Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 05, 2017

Love conquers fear ❤ Love conquers hate

သီချင်းတွေနားထောင်ရတာကြိုက်လို့ လိုက်ရှာနားထောင်ဖြစ်ရင်း၊
One Love Manchester ဂီတပွဲက သီချင်းတွေနားထောင်ရင်း သူတို့နဲ့အတူ မျက်ရည်ကျရပြန်ရော
သီချင်းတွေအမှတ်တရ ဒီမှာသိမ်းထားဦးမယ်။
London bridge attack အကြောင်း မေမေ့ကို ပြောပြတော့ မေမေကပြောတယ်။ အမုန်းကို အမုန်းနဲ့ချေဖျက်လို့မရဘူးတဲ့။ ဒီပွဲမှာ သူတို့ပြောသွားသလိုမျိုးပဲပေါ့။


ဒီနေ့ သတင်းနားထောင်ရင်းနဲ့ Ariana Grande ရဲ့ One Love Manchester music concert မှာ ပြောသွားတဲ့စကားတချို့တစ်ဝက်၊ သီချင်းတစ်ပိုင်းတစ်စလေးတွေနားထောင်လိုက်ရတော့ အဲဒီပွဲမှာ ဘယ်သူတွေသီဆို၊ ဘာတွေပြောသွားလဲကြည့်ချင်တာနဲ့ Youtube မှာ သီချင်းတွေရှာနားထောင်ကြည့်မိတယ်။ သတင်းမှာပြောသွားတဲ့ သတင်းကြေညာသူရဲ့ "ဂီတရဲ့ စွမ်းအား" ဆိုတဲ့စကားလုံးလေးကိုလည်းနားထဲစွဲသွားရော။ ဇွန်လ ၄ ရက်နေ့ မန်ချက်စတာ Old Trafford Cricket ကွင်းမှာ ပြုလုပ်ခဲ့တာပါ။
ဂုဏ်ယူဝင့်ကြွားနေတဲ့ ဂီတပရိတ်သတ် ၅၀၀၀၀ ခန့်ရောက်လာခဲ့ကြတယ်။ "ဒီနေ့ဒီနေရာကိုရောက်လာခဲ့တဲ့အတွက် နှလုံးသားထဲကနေ ကျေးဇူးတင်ချင်မိတယ်" လို့ Grande ကပြောပါတယ်။ "အတူတကွရောက်လာကြတာ၊ သိပ်ပြီးကြင်နာကြတာ၊ ကြံ့ကြံ့ခံ စည်းလုံးကြတာတွေအတွက် သိပ်ပြီးကျေးဇူးတင်မိရတယ်။ ရှင်တို့ကိုသိပ်ချစ်မိပါတယ်။ ရှင်တို့ပြသနေတဲ့ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးမှုဟာ အခု ကမ္ဘာကြီးမှာ သိပ်လိုအပ်နေတဲ့ ဆေးအမျိုးအစားလို့ ထင်ပါတယ်" လို့လည်း သီချင်းတွေဆိုရင်းပြောသွားခဲ့တယ်။ One Love Manchester ရံပုံငွေဂီတပွဲဟာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Grande ရဲ့ ဂီတပွဲအတွင်း အသေခံဗုံးခွဲမှုကြောင့် အသက်ဆုံးပါးခဲ့သူ ၂၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်နဲ့ မိသားစုတွေကို အထောက်အပံ့ပေးဖို့ စီစဉ်ခဲ့တာပါ။ ဂီတပွဲအစမှာ ဆုံးပါးခဲ့သူတွေနဲ့ ဒဏ်ရာရသူတွေအတွက် တစ်မိနစ် ငြိမ်သက်ဆုတောင်းပြီးဖွင့်လှစ်ခဲ့ကြတယ်။ Jusitn Biber, Katy Perry, Miley Cyrus, Coldplay, Pharrel Williams, Usher နဲ့ Black Eyed Peas တို့အားလုံး ပရိတ်သတ်နဲ့အတူသီဆိုကြတယ်။ Grande နဲ့ Miley Cyrus တို့က Crowded House ရဲ့ Don't dream it's over သီချင်း duet ဆိုကြတယ်။ 
"Hey now, hey now
Don't dream it's over
Hey now, hey now
When the world comes in
They come, they come
To build a wall between us
We know they won't win" ဆိုတဲ့စာသားတွေက အားတက်စရာ ဝမ်းနည်းစရာ တစ်လှည့်စီခံစားရစေတာပေါ့။

Perry က  "love" ကိုပဲ ရွေးချယ်ဖို့ ပရိတ်သတ်ကို ပြောပါတယ်။ love ကိုပဲ အမြဲရွေးချယ်ဖို့က မလွယ်ကူလှဘူး၊ ဟုတ်တယ်မဟုတ်လား လို့ ပရိတ်သတ်ကိုမေးလိုက်တယ်။ "အထူးသဖြင့် ဒီလိုအဖြစ်အပျက်တွေထဲမှာပေါ့။ ဟုတ်တယ်နော်။ ဒီလိုလုပ်ဖို့ အခက်ဆုံးအရာဖြစ်နိုင်တယ်။ ဒါပေမဲ့ love က ကြောက်ရွံ့မှုတွေကို အောင်နိုင်တယ်။ love က အမုန်းကို အောင်နိုင်တယ် လို့ ပြောခဲ့တယ်။ "ခက်ခဲနေရင်တောင်မှ love ကိုပဲရွေးလိုက်ဖို့ ကျမတိုက်တွန်းချင်ပါတယ်။ ရှင်တို့ဆီကနေ အဲဒီအရာကိုယူသွားဖို့ ဘယ်သူ့ကိုမှခွင့်မပြုပါနဲ့" တဲ့

Biber ကတော့ "ခင်ဗျားတို့က သိပ်ပြီးရဲရင့်တာပဲ။ love က အမြဲပဲအနိုင်ရတယ်ဆိုတာ ခင်ဗျားတို့ သဘောတူလား" လို့မေးပါတယ်။ Don't Look Back in Anger ဆိုတဲ့ သီချင်းကို Coldplay က သီဆိုခဲ့တယ်။ အဲဒီသီချင်းကို Manchester Band Oasis ၁၉၉၅ ခုနှစ်က ရေးခဲ့တာပါ။ အဲဒီသီချင်းဟာ အခုတော့ ထိခိုက်ဒဏ်ရာရမှုတွေရင်ဆိုင်နေရတဲ့ မြို့လေးအတွက် အမှတ်လက္ခဏာလို ဖြစ်နေတာပေါ့။ အဲဒီနေ့က ဂီတပွဲမှာ Oasis ရဲ့ အဖွဲ့ခေါင်းဆောင် Liam Gallagher က  မထင်မှတ်ဘဲရောက်လာခဲ့တယ်။ Coldplay နဲ့ Live Forever သီချင်းအတူတူသီဆိုကြပါတယ်။
Miley Cyrus နဲ့ Pharrel Williams တို့က Happy သီချင်း/
Ariana Grande နဲ့ Black Eyed Peas တို့က Where is the Love/
Coldplay က Fix you/ 
Justin Biber က Cold Water သီချင်းတွေသီဆိုခဲ့ကြတယ်။
One Love Manchester ဂီတပွဲရဲ့ အပိတ်သီချင်းကတော့ ၁၉၃၉ ခုနှစ်က ရုပ်ရှင် The Wizard of Oz ထဲက သီချင်း Somewhere Over the Rainbow ပါ။

No comments: