Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 08, 2016

ရှားရှားပါးပါးပန်းကလေးများ

(မေမေ့ရဲ့စာ)
Jade Vine
လူသိနည်း ရှားပါး ပန်း(၁၀)မျိုးကို ဖေါ်ပြ ပေးလိုက်ပါတယ်။

Ghost Orchid
ဂို့ စ် သစ်ခွဟာ လူအများကို ဆွဲဆောင်ညှို့ ယူနိုင်စွမ်းရှိရုံမျှမက ထူးခြား ဆန်းပြားတဲ့ ပန်းပါ။ အရွက်မရှိပါဘူး။ ပင်စည်တွေမှာ တွယ်ကပ်ပေါက်ရောက်ကြတယ်။ ပွင့်ဖတ်တွေက အဖျားမှာ ရှည်လျားသွားပြီး ကိုးရို ကားရား ကခုန်နေတဲ့ ဝိညာဉ်တစ္ဆေတွေလို သင် ခံစားရနိုင်တယ်။ သူဟာ မသိ နားမလည်သူတွေရဲ့  နှစ်၂၀လုံးလုံးခုတ်ထွင်ရှင်းလင်းပြစ်တာ ကို ခံခဲ့ရပြီး မကြာသေးခင်ကမှ အကောင်အထည်ပေါ် ပြန်လည်ဆန်းသစ်  ရှင်သန်လာရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း ဂို့ စ် သစ်ခွ က ရှားပါးပစ္စည်း ဖြစ်နေရတာပါ။ သူဟာ ရွက်စိမ်းများ မပါရှိပါဘူး။ ဒါ့ကြောင့် အလင်းရောင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ က အစာချက်လုပ်ခြင်းမပြုနိုင်တဲ့အတွက် အလွယ်တကူ ပြန့်ပွား ပေါက်ရောက်ဖို့ မစွမ်းနိုင်ပါဘူးတဲ့။ ဂို့ စ် သစ်ခွတွေကို ကျူဘား သစ်တောကြီးတွေနဲ့ ဖလော်ရီဒါ သစ်တောကြီးတွေ မှာသာ  တွေ့ နိုင်ပါတယ်။ မွှေးရနံ့ သင်းပျံ ပုံက ဖြင့် ဘယ်ပန်းနော် စံမတူ လို့  ဆိုရမှာပါ။ ဇွန်  ဇူလိုင်  သြဂတ်စ် လများမှာ ပွင့် ဖူးကြပါတယ်။ 

Campion
၁၉၉၂ ခုနှစ်လောက်က သိပ္ပံပညာရှင် အသိုင်းအ၀န်းက ပညာရှင်တွေ လက်ကစားတာကြောင့် မျိုးတုံး ပျောက်ကွယ်မတတ်ဖြစ်ခဲ့ရာက ၁၉၉၄ ခုနှစ်လောက်မှာမှ မတော်တဆ ဂျီဘရော်လ်တာ တောင်ကမ္ဘားယံတွေမှာ ကမ်းပါးစောက်တွေမှာ မှီတွယ် ပေါက်ရောက်နေတာကို ခြေလျင်     တောင်တက်သမား တယောက် အမှတ်မထင် သွားရင်းလာရင်း ခြေချော် လက်ချော် တွေ့ ရှိခဲ့ရာကလှလွန်းဆွေ ပန်းမျိုးစိတ်ကလေးကို သယ်ဆောင်စိုက်ပျိုးခဲ့တာမို့  ပြန်လည် ပေါ်ထွန်း လာခဲ့တာပါလို့  ဆိုပါတယ်။ The Campion သို့ မဟုတ် Silene tomentosa ရယ်လို့  ရုက္ခဗေဒ ပညာရှင်တွေက အမည်ပေး ခေါ်ဝေါ်ကြတယ်။ ခက်ခက်ခဲခဲ မွေးမြူခဲ့ရပါတယ် တဲ့။ ရှားလည်း ရှားပါးလှပါတယ်။ အနီရောင်မျိုးစိတ်လည်း တွေ့ရနိုင်ပါသေးတယ်။

Kadupul Flower
မြန်မာလို ဆိုရင်တော့ သူ့ အမည်လေးက ကုမုဒြာပေါ့။ လရောင်နဲ့မှ ပွင့်တဲ့ပန်း။ ဘုရားရှင်ကို ရည်မှန်း ပူဇော်တဲ့ပန်း။ အဖိုးလည်းထိုက်တန်တယ်။ ရှားပါးပစ္စည်းလည်းဖြစ်တယ်။မှန်ပါတယ်။ ဒီမှာတော့ စာရေးသူ Sakhanii Khonah က ညအခါ ပွင့်ပြီး မနက် အရုဏ်တက်ချိန် မှာ လူမသိ သူမသိ ညှိုးနွမ်းသွားတယ်လို့  ဆိုပါတယ်။ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ဘယ် ရုက္ခဗေဒ သိပ္ပံပညာရှင်တွေကမှ မထုတ်ဖေါ် ခဲ့ကြပါဘူး။ Kadupul Flower ပန်း သို့ မဟုတ်  Epiphyllum oxypetalum ရယ်လို့  သာ  ဖေါ်ပြထားပါတယ်။ ရှားပါးပစ္စည်ဖြစ်သော်လည်း မျိုးတုံး ပျောက်ကွယ်ခြင်းတော့ မရှိသေးပါဘူး။ သူတို့ ကို သီရိလင်္ကာ နိုင်ငံက တောအုပ်ကြီးတွေထဲမှာသာ  အများအားဖြင့် တွေ့ နိုင်ပါတယ် တဲ့။  

Parrot’s Beak
Lotus berthelotii မျိုးနွယ်ဝင် ကြက်တူရွေး နှုတ်သီး ကြာပန်းပါတဲ့။ ရိုးတံကရှည်ပြီး အပွင်အဖူ့းပေါင်းများစွာ တွယ်ချိတ်နေတယ်။ သူ့ ကို ရှိုးကေ့စ်တွေမှာ အလှပြ ထားတတ်ကြတယ်။ အဖျားကွေးကောက်နေပုံက တကယ့် ကြက်တူရွေး နှုတ်သီး အတိုင်းပါပဲ။ တော်တော်လေး ရှားရှားပါးပါး တွေ့ရခဲတဲ့ ပုံစံပါ။ ပွင့်ချပ် ပွင့်ဖတ်တွေက လိမ္မော် ရောင် ရင့်ရင့်  ဆိုပေမဲ့  အဖျားမှာ အနီရောင် မှိုင်းနေတာ တွေ့ မြင်ရပါမယ်။

Chocolate Cosmos
သူက စိတ်ဝင်စားဖို့  တော်တော်ကောင်းပါတယ်။ သူ့ ကို တွေ့ ရဖို့ က တော်တော့်ကို ခက်ပါတယ်။ Cosmos atrosanguineus မျိုးနွယ်စုဝင်ဖြစ်ပြီး တွေ့ ရခဲ မြင်ရခဲ တဲ့ အလွန်ရှားပါးလှတဲ့ပန်းဖြစ်ပါတယ်။ မက္ကဆီကို ဒေသမှာ အများအားဖြင့် တွေ့ ရတတ်ပါတယ်။  ကမ္ဘာမြေပေါ်မှာ သဘာဝအလျှောက် ပေါက်ပွားတတ်တဲ့ပန်းအဖြစ် တာရှည် မတွေ့ မြင်ရပါဘူး။ ရိုးတံကရှည်ရှည် အရွက်တွေက မြေမှာ ၀ပ်လို့။ သူတို့ကို မက္ကဆီကို ဇာတိဖွားကလေးတွေ လို့ ပြောရမှာ ဖြစ်ပါတယ်။ မျိုးတုန်းပျောက်ကွယ် သွားမတတ် ရှားပါးလွန်းရာက ပြန်လည် ရှင်သန်လာတဲ့အတွက် ပန်းချစ်သူများ ကျေးဇူးတင်စရာပါ။

Jade Vine
ကျောက်စိမ်းနွယ်ပန်း 

ရုက္ခဗေဒဆရာတွေရဲ့  အခေါ် Strongylodon macrobotrys ကျောက်စိမ်းနွယ်ပင် ပန်းဟာ ဖိလစ်ပိုင် ဒေသ ဇာတိဖြစ်ပြီးတော့ အင်မတန် ကို ရှားပါးတဲ့ ပန်းတစ်မျိုးပါ။ နူးညံ့ သိမ်မွေ့ ပြီးတော့ သူ့ အနံ့ က လူကို အလွန် ဆွဲဆောင် မွှေးပျံ့စေတဲ့ ပန်းတမျိုး ဖြစ်ပါသတဲ့။ ကြည့်လိုက်ရင် ခြေသည်း တွေလိုလို ထူးခြားတဲ့ အသွင်သဏ္ဍာန်ဆောင်နေပြီး  တောအုပ် ထူထူ ကြီးကို ဖုံးအုပ် ထားသယောင်ပွားများနေတယ်။ မြေကြီးထဲကနေ အစို့ အညှောက် ထွက်လာပြီး မြေပေါ်မှာ အရှည် ၃မီတာလောက်  တွဲလွဲ ဆွဲ ကျားကန် တည်ရှိနေပုံက တကယ့်ကို ထူးခြားတဲ့ ပုံသဏ္ဍာန်မျိုးပါပဲ။ သူ့ အရောင်က ခပ်ဆန်းဆန်းပါ။ စိမ်းပြာပြာ လို့ ထင်ရပေမဲ့ ပြီပြင်မှု သိပ်မရှိလှဘူး။ အစိမ်းလို့ ပြောရလောက်အောင်လည်း မ၀င့်မရဲပဲ တဲ့။

 Youtan Poluo
ဗုဒ္ဓဘာသာနဲ့ ပန်းပွင့်လေးရဲ့ ရှင်သန်ပေါက်ရောက်မှုနောက်ကွယ်က လှို့ဝှက်ဆန်းကြယ်မှုတွေကြောင့် youtan poluo ပန်းလေးဟာ ကမ္ဘာမှာအာရုံစိုက်အခံရဆုံးပန်းပွင့်လေးဖြစ်နေသတဲ့။ အဲဒီသိပ်ကိုရှားလှတဲ့ပန်းလေးကို udumbara ပန်းလို့လည်းခေါ်ဆိုကြတယ်။ youtan poluo ဟာ နှစ်ပေါင်း ၃၀၀၀ တိုင်းမှာ ပြန်ပြီးဖူးပွင့်လာလိမ့်မယ်။ အဲဒါဟာ ဗုဒ္ဓပြန်ဝင်စားခြင်းရဲ့ အရိပ်နိမိတ်လို့ဆိုကြတယ်။ အဲဒါကြောင့် ပြန်လည်ဖူးပွင့်ဖို့ အဲဒီလောက်နှစ်တွေအများကြီးပဲ အချိန်ယူပါသတဲ့။ ပန်းလေးရဲ့ အသွင်က သေးသွယ်လှပြီး သင်းရနံ့က စန္ဒကူးပန်းရနံ့မျိုးနဲ့ ဆင်တူပါတယ်။ တရုတ်နိုင်ငံက လယ်သမားကြီး မစ္စတာဒင်က ထူးခြားအံ့သြဖွယ်ကောင်းလှတဲ့ youtan poluo ပန်းကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့တယ်။ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်နဲ့ ယူအက်စ်မှာ ရှားရှားပါးပါးအချိန်တွေမှာ တွေ့ရနိုင်တယ်။ youtan poloa ပန်းရဲ့ ရှင်သန်မှုနောက်ကွယ်က လှို့ဝှက်ချက်တွေကို ရှာဖွေစမ်းသပ်မှုတွေအများကြီးပဲ ပြုလုပ်နေကြဆဲပါ။

Yellow and Purple Lady Slippers
အဝါနဲ့ ခရမ်းလေဒီပန်းလေးက သစ်ခွမျိုးစိတ်ထဲက တစ်ခုပါ လန်ဒန်နဲ့ ဥရောပတခြားနေရာတွေမှာ အဓိကပေါက်ရောက်ကြတယ်။ အဝါနဲ့ ခရမ်းရောပေါင်းစပ်ပွင့်တဲ့ ဒီသစ်ခွလေးက သိပ်ကိုရှားပါးလှပါတယ်။ အဝါရောင်လေဒီစလစ်ပါကိုတော့ ပန်းရဲ့အဓိကနေရာ ၄ ပုံ ၃ပုံလောက်တွေ့ရပြီး ကျန်တဲ့နေရာတွေမှာ ခရမ်းရောင်လေးတွေပြေးနေတယ်။ ဈေးကွက်ထဲမှာ သိပ်ကို တန်ဖိုးကြီးလှတဲ့ ပန်းပါ။ တန်ဖိုးကြီးလှတာကြောင့် လန်ဒန်မှာတော့ ဥပဒေနဲ့တောင် ဥပဒေနဲ့ ကာကွယ်ထားပါတယ်။

Corpse Flower
ဘုရား ရေ လန့် စရာပဲ။ .ဘယ်လိုများ အဓိပ္ပါယ် ပြန်ရမလဲ မသိ။ corpse ဆိုတော့။ နာမည်နဲ့တင် အတော်ထူးခြားနေပြီ။ ရှားပါးစာရင်းဝင်တော့ ဟုတ်ပါရဲ့။ သူ့ ကို သိပ္ပံ ဆရာကြီးတွေက Rafflesia arnoldii လို့  ခေါ်ကြတယ် တဲ့။ မိုးများတဲ့ သစ်တောတွေထဲက  အောက်ခြေမြေသား အနိမ့်ပိုင်းမှာ လဲလျောင်းနေသတဲ့။ (ပုံထဲမှာတော့ မတ်မတ်ကြီး) သူ့ဇာတိက အင်ဒိုနီးရှား ကျွန်းတွေပေါ့။ ကျွန်းကလေးတွေပေါ်မှာ အမျိုးမျိုး ကွဲပြားစွာ ပြန့်ကြဲစွာ တည်ရှိနေတတ်တယ်။ သူဟာ တခြားသော မျိုးနွယ်စုတို့နဲ့အတူ အသက်ရှင် ရပ်တည်  နေထိုင်ဖို့  လျို့ ဝှက် ကြံစည်လေ့ ရှိတယ် တဲ့။ ကာလရှည်ကြာ ရှင်သန်နေထိုင်ခဲ့တဲ့ Tetrastigma Vine မျိုးနွယ်စု နွယ်ပင်တွေကို သူက တွန်းထိုးဖယ်ရှားပြစ်နေသတဲ့လေ။

Middlemist Red
Middlemist camellia လို့  သိပ္ပံဆရာတွေ ခေါ်တဲ့ နှင်းဆီ နီ တမျိုးပါ။ဇာတိက တရုတ်နိုင်ငံ ပေါ့။ ဟိုရှေးတုံးကတော့ တရုတ်နိုင်ငံ ပြည်နယ်တော်တော်များများမှာ ရှားရှားပါးပါး  တွေ့ ရနိုင်ပေမယ့် စက်မှု ထွန်းကားတဲ့ကမ္ဘာလောကကြီးမှာ တခါတရံ စိုက်ပျိုးရေးဘက်မှာ ကျဆေင်းသွားတတ်တယ်လေ။ ခုအခါ အရေအတွက် တော်တော်လေးနည်းပါးနေပါတယ်။ ပြောရရင်တော့ ကမ္ဘာကြီးအတွက် နှင်းဆီနမူနာ ၂မျိုးပဲ ထားရစ်ခဲ့နိုင်သတဲ့။ အောက်မှာ ဖေါ်ပြထားတဲ့ပုံက တကယ့်ကို ရှားပါး နှင်းဆီ ကမီလီယာ ရဲ့ ပုံဖြစ်ပါတယ်။ 

Florist
Source: The Top 10 rarest beautiful flower in the world 
(Living Fashion Magazine, July, 2016)

No comments: