အမေရိကန် သရုပ်ဆောင်၊ အဆိုတော် ဂျနီဖာ(လင်း)လိုပက်ဇ် ဟာ လက်တင် အမေရိကန်နွယ်ဖွားတွေထဲမှာ ၀င်ငွေအကောင်းဆုံးရှာဖွေနိုင်တဲ့သူပါ။ ငယ်စဉ်ကတည်းက ဂီတနဲ့ အက အမြဲတမ်းရင်းနှီးကျွမ်းဝင်နေတဲ့ မိသားစုမှာကြီးပြင်းခဲ့ပါတယ်။ ကလေးအရွယ်ကတည်းက အကသင်တန်းကျောင်းတက်ခဲ့တယ်။ ဂျေလိုရဲ့အနုပညာဝါသနာကို In Living Color ဆိုတဲ့ တီဗီအစီအစဉ်လေးမှာ ဂျဲနက်ဂျက်ဆင်အတွက် နောက်ခံအကပညာရှင်လေးအဖြစ် ပါဝင်ရင်း စတင်ခဲ့တာပါ။ အကပညာရှင်၊ အဆို၊ သရုပ်ဆောင် စတဲ့ အနုပညာအလုပ်တွေလုပ်ရင်းနဲ့ နောက်ပိုင်းမှာ ဖက်ရှင်၊ ရေမွှေး စီးပွားရေးလုပ်ငန်းတွေကိုပါ လုပ်ကိုင်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မာခ့်အန်တိုနီလက်ထပ်ခဲ့ပြီး လက်ရှိအချိန်တွေမှာတော့ အမွှာကလေးမက်စ်နဲ့ အေမီတို့ နှစ်ယောက်နဲ့ပဲ သူမရဲ့ဘ၀ကို ဖြတ်သန်းနေပါတယ်။ ဂျေလိုရဲ့ လန်းဆန်းတဲ့ဘ၀သစ်ကို The Hamptons ပင်လယ်ကမ်းစပ်နားက သူမရဲ့ ပြည့်စုံလှပတဲ့ အိမ်ကြီးမှာ နေထိုင်ရင်း အချိန်တွေကို ကုန်ဆုံးစေမယ်လို့ဆိုတယ်။ ဒီအိမ်မှာတော့ ပရိဘောဂတွေနေရာချ အလှမဆင်ရသေးပါဘူး။