခြေရောလက်ရောသွက်လက်နေဖို့ လိုအပ်နေမှာပဲပေါ့။      ။

Ref: When is Black Friday 2015? Everything you need to know about the big sales day BY MIKEY SMITH, JAMES ANDREWS | www.mirror.co.uk

ဖိုးဖြိုး
(Living Fashion Magazine, December, 2015)

No comments: