Myanmar Knowledge Society (MKS) မှ ထုတ်ဝေတဲ့ အကူးအပြောင်းကာလတရားမျှတမှု (Transitional Justice) မှာ ကျမ ရေးဖြစ်ခဲ့တဲ့ Hungary အပိုင်းပါ။ အရှေ့ဥရောပနိုင်ငံတွေရဲ့အကူးအပြောင်းကာလတရားမျှတမှုကို လေ့လာသုံးသပ်ထားတဲ့စာအုပ်ပါ။ စိတ်ဝင်စားဖို့ကောင်းတာမို့ တခြားအရှေ့ဥရောပနိုင်ငံတွေအကြောင်းပါ ဖတ်ချင်ရင် စာအုပ်ဝယ်ဖတ်ကြည့်ပါနော်။
အကောင်းဆုံးလက်တုံ့ပြန်ခြင်းလို့ ဟန်ဂေရီမှာ ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်နေကြတာက “ဒီမိုကရေစီစနစ်သစ်”ပါ။ အဲဒီအသစ်ဟာ ကွန်မြူနစ်ကြီးစိုးခဲ့တဲ့ဆယ်စုနှစ်တွေကို လက်လွှဲယူနိုင်ခဲ့တယ်။ ရိုးဖြောင့်မှုမရှိ၊ လောဘကြီးတဲ့စနစ်တစ်ခုရဲ့ လက်ထဲမှာ ဟန်ဂေရီပြည်သူပြည်သားတွေ အတွေ့အကြုံများများစားစားရခဲ့ကြပါပြီ။ ဒီမိုကရေစီစနစ်သစ်ဟာ ကောင်းမွန်စွာရှင်သန်နေထိုင်နိုင်မယ်၊ ပိုပြီးစီးပွားဖြစ်ထွန်းအောင်မြင်မယ်လို့ ယုံကြည်လာခဲ့ကြပါတယ်။ နိုင်ငံရေးတရားမျှတမှုမရှိအတွက် ဖြစ်ပေါ်လာတဲ့စီးပွားရေးမသမာမှုတွေဟာ ကွန်မြူနစ်စနစ်ကိုဖြုတ်ချလိုလာကြတယ်။ အဲဒါဟာ တရားမျှတမှုအကူးအပြောင်းကာလဆီသွားချင်ခဲ့ကြတဲ့ ဟန်ဂေရီသားတွေရဲ့အဖြေပါပဲ။ အဲဒီလိမ်ယှက်နေတဲ့ဖြစ်စဉ်နှစ်ခုဟာ မဟာမိတ်အရှေ့ဥရောပနိုင်ငံတွေရဲ့ ကွန်မြူနစ်ကာလအလွန်တလျှောက်လုံး ပေါ်လွင်ထင်ရှားလှတယ်။ ဟန်ဂေရီအိမ်နီးချင်းနိုင်ငံတွေမှာ သူတို့ရဲ့အာဏာရှင်စနစ်အတွေ့အကြုံတွေနဲ့ သူတို့ရဲ့ လက်ရှိအခြေအနေတွေကို ပြန်ပြီးစစ်ဆေးနေရစဉ်မှာ ဟန်ဂေရီမှာ ကွန်မြူနစ်အရာရှိတွေနဲ့ လှို့ဝှက်အေးဂျင့်တွေရဲ့ စစ်ဆေးအပြစ်ပေးမှုတွေတရားရုံးဆီ သယ်ဆောင်ခဲ့ကြတယ်။ လှို့ဝှက်အမှုတွဲတွေပေါ်ပေါက်လာတယ်။ ဟန်ဂေရီသားတွေလက်ခံယုံကြည်လိုက်တဲ့ ရပ်တည်ချက်က “အတိတ်နဲ့လက်တွဲဆက်ဆံဖို့အကောင်းဆုံးနည်းလမ်းက အခုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ဖို့ပါ” တဲ့။ အတိအကျ ဘာကို “အကောင်းဆုံးလုပ်ဆောင်”မှာလဲဆိုတဲ့အဓိပ္ပါယ်ကတော့ မသိနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ သာမန်နိုင်ငံသားတွေဟာ ယေဘူယျအားဖြင့် စိတ်မဝင်စားကြလို့ပါ။ လူတွေရဲ့စောင့်ကြည့်မှု နဲ့ ဆန္ဒမဲမျက်နှာတွေကြောင့် နိုင်ငံရေးအလွှာမှာတော့ လုပ်ဆောင်မှုကို အကောင်းဆုံးဖြစ်အောင် နေ့စဉ်သတိထားကိုင်တွယ်နေကြပါတယ်။ ဟန်ဂေရီသားအားလုံးကတော့ သူတို့ရဲ့ ထူးထူးခြားခြား သိမ်မွေ့ညင်သာကွန်မြူနစ်အုပ်ချုပ်ရေးစနစ်ကို ဂုဏ်ယူနေခဲ့ကြတာပါ။ အတိတ်နဲ့ပတ်သက်ပြီး အဲဒီလိုစိတ်မဝင်စားမှုရဲ့ ယေဘူယျအခြေအနေမှာ မေးသင့်တဲ့မေးခွန်းက “ဘာကြောင့် ဟန်ဂေရီဟာ လက်တလော ဖြစ်ခဲ့တဲ့အခြေအနေကို စွဲစွဲမြဲမြဲမရပ်တည်သလဲ”ဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ ဒါပေမဲ့ “ဘာကြောင့် စစ်ဆေးတဲ့ကိစ္စတွေ၊ ဖိုင်တွဲ နဲ့ တရားရုံးမှာတရားစွဲတဲ့ကိစ္စတွေနောက် လိုက်နေကြသလဲ” ဆိုတဲ့မေးခွန်းကိုပဲ အရှိန်မြှင့်ပေးသင့်ပါတယ်။ တခြားဥရောပ ကွန်မြူနစ်ခေတ်အလွန်တိုင်းပြည်တွေမှာ ကွန်မြူနစ်အရာရှိဟောင်းတွေနဲ့ လှို့ဝှက်အေးဂျင့်တွေကို “တရားစွဲဆိုပြီး အပြစ်ပေး” နိုင်ဖို့ လိုလားနေတဲ့အချိန် စပိန်တွေစံထားတဲ့ စကားလုံး “ခွင့်လွှတ်ခြင်း နဲ့ မေ့ပစ်ခြင်း” ဆိုတဲ့စကားလုံးလက်ခံယုံကြည်ထားမှုကို ဘာကြောင့် အချိန်တိုတိုနဲ့ရပ်တန့်လိုက်ကြလဲ။ အဖြေကတော့ ဟန်ဂေရီရဲ့ ကွန်မြူနစ်ခေတ်စနစ်ရဲ့သဘာဝပေါ်မှာတစ်စိတ်တစ်ပိုင်း၊ အကူးအပြောင်းကာလ နဲ့ ကွန်မြူနစ်ဝါဒကနေထွက်ခွာတဲ့ပုံစံမှာ တစ်စိတ်တစ်ဒေသ၊ ပြီးတော့ အာဏာအတွက် ကွန်မြူနစ်ခေတ်လွန်ရုန်းကန်မှုတွေ ဆက်လက်ဖြစ်ပွားနေတာတွေပေါ်မှာ မူတည်နေပါတယ်။
သိမ်မွေ့တဲ့ “ဂူးလာ့ရှ်” ရိုးရာတရားမျှတမှုလို့ ကျွန်တော်တို့ခေါ်ဆိုကြတဲ့အတိုင်း ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေဟာ ဂူးလာ့ရှ်ကွန်မြူနစ်စနစ်ပုံစံမျိုးဖြစ်ခဲ့တာပါ။ ဟန်ဂေရီရိုးရာ အသားနဲ့အသီးအရွက်ပြုတ် အရောအနှော၊ ပူစပ်တဲ့အရသာလည်းပါရှိနေတဲ့ဂူးလာ့ရှ်ဟင်းလျာလို ကွန်မြူနစ်စနစ်ပါပဲ။ ဟန်ဂေရီဟာ အရှေ့ဥရောပ ကွန်မြူနစ်တိုင်းပြည်တွေထဲမှာ တိုးတက်မှုအရှိဆုံးတိုင်းပြည်ထဲကတစ်ခုပါ။ ၁၉၈၅ မှာ ကိုယ်စားလှယ်လောင်းတွေအများအပြားပါဝင်ခွင့်ပြုတယ်။ ဆိုရှယ်လစ်အလုပ်သမားများပါတီထက် နိုင်ငံရေးပါတီတွေနဲ့လက်တွဲတယ်။ ၁၉၈၀ခုနှစ်နောက်ပိုင်းမှာ အတိုက်အခံအဖွဲ့အစည်းတွေပါ ပါဝင်တဲ့အစုအဖွဲ့တွေလက်ခံခွင့်ပြုခဲ့ပါတယ်။ ရိုမေနီးယား၊ ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား ဒါမှမဟုတ် အရှေ့ဂျာမနီ တို့လိုအိမ်နီးချင်းတွေနဲ့ ကွဲပြားပါတယ်။ ဟန်ဂေရီရဲ့ ဆိုရှယ်လစ်စနစ်ကိုသွားတဲ့လမ်းဟာ နိုင်ငံလူအဖွဲ့အစည်းနဲ့ သာသာယာယာပဲ ကျော်ဖြတ်ပါတယ်။ အမှန်တော့ အရှေ့ဥရောပအနှံ့အပြား ကွန်မြူနစ်စနစ်စတင်ခဲ့သလိုနည်းလမ်းအတိုင်းစခဲ့တာပါပဲ။ အာဏာရှင်ဆန်ဆန်ဖမ်းဆီးမှုတွေအများကြီးပဲရှိခဲ့တယ်။
ဘယ်လိုပြစ်ဒဏ်ကျမလဲကြိုသိထားကြပြီးသားအမှုစစ်ဆေးမှုတွေ၊ အကျဉ်းသားနဲ့ အလုပ်သမားစခန်းတွေ၊ NKVD အေးဂျင့်(NKVD – Law enforcement party of the Soviet Union)တွေက ကြိုးကိုင်ဇတ်တိုက်ထားတဲ့ ကြမ်းတမ်းရက်စက်လှို့ဝှက်နိုင်ငံရေးရဲအဖွဲ့နဲ့ ဆိုဗီယက်လွတ်မြောက်ရေးတပ်သားတွေ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၅၆ ဟန်ဂေရီတော်လှန်ရေး ပေါ်ထွက်လာတော့ ကွန်မြူနစ်ပါတီရဲ့ခြိမ်းခြောက်မှုနည်းလမ်းတွေကို လူထုရဲ့သည်းမခံနိုင်ကြတော့တာ သိသာလာတယ်။ နိုင်ငံသားတွေရဲ့ဆန္ဒတွေဟာ လမ်းမပေါ်ကို ရောက်လာကြတယ်။ ကွန်မြူနစ်ခေတ်က ပေးအပ်တဲ့ နိုင်ငံရေး/ စီးပွားရေးအကျိုးကျေးဇူးလေး အနည်းအကျဉ်းကို ပွင့်ပွင့်လင်းလင်းစိန်ခေါ်အံတုလာကြပါတယ်။ အဲဒါကြောင့် ပြည်သူလူထုကို ဆန့်ကျင်တဲ့အလုပ်လုပ်ကိုင်မယ့်အစား၊ ဟန်ဂေရီကွန်မြူနစ်ခေါင်းဆောင်ပိုင်းဟာ အဲဒီလူထုနဲ့ပဲ အလုပ်လုပ်ဖို့ တွန်းအားပေးလာခဲ့တယ်။ ကွန်မြူနစ်စနစ်ကို ဒေသခံတွေ လွတ်လွတ်လပ်လပ်ပါဝင်လာနိုင်မယ့်စနစ်ပုံစံ အသွင်းပြောင်းလိုက်တယ်။ ဒါပေမဲ့ တော်လှန်ရေးကိုတော့ ချေမှုန်းလိုက်ပါတယ်။ အဲဒါဟာ ဟန်ဂေရီသားဆိုရှယ်လစ်အလုပ်သမားများပါတီရဲ့ အထွေထွေဥက္ကဌ ဂျာနောစ့်ကာဒါဟာ (János Kádár) ကို ပျော့ပြောင်းတဲ့ Kadarist အာဏာရှင်စနစ်ဖန်တီးဖို့ ကူညီပေးခဲ့သလိုပါ။ ၁၉၈၉ မှာဆိုတော့ ကွန်မြူနစ်စနစ်ရဲ့ အလွဲသုံးစားလုပ်မှုတွေဟာ လူတွေရဲ့အာရုံထဲကနေ ခပ်ဝေးဝေးမှာကျန်ရစ်ခဲ့ကြပြီ။ ပြန်လည်ဖွဲ့စည်းထားတဲ့ ကွန်မြူနစ်ခေါင်းဆောင်မှုကနေ အနည်းအကျဉ်းလောက်ပဲ ငဲ့စောင်းကြည့်ပြီးကျေအေးစေဖို့ လုပ်ကြတာတွေရှိတယ်။ လူထုနဲ့ ကောင်းကောင်းမွန်မွန်လက်တွဲတာတွေရှိခဲ့ပါတယ်။
အာဏာရှင်စနစ်ကနေ အကြမ်းမဖက်ဘဲထွက်ခွာမှုဟာ တိုင်းပြည်အတွက်တော့ ညင်ညင်သာသာရှိခဲ့တယ်။ ကွန်မြူနစ်စနစ်ကနေ ရုန်းထွက်မှုအခြေအနေတိုးတက်လာခဲ့ပါတယ်။ စင်စစ်တော့ ရိုမေးနီးယားနဲ့ အရှေ့ဂျာမနီရဲ့ အုပ်ချုပ်မှုစနစ်တွေဟာ မြန်မြန်ဆန်ဆန်ပြိုလဲခဲ့တယ်။ ကွန်မြူနစ်အမာခံခေါင်းဆောင်တွေနဲ့ စနစ်တကျဖွဲ့စည်းမထားတဲ့အတိုက်အခံကိုယ်စားတွေကြားမှာ စကားလက်ဆုံပြောဆိုဆွေးနွေးခဲ့တာမရှိခဲ့ကြပါဘူး။ ဟန်ဂေရီမှာတော့ ညီလာခံတွေရှိခဲ့တယ်။ အတူတကွတွေ့ဆုံဆွေးနွေးမှုတွေကို လပေါင်းများစွာကြာအောင်ပြုလုပ်ခဲ့ကြပါတယ်။ ပြောရရင် ချက်ကိုစလိုဗက် နဲ့ ပိုလန်ကိစ္စတွေထက်တောင် အချိန်ယူပြီးစေ့စပ်ဆွေးနွေးခဲ့ကြတာပါ။ ၁၉၈၉ ဇွန်လ ၁၃ ရက်နေ့မှာ အာဏာရပါတီဟာ အတိုက်အခံနိုင်ငံရေးအဖွဲ့ နဲ့ “တတိယအဖွဲ့အစည်း” ကွန်မြူနစ်အာဏာပိုင်တွေ လက်တွဲပါဝင်ကြတဲ့ (အများအားဖြင့်ကုန်သွယ်ရေးအဖွဲ့အစည်း)တွေကို ဖိတ်ခေါ်ပြီး နိုင်ငံရေးအာဏာဆီ ငြိမ်းချမ်းတဲ့အကူးအပြောင်းပုံစံဖြစ်အောင် နည်းလမ်းတကျစေ့စပ်ဆွေးနွေးခဲ့ကြတယ်။ အဆင့်သုံးဆင့်လုံးတစ်ပါတည်းပါဝင်တဲ့ မျက်နှာစုံညီစည်းဝေးပွဲတွေကို မီဒီယာကနေ ပြသခဲ့ပါတယ်။ အဲဒီအဖွဲ့သုံးဖွဲ့က နိုင်ငံရေးစေ့စပ်ဆွေးဆွေမှုတွေနဲ့ ကျွမ်းကျင်သူတွေ တံခါးပိတ်ဆွေးနွေးငြင်းခုံမှုတွေကိုလည်း အသေးစိတ်ပြုလုပ်ခဲ့ကြတယ်။ ဆုံးဖြတ်ချက်တွေကို ကိုယ်စားလှယ် အများသဘောတူညီချက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ ကွန်မြူနစ်လွှမ်းမိုးတဲ့ပါလီမန်ရဲ့အထောက်အပံ့နဲ့ အချိန်ယူဆွေးနွေးခဲ့ကြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်ဥပဒေရဲ့ နောက်ဆုံးရလာဒ်အဖြစ် အောက်တိုဘာ၁၈ရက်နေ့မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြတယ်။ အဲဒီပါလီမန်အဖွဲ့ဝင်တွေဟာ ၁၉၈၅ ကိုယ်စားလှယ်လောင်းတွေအများအပြားပါဝင်တဲ့ ရွေးကောက်ပွဲကနေ ရွေးချယ်ထားခဲ့သူတွေပါ။ ဥပဒေပြုလွှတ်တော်ဟာ အားလုံးနီးပါကိုယ်စားပြုနိုင်ခြင်းမရှိပေမယ့် စေ့စပ်ဆွေးနွေးမှုတွေဟာ ပြည်သူတွေပါဝင်မှုကိုပါ လေးလေးနက်နက်အားပေးခဲ့ကြပါတယ်။ ပါတီတွေအားလုံးညှိယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်တဲ့နည်းလမ်းဟန်ပန်ဖြစ်အောင် ဆွေးနွေးခဲ့ကြတာပါ။
ဟန်ဂေရီရဲ့ နိုင်ငံရေးအာဏာဆီ စေ့စပ်ဆွေးနွေး/ ပြောင်းလဲမှုမှာ ကွန်မြူနစ်ပါတီပြစ်မှုတွေကို ကျူးလွန်သူတွေ ကျန်ရှိနေသေးတယ်။ ဒီမိုကရက်တစ်အကူးအပြောင်းဆီသွားနေတဲ့လမ်းမှာ အစိတ်အပိုင်းတော်တော်များများ သူတို့ပါဝင်နေခဲ့ပါတယ်။ သူတို့ကို ကွန်မြူနစ်လောကထဲက ဖယ်ရှားဖြစ်ဖို့ တာဝန်ရှိနေဆဲပါ။ ပိုလန်မှာဆိုရင်လည်း ကွန်မြူနစ်ပါတီသစ္စာခံ နိုင်ငံရေးလှုပ်ရှားပြောင်းလဲသူတွေဟာ စေ့စပ်ဆွေးနွေးတဲ့ စည်းမျဉ်းဥပဒေတွေဆီချဉ်းကပ်ပြီး အဓိကအချက်ကတော့ ငြိမ်းချမ်းစွာကူးပြောင်းဖို့ပါ။ အဆုံးမှာတော့ အောင်မြင်တဲ့အကူးအပြောင်းဖြစ်သွားခဲ့ပါတယ်။ ၁၉၉၀ခုနှစ်အစပိုင်း ဟန်ဂေရီမှာ စတင်ခဲ့တဲ့ အားပျော့ပျော့စစ်ဆေးအပြစ်ပေးမှုတွေဟာ ကွန်မြူနစ်ဟောင်းတွေရဲ့ ဥပဒေပြုလုပ်ငန်းတွေမှာ လွှမ်းမိုးမှုရှိခဲ့တယ်။ ကွန်မြူနစ်ခေတ်လုပ်ငန်းစဉ်နဲ့ တရားရေးစနစ်တွေရဲ့ အတိုက်အခံအပေါ်နားလည်အသိအမှတ်ပြုမှုမှာတော့ ဂယက်ရိုက်ခတ်ခဲ့တယ်။ ကွန်မြူနစ်ခေတ်နဲ့ ကွန်မြူနစ်ခေတ်အလွန် ဟန်ဂေရီအနေအထားမှာ အတိုက်အခံအပေါ်အသိအမှတ်ပြုတာတွေ အလျဉ်မပြတ်ရှိနေခဲ့ပြီး ဖွဲ့စည်းပုံဥပဒေနဲ့အညီကျင့်သုံးတဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်တွေဟာ စစ်ဆေးမှုအခွင့်အလမ်းတွေကို လက်ခံပေးနေတယ်။ ပြီးတော့ ချက်ကိုစလိုဗက်ကီးယားမှာလိုပဲ ပြင်းပြင်းထန်ထန်စစ်ဆေးမှုတွေကို ကာကွယ်ထားခဲ့ကြတယ်။
နောက်ဆုံး ဒါပေမဲ့ အနည်းဆုံးတော့မဟုတ်ပါဘူး။ ဟန်ဂေရီရဲ့ သိမ်မွေ့တဲ့အကူးအပြောင်းတရားစီရင်မှုဟာ ကွန်မြူနစ်ခေတ်အလွန် အာဏာအတွက်လှုပ်ရှားရုန်းကန်မှုအကျိုးဆက်အတိုင်းပါပဲ။ ဆွေးနွေးစရာအချက် ၃ ချက်ကို ဒီနေရာမှာ ပြောပြတာပိုကောင်းမှာပါ။ ပထမတစ်ချက် တခြားအရှေ့ဥရောပတိုင်းပြည်တွေမှာ ကွန်မြူနစ်ခေတ်က မတရားခံခဲ့ရတဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်၊ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်သူတွေ၊ မတရားပြည်သူပိုင်သိမ်းခံခဲ့ရတဲ့ အိုးအိမ်ပစ္စည်းဥစ္စာပိုင်ဆိုင်သူတွေရဲ့ ပြန်လည်ဒဏ်ခတ်ပေးဖို့တောင်းဆိုသံတွေညံစီလာခဲ့တယ်။ အဲဒီအချိန် ကွန်မြူနစ်ခေတ်အလွန် ဟန်ဂေရီမှာ ထူးခြားကွဲပြားတာက ကွန်မြူနစ်ဟောင်းတွေနဲ့ အမာခံကွန်မြူနစ်သဘောကွဲလွဲသူတွေဟာ ပူးပေါင်းမှုတွေရှိခဲ့တယ်။ ၁၉၉၄ မှာ ဆိုရှယ်လစ်တွေဟာ လွတ်လပ်တဲ့ဒီမိုကရက် ညွန့်ပေါင်း (Szabad Demokratak Szovetsege)အဖွဲ့ငယ်ရဲ့ ထောက်ပံ့မှုနဲ့ အနိုင်ရတာရှိတယ်။ အဲဒီဆိုရှယ်လစ်တွေဟာလည်း ကွန်ဆာဗေးတစ် ရှေးရိုးစွဲလက်ယာဝါဒီတွေကိုထောက်ပံ့ဖို့ထက် သူတို့ရဲ့ခေတ်ဟောင်းကအလွဲသုံးစားပြုသူကြီးတွေဖြစ်တဲ့ ကွန်မြူနစ်တွေနဲ့ ပူးပေါင်းဖို့ပိုပြီးနှစ်သက်ခဲ့တာပါ။ ပြန်လည်ဒဏ်ခတ်/ ပြန်လည်ပြင်ဆင်ပေးဖို့တောင်းဆိုလာတဲ့မတရားခံခဲ့ရသူတွေကို အဟန့်အတားလုပ်တဲ့အုပ်စုအသွင်နဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်လှုပ်ရှားခဲ့ကြတယ်။ ဒုတိယအချက်က တော်လှန်လိုတဲ့အကူးအပြောင်းတရားစီရင်မှုဟာ လစ်ဘရယ်အုပ်စုကိုလည်းလက်မခံပါဘူး။ များပြားလှတဲ့သူလှိုဟောင်းတွေ ကို ဆွဲထုတ်အရေးယူ/ ကွန်မြူနစ်စနစ်ကိုထောက်ခံအားပေးသူတွေကို လက်စားချေတဲ့ လုပ်ရပ်မျိုးကို ရှောင်ရှားချင်ကြတယ်။ တတိယအချက်မှာတော့ ဟန်ဂေရီကအာဏာရပါတီတွေဟာ မူလကရှိပြီးသားစစ်ဆေးအပြစ်ပေးဥပဒေတွေကိုသာ ပြန်ပြီးတည်ဆောက်ဖို့ကြိုးစားခဲ့ကြတာပါ။ သူတို့ရဲ့အာဏာကိုပိုပြီးအားကောင်းစေဖို့ တခြားနိုင်ငံရေးပါတီတွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ကြတယ်။ နိုင်ငံရေးပါတီတွေကြားယှဉ်ပြိုင်မှုတွေ ပိုပြီးအရှိန်မြှင့်လာခဲ့ကြပြီး တစ်ဘက်က စစ်ဆေးနိုင်မယ့်ဥပဒေပြုမှုအခွင့်အလမ်းကိုပဲ အဆိုပြုတယ်။ အဲဒီအခွင့်အလမ်းကပဲ တခြားနိုင်ငံရေးပြိုင်ဘက်တွေထက် ပိုပြီး ကျယ်ပြန့်လာခဲ့ပါတယ်။ Horne နဲ့ Levy မှတ်ချက်ချသလို ဆိုရှယ်လစ်ပါတီတွေဟာ သူတို့ရဲ့နိုင်ငံရေးအာဏာမြင့်လာပြီး လက်ယာ/ လက်ဝဲနိုင်ငံရေးပါတီတွေက ဥပဒေပြုအခွင့်အလမ်းတွေ တိုးမြင့်ဖို့ကြိုးစားခဲ့ကြတယ်။ အနိုင်ရတဲ့အစိုးရအာဏာရှိသူတွေက အကူးအပြောင်းတရားစီရင်မှုကို ဈေးဆစ် အလျော့အတင်းလုပ်ကစားခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ရွေးချယ်မှုဟာ မပြင်းမလျော့/ အကန့်အသတ်တွင်းက ကွန်မြူနစ်စနစ်ကိုဆုတ်ခွာခြင်းမျိုး မူကွဲပုံစံပါပဲ။ အဲဒီမူကွဲပုံစံဟာ သူတို့ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့ရင်လည်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ပြင်ဆင်ထားတဲ့အခင်းအကျင်းတစ်ခုပါ။
ကွန်မြူနစ်ပါတီရဲတပ်ဖွဲ့
၁၉၄၅ နိုဝင်္ဘာမှာ လွတ်လပ်တဲ့လယ်ယာပိုင်သူများပါတီဟာ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေမှာ ၅၇ ရာခိုင်နှုန်းမဲအရေအတွက်နဲ့ အနိုင်ရရှိခဲ့ပြီး မဟာမိတ်အစိုးရတစ်ရဖွဲ့စည်းခဲ့ပါတယ်။ ဟန်ဂေရီကွန်မြူနစ်ပါတီ (Magyar Kommunista Pártja) ဟာ မဲ ၁၇ရာခိုင်နှုန်းလောက်ပဲစုဆောင်းနိုင်ခဲ့ပေမယ့် ဟန်ဂေရီမှာနေရာယူထားတဲ့ ဆိုဗီယက်တပ်သားတွေရဲ့အကူအညီနဲ့ မာ့ထ်ရာစ့်ရာကိုစီဟာ လက်ထောက်ဝန်ကြီးချုပ်ဖြစ်လာတယ်။ တခြားကွန်မြူနစ်တွေလည်း အစိုးရအဖွဲ့ဝန်ကြီးဌာနရာထူးကြီးကြီးတွေပိုင်ဆိုင်ခဲ့ကြတယ်။ စစ်အတွင်းမှာ ရာကိုစီဟာ မော်စကိုအခြေစိုက်ဟန်ဂေရီကွန်မြူနစ်တွေကို ဦးဆောင်ခဲ့ပြီး ၁၉၄၄ စက်တင်ဘာ ဟန်ဂေရီကို ဆိုဗီယက်တပ်ကျူးကျော်ဝင်ရောက်ပြီးတဲ့အခါ မြို့တော်ဘူဒါပက်စ်ကိုပြန်လာခဲ့သူပါ။ မော်စကိုကအရေးပေးတဲ့ ရာကိုစီရဲ့ မော်စကိုအဖွဲ့သားတွေဟာ ဟန်ဂေရီရဲ့ ကွန်မြူနစ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ဖို့ကြိုးစားကြတယ်။ ဒေသခံထဲက ကွန်မြူနစ်နိုင်ငံရေးသမား လာဇလိုရာဂျေးကလည်းပဲ အတူတူပဲ၊ ဆန္ဒပြင်းပြနေခဲ့တာပါပဲ။ ကွန်မြူနစ်တွေကို ပြောင်ပြောင်တင်းတင်းထိန်းချုပ်ကူညီနိုင်ဖို့ ဆိုဗီယက်တပ်နီဟာ Allamvedelmi Osztaly (AVO) ဆိုတဲ့အဖွဲ့ကို ဟန်ဂေရီလှို့ဝှက်ရဲတပ်ဖွဲ့အဖြစ်ဖွဲ့လိုက်ပြီး ကွန်မြူနစ်ဆန့်ကျင်ရေးအတိုက်အခံအဖွဲ့တွေကို နှိမ်နင်း/ သုတ်သင်ဖို့ တာဝန်ပေးအပ်ခဲ့တယ်။ အစပိုင်းမှာ AVO ဟာ ပြည်သူ့ပြည်ထဲရေးကော်မရှင် (NKVD) အေးဂျင့်တစ်ဦးဖြစ်တဲ့ ဂက်ဘ်ဘော်ပီတာက ဦးဆောင်ခဲ့ပါတယ်။ ဂက်ဘ်ဘော်ပီတာဟာ ဆိုရှယ်လစ်အခြေခံ “လယ်ယာပိုင်သူများအဖွဲ့” ထဲက မလိုသူတွေထုတ်ပယ်သန့်စင်ပြီး ပြိုင်ဘက်တွေကို အားနည်းစေခဲ့တာပါ။ လှို့ဝှက်ရဲတပ်ဖွဲ့ဟာ ပြောရဲဆိုရဲရှိတဲ့ကွန်မြူနစ်ဆန့်ကျင်ရေးဝေဖန်သူတွေကိုလည်း ဖမ်းဆီးခဲ့တယ်။ ဖက်ဆစ်အယူဝါဒလွှမ်းမိုးသူတွေလို့ စွပ်စွဲပါတယ်။ စစ်ပွဲအချိန်တွင်း နာဇီဂျာမနီကထောက်ပံ့ကူညီတဲ့ပါတီတွေနဲ့ ပူးပေါင်းခဲ့တယ်။ ၁၉၄၈ ခုနှစ်မှာ လူပေါင်း လေးသောင်းကျော်ကို ဖက်ဆစ် Arrow Cross လှုပ်ရှားမှုနဲ့ ဟန်ဂေရီရဲ့ နာဇီဂျာမနီကိုထောက်ခံအားပေးသူတွေအဖြစ် စွပ်စွဲခဲ့ကြတယ်။ ထုတ်ပယ်သန့်စင်မှုတွေမှာ ကွန်မြူနစ်သစ္စာတော်ခံထောင်ကျော်ခန့်လည်း ပါဝင်ခဲ့ကြတယ်။ အဲဒီသူတွေကို အကျဉ်းချ/ နှိပ်စက်ညှဉ်းပန်း/ သတ်ဖြတ်/ တရားရုံးမှာတရားစွဲဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။
၁၉၄၉ ရွေးကောက်ပွဲတွေမှာ ကွန်မြူနစ်တွေဟာ ဟန်ဂေရီအလုပ်သမားများပါတီ (Magyar Dolgozok Part) ကန့်ကွက်ခံရခြင်းမရှိ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တယ်။ အစိုးရသစ်ဟာ သမ္မတ ရာကိုစီကခန့်အပ်ခဲ့ပြီး အဲဒီရာထူးကို ပိုပြီးခိုင်မာစေအောင် တရားစွဲဆိုမှုတွေဆက်လုပ်တာပါပဲ။ အဲဒီဖြစ်စဉ်မှာ ပြည်ထဲရေးဝန်ကြီး လာဇလိုရာဂျေးလည်းပဲ မိသားစုဝင်အားလုံးအပါအဝင် သေဒဏ်ချမှတ်ခံရခဲ့ရတယ်။ ဒါပေမဲ့ မော်စကိုက ကြိုးကိုင်တဲ့ ဟန်လုပ်တရားစွဲဆိုမှုတစ်ခုအပြီးမှာတော့ အပြစ်တွေကလွတ်သွားကြပါတယ်။ ၁၉၅၀ခုနှစ်တွေတစ်လျှောက်လုံး ပြည်ထဲရေးဝန်ကြီးနဲ့ AVO တို့ဟာ ပါတီတွင်းမှာ သူတို့ရဲ့ရာထူးတွေကို လက်လွှတ်ရတယ် ဒါမှမဟုတ် ပါတီခေါင်းဆောင်ပိုင်းနဲ့ စစ်ထောက်လှမ်းရေးတာဝန်တွေကနေ ရပ်စဲခံခဲ့ကြရတယ်။ ရာဂျေးနေရာဆက်ခံသူ ဂျာနောစ့်ကာဒါဟာလည်း ၁၉၅၁မှာ ရာထူးကနေ ထုတ်ပယ်ခံရတာပါပဲ။ ကာဒါ အဖမ်းခံခဲ့ရတယ်။ နှိပ်စက်ညှဉ်းပမ်းပြီး အထူးအခွင့်အရေးတွေကနေအားလုံးခွာချခဲ့ရတယ်။ ဒါပေမဲ့ ၅နှစ်ကြာပြီးတဲ့အခါ ဟန်ဂေရီတော်လှန်ရေးအပြီးမှာ အဓိကနေရာကပါဝင်လှုပ်ရှားဖို့ ပြန်လည်နေရာယူလာနိုင်ခဲ့တယ်။ ၁၉၅၂ မှာ ကာဒါနေရာဆက်ခံသူ ကံမကောင်းတဲ့ စန်ဒေါဇိုးလ်ဒ်ဟာ ထုတ်ပယ်မှုတွေမလုပ်ခင်လေးပဲ ဇနီး၊ ကလေးတွေနဲ့ ယောယ္ခမ အပါအဝင်သတ်ဖြတ်ခဲ့ပြီး ကိုယ်တိုင်ပါအဆုံးစီရင်သွားခဲ့ပါတယ်။ အဲဒီနောက်တစ်နှစ်မှာပဲ AVO အကြီးအကဲ ဂက်ဘ်ဘော်ပီတာကို အနောက်စစ်ထောက်လှမ်းရေးအေးဂျင့်တစ်ဦးအဖြစ် လူသိရှင်ကြားစွပ်စွဲရှုတ်ချလိုက်တယ်။ သူအဖမ်းခံရပြီးတဲ့အချိန်မှာတော့ ပီတာက ဗြိတိသျှ နဲ့ ဇီယွန်ဝါဒစစ်ထောက်လှမ်းရေးတာဝန်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ဝန်ခံသွားခဲ့ပါတယ်။ ဝန်ခံမှုဟာ တကယ်တော့ သေဒဏ်ကိုရှောင်လွှဲချင်လို့ပါပဲ။ ခြောက်နှစ်ကြာပြီးတဲ့နောက် ဝန်ကြီးချုပ် ဂျာနောစ့်ကာဒါရဲ့ ထောက်ခံမှုနဲ့ ပီတာပြန်လည်လွတ်မြောက်လာပြီးနောက် အစိုးရအဖွဲ့အဆင့်အနည်းငယ်နိမ့်တဲ့နေရာမှာ ရာထူးပြန်ရတယ်။ ပီတာ အငြိမ်းစားတာဝန်ယူသွားတဲ့အထိပါပဲ။ စစ်အေးတိုက်ပွဲအတွင်းမှာ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီကိုဦးဆောင်ခဲ့တဲ့ နီကီတာခရူးစ်ချာ့ဗ်ရဲ့ စတာလင်ထုတ်ပယ်သန့်စင်တွေကိုကန့်ကွက်ရှုတ်ချမှုပေါ်ထွက်လာခဲ့ပြီးနောက် ဟန်ဂေရီအာဏာပိုင်တွေက ရာဂျေးလုပ်ကြံဖန်တီးခံခဲ့ရတဲ့အမှုကို လက်ခံခဲ့ပါတယ်။
ဟန်ဂေရီမှာ ကွန်မြူနစ်အင်အားပြန်လည်ပေါင်းစည်းမှုဟာ အရှေ့ဥရောပတိုင်းပြည်တွေမှထူထောင်တဲ့ပုံစံမျိုးနဲ့ဆင်ဆင်ပါပဲ။ ဆိုဗီယက်ယူနီယံမှာလုပ်ခဲ့ကြတဲ့ စည်းရုံးလှုံ့ဆော်မှုတွေနဲ့ ဆင်တူပါ။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အတင်းအကျပ်ပြည်သူပိုင်သိမ်းမှုတွေရှိခဲ့ပြီး လယ်သမားတွေကို စုပေါင်းလယ်ယာအဖွဲ့တွေမှာ အကျပ်ကိုင်ပါဝင်စေတယ်။ လယ်သမားတွေပိုင်ဆိုင်တဲ့လယ်တွေကို လက်လွှတ်စေပြီး အခမဲ့လုပ်ကိုင်စေတယ်။ အမှန်တကယ်ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်ထက်နိမ့်ကျတဲ့ဈေးနဲ့ အစိုးရကို ဖြန့်ချိရောင်းချစေခဲ့တယ်။ ဘဏ်လုပ်ငန်း/ ကုန်သွယ်ရေး နဲ့ စက်မှုလုပ်ငန်းတွေကို ၁၉၄၉ ခုနှစ်မှာ နိုင်ငံပိုင်ပြုလုပ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းစဉ်အားလုံးကိုလည်း ဗဟိုချုပ်ကိုင်စနစ်နဲ့ စတင်မိတ်ဆက်ကျင့်သုံးလာခဲ့တယ်။ မြေပိုင်ရှင်တွေဟာ လယ်ယာမြေတွေသိမ်းယူခံရပြီး တိုင်းပြည်မှ နှင်ထုတ်ခံရတာတွေရှိခဲ့တယ်။ သူတို့ရဲ့လယ်မြေတွေကို အစိတ်စိတ်အပိုင်းပိုင်း ပိုင်းခြားပြီးဆင်ရဲသားတောင်သူလယ်သမားတွေကိုခွဲဝေပေးခဲ့ကြတယ်။ ရာကိုစီရည်ညွှန်းတာက “စလာမီနည်းဗျူဟာတွေ(salami-slice-tactics)”သုံး နိုင်ငံရေးပါတီတွေပါတဲ့။ အဲဒီခွဲခြမ်းစိတ်ပိုင်းပြီးမှာ အနိုင်ယူတဲ့နည်းဟာ ကွန်မြူနစ်အတိုက်အခံတွေရဲ့အားကို ဖြည်းဖြည်းချင်းလျော့ချ/ ကန့်သတ်နိုင်ခဲ့ပါတယ်တဲ့။ ကွန်မြူနစ်မဟုတ်တဲ့နိုင်ငံရေးသမားတွေကို “ဒီမိုကရက်တစ်ဆန့်ကျင်သူတွေ” လို့ ပြောဆိုတိုက်ခိုက်/ အယုံအကြည်ကင်းမဲ့စေကာ အစိုးရအဖွဲ့အစည်းတွေကနေ ဖယ်ရှား ဒါမှမဟုတ် အကျဉ်းချပြီး အနိုင်ယူနိုင်မယ့်စွဲချက်တွေနဲ့ ရင်ဆိုင်စေခဲ့တယ်။ ဘာသာရေးအုပ်စုတွေဆီကနေ ပိုင်ဆိုင်မှုတွေလုယက်ယူငင်ခဲ့ကြစဉ်မှာပဲ ကုန်သွယ်ရေးအသင်းအဖွဲ့တွေမှာလည်း သူတို့ရဲ့ လွတ်လပ်ခွင့်တွေကုန်ဆုံးခဲ့တယ်။ ပရိုတက်စတင့်ဘုရားကျောင်းတွေဟာ အနှောင့်အယှက်ပေးနှိပ်စက်မှုတွေကနေ ရှောင်ကြည်နိုင်အောင် ကွန်မြူနစ်အရာရှိတွေနဲ့ လိမ္မာပါးနပ်စွာညှိနှိုင်းဆွေးနွေးပါတယ်။ ဒါပေမဲ့ ရိုမန်ကက်သလစ်ဘုရားကျောင်းတွေကတော့ တင်းမာစွာပဲခုခံနေခဲ့ပြီး အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေခံရတယ်။ ဘုရားကျောင်းမှာ စာသင်ကျောင်းဖွင့်ခွင့်/ စာသင်ကြားခွင့်မပြုတဲ့ အမိန့်တွေထုတ်ပြန်လာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်နောက်ပိုင်း မတရားသိမ်းပိုက်အနိုင်ကျင့်မှုခံခဲ့ရတဲ့အဖွဲ့ဝင်တွေက ဒဏ်ခံဖို့/ အလျော်အစားပြန်လည်ပေးဆပ်ဖို့ ထုတ်ဖော်တောင်းဆိုလာခဲ့ကြတယ်။
လှို့ဝှက်ရဲအဖွဲ့ဟာ အစပိုင်းမှာတော့ ပင်မရဲအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ပါပဲ။ ၁၉၅၀ မှာတော့ အစိုးရဝန်ကြီးများကောင်စီကနေ တိုက်ရိုက်ထိန်းချုပ်ခဲ့ပါတယ်။ ဒေသ၊ မြို့နယ်၊ စီရင်စု၊ အမျိုးသားအဆင့် ဌာနခွဲတွေရှိခဲ့ပါတယ်။ ၁၉၅၃ မှာ AVO ရဲ့ လွတ်လပ်မှုရပ်စဲခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနခွဲတွေကနေ လုပ်ငန်းစဉ်/ စစ်ဆင်ရေးတာဝန်တွေကိုလွှဲပြောင်းယူပါတယ်။ AVO ရဲ့ နောက်ဆုံးဖွဲ့စည်းတည်ဆောက်ပုံဟာ ဆယ်စုနှစ်တစ်ခုစာသက်တမ်းရှိလာခဲ့ပါပြီ။ ဌာနကြီး ၅ ခု ဟာ Main Division III/I (ပြင်ပထောက်လှမ်းရေး)၊ Main Division III/II (တန်ပြန်ထောက်လှမ်းရေး)၊ Main Division III/III (တန်ပြန်/ဆန့်ကျင်ဝန်ဆောင်မှု- ပြည်တွင်းဖိနှိပ်ချုပ်ချယ်မှုနဲ့အတူတူပါပဲ)၊ Main Division III/IV (စစ်ထောက်လှမ်းရေး နဲ့ တန်ပြန်ထောက်လှမ်းရေး) နဲ့ Main Division III/V (အဖွဲ့ခွဲအားလုံးကို နည်းပညာအထောက်အပံ့ပေးခြင်း) တွေပါဝင်တယ်။ နိုင်ငံလုံခြုံရေးဝန်ဆောင်မှုကိုတော့ နောက်ပိုင်းမှာ AVH (Allamvedelmi Hatosag-ဟန်ဂေရီယန်းလှို့ဝှက်ရဲ့တပ်ဖွဲ့) လို့ နာမည်ပေးခဲ့ပြီး နယ်စပ်ကင်းစောင့်တပ်တွေပါ ပါဝင်စေခဲ့တယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တပ်မတော်နိုင်ငံရေးအဖွဲ့ကို ဆိုဗီယက်ခွင့်ပြုချက်နဲ့ ၁၉၄၅ မတ်လမှာဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့ကို ကရင်မလင်ရဲ့ အကျိုးစီးပွားအတွက် စောင့်ရှောက်စေတယ်။ အဲဒီထောက်လှမ်းရေးအဖွဲ့အကုန်လုံးရဲ့တည်ဆောက်ပုံဟာ တည်ငြိမ်နေခဲ့ပါတယ်။ ကွန်မြူနစ်ခေတ်ပြိုကွဲကျဆုံးချိန်တိုင်အောင် အပြောင်းအလဲလေး အနည်းငယ်သာရှိခဲ့တာပါ။
အဲဒီအဖွဲ့အစည်းတွေမှာ လေ့ကျင့်မှု/ ကျွမ်းကျင်ပိုင်နိုင်မှု/ တစ်ဦးချင်းစီ လုပ်ငန်းကျွမ်းကျင်မှုပြည့်ဝနေတဲ့ဝန်ထမ်းတွေကို ကျော်လွန်ပြီး ယုံကြည်ရမယ့်သူမျိုးကိုသာဦးစားပေးရွေးချယ်တာကြောင့် အများစုဟာ ကျွမ်းကျင်မှုမရှိကြဘူး၊ ပညာအရည်အချင်းနိမ့်ကျပြီး ကြမ်းကြမ်းတမ်းတမ်း အသက်မွေးခဲ့ကြသူတွေဖြစ်နေတယ်။ အဲဒီလိုလူတွေကပဲ မြင့်မားတဲ့ရာထူးတွေ ရယူထားကြပါတယ်။ အရပ်သား နဲ့ ပါလီမန်ထိန်းချုပ်မှုမရှိတဲ့ စစ်ဆင်ရေးတွေပါ။ AVO ဟာ ပြည်သူတွေကို ကြောက်လန့်အောင် မေးမြန်းစစ်ဆေး/ နှိပ်စက်ညဉ်းပမ်း/ အာဏာရှင်ဆန်ဆန် ထင်ရာမြင်ရာဖမ်းဆီးတာတွေပြုလုပ်ခဲ့ကြတယ်။ အပြစ်မရှိတဲ့အကျဉ်းသားတွေကို အပြစ်ရှိသယောင်အမှုတွေလည်းဆင်ခဲ့ကြတယ်။ အဲဒီကနေ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရက်စက်ပြီးကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တဲ့ အလုပ်သမား၊ အကျဉ်းစခန်းတွေရှိခဲ့ကြတယ်။ ၁၉၅၃ မတိုင်ခင် ကွန်မြူနစ်ပါတီအဖွဲ့ဝင်ဟောင်းတွေဟာ တခြားနိုင်ငံရေးအကျဉ်းသားတွေထက်ပိုပြီး ပြင်းထန်ရက်စက်စွာဆက်ဆံတာခံရပေမယ့် ၁၉၅၃ ခုနှစ်အပြီးမှာတော့ နိုင်ငံရေးအကျဉ်းထောင်တွေထဲမှာ အထက်တန်းလွှာလို ကြော့ကြော့လေးနေနိုင်ခဲ့ကြတယ်။ အစိုးရရှေ့နေတွေနဲ့ တရားရုံးတွေကို လုံခြံရေးတပ်ဖွဲ့တွေနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ဖို့ဖိအားပေးခဲ့ပြီး အလိုရှိတဲ့သူတစ်ဦးချင်းစီရဲ့လုံခြုံရေးအတွက် ဥပဒေတွင်းက ကာကွယ်နိုင်အောင်ပြုလုပ်ခဲ့ကြတယ်။ AVO ဟာ ဆိုဗီယက်လုံခြုံရေးအဖွဲ့ကို ကူညီပါတယ်။ ပြီးတော့အပြန်အလှန်ပဲ ရိုမန်ကက်သလစ်အကြီးအကဲ ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုဆေ့ဖ်မိုင်းဒ်စင်ဇန်တီ ကို ၁၉၄၈ခုနှစ်မှာ ဖမ်းဆီးအကျဉ်းချစေခဲ့ပါတယ်။ နောက်တစ်နှစ်မှာ ပြည်ထဲရေးဝန်ကြီးရာဂျေးဟာ ဆိုရှယ်လစ်ဝါဒ(Titoism) တိတ်တဆိတ်ထောက်ခံသူ အနောက်နယ်ချဲ့ဝါဒအားပေးအေးဂျင့်တစ်ဦး/ တီတိုစပိုင်တစ်ဦးဖြစ်တယ်လို့ တရားစွဲဆိုခြင်းခံရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဟာ နိုင်ငံသားတွေရဲ့အကျိုးစီးပွားထက် ကွန်မြူနစ်ခေတ် နဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေကို ကာကွယ်ဖို့၊ ကွန်မြူနစ်တွေရဲ့လုပ်ချင်သမျှ၊ ဦးစားပေးအရာတွေမှန်သမျှ ကာကွယ်ဖို့အတွက်ပဲ တာဝန်ထမ်းဆောင်တဲ့ရဲတပ်ဖွဲ့အသွင်ဖြစ်နေခဲ့တာပါ။ ဟန်ဂေရီဟာ ကွန်မြူနစ်အုပ်စုတွေလုပ်ကိုင်သမျှပုံတူကူးချခဲ့တာပါပဲ။ ပါတီကပဲ ဦးနှောက်သဖွယ် အဓိကဆုံးဖြတ်ချက်တွေချမှတ်တယ်။ လုပ်ငန်းစဉ် ပုံဖော်ပြီး အတိုက်အခံတွေကို အပြစ်တင်/ အပြစ်ပေး/ သစ္စာခံဖို့ ဆုလာဘ်နဲ့သွေးဆောင် အဲဒီစစ်ဆင်ရေးတွေ ထိန်းချုပ်လုပ်ဆောင်ခဲ့ပါတယ်။ လှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကတော့ ပါတီရဲ့ ဆန္ဒတွေကို အစစ်အမှန်ဖြစ်အောင်လုပ်ဆောင်ပေးနေရတဲ့ ကြွက်သားမျှင်တွေလိုပါ။
စတာလင်သေဆုံးသွားခဲ့တဲ့နောက် ဆိုဗီယက်ခေါင်းဆောင်အသစ်က ဟန်ဂေရီပါတီခေါင်းဆောင်တွေကို မော်စကို ကို ဆင့်ခေါ်လိုက်တယ်။ နိုင်ငံရဲ့ မျှော်လင့်သလောက်မကောင်းတဲ့စီးပွားရေးမှတ်တမ်းတွေ စွဲကိုင်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်း/ ခြိမ်းခြောက်တာတွေလုပ်ပါတယ်။ အဲဒီအချိန်ပါတီမှာ ရာကိုစီက ဦဆောင်နေဆဲပါ။ ဒါပေမဲ့ ပါတီအဖွဲ့ဝင်တွေနဲ့ထောက်လှမ်းရေးဘက်က အထောက်အပံ့နဲ့ နက်ဂျီ ဟာ လျင်လျင်မြန်မြန်ပဲ ဝန်ကြီးချုပ်ဖြစ်လာတယ်။ နက်ဂျီက ပါတီတွင်းထုတ်ပယ်သန့်စင်မှုတွေ အဆုံးသတ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်ပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့အလုပ်သမားစခန်းတွေ ပိတ်ပြစ်လိုက်တယ်။ လယ်သမားတွေကိုလည်း ပြည်သူပိုင်သိမ်းထားတဲ့လယ်ယာတွေကနေ စွန့်ခွာစေတယ်။ စည်းမျဉ်းစည်းကမ်းအတိုင်း ထုတ်လုပ်ရမယ့်ခွဲတမ်းတွေ ဖျက်သိမ်းခဲ့တယ်။ လက်အောက်ခံကုမ္ပဏီတွေကို ပုဂ္ဂလိကထုတ်လုပ်သူတွေဆီ လွှဲပြောင်းလုပ်ပိုင်းခွင့်ပေးပြီး စားသုံးသူလိုအပ်တဲ့ကုန်ပစ္စည်းထုတ်လုပ်မှုမှာ ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်စီးပွားရေးတည်ဆောက်ပုံအလှည့်အပြောင်းမှာ နက်ဂျီ ကျရှုံးပါတယ်။ နက်ဂျီဂရုမမူမိတာက ထုတ်လုပ်မှုအဆင့်ဟာ ၁၉၅၃ မှာ အရင်ကထက် ပိုပြီးကျဆင်းသွားခဲ့တာကိုပါ။ အဲဒီနောက် အမိန့်ထုတ်ပြန်ချက်တစ်ခုထွက်လာပြီး ရာကိုစီကပဲ ချုပ်ကိုင်လိုက်ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကို ဟန့်တားဖျက်ဆီးလိုက်ပြီး နက်ဂျီဟာ လက်ယာတိမ်းရှေးရိုးစွဲကွန်ဆာဗေးတစ်ပဲလို့ စွပ်စွဲတိုက်ခိုက်ပါတယ်။ ၁၉၅၆ ခုနှစ်မှာ အစိုးရအဖွဲ့ကနေ နုတ်ထွက်ဖို့ဖိအားပေးပြီး ပါတီတွင်းလုပ်ငန်းတာဝန်ရပ်ဆိုင်းလိုက်တယ်။ နက်ဂျီရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ ပြန်ပြီးနောက်ဆုတ်သွားခဲ့တယ်။ ထုတ်ပယ်သန့်စင်မှုတွေတော့ အစပြန်မဖော်တော့ပါဘူး။ ဒါပေမဲ့ ရာကိုစီမှာလည်း ပါတီတွင်းက ပြောင်ပြောင်တင်းတင်း ပြောရဲဆိုရဲ ဝေဖန်ရဲတဲ့သူတွေအများကြီးနဲ့ မော်စကိုအထောက်အပံ့နဲ့ ပါတီထဲပြန်ဝင်လာတဲ့ အရင်ကမတရားခံခဲ့ကြရတဲ့သူတွေလည်းအပါအဝင် ရင်ဆိုင်စရာရှိနေခဲ့တာပါ။
နွေရာသီမှာ ရာကိုစီရဲ့ ရာထူးပျက်စီးဖို့ဖြစ်လာပြီး ဆက်လက်ရပ်တည်နိုင်စွမ်းမရှိတော့ပါဘူး။ လူအများစုနဲ့ ပြန်လည်ပြုပြင်ရေးသဘောထားရှိတဲ့ပါတီအဖွဲ့ဝင်တွေဟာ နောက်ပြန်လှည့်နေတဲ့စီးပွားရေးမူဝါဒနဲ့ စီးပွားရေးပြန်လည်ရှင်သန်နိုင်ဖို့ ခိုင်မာ/ မှန်ကန်တဲ့အစီအစဉ်ဘာမှမရှိတာတွေကို ကန့်ကွက်ရှုတ်ချလာခဲ့ကြတယ်။ ယိမ်းယိုင်ထစ်ငေါ့ လူနေမှုအဆင့်အတန်းနဲ့အတူ နိုင်ငံသားတွေ စိတ်ဓာတ်ပျက်ပြားလာကြပါပြီ။ မတရားပြုလုပ်ခဲ့တဲ့ အစောပိုင်းထုတ်ပယ်သန့်စင်မှုတွေကို ရာကိုစီရှင်းလင်းခဲ့တာတွေပြန်ပြီး စုံစမ်းမေးမြန်းမှုတွေလုပ်လာတဲ့ခါ ရဲ နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေဟာ မကျေမချမ်းဖြစ်လာကြတယ်။ ကျောင်းသားတွေ၊ စာရေးဆရာတွေနဲ့ ပညာတတ်အလွှာ ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်တွေကို အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဟန်ဂေရီကဗျာဆရာ၊ မျိုးချစ်စိတ်ရှင်သန်စေတဲ့သီချင်းတွေရေးစပ်ရာမှာ နာမည်ကြီးတဲ့ တော်လှန်ရေးသူရဲကောင်းကြီးရဲ့ စာတွေကဗျာတွေနဲ့ ပညာတတ်တွေထုတ်ပယ်ပစ်တဲ့ကိစ္စတွေအကြောင်းဆွေးနွေးငြင်းခုံမှုတွေဟာ အွန်လိုင်းဆွေးနွေးခန်းစာမျက်နှာတွေမှာ ပျံ့နှံ့လို့နေတယ်။ ပုံနှိပ်စာမျက်နှာကနေ ရာကိုစီအကြောင်း ဆန့်ကျင့်တဲ့စာတရားဝင်ရိုက်နှိပ်လာကြတယ်။ ရာကိုစီ ဇူလိုင်လလယ်လောက်မှာတော့ ရာထူးကနှုတ်ထွက်ခဲ့ရပါတယ်။ ရာကိုစီရဲ့လက်ထောက် အာနိုဂျီရိုရဲ့ နေရာရဖို့အခြေအနေဖြစ်လာခဲ့တယ်။ ပါတီကိုကူညီဖို့ရည်ရွယ်ခဲ့တာမှာ နိုင်ငံအတွက်က မူဝါဒအသစ်နဲ့ဘဝမျိုးကျင့်ယူရမှာပါ။ အကူးအရွေ့ကာလမှာ နိုင်ငံရေးမှာနာလန်မထူနိုင်အောင်ရှုံးနိမ့်ပြန်တယ်။ ဂျီရိုရဲ့ ကြိုးစားမှုကလည်း ရာကိုစီရဲ့အရိပ်မည်းတွေရောင်ပြန်ဟပ်နေခဲ့တာကြောင့်ပဲ အစောင့်တပ်သားတွေဟာလည်း ပြည်သူတွေရဲ့ မကျေမနပ်ဖြစ်မှုတွေနဲ့ ဟန်ဂေရီတော်လှန်ရေးကြီးကို မတားဆီးနိုင်ခဲ့ပါဘူး။
လှို့ဝှက်ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုဟာ ၁၉၅၆ အောက်တိုဘာ ၂၃ ရက်နေ့မှာ ပေါ်လွင်ထင်ရှားလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေဟာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေနဲ့ ဘူဒါပက်စ်လမ်းတွေပေါ်ရောက်နေခဲ့တဲ့အချိန်ပါပဲ။ AVH အေးဂျင့်တွေနဲ့ ထိပ်တိုက်တွေ့မှုအကျိုးဆက်ကတော့ အဲဒီညနေခင်းမှာပဲ ဆန္ဒပြသူအများအပြားအသတ်ခဲ့ရပြီး ဒဏ်ရာတွေရခဲ့ကြတော့တယ်။ လက်တုံ့ပြန်မှုက ဆန္ဒပြသူတွေဟာ အဓိကအဖွဲ့အစည်းတွေမှာ ထိန်းချုပ်မှုယူတယ်၊ အရေးကြီးနယ်မြေတွေမှာ အကြမ်းဖက်မှုအသွင် ရောက်အောင်ကြိုးစားကြတယ်။ နေရှင်နယ်လစ်အဖွဲ့က ဂျိုဆေ့ဖ်ဒူးဒက်စ် ဟာ ဆိုဗီယက်ထောက်ခံတဲ့ကွန်မြူနစ်အဖွဲ့ လုပ်ကြံမှုခံခဲ့ရပြီး သင်္ကာမကင်းဖြစ်ခံရတဲ့ AVH အေးဂျင့်တွေနဲ့ သတင်းပေးတွေဟာ အဲဒီပုန်ကန်မှုတွေမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အောက်တိုဘာ ၂၉ရက်နေ့မှာ ဒူဒက်စ်ရဲ့ ကွန်မန်ဒိုတပ်သားတွေဟာ AVH ရုံးချုပ်ကိုတိုက်ခိုက်လိုက်ပြီး ရုံးတွင်းမှာရှိနေတဲ့ အေးဂျင့်တွေကို သတ်ဖြတ်လိုက်ကြတယ်။ အဲဒီမှာ လစာလယ်ဂျာစာအုပ်အချက်အလက်တွေသိမ်းဆည်းရမိတဲ့အခါ AVH အဖွဲ့သားတွေအပေါ် ပိုပြီးအမျက်ဒေါသထွက်ခဲ့ကြပြန်တယ်။ အဲဒီအချက်အလက်တွေမှာ AVH အဖွဲ့သားတွေရဲ့လစာဟာ ပုံမှန်လစာထက် ၁၀ ဆ ပိုများတာတွေသိရှိခဲ့သွားခဲ့ကြတယ်။ AVH အဖွဲ့အဆောက်အဦးဟာ နေရှင်နယ်ဆိုရှယ်လစ် နာဇီကိုထောက်ခံတဲ့ Arrow Cross ပါတီပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ၁၉၄၄ ကနေ ၁၉၄၅ ဇန်နဝါရီအထိ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလဖက်ဆစ်တည်ဆောက်ပုံမျိုးနဲ့ တိုင်းပြည်ကိုစိုးမိုးခဲ့ကြတာပါ။ အဲဒီကာလမှ ဂျူးလူမျိုးပေါင်း ၈၀၀၀၀ ခန့် သြစတြီးယန်းနယ်စပ်ဆီ ပြန်လမ်းမရှိ ချီတက်ခဲ့ကြရတယ်။ အခြေအနေတွေ လျှင်မြန်စွာပိုပြီးဆိုးဝါးလာတဲ့အခါ ဟန်ဂေရီပါတီခေါင်းဆောင်ဟာ မော်စကိုကို အကူအညီတောင်းခဲ့ပါတယ်။ ဆိုဗီယက်တပ်တွေဟန်ဂေရီကနေပြန်ခေါ်ရမလား ဒါမှမဟုတ် တော်လှန်ရေးကိုနှိမ်နင်းရတော့မလား ကရင်မလင်က ချင့်ချိန်နေတဲ့အချိန်မှာ ဆန္ဒပြသူတွေကလည်း ရှေ့ဆက်တိုးနေခဲ့ကြပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဗဟိုကော်မတီက နက်ဂျီဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရပြီး ဆိုဗီယက်တပ်တွေ ဆုတ်ခွာရုတ်သိမ်းရေးဆွေးနွေးညှိနှိုင်းမယ့်အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ AVH ကိုရပ်စဲပြီး တစ်ပါတီစနစ်ကိုလည်း ဖျက်သိမ်းတော့မယ်ဆိုတာကိုပါ ကြေညာခဲ့တယ်။ ဟန်ဂေရီကိုလည်း ကွန်မြူနစ်ခေတ်မတိုင်မီ နိုင်ငံရေးစနစ်နဲ့ပြန်သွားမယ်လို့ဆိုတယ်။ အဲဒီကြေညာချက်ဟာ မော်စကို ကို လှုံဆော်လိုက်တာပါပဲ။ KGB အကြီးအကဲ/ ဆိုဗီယက်ဝန်ကြီးချုပ် ယူရီအန်ဒရိုပေါဗ့် ကို ဘူဒါပက်စ်ကို စေလွှတ်လိုက်ပါတယ်။ နိုဝင်္ဘာ ၁ ရက် နက်ဂျီ အိပ်ရာကနိုးထတဲ့အချိန်မှာတော့ ဆိုဗီယက်တင့်ကားတွေဟန်ဂေရီကို ဝင်လာနေပြီဆိုတဲ့သတင်းကစောင့်ကြိုနေခဲ့တယ်။ ဒါပေမဲ့ အန်ဒရိုပေါ့ဗ်ကတော့ နက်ဂျီကိုအခိုင်အမာပြောနေခဲ့တာပါပဲ။ ဆုတ်ခွာရုတ်သိမ်းမယ်ဆိုဗီယက်တပ်တွေကို ကာကွယ်မယ့်တင့်ကားတွေလို့ပဲပြောနေခဲ့တာပါ။ အဲဒီနေ့မှာပဲ နက်ဂျီက ဝါဆောစာချုပ်ကိုတစ်ဖက်သတ်ဖျက်သိမ်းပြီး ယူနိုက်တက်နေးရှင်းအဖွဲ့ဝင်ဖို့ ရည်ရွယ်ပါတယ်ဆိုတာ ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဆိုဗီယက်တပ်တွေ ဘူဒါပက်စက်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တဲ့အချိန်မှာတော့ တော်လှန်ရေးဟာ နှစ်ရက်ကြာပြီးနောက်အဆုံးသတ်သွားခဲ့တယ်။ နက်ဂျီလည်းဖမ်းဆီးခံခဲ့ရပါတယ်။ ရိုမေနီးယားနိုင်ငံ မြို့တော်ဘူခါရက်စ်ကနေ မော်စကိုဆီ ခေါ်ဆောင်သွားပါတယ်။ အပြစ်ရှိတယ်ဆိုတဲ့ စွဲချက်နဲ့ပဲ ၁၉၅၈ ဇွန်လမှာ ကြိုးပေးကွပ်မျက်ခဲ့တယ်။
၁၉၅၆ တော်လှန်ပုန်ကန်မှုမှာ ကွန်မြူနစ်ဟန်ဂေရီရဲ့ ဗဟိုချုပ်ကိုင်စနစ်ကို သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ အဲဒီတော်လှန်ရေးမှာ လူပေါင်း ၂၅၀၀ ခန့် အသတ်ခံရပြီး ဟန်ဂေရီလူမျိုး ၂၀၀ ၀၀၀ ခန့် အနောက်ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေဆီထွက်ခွာသွားခဲ့ကြတယ်။ ၁၉၅၇ နဲ့ ၁၉၆၂ မှာ လူပေါင်း ၂၂၀၀၀ ခန့် တရားရုံးမှာတရားစွဲဆိုပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အဲဒီထဲက ၂၅၀ ကနေ ၃၅၀ ကြားသေဆုံးသူတွေရှိခဲ့ပါတယ်။ အန်ဒရိုပေါ့ဗ်က ကတိတွေပေးခဲ့ပေမယ့်လည်း ဆိုဗီယက်တပ်တွေဆုတ်ခွာမသွားပဲနဲ့ များပြားပြင်းထန်လှတဲ့ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။ ကာဒါဟာ တစ်ပါတီနိုင်ငံအဖြစ်ပဲ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့ကြိုးစားပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကံကြမ္မာဟာ မသေချာ မရေမရာနဲ့ပါပဲ။ ကာဒါ က AVH ရဲ့နည်းလမ်းတွေကို အပြစ်ဆိုပါတယ်။ ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လုပ်နည်းလုပ်ဟန်တွေနဲ့ အတွေးအမြင်အကြောင်းရင်းတွေကိုတော့ ဘယ်တော့မှမတို့မထိပဲလစ်လျူရှုထားလိုက်တယ်။ AVH ကိုဖျက်သိမ်းမယ်လို့ နက်ဂျီကတိပေးခဲ့ပြီးနောက် ပြည်တွင်းထောက်လှမ်းရေးတပ်ဖွဲ့ဟာ ဘယ်တော့မှပြန်လည်ဖော်ထုတ်မှာမဟုတ်ဘူးလို့ ဟန်ရေရီပြည်သူပြည်သားအများစု ရိုးရှင်းစွာယုံကြည်ထားခဲ့ကြတယ်။ တချို့ကတော့ လှို့ဝှက်ရဲတပ်ဖွဲ့မရှိဘဲရှင်သန်နိုင်တဲ့ တစ်ခုတည်းသောကွန်မြူနစ်တိုင်းပြည်လို့ ဂုဏ်ယူနေလိုက်တယ်။ တခြားသူတွေကတော့ ကာဒါဟာ ပင်မရဲတပ်ဖွဲ့အတွင်းမှာပဲ AVH ကို ပြန်လည်အသက်သွင်း/ ဖွဲ့စည်းလိမ့်ဦးမယ်လို့ သတိကြီးကြီးထား သံသယရှိနေခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ တော်လှန်ပုန်ကန်မှုဟာ နိုင်ငံလုံခြုံရေးတပ်ဖွဲ့တွေကို အများကြီးအံအာ့းသင့်သွားစေခဲ့တယ်။ ကျောင်းသားတွေရဲ့ဆန္ဒပြပွဲတွေ ကိုထောက်ခံခဲ့ကြတာကို ကြိုတင်မခန့်မှန်းနိုင်ခဲ့တဲ့ သူတို့ရဲ့ကျရှုံးမှု၊ ဟန်ဂေရီမြေပေါ်မှာ KGB အေးဂျင့်တွေစစ်ဆင်ရေး တိုက်ရိုက်လုပ်ကိုင်ဆောင်ရွက်ဖို့ ဘူဒါပက်စ် ကွန်မြူနစ်အာဏာပိုင်တွေခွင့်ပြုခဲ့တာတွေကြောင့်ပါ။ AVH ဟာ သာမန်ဟန်ဂေရီယန်းတွေကို သတင်းပေးအဖြစ်ပြန်လည်စုဆောင်းတယ်။ စောင့်ကြည့်စစ်ဆင်ရေးမျိုးကျယ်ကျယ်ပြန့်ပြန်ပြုလုပ်ဖို့ စီမံခန့်ခွဲပါတယ်။ အုပ်ချုပ်ရေးစနစ်ကို လျှော့လျှော့ပေါ့ပေါ့ရှိလာတဲ့ “ဂူးလာ့ရှ်ကွန်မြူနစ်စနစ်ပုံစံ” အဖြစ်ပုံဖော်တယ်။ အာဏာရပါတီရဲ့အဖွဲ့သားတွေပိုပြီးတိုးမြှင့်ခန့်ထားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်တိုင်အောင် AVH ဟာ တစ်ပါတီစနစ်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာပဲရှိနေခဲ့ပါတယ်။ လက်ထောက်ပြည်ထဲရေးဝန်ကြီးရဲ့ ခေါင်းဆောင်ပိုင်းရဲ့ မရေမတွက်နိုင်အောင်များပြားလှတဲ့ လှို့ဝှက်အမိန့်/ ညွှန်ကြားချက်တွေ ကန့်သတ်စီမံဆောင်ရွက်ခဲ့ရတယ်။ AVH မှတ်တမ်းတင်ဖော်ထုတ်ခဲ့တဲ့ စောင့်ကြည့်ပစ်မှတ်လူပေါင်းဟာ ၁၉၈၉ရဲ့ ပထမ၆လမှာ ၂၀၂၉ဦး ရှိခဲ့တယ်။ အဲဒီနှစ် ဇွန်-စက်တင်ဘာဆွေးနွေးပွဲမှာ အာဏာရပါတီဟာ အတိုက်အခံတွေရဲ့လှုပ်ရှားမှုမှတ်တမ်းတွေ လက်ခံရရှိခဲ့ပါတယ်။ လူသိရှင်ကြားခွင့်ပြုထားခဲ့တာက ငြိမ်းချမ်းတဲ့ဒီမိုကရေစီကိုဖော်ဆောင်ဖို့ဖြစ်ပြီး အတိုက်အခံတွေကို အာဏာခွဲဝေပေးမှုတွေတော့ တိုးတက်လာခဲ့တယ်။ ထိပ်တန်းအစိုးရအရာရှိ မာ့ထ်ရက်ဆေးဇူးရော့စ်၊ ဝန်ကြီးချုပ် မီကလောစ့်နဲမက်ထ်၊ ဝန်ကြီးအင်မ်ရဲပေါ့စက်ဂေး၊ ဝန်ကြီးဂျူးလာဟောန်၊ လက်ထောက်ဝန်ကြီးချုပ် ပီတာမက်ဂျီယက်စီတို့က လှို့ဝှက်ထောက်လှမ်းရေးမှတ်တမ်းတွေ လက်ခံဖို့တာဝန်ဆက်ယူခဲ့ပါတယ်။
ဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၈၉ အောက်တိုဘာမှာ ပြင်ဆင်ချက်ထုတ်ပါတယ်။ အဲဒီပြင်ဆင်ချက်မှာ ပါတီစုံစနစ်ကိုလက်ခံခဲ့တာပါ။ အဲဒီနောက် ၁၉၉၀မှာ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖွဲ့စည်းပြင်ဆင်ခဲ့ကြတယ်။ ဆိုဗီယက်တပ်သားတွေဟာ ၁၉၉၁ ခုနှစ်နှစ်လယ်ပိုင်းမှာ တဖြည်းဖြည်းချင်းဆုတ်ခွာနေခဲ့ပါပြီ အဲဒီလိုနဲ့ပဲ ၄၇ နှစ်စာ စစ်တပ်နေရာယူထားမှုက အဆုံးသတ်ခဲ့ပါတယ်။ သူတို့ရဲ့သမိုင်းမှာ အပြင်းထန်ဆုံးမကောင်းသတင်းအဖြစ်ရင်မဆိုင်ရခင် လှို့ဝှက်တပ်ဖွဲ့တွေကိုလည်း ပြန်ပြီးဖွဲ့စည်းခဲ့တယ်။ အဲဒါကို Dunagate အရှုပ်တော်ပုံ (Danubegate ဘူဒါပက်စ်ဝါးတားဂိတ်လို့လည်းနာမည်ကျော်ပါတယ်)လို့ ခေါ်ကြတယ်။ ၁၉၉၀ ဇန်နဝါရီ ၅ ရက်နေ့မှာ လွတ်လပ်တဲဒီမိုကရက် မဟာမိတ်တွေ နဲ့ လူငယ်ဒီမိုကရက်မဟာမိတ်တွေဟာ စစ်ဆင်ရေးသတင်းမှတ်တမ်းတွေကို သက်သေပြလိုက်တယ်။ အဲဒါက လှို့ဝှက်တပ်ဖွဲ့တွေဟာ ပါတီစနစ်ကိုအတည်ပြုပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် ပြင်ဆင်ပြောင်းလဲသင့်တာတွေလုပ်ရမယ့်အစား အတိုက်အခံတွေရဲ့သတင်းတွေပဲစုဆောင်းနေခဲ့တာတွေကို ဖော်ထုတ်လိုက်တာပါ။ သူတို့ရဲ့ အကြီးအကဲ အလုပ်သမားများပါတီက ဒီမိုကရက်တစ်နိုင်ငံအဖြစ်ပြောင်းလဲမယ်လို့ တရားဝင်သဘောတူညီခဲ့ပြီးချိန်မှာ လှို့ဝှက်တပ်ဖွဲ့တွေကတော့ အရင်ကတည်းကသူတို့ရဲ့လုပ်ရိုးလုပ်စဉ်စစ်ဆင်ရေးပုံစံတွေကိုပဲ စုဆောင်းနေပြီး ကွန်မြူနစ်ခေါင်းဆောင်ပိုင်းအတွက် တာဝန်ထမ်းဆောင်နေခဲ့တာပါ။ Dunagate အရှုပ်တော်ပုံစုံစမ်းမှုတွေနောက်မှာ ၁၉၉၁ ဇန်နဝါရီ ၂၁ မှာတော့ Main Division III/III ကို ဖျက်သိမ်းလိုက်ပါတယ်။ ဟန်ဂေရီယန်းအများစုအတွက်ကတော့ လိမ္မာပါးနပ်စွာအခြေအနေထိန်းလိုက်တာလို့မြင်ပါတယ်။ ကွန်မြူနစ်လှို့ဝှက်တပ်ဖွဲ့ဝင်တွေအများကြီးရဲ့ တာဝန်တွေကို Division III တစ်ခုတည်းကိုပုံချ/ ဟန်ပြလုပ်တဲ့အပြောင်းအလဲလို့ပဲသိလိုက်ကြတယ်။ Division III/III ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုတည်းကိုသာ အခြေခံဥပဒေနဲ့မကိုက်ညီတဲ့အဖွဲ့လို့ ကြေညာခဲ့တာပါ။
ဘူဒါပက်စ်အရှုပ်တော်ပုံကြောင့်တော့ လုံခြုံရေးတပ်ဖွဲ့တွေပြန်လည်အားဖြည့်ဖွဲ့စည်းဖို့ အကန့်အသတ်ရှိသွားခဲ့ရပါတယ်။ တပ်ဖွဲ့တွေ အလားတူအကြံပြုချက်တွေ အမြောက်အများဟာ ဆွေးနွေးပွဲတွေအပြီး ငြင်းပယ်ခံခဲ့ရတယ်။ ၁၉၈၉ စက်တင်ဘာ ၆ ရက်မှာ ညှိနှိုင်းဆွေးနွေးရေးကော်မတီဟာ အကြမ်းဖက်မှုတွေနဲ့ ငြိမ်းချမ်းတဲ့စနစ်နဲ့ရှေ့ဆက်နိုင်မယ့်နည်းလမ်းတွေရှာဖွေဖို့ တာဝန်ပေးခဲ့တာကို လက်ထောက်ပြည်ထဲရေးဝန်ကြီး ဖာရန့်ဇ်ပါလာဂျီ အမေးအဖြေမှာ လုံခြုံရေးတပ်ဖွဲ့အခြေအနေအကြောင်း ရှင်းပြသွားခဲ့ပါတယ်။ တကယ်တော့ ပါလာဂျီ ဗြောင်ကျကျလိမ်ညာတာပါပဲ။ ဒီဇင်ဘာ ၁၉၈၉ ဒီဇင်ဘာကတည်းက လှို့ဝှက်တပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်တွေဟာ အစိုးရကို သတင်းပေးခဲ့ပြီးပါပြီ။ လုံခြုံရေးနဲ့သက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေအားလုံးဟာ ပင်မရဲတပ်ဖွဲ့ကလုပ်ဆောင်ခဲ့ပြီး လွတ်လပ်တဲ့လှို့ဝှက်တပ်ဖွဲ့က လုပ်ဆောင်တာမဟုတ်ပါဘူး။ လုံခြုံရေးလုပ်ငန်းစဉ်မှာ ပြည်သူပြည်သားတွေနဲ့ အသစ်တည်ဆောက်ဖန်တီးထားတဲ့တည်ဆောက်မှု အမျိုးသားလုံခြံရေးရုံး (Nemzetbiztonsagi Hivatal or NBH) ပါဝင်လာပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံခြား ထောက်လှမ်းရေးသတင်းပေးအတူတကွ စုဝေး/ ဆောင်ရွက်မှုနဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ (Nemzetbiztonsagi Szakszolgalat or NPSzSz) ဟာဆိုရင် တိုင်းပြည်နယ်စပ်ဒေသမှာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ပြည်တွင်း/ ပြည်ပ ဟန်ဂေရီယန်းအစိုးရရုံးအဖွဲ့ဝင်တွေနဲ့ သံတမန်တွေကို ထောက်ပံ့/ ကာကွယ်ပေးဖို့တာဝန်တွေယူကြတယ်။ NBH ဟာ အမျိုးသားလုံခြုံရေးလုပ်ငန်းစဉ်တွေကို ဖြည့်ဆည်းပေးတယ်။ အစိုးရညွှန်ကြားမှု နဲ့ ပါတီမန်ကြည့်ကြပ်မှုအောက်မှာစီမံကွပ်ကဲကြတယ်။ နိုင်ငံသားတွေရဲ့တည်ဆောက်ပုံကိုထပ်ပေါင်းထည့်ရရင် ဟန်ဂေရီမှာ စစ်တပ်ထောက်လှမ်းရေးတပ်သားတွေကျန်ရှိပါတယ်။ စစ်တပ်လုံခြုံရေးရုံး (Katonai Biztonsagi Hivatal or KBH) နဲ့ စစ်တပ်စုံစမ်းရေးအေဂျင်စီ (Katonai Felderito Hivatal or KFH) တွေ အပါအဝင်ပါ။
ဟန်ဂေရီစံပုံစံ : စစ်ဆေးအပြစ်ပေးခြင်း
၁၉၉၀ အထွေထွေရွေးကောက်ပွဲတွေရဲ့ရလာဒ်တစ်ခုလိုပါပဲ၊ နိုင်ငံရေးအာဏာဟာ မူလအခြေအနေကိုပဲ တစ်ပတ်ပြန်လည်ခဲ့တာပါ။ တစ်ရပ်ပဲရှိတဲ့ဥပဒေပြုလွှတ်တော်က အမတ် ၃၈၆ဦးနေရာထဲမှာ အေးအေးဆေးဆေးရှိကြတဲ့ အများစု ၂၃၀နေရာစာ၊ အတူတကွထိန်းညှိမှုတွေရှိနေတဲ့ အတိုက်အခံပါတီတွေ၊ မဟာမိတ်ဖွဲ့ထားတာတွေ လျော့ရဲအားပျော့ကုန်ကြတယ်။ ဟန်ဂေရီဒီမိုကရက်တစ်ဖိုရမ် (Magyar Demokrata Forum) လွတ်လပ်တဲ့လယ်ယာပိုင်သူများပါတီ (Fuggetlen Kisgazda Part) နဲ့ ခရစ်ယာန်ဒီမိုကရက်တစ်ပြည်သူ့ပါတီ (Keresztenydemokrata Neppart) တို့ဟာ ဝန်ကြီးချုပ် ဂျိုဆေ့ဖ်အန်ထောလ်ရဲ့ ခေါင်းဆောင်မှုအောက်မှာရှိတဲ့အစိုးရအဖွဲ့ ဖွဲ့စည်းလိုက်ကြတယ်။ ကွန်မြူနစ်တွေဘေးထွက်ထိုင်နေရစဉ်မှာ အာဏာရအပေါင်းအဖော်တွေဟာ သူတို့ရဲ့အမြင်မတူကွဲပြားခြားနားချက်ကွာဟမှုတွေကျဉ်းမြောင်းအောင်ပြုလုပ်ဖို့ မတတ်နိုင်ကြပါဘူး။ စစ်ဆေးအပြစ်ပေးမှုတွေကိုဆက်ပြီးလုပ်ဆောင်ကြတယ်။ သူတို့ပုံစံထုတ်ထားတဲ့ မဟာဗျူဟာတွေနဲ့ တိုင်းပြည်ကို ကွန်မြူနစ်ဝါဒကနေဆွဲယူမယ်။ ဒီမိုကရေစီနဲ့ နီးစပ်အောင် ပြီးတော့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်မျိုးရရှိဖို့ ကြိုးစားမှုတွေပါ။ အန်ထောလ်ရဲ့ အချိန်မတိုင်ခင်သေဆုံးခဲ့မှုအပြီး နိုင်ငံရေးကမတည်ငြိမ်တဲ့အခြေအနေရယ်၊ ဝန်ကြီးချုပ် ပီတာဘိုရောစ့် ဦးဆောင်တဲ့အစိုးရသစ်တစ်ရပ်ရွေးချယ်ထားမှုနဲ့အတူ အကာအကွယ်ပေးမယ့်ဥပဒေတွေအတည်ပြုဖို့က ရွှေ့ဆိုင်းလိုက်ကြတယ်။ ၁၉၉၄ ရွေးကောက်ပွဲတွေပြင်ဆင်/ ကျင်းပချိန်အထိတိုင်ပါပဲ။ အဲဒီအချိန်မှာ မူကြမ်းတွေကို ပြန်ပြီးဆွေးနွေးကြတယ်။ ငြင်းပယ်ခဲ့ကြပါတယ်။ နှောင့်နှေးကြန့်ကြာမှုဟာ ကွန်မြူနစ်စနစ်ကျဆုံးစေမှုကို အတားအဆီးဖြစ်လာတယ်။ အာဏာရညွန့်ပေါင်းကိုယ်စားလှယ်တွေဟာ အသေးစိတ်ပြုပြင်ရေးဆွဲမှုမပြုလုပ်ရသေးခင် ဥပဒေပြုအဆိုပြုလွှာကို မိတ်ဆက်ခဲ့တယ်။ အဲဒီသတိလက်လွှတ်ဖြစ်သွားခဲ့မှုက နောက်ပိုင်းမှာ သူတို့ကို ခြောက်လှန့်သလိုဖြစ်လာခဲ့တယ်။ ဖွဲ့စည်းပုံဥပဒေနှင့်အညီပြုလုပ်တဲ့ တရားရုံးကကြပ်မတ်မှုတွေရှိလာတော့ အကာအကွယ်ပေးဥပဒေကိစ္စဟာ အရေးပါတဲ့စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ ရွေးချယ်မှုတွေနှောင့်နှေးခဲ့တာကြောင့် ဝန်ကြီးချုပ် အန်ထောလ်ကပဲ အဓိကဦးဆောင်မယ်လို့တွက်ဆထားခဲ့တဲ့ အစိုးရအဖွဲ့ဖရိုဖရဲဖြစ်သွားခဲ့ပြီး ဥပဒေမူကြမ်းဟာ ပထမဆုံးဒီမိုကရက်တစ်နည်းအရရွေးချယ်ခဲ့တဲ့ ပါလီမန်အဖွဲ့ဝင်တွေကို အကျိုးသက်ရောက်မှုမရှိခဲ့တော့ပါဘူး။
စစ်ဆေးအပြစ်ပေးမှုဥပဒေ(ကွန်မြူနစ်စနစ်အတွင်းက ရာထူးယူထားသူတွေရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို စစ်ဆေးတဲ့ဥပဒေ လို့ဆိုတဲ့ Lustration Act) ဟာ တခြား ဥပဒေပြုအဆိုပြုလွှာရဲ့အရင်ပြဌာန်းခဲ့ပြီး ပါလီမန်ထဲမှာ အရေးတကြီးဥပဒေအဖြစ်အငြင်းပွားစရာ ဘယ်တုန်းကမှ မဖြစ်ခဲ့ကြဘူး။ ၁၉၉၀ စက်တင်ဘာ ၃ ရက်နေ့မှာ လက်ထောက် ဂဘောဒမ်းဇကီး နဲ့ ပီတာဟက်ခ် အတိုက်အခံ လွတ်လပ်တဲ့ဒီမိုကရက်ညွန့်ပေါင်းအဖွဲ့ကို ကိုယ်စားပြုပြီး လှို့ဝှက်ရဲမှတ်တမ်းဖိုင်တွေနဲ့ Division III/III အတွက်အလုပ်လုပ်ခဲ့ကြတဲ့ လှို့ဝှက်အရာရှိတွေနဲ့ သတင်းပေးတွေရဲ့ စာရင်းတွေကို ဖွင့်ချနိုင်ရေးအတွက် နှိုးဆော်ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းဟာ ဟန်ဂေရီသမ္မတ၊ ဝန်ကြီးချုပ် နဲ့ ဥပဒေပြုအမျိုးသားလုံခြုံရေးကော်မတီနဲ့အတူရှိနေတယ်။ အဲဒီစာရင်းမှာပါတဲ့ ပြည်သူ့ရုံးအဖွဲ့နေရာပိုင်ဆိုင်ခဲ့ကြသူတွေရဲ့ အမည်တွေကတော့ပေါ်ထွက်လာပြီး ရက် ၆၀ အတွင်းမှ နှုတ်ထွက်ခိုင်းတာတွေရှိခဲ့ပြီး သူတို့ရဲ့ အစွန်းအထင်းရှိတဲ့အတိတ်ကာလကတော့ လှို့ဝှက်မှတ်တမ်းအဖြစ်နဲ့သာရှိခဲ့တာပါ။ ကွန်မြူနစ်လှို့ဝှက်အဖွဲ့တွေရဲ့ စာရင်း၊ ပါဝင်ပတ်သက်မှုတွေကိုတော့ ပြည်သူတွေကိုဖွင့်ချပြတဲ့ရုံးအဖွဲ့ကို ပေးအပ်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ အဆိုပြုလွှာက ရည်မှန်းချက်အတိုင်းအောင်မြင်ပြီးမြောက်ခြင်းမရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြားလာရတဲ့ ကောလဟာလတွေမှာ အာဏာရမဟာမိတ်တွေဟာ အဲဒီဖိုင်တွေကိုအသုံးချပြီးမှ သူတို့ရဲ့နိုင်ငံရေးပြိုင်ဖက်တွေကို ဆွေးနွေးညှိနိုင်း/ အလဲထိုးဖို့ စီစဉ်ခဲ့ကြတာမို့ပါ။ အတည်မပြုနိုင်တဲ့မှတ်တမ်းတွေအရ ဝန်ကြီးချုပ် အန်ထောလ်ဟာ အစိုးရညွန့်ပေါင်းအဖွဲ့နဲ့ သူ့ရဲ့ ကိုယ်ပိုင်ပါတီကြားမှာရှိကြတဲ့ သူ့ရဲ့အတိုက်အခံတွေရဲ့ အပြစ်ကျူးလွန်ကြောင်းထွက်ဆိုထားတဲ့အချက်အလက်တွေနဲ့ ကွန်မြူနစ်လှို့ဝှက်နိုင်ငံရေးရဲတပ်ဖွဲ့အကျပ်ကိုင်ချည်နှောင်ထားမှုတွေ စွပ်စွဲရေးသားထားတဲ့ ချိတ်ပိတ်ထားတဲ့စာအိတ်တွေ ကိုင်ထားတယ်လို့ ဆိုတယ်။ အဲဒီဖြစ်စဉ်မှာ ဒုက္ခရောက်ရသူတစ်ဦးက လူမျိုးကြီးဝါဒီ နိုင်ငံရေးသမား အစ်ဗန်ဆော့ကာပါ။ နောက်ပိုင်းမှာသူဟာ ဟန်ရေဂီယန် ဒီမိုကရက်တစ်ဖိုရမ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တယ်။ နှောင့်နှေးကြန့်ကြာမှုတချို့ပြီးတော့ ဆော့ကာဟာ နောက်ဆုံးမှာ အသိသက်သေအဖြစ်ပူးပေါင်း လက်မှတ်ထိုးခဲ့ရတယ်။ ရက်စ်ပြူတင်ဆိုတဲ့ code အမည်အောက်မှာပါ။ ဒါပေမဲ့ ဘာသတင်းမှတ်တမ်းမှ အထောက်အပံ့မလုပ်ခဲ့ပါဘူးလို့ သူက အခိုင်အမာဆိုခဲ့ပါတယ်။
၁၉၉၄ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေ (XXIII – Lustration Act) ရာထူးကြီးနေရာပိုင်ဆိုင်ထားသူများတစ်ဦးချင်းစီ နောက်ကြောင်းစစ်ဆေးတဲ့ဥပဒေဟာ တချို့ လက်ရှိအမှုဆောင်အရာရှိ ၁၂၀၀၀ကို အနည်းဆုံး တရားရေးအဖွဲ့၂ ဖွဲ့ ၃ ဖွဲ့ကနေစစ်ဆေးတဲ့စာရင်းထဲထည့်လိုက်ပါတယ်။ အဲဒီ ပြည်တွင်းလှို့ဝှက်တပ်ဖွဲ့ဌာနတွေနဲ့ သူတို့ရဲ့လုပ်ငန်းအချက်အလက်တွေကို စစ်ဆေးဖို့ ၁၉၉၄ ဇူလိုင် ၁ ရက်ကနေ ၂၀၀၀ ဇွန် ၃၀ ရက်နေ့အတွင်းမှာပြုလုပ်ခဲ့ကြတယ်။ တရားရေးအဖွဲ့တွေက ရွေးချယ်ထားတဲ့ ပြည်သူ့ရုံးအဖွဲ့နေရာယူထားသူတွေဟာ ကွန်မြူနစ်ပြည်တွင်းလုံခြုံရေးအဖွဲ့နဲ့ ပူးပေါင်းပြီး သတင်းပေးတာဝန်ယူပြီး လှို့ဝှက်မှတ်တမ်းတွေထောက်ပံ့/ လှို့ဝှက် သတင်းမှတ်တမ်းတွေလက်ခံရယူခဲ့ကြသလား၊ ဒါမှမဟုတ် ဖက်ဆင် Arrow Cross Party ပိုင်ဆိုင်တဲ့အဖွဲ့သားတွေလား။ ဟုတ်မဟုတ် စစ်ဆေးခဲ့ကြတယ်။ စစ်ဆေးခံမယ့်အရာရှိတွေဟာ ပါလီမန် ဒါမှမဟုတ် ပြည်သူသမ္မတရုံးမှာ တာဝန်မထမ်းဆောင်ခင် ကျမ်းကျိန်ဆိုခဲ့ကြတဲ့ သမ္မတ၊ ဝန်ကြီးတွေ၊ လက်ထောက်၊ တရားသူကြီးတွေ၊ ပြည်သူ့ဆက်သွယ်ရေးဌနာမှာအလုပ်လုပ်တဲ့ စာနယ်ဇင်းသမားတွေ၊ ခေါင်းဆောင်တွေ၊ ပြည်နယ်တက္ကသိုလ်တွေနဲ့ ပြည်သူ့ကုမ္ပဏီတွေက ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေပါဝင်ကြတယ်။ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးရရှိခဲ့ပြီး ရာထူးကနှုတ်ထွက်ပေးဖို့ ငြင်းဆန်တဲ့ပုဂ္ဂိုဟ်တွေကို လူသိရှင်ကြားဖြစ်အောင်ကြေညာတာတွေပြုလုပ်ကြတယ်။ အဲဒီစစ်ဆေး/ နှုတ်ထွက်စစ်ဆေးမှုတွေမှာ စွန်းထင်းတဲ့နောက်ကြောင်းလှို့ဝှက်ချင်တွေ ဆက်ပြီးထိန်းသိမ်းထားချင်တဲ့ အရာရှိအရေအတွက်က အနည်းငယ်ပဲရှိခဲ့ပါတယ်။ လက်တွေ့မှာ ဟန်ဂေရီယန်အရာရှိတွေဟာ ရာထူးကနှုတ်ထွက်ပေးမှုကို ရွေးချယ်ခဲ့သူမရှိခဲ့သလောက်ပါ။ သူတို့ရဲ့ လှို့ဝှက်မှတ်တမ်းတွေ ဘယ်လောက်ပဲသတိထားစရာသတင်းမျိုးဖြစ်နေပါစေ ပြည်သူတွေချပြတာ/ မချပြတာကို သိပ်ပြီး ဂရုမထားကြပါဘူး။
ဟန်ဂေရီယန် စစ်ဆေးအပြစ်ပေးမှုဥပဒေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ အတည်ပြုခဲ့တဲ့ အလားတူအဆိုပြုလွှာတွေနဲ့ နှိုင်းယဉ်မယ်ဆိုရဲ့ ပျော့ပြောင်းတဲ့ဖြေရှင်းနည်းကို ကိုယ်စားပြုပါတယ်။ လက်ရှိရာထူးပိုင်ဆိုင်ထားတဲ့အရာရှိတွေဟာ လှို့ဝှက်ရဲ့တွေနဲ့ အတိတ်မှာပူးပေါင်းမှုတွေရှိတာကို မသေမချာကြေညာတာပဲဖြစ်ဖြစ်၊ ကွန်မြူနစ်စောင့်ကြပ်တဲ့စနစ်တစ်ခုလုံး ဖွင့်ဟဖော်ထုတ်/ အဆိုပြုနိုင်ခဲ့တာပဲဖြစ်ဖြစ် အပြစ်ပေးခြင်းထက် အကန့်အသတ်နဲ့ပွင့်လင်းမြင်သာမှုအနေအထားကိုပဲ ပိုပြီးအားပေးခဲ့ကြတာပါ။ ပွင့်လင်းမြင်သာမှုအပြည့်အစုံဆိုတာကတော့ ကွန်မြူနစ်နိုင်ငံရေးအကျော်အမော်ဟောင်းတွေရဲ့ အတိတ်ကအရိပ်တွေကို ပြည်သူတွေကိုချပြလိုက်ပြီး သူတို့ရဲ့လက်ရှိရာထူးတွေကိုတော့ ဆက်ယူထားစေခဲ့တယ်။ ဟန်ဂေရီရဲ့ သွားမပါတဲ့ စစ်ဆေးအပြစ်ပေးမှုလို့ ဆိုကြပြီး ရလာဒ်အဖြစ် လစ်ဘရယ်ကွန်မြူနစ်ပုံစံ စေ့စပ်ဆွေးနွေးအကူးအပြောင်း နဲ့ ကွန်မြူနစ်စနစ်အလွန် အရှိတရားပုံစံကိုမြင်လိုက်ရတာပါ။ သမိုင်းပညာရှင် လာ့စ်ဇလိုဗာဂါ စကားအရဆိုရင် ပျော့ပြောင်းတဲ့စစ်ဆေးမှုကို “ပျော့ပြောင်းတဲ့အာဏာရှင်ခေတ်ကို တိုက်ရိုက်ဆက်သွယ်ကူးပြောင်းခြင်း ဒါမှမဟုတ် ဂူးလာ့ရှ်ကွန်မြူနစ်ခေတ်” လို့ ပြောကြတယ်။ စစ်ဆေးအပြစ်ပေးမှုအကြောင်းကို ဆွေးနွေးပွဲတွေပြုလုပ်နေတဲ့အချိန်မှာ ထည့်မပြောခဲ့ကြပါဘူး။ ဆွေးနွေးမှုတွေမှာ နိုင်ငံရေးကြိုးဝိုင်းထဲကစားကြသူတွေရဲ့ ယုံကြည်လက်ခံမှုကို မတိုက်ခိုက်ပဲနဲ့ အများယုံကြည်လက်ခံမှုကို ထိန်းသိမ်းပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့စေ့စပ်ဖို့က ပြင်းပြတဲ့ဆန္ဒပါ။ အဲဒီနောက်မှာ စစ်ဆေးအပြစ်ပေးမှုကို ပြည်သူတွေကလည်းစိတ်မပါကြတော့ဘူး။ အင်တင်တင်ဖြစ်လာကြပြီ။ သူတို့ ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ကြတာက အကောင်းဆုံးလက်စားချေမှုဟာ အကောင်းဆုံးနေထိုင်ရှင်သန်မှုပဲ တဲ့။ ကွန်မြူနစ်အရာရှိတွေကို ကွန်မြူနစ်ခေတ်လွန်နိုင်ငံရေးလောကထဲ ခြေချစရာနေရာမရှိအောင် ပိတ်ဆို့မထားချင်ကြဘူး။
၁၉၉၄ ရွေးကောက်ပွဲတွေအရ အစိုးရပိုင်းပြောင်းလဲမှုဟာ စစ်ဆေးနှုတ်ထွက်မှုဖြစ်စဉ်မှာ အရေးကြီးတဲ့စိန်ခေါ်မှုတွေတော့ရှိလာတယ်။ ပျော့ပြောင်းတဲ့လက်ယာနိုင်ငံရေးအစိုးရရဲ့ မအောင်မြင်တဲ့နိုင်ငံရေးအခင်းအကျင်းနဲ့အတူ စိတ်မကျေမနပ်ဖြစ်လာမှုတွေဖြစ်လာကြတယ်။ ဟန်ဂေရီယန်တွေဟာ အစိုးရပိုင်းကို ကွန်မြူနစ်လူဟောင်းတွေပြန်ခေါ်ယူလာခဲ့ကြတာပါပဲ။ ဆိုရှယ်လစ်ပါတီနဲ့ လွတ်လပ်တဲ့ဒီမိုကရက်ညွန့်ပေါင်းအဖွဲ့ဟာ ပါလီမန်မှာ ၂၇၈ နေရာအတူတကွချုပ်ကိုင်ထားကြတယ်။ အဆိုပြုထားကြတာက ဆိုရှယ်လစ်ဝါဒီ ဂျူလာဟောန် က ဝန်ကြီးချုပ်အဖြစ်ပါ။ တကယ်တော့ အာဏာရညွန့်ပေါင်းအဖွဲ့ဟာ ကွန်မြူနစ်ဟောင်းတွေနဲ့ ကွန်မြူနစ်အတိုက်အခံ၊ အမာခံ သဘောကွဲလွဲသူဟောင်းတွေကြားမှာ မလွယ်ကူလှတဲ့မိတ်ဆွေဖွဲ့ခြင်းကိုလုပ်နေရတယ်။ တချိန်တည်းမှာပဲ မဟာရန်သူတော်ကြီးတွေဟာ နိုင်ငံရေးအခွင့်အရေးရဖို့/ သူတို့ရဲ့အားတွေကိုစုစည်းနေကြရတာပါ။ အာဏာရသူလူသစ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားတဲ့တရားရုံးကို အဲဒီစစ်ဆေးမှုဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဈည်းမျဉ်းတွေနဲ့ကိုက်ညီရဲ့လား ပြန်လည်သုံးသပ်ပေးဖို့ မေးမြန်းတောင်းဆိုတာတွေရှိလာတယ်။ ၁၉၉၄ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ တရားရုံးကနေ “ဆုံးဖြတ်ချက် ၆၀” ထုတ်ပြန်ခဲ့တယ်။ ဖွဲ့စည်းပုံဥပဒေနဲ့ တချို့အပိုင်းတွေမကိုက်ညီနိုင်သေးတဲ့ဥပဒေလို့ယူဆစရာပါ။ ဒါပေမဲ့ ၁၉၉၆ ဇူလိုင်မှာ ပြည့်စုံတဲ့ဥပဒေဖြစ်လာဖို့ ပြီးစီးမယ့်နောက်ဆုံးအချိန်အဖြစ် ကမ်းလှမ်းခဲ့ပါတယ်။ ပထမတစ်ချက်- အဲဒီဥပဒေရဲ့ အဓိကလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ - ဒီမိုကရက်တစ်ကာလအကူးအပြောင်းမှာ အတိတ်ကာလအဖြစ်အပျက်တွေနဲ့ ပတ်သက်ဆက်စပ်မှုတွေကြာရှည်ကာ မအောင်မမြင်ဖြစ်မှာကို ကာကွယ်ဖို့ဆိုတာ ကြေညာခဲ့တယ်။ ဟန်ဂေရီယန်အကူးအပြောင်းဟာ အစဦးပိုင်း ၅ နှစ်စာလောက်ထဲက ဖြစ်တည်နေခဲ့တာပါ။ အဲဒါကြောင့် ကာကွယ်ဖို့ကိစ္စဟာ အခြေခံအကြောင်းတရားတော့မဟုတ်လှပါဘူး။ ဒုတိယတစ်ချက်မှာတော့ တရားရုံးကရှင်းပြတာက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅၉ မှာပါရှိတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ပိုင်ဆိုင်ခွင့်ဆိုင်ရာသတင်းအချက်အလက်တွေကို ကာကွယ်ခွင့်/ အခွင့်အရေးဆိုတဲ့အချက်ကို ဟန်ချက်ညီအောင်ထိန်းဖို့ လိုအပ်ချက်အရပါတဲ့။ အဲဒီဥပဒေအရ ပြည်သူစစ်စစ်တွေမှာတော့ လုံခြုံစိတ်ချရမှုဝန်းကျင်ကျဉ်းမြောင်းတာကိုပြနေတာပါ။ တတိယအချက် - တရားရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီတဲ့ ခွဲခြားသတ်မှတ်မှုရှိနေတဲ့ အဲဒီဥပဒေဟာ ပြည်သူတွေကိုထုတ်ပြန်တဲ့သတင်းမီဒီယာမှာတော့ အတည်ပြုစစ်ဆေးခြင်းတွေခွင့်ပြုထားပေးပေမယ့်၊ အီလက်ထရောနစ်မီဒီယာမှာတော့သိမ်းဆည်းထားခွင့်မပြုတဲ့သဘောပါပဲ။
တရားရုံးရဲ့အကြံပြုချက်တွေကို တုံ့ပြန်မှုမှာ ၁၉၉၆ ဇူလိုင်မှာ ဆိုရှယ်လစ်လွှမ်းမိုးတဲ့ပါလီမန်ဟာ သမိုင်းဆိုင်ရာရုံးအဖွဲ့ကို တည်ထောင်ခဲ့ပြီး စစ်ဆေးအပြစ်ပေးမှုဥပဒေကို သိသိသာသာ မဖြစ်မနေပြုလုပ်ရမယ့်ဥပဒေအဖြစ် ပုံစံပြောင်းလိုက်ပြီး အဲဒီဥပဒေပြင်ဆင်ဖွဲ့စည်းမှုကို ၂၀၀၀ ခုနှစ်မှာ အဆုံးသတ်လိုက်ပါတယ်။ လှို့ဝှက်အရာရှိ ၆၀၀ ခန့်ရဲ့ မှတ်တမ်းတွေကို ကော်မတီတွေကစစ်ဆေးခဲ့ပြီးတဲ့အခါ ၁၉၉၇ ဧပြီမှာ သူတို့ကြေညာလိုက်ပါတယ်။ များပြားလှတဲ့လက်ထောက်တွေဟာ လှို့ဝှက်အေးဂျင့်တွေအဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့သူတွေဆိုတာ သင်္ကာမကင်းစရာတွေ့ရှိခဲ့ကြတယ်တဲ့။ မကောင်းသတင်းပြည်သူတွေကို ချပြခဲ့စဉ်အတောအတွင်း ဝန်ကြီးချုပ် ဟောန် ဟာ ကွန်မြူနစ်ခေတ်မှာစပိုင်အဖြစ် အရင်ကပါဝင်လှုပ်ရှားခဲ့ဖူးတာကို ဖော်ထုတ်ဖို့ သူကိုယ်တိုင်ပဲ ခွင့်ပြုခဲ့ပါတယ်။ နောက်ထပ်သူ့ရဲ့တာဝန်ဟာ စစ်သားတွေကို စုရုံးစေပြီး ၁၉၅၆ တော်လှန်ရေးကို ဖိနှိပ်တဲ့နေရာမှာ အကူအညီပေးခဲ့တာပါ။ နောက်ပိုင်းမှာ သူရရှိခဲ့တဲ့ လှို့ဝှက်သတင်းက အပြင်ပန်းကတော့ ဝန်ကြီးတစ်ဦးအဖြစ်ပါပဲ။ ပြည်သူတွေရဲ့ အုတ်အော်သောင်းနင်းကန့်ကွက်သံတွေကို မသိကျိုးကျွံပြုနေပြီး ဟောန်က နှုတ်ထွက်ဖို့ငြင်းဆန်ခဲ့ပါတယ်။ ပြီးသွားခဲ့ပေမယ့် သူ အလေးထားပါတယ်လို့ ဆိုခဲ့တယ်။ သူရဲ့လှို့ဝှက်ဘဝကိုဖွင့်ချခဲ့ပေမယ့်၊ ပြီးခဲ့တဲ့အမှားတွေအတွက် နောင်တစကားဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒါဟာ ဟောန် နဲ့ သူ့ရဲ့ ဆိုရှယ်လစ်ဝါဒီအဖွဲ့သားတွေအတွက် ရွေးကောက်ပွဲအတွက် အဖိုးတန်တဲ့ အထောက်အပံ့ဖြစ်ခဲ့တယ်။ နောက်တစ်နှစ်မှာပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံအဖွဲ့ ဟန်ဂေရီယန်နိုင်ငံသားပါတီ - Fidesz ၊ ဟန်ဂေရီယန်ဒီမိုကရက်တစ်ဖိုရမ် နဲ့ လယ်ယာပိုင်ဆိုင်သူများပါတီတို့က အာဏာပြန်ရလာခဲ့ကြတယ်။ ၂၀၀၀ ဥပဒေ XC ကို ထပ်တိုးလိုက်ပြီး နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ ပုံနှိပ်/ အီလက်ထရောနစ်မီဒီယာတွေအတွက် အမျိုးသားဘတ်ဂျက်ဝေစုတွေချပေးခဲ့တယ်။ ဥပဒေပြဌာန်းမှုအသစ်အရ အကျိုးဆောင်ရှေ့နေ၊ သက်သေခံရှေ့နေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မီဒီယာလောကက စာနယ်ဇင်းသမား၊ သတင်းထောက်တွေကတော့ စစ်ဆေးအပြစ်ပေးမှုတွေကနေ ကင်းလွတ်ကြတယ်။ အပြစ်ပေးစစ်ဆေးမှုတွေကို ၂၀၀၄ ခုနှစ်တိုင်အောင်အချိန်တိုးလိုက်ပြီး အပြစ်ပေးခံရသူပေါင်း ၉၀၀ ကနေ ၁၇၀၀၀ဦးအထိ ရှိလာကြတယ်။ ဒါပေမဲ့ စစ်ဆေးအပြစ်ပေးဥပဒေရဲ့ အာဏာစက်ဟာ ပြည်တွင်းစစ်ထောက်လှမ်းရေးဌာနခွဲရဲ့ ပတ်သက်မှုမှာတော့ အကန့်အသတ်ရှိခဲ့ပါတယ်။
၂၀၀၂ ရွေးကောက်ပွဲတွေပြီးတဲ့ခါ ဆိုရှယ်လစ်ပါတီ နဲ့ လွတ်လပ်တဲ့ဒီမိုကရက်ညွန့်ပေါင်းအဖွဲ့က ပါလီမန်တွင်းအများစုထဲမှာမှ အရေအတွက်နည်းနည်းပါဝင်လာနိုင်ကြတယ်။ သိပ်မကြာခင်မှာ ဆိုရှယ်လစ်ဝန်ကြီးချုပ် ပီတာမက်ဂျီယက်စီ ကို ကွန်ဆာဗေးတစ်နေ့စဉ်သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ကွန်မြူနစ်ခေတ်ကစပိုင်တစ်ဦး လို့ စွတ်စွဲရေးသားလိုက်ပါတယ်။ အချက်အလက်တွေအရ တချို့ဟာသံသယဖြစ်စရာအစစ်အမှန်တွေဖြစ်နေတယ်။ ဇွန်လ ၁၈ ရက်နေ့ထုတ် သတင်းစာမှာရေးသားလိုက်တာက ဝန်ကြီးချုပ်ဟာ ၁၉၆၁ နဲ့ ၁၉၈၂ ခုနှစ်အတွင်းမှာ တန်ပြန်စစ်ထောက်လှမ်းရေးလှို့ဝှက်အေးဂျင့် ကုတ်နံပါတ် D-209 လို့ဆိုတယ်။ ပထမတော့ စွတ်စွဲချက်တွေအားလုံးကို မက်ဂျီယက်စီ ငြင်းဆန်နေခဲ့ပါသေးတယ်။ အဲဒီအကြောင်းကိစ္စတွေ၊ အတိတ်ကပူးပေါင်းပါဝင်မှုတွေအားလုံး ရှင်းလင်း/ အပြစ်ဒဏ်ကျခံပြီးပါပြီလို့ဆိုတယ်။ ဒါပေမဲ့ အချက်အလက်တွေကပိုလို့အသေးစိတ်ဖော်ပြလာတဲ့အခါ သူ့ရဲ့ အတိတ်တွေက ပိုပြီးပီပြင်ထင်ရှားလာခဲ့တယ်။ ကိုယ်တိုင်ကာကွယ်တဲ့စကား “ရိုးသားတယ်၊ ဥပဒေကိုလိုက်နာပြီး မျိုးချစ်စိတ်ရှိတဲ့ နိုင်ငံသားတစ်ဦးပါ” လို့ ပြောပါတယ်။ သူ့ရဲ့တိုင်းပြည်အတွက် လက်ထောက်ပြည်တွင်းဝန်ကြီး နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ တန်ပြန်ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်သာ တာဝန်ထမ်းဆောင်ခဲ့တာလို့ ဆိုတယ်။ သူပြောသလိုဆိုရင် “၁၉၇၇-၁၉၈၂ ငါးနှစ်တာကာလမှာ ကျွန်တော်အသေအချာကူညီခဲ့တာက နိုင်ငံခြားသတင်းပေးတွေ ဟန်ဂေရီယန်လှို့ဝှက်ချက်တွေ ပိုင်ပိုင်နိုင်နိုင်ရမသွားခဲ့ပါဘူး။ အဲဒါကြောင် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF) မှာ ဟန်ဂေရီဝင်ရောက်ခွင့်ကို အကာအကွယ်ပေးနိုင်ခဲ့တာပါ” တဲ့။ သူထပ်ပြီး အကြံပြုသေးတာက ဟန်ဂေရီယန်းတွေဟာ သူ့ကိုကျေးဇူးတင်သင့်တယ်။ မော်စကိုနဲ့ KGB ရဲ့ဆန့်ကျင်တိုက်ခိုက်မှုတွေရစေခဲ့ဦးတော့ ၁၉၈၂ ခုနှစ်အတွင်းမှာ နိုင်ငံတကာအဖွဲ့အစည်းမှာတော့ တိုင်းပြည်ရဲ့ အခြေအနေ လုံခြုံကောင်းမွန်အောင်ထိန်းသိမ်းထားနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ နောက်ထပ်ဖွင့်ဟချက်တွေမှာ အချက်အလက်ကာကွယ်ဖို့နဲ့ အမျိုးသားလုံခြုံရေးဥပဒေပြုမှုတွေမှာတော့ သူ့ရဲ့အတိတ်ကလုပ်ရပ်တွေက ချိုးဖောက်သလိုဖြစ်နိုင်ခဲ့ပါတယ်တဲ့။ မက်ဂျီယက်စီရဲ့ အမှုကို ကိုင်တွယ်တဲ့ အရာရှိ ဗိုလ်-ကာနယ် လာယော့စ်တော့ထ် ကတော့ မက်ဂျီယက်စီကို လူသိရှင်ကြား ဆန့်ကျင်ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ တန်ပြန်စစ်ထောက်လှမ်းရေးလှုပ်ရှားမှုတွေဟာ အနောက်နိုင်ငံတွေကိုသာ တိုက်ရိုက်ဆန့်ကျင်ခဲ့တာဖြစ်ပြီး၊ ဆိုဗီယက်ယူနီယံကို ဆန့်ကျင်မှုမရှိခဲ့ပါဘူး တဲ့။
အတိုက်အခံနဲ့ အစိုးရ နှစ်ဦးလုံးက ဝန်ကြီးချုပ်ရဲ့အတိတ်ကလှုပ်ရှားမှုတွေ အသေးစိတ်တောင်းဆိုကြတယ်။ အတိုက်အခံက လွတ်လပ်တဲ့ဒီမိုကရက်ညွန့်ပေါင်းအဖွဲ့ကို မက်ဂျီယက်စီကို ဆန့်ကျင်တဲ့ “ယုံကြည်မှုမရှိ မဲ” ထည့်ပေးဖို့ စုံစမ်းမေးမြန်းပါတယ်။ ကနဦးနှောင့်နှေးမှုတချို့အပြီးမှာ အငယ်တန်းအုပ်ချုပ်ရေးပိုင်းကလုပ်ဖော်ကိုင်ဖက်တွေဟာ ဝန်ကြီးချုပ်ကိုအထောက်အပံ့ပေးဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ အဲဒီတော့ ဝန်ကြီးအဖွဲ့တစ်ခုလုံးပြုတ်ကျသွားမယ့်အရေးကို ရှောင်ကြဉ်တဲ့သဘောဖြစ်သွားတာပါပဲ။ အတိုက်အခံကတော့ ယုံကြည်မှုမရှိ မဲ လုပ်ရှားမှုမှာ အရေးနိမ့်သွားတော့တယ်။ ဒါပေမဲ့လည်း ပြည်သူတွေပေးတဲ့မဲထုတ်ပြန်ခဲ့တဲ့အခါ မဲပေးသူ ၆၆ ရာခိုင်နှုန်းဟာ ဝန်ကြီးချုပ်နှုတ်ထွက်ပေးသင့်တယ်လို့ ယုံကြည်နေကြတာပေါ်ထွက်လာတယ်။ မဲပေးသူ ၁၅ ရာခိုင်နှုန်းက ဘယ်နိုင်ငံရေးသမားက ကွန်မြူနစ်လှို့ဝှက်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင်ခဲ့သလဲဆိုတာရှာဖွေဖို့ “အလွန်စိတ်ဝင်စား” အဆင့်မှာရှိနေကြဆဲပဲ။ ၄၉ ရာခိုင်နှုန်းကတော့ “ဘာကိုမှစိတ်မဝင်စားပါ” ဆိုတဲ့အခြေအနေမှာပါ။ အများစုထင်မြင်ယူဆတာက အဲဒီမကောင်းသတင်းထွက်ပေါ်မှုတွေဟာ အစိုးရအဖွဲ့ထက် အတိုက်အခံဘက်ကိုပဲ နှစ်ခါပြန်ထိခိုက်တာပါပဲတဲ့။
ဇွန်လ ၂၄ ရက်နေ့မှာ အစိုးရနဲ့ အတိုက်အခံဟာ လှို့ဝှက်တပ်ဖွဲ့ကိစ္စအပေါ် ပြဌာန်းခဲ့တဲ့ ၁၉၉၀ ဥပဒေ X ကို ပြင်ဆင်ကြဖို့ အပြိုင်အဆိုပြုလွှာတင်လာကြတယ်။ အဲဒီဥပဒေဟာ ပြည်တွင်းသတင်းပေးတွေရဲ့ အထောက်အထား ID တွေကို “လုပ်ကြံအသရေဖျက်မှု” ကလွဲလို့ ထုတ်ဖော်ခွင့်ပါ။ အတိုက်အခံရဲ့ ပြင်းထန်/ အစွန်းရောက်တဲ့ အဆိုပြုချက်မှာ ကွန်မြူနစ်စပိုင်ဟောင်းတွေဟာ ကွန်မြူနစ်ခေတ်လွန်ရုံးအဖွဲ့တွေမှာ သိမ်းပိုက်မထားသင့်တဲ့အကြောင်းပါဝင်တယ်။ “လုပ်ပိုင်ခွင့်အရှုပ်အထွေး” တွေကြောင့်လို့ ဆိုပါတယ်။ ကြေညာချက်မှာ ပေါ်လစ်ဗြူရို နဲ့ အလုပ်သမားများကော်မတီ ပါတီမှာပါဝင်တဲ့ အဖွဲ့ဝင်တွေအားလုံးရဲ့ အမည်တွေ၊ အချိန်ပြည့် ပါတီအတွင်းရေးမှူးတွေ နဲ့ Division III/ III အတွက် အလုပ်လုပ်တဲ့ လှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်တွေရဲ့ အမည်တွေကို ပြည်သူကိုထုတ်ပြန်ပေးရမယ်လို့ တောင်းဆိုပါတယ်။ အဲဒီသူတွေတစ်ဦးချင်းစီကို ပါလီမန်ထဲက လက်ထောက်၊ လက်ထောက်ဝန်ကြီး၊ ဝန်ကြီး၊ ပြည်သူ့သမ္မတ၊ အထွေထွေအစိုးရရှေ့နေ၊ နိုင်ငံတော်တရားရုံးချုပ်ဥက္ကဌ ဒါမှမဟုတ် အမျိုးသားဘဏ်အုပ်ချုပ်ရေးမှူး ရာထူးတွေမှာ နေရာမပေး/ တားမြစ်ပေးရမယ်လို့လည်း တောင်းဆိုလိုက်တယ်။ လွှတ်တော်က အဲဒီအဆိုပြုချက်ကို ငြင်းဆန်ခဲ့ပါတယ်။ အစိုးရရဲ့ထပ်တိုးကန့်သန်မှုတွေမှာ ပြည်သူ့ရုံအရာရှိတွေရဲ့ အတန်းအစားသတ်မှတ်ပြီး တရားသူကြီး ၁၂ဦးပါဝင်တဲ့ စစ်ဆေးကော်မတီတွေပြင်ဆင်စေခဲ့တယ်။ ၂၀၀၂ ဒီဇင်ဘာ ၁၀ ရက်မှာ လွှတ်တော်က ပြင်ဆင်မှုကိုအတည်ပြုခဲ့တယ်။ ထောက်ခံမဲ ၁၇၃ မဲ၊ ဆန့်ကျင် ၁၆၈ မဲ နဲ့ ပျက်ကွက်က ၃ မဲပါ။ ရလာဒ်ကတော့ စစ်ဆေးဥပဒေဟာ သမ္မတ၊ ဝန်ကြီးတွေနဲ့ လက်ထောက်ဝန်ကြီးတွေ၊ ဖွဲ့စည်းပုံအခြခံတရားရုံး၊ တရားရုံးချုပ်၊ နဲ့ အထွေထွေအစိုးရရှေ့နေရုံး၊ နိုင်ငံစာရင်းစစ်ရုံး၊ အစိုးရအဖွဲ့ဌာနတွေဆီတိုင်တန်းမှုတွေကို စုံစမ်းတင်ပြရတဲ့အရာရှိ၊ ဗဟိုဘဏ်၊ ပြည်နယ်ကောင်စီသမ္မတတွေ၊ မြို့တော်ဝန်တွေ အပါအဝင် အရာရှိပေါင်း ၁၀၀၀၀ ကျော်ကို ကန့်သတ်ထားခဲ့ပြီး စစ်ဆေးမှုမှာ မပါဝင်တဲ့သူတွေက ဘုရာကျောင်းခေါင်းဆောင်တွေ၊ ပုဂ္ဂလိကသတင်းဌာနတွေမှာအလုပ်လုပ်တဲ့ စာနယ်ဇင်းသမားတွေ၊ ပါလီမန် ဒါမှမဟုတ် အစိုးရ တည်ထောင်ထားတဲ့ ဂေါပကဘုတ်အဖွဲ့ဝင်တွေပါ။ တချိန်တည်းမှာပဲ သမိုင်းဆိုင်ရာရုံးကို “လုံခြုံရေးသမိုင်းဆိုင်ရာမော်ကွန်းတိုက်” အဖြစ် အစားထိုးဖွင့်လှစ်ခဲ့ပါတယ်။
မက်ဂျီယက်စီဟာ အတိတ်ကအစွန်းအထင်းတွေဝန်ခံရမယ့် တစ်ဦးတည်းသော ထိပ်တန်းအရာရှိတော့မဟုတ်ပါဘူး။ ဟန်ဂေရီယန်ရဲဌာနအကြီးအကဲ မြို့တော်ဝန် ဗိုလ်ချုပ်ကြီး လာ့စ်ဇလိုစဲလ်ဂို လည်း တော်လှန်ရေလှုပ်ရှားမှုတွေကို သတင်းပေးခဲ့တဲ့သူပါပဲ။ သူကတော့ ရာထူးကတွေနှုတ်ထွက်မပေးခဲ့ပါဘူး။ သိပ်မကြာခင်မှာပဲ လူသိများလှတဲ့ ကွန်မြူနစ်ဟောင်း စာနယ်စင်းသမားတစ်ဦးက လက်ထောက် ဇိုလ်တန်ပိုကိုရီ ရဲ့ ဖခင်ဟာ စပိုင်ဟောင်းဆိုတာ သူသိခဲ့တယ်လို့ သာမန်ကာလျှံကာပြောခဲ့ပါတယ်။ ပိုကိုရီဟာ Fidesz အဖွဲ့ဥက္ကဋ္ဌရာထူးကနေ ချက်ချင်းနှုတ်ထွက်သွားခဲ့ပါတယ်။ အဲဒါဟာ သူ့ရဲ့အတိတ်ကို ဖုံးကားချင်တဲ့ကံမကောင်းမှုပါပဲ။ ပိုကိုရီရဲ့ မိခင်ဟာ ခင်ပွန်းသည်လှို့ဝှက်ရဲတပ်ဖွဲ့မှာ ၁၉၅၆ ခုနှစ်ထဲက အလုပ်လုပ်နေခဲ့တာကို ၁၉၇၀ အစောပိုင်းလောက်မှာ သိရှိသွားခဲ့တယ်။ ဘာကြောင့် မိခင်ဟာ ဖခင်ကိုကွာရှင်းခဲ့တာလည်းဆိုတဲ့အကြောင်းကိုလည်း လူတွေနားလည်သွားခဲ့ကြပါတယ်။ ပိုကိုရီရဲ့ ဖခင်ဟာ ၁၉၅၃ ကနေ ၁၉၅၆ အထိ နိုင်ငံရေးအကျဉ်းသမားဖြစ်ခဲ့ပြီး သတင်းပို့ပေးမှုတွေကြောင့် အသက်ရှင်နိုင်ခဲ့တယ်။ အဲဒီ ကိစ္စနှစ်ခုရဲ့ တုံ့ပြန်မှုအရ ၂၀၀၂ ဇူလိုင် ၉ ရက်နေ့မှာ ပါလီမန်မှာ စုံစမ်းရေးကော်မတီနှစ်ခုအပြိုင်ဖွဲ့စည်းလိုက်ပါတယ်။ ပထမကော်မတီကတော့ မက်ဂျီယက်စီရဲ့အကြောင်းတွေစံးစမ်းဖို့ အတိုက်အခံတွေက ဖိအားပေးတာကြောင့်ပါ။ အစိုးရနဲ့ အတိုက်အခံတွေကိုယ်စားပြုတဲ့ ကော်မတီမှာတော့ မအောင်မြင်မှုတွေအတွက် အပြန်အလှန်အပြစ်တင်တာပါပဲ။ အစိုးရကိုယ်စားလှယ်တွေက မက်ဂျီယက်စီရဲ့ တန်ပြန်ထောက်လှမ်းရေးလှုပ်ရှားမှုဟာ နိုင်ငံအကျိုးအတွက်တာဝန်ထမ်းဆောင်တဲ့ပုံစံမျိုးဖြစ်အောင် တိုက်တွန်းပြောဆိုပြီး ကွန်မြူနစ်တွေရဲ့လုပ်ရပ်အမှားတွေအတွက် တာဝန်မရှိဘူးလို့ဆိုကြတယ်။ ကွဲပြားတာက အတိုက်အခံကိုယ်စားလှယ်တွေကတော့ ဖိနှိပ်ချုပ်ချယ်တဲ့စနစ်ဆိုးတစ်ခုရဲ့လုပ်ရပ်တွေမှာ ပါဝင်ဆောင်ရွက်သူ၊ နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုမှာလှုပ်ရှားခဲ့သူလို့ သုံးသပ်ကြပါတယ်။ သြဂုတ် ၂၀ ရက်နေ့မှာတော့ ဆိုရှယ်လစ်ကော်မတီအဖွဲ့ဝင်တွေကိုယ်စားပြုတဲ့ ပါလီမန်ကနေ အစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်တယ်။ အဲဒီအစီရင်ခံစာအရ မက်ဂျီယက်စီဟာ အတိတ်ရော လက်ရှိကာ တရားဝင်ဥပဒေအမိန့်အာဏာတွေကို ချိုးဖောက်တာမရှိတဲ့သူဖြစ်လာတော့တယ်။ သူ့ရဲ့အပေါင်းအဖော်တွေကတော့ နောက်ဆုံးအစီရင်ခံစာထုတ်တဲ့အဆင့်ထိတောင် ရောက်မလာခဲ့ပါဘူး။
တခြားကော်မတီကတော့ ကွန်မြူနစ်ခေတ်လွန်အစိုးရအရာရှိအားလုံးရဲ့ နောက်ကြောင်းကိုပြန်စစ်ဖို့ အစိုးရရဲ့ တောင်းခံမှုနဲ့ ဖွဲ့စည်းခဲ့တာပါ။ ၁၉၅၆ ခုနှစ်အပြီး သေဒဏ်အကျဉ်းသားအဖြစ် ၂ နှစ် နေခဲ့ရဖူးတဲ့ လွတ်လပ်တဲ့ဒီမိုကရက်ပါတီ လက်ထောက် အင်မ်ရဲမက်စ်က ဥက္ကဌပါ။ ကော်မတီဟာ ထိပ်တန်းအရာရှိ၂၀၀ခန့်ရဲ့ နောက်ကြောင်းကို ရှာဖွေစစ်ဆေးခဲ့ပါတယ်။ အချက်အလက်တွေကိုတော့ အမျိုးသားလုံခြုံရေး နဲ့ သမိုင်းဆိုင်ရာရုံးအဖွဲ့တွေကနေ ရယူခဲ့တယ်။ အထူးတလည်အံ့အားသင့်စကားမရှိတာကတော့ သတင်းအချက်အလက်တွေတူးဖော်တဲ့အခါ အတိုက်အခံဘက်ကို ထိခိုက်နစ်နာမှုမရှိအောင်ဂရုစိုက်သွားတာပါပဲ။ ဇူလိုင် ၃၁ မှာ အမည်မဖော်ပြထားတဲ့ ပြီးခဲ့တဲ့အစိုးရအဖွဲ့ထဲက ဝန်ကြီးငါးဦးဟာ ကွန်မြူနစ်စပိုင်တွေလို့ ကြေညာခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ မက်စ်ကနေပြီး AVH နဲ့ ပူးပေါင်းလက်တွဲခဲ့တဲ့ ဝန်ကြီး၁၀ဦးကိုကြေညာပါတယ်။ ဂျိုဆေ့ဖ်အန်ထောလ်ရဲ့ ဝန်ကြီးအဖွဲ့(၁၉၉၀-၁၉၉၄) အတွင်း ဝန်ကြီးငါးဦး၊ ဂျူးလာဟောန်ရဲ့ ဝန်ကြီးအဖွဲ့(၁၉၉၄-၁၉၉၈)အတွင်း ဝန်ကြီး ၂ ဦး နဲ့ ဗစ်ခ်တောအောဘန် ရဲ့ ဝန်ကြီးအဖွဲ့(၁၉၉၈-၂၀၀၂)အတွင်း ဝန်ကြီး ၄ ဦး ပါ။ အဲဒီအတောအတွင်း နာမည်တွေပါ ထုတ်ပြန်ပေးမယ်လို့ မက်စ်က ကတိပြုပါတယ်။ အစိုးရအဖွဲ့ဌာနတွေဆီတိုင်တန်းမှုတွေကို စုံစမ်းတင်ပြရတဲ့အရာရှိ အန်တီလာပီတာဖဲလ်ဗီကတော့ အချက်အလက်ကာကွယ်ရေးဥပဒေကိုချိုးဖောက်တယ်၊ လိုက်နာကျင့်သုံးခဲ့ကတဲ့ဥပဒေပြုအာဏာကိုဆန့်ကျင်နေတာပါလို့ မှတ်ချက်ပေးခဲ့တယ်။ ကွန်မြူနစ်ခေတ်လွန် ဝန်ကြီးအဖွဲ့က ပထမဆုံး သမ္မတ ဖဲရန်စ်မာဒဲလ် ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၉၂ LXIII အရ အစိုးရအရာရှိတွေရဲ့ အမည်နဲ့ ရာထူးကို ထုတ်ဖော်ပြောဆိုခွင့်ကာကွယ်တားမြစ်ထားတာကိုထောက်ပြပြီး ကော်မတီက ဘာကြောင့်စည်းကမ်းလိုက်နာမှုမရှိလဲ မေးခွန်းထုတ်ခဲ့ပါတယ်။
စစ်ဆေးမှုဥပဒေရဲ့ ခြေလှမ်းတွေနှေးကွေးလှတယ်လို့ယူဆပြီး စိတ်မရှည်နိုင်ဖြစ်လာတဲ့ ဟန်ဂေရီယန်အစိုးရနေ့စဉ်သတင်းစာကနေပြီး ခွင့်ပြုချက်မရှိဘဲ ကွန်မြူနစ်ခေတ်အောင်က လှို့ဝှက်တပ်ဖွဲ့တွေနဲ့အချိတ်အဆက်တွေရှိနေတဲ့ အရာရှိတွေရဲ့နာမည်စာရင်းကို ဖော်ပြလိုက်တယ်။ အဲဒီစာရင်းမှာ အော်ဘန်ဝန်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ(အတွင်းရေးမှုး လာ့စ်ဇလိုဗာဂါ၊ PHARE ရံပုံငွေအဖွဲ့ ဝန်ကြီး အင်မ်ရဲဘိုရော့စ်၊ ဘဏ္ဍရေးဝန်ကြီးရိဂ်မွန်ဒ်ရာရိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဂျာနိုစ့်မာတွန်ရီ နဲ့ ပို့ဆောင်ရေးဝန်ကြီး လာ့စ်ဇလိုနိုဂရာဒီ)၊ အန်ထောလ်ဝန်ကြီးအဖွဲ့အဖွဲ့ဝင်တွေမှာ(နိုင်ငံတကာစီးပွားကုန်သွယ်ရေးဝန်ကြီး ဘီလာကာဒါ၊ ဘဏ္ဍာရေးဝန်ကြီး ဖဲရန်စ့်ရာဘာ၊ ကာကွယ်ရေးလက်ထောက်ဝန်ကြီး အာနိုရာဖေး နဲ့ စိုက်ပျိုးရေးလက်ထောက်ဝန်ကြီး လာ့စ်ဇလိုစာရော့စ်စီ)၊ ဟောန်ဝန်ကြီးအဖွဲ့ရဲ့ ကုန်သွယ်ရေးဝန်ကြီး စာဘော့စ်ဖာဇာခါ့စ် နဲ့ ၁၉၉၆ ကနေ ၁၉၉၈ အထိ ဘဏ္ဍာရေးဝန်ကြီးဟောင်း ပီတာမက်ဂျီယက်စီ တို့ပါဝင်ကြတယ်။ အဲဒီနာမည်ပိုင်ရှင်တွေဟာ မြူးတူးပျော်ရွှင်စွာပူးပေါင်းခဲ့ကြသည်ဖြစ်စေ ငြင်းဆန်ခဲ့ကြသည်ဖြစ်စေ စနစ်ဆိုးရဲ့ခြိမ်းခြောက်အကျပ်ကိုင်မှုအောက်မှာရှိနေခဲ့ကြလို့ ဆိုနေကြပြန်တယ်။
၂၀၀၃ စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြည်သူ့ရေဒီယို အကြီးအကဲ ကိတ်တာလင် ကွန်ဒေါ ဟာ တန်ပြန်ထောက်လှမ်းရေးအေးဂျင့်အဖြစ် ၁၉၇၄ ကနေ ၁၉၈၃ ခုနှစ်အထိ အလုပ်လုပ်ခဲ့တယ်လို့ အစိုးရသတင်းစာက ဖော်ထုတ်ကြေညာသွားခဲ့ပါတယ်။ ကွန်ဒေါ ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။ အတိုက်အခံ Fidesz ပါတီခေါင်းဆောင် အန်နာမာရီယာ စက်ဇာလိုင် က ပြည်သူ့ရေဒီယိုကို အစွန်းအထင်းရှိစေဖို့ ဆိုရှယ်လစ်တွေရဲ့ဥာဏ်ဆင်မှုလို့ စွပ်စွဲလိုက်တယ်။ ကွန်ဒေါ လည်း မက်ဂျီယက်စီနဲ့အတူတူပါပဲ ပြည်တွင်းလုံခြုံရေးအေးဂျင့်တွေကိုသာ သက်ရောက်မှုရှိတဲ့ စစ်ဆေးတဲ့ဥပဒေဟာ ကွန်ဒေါ အတွက်လည်း ကင်းလွတ်ပါတယ်။ အမျိုးသားလုံခြုံရေးရုံးကနေ သမိုင်းမော်ကွန်းတိုက်ရုံးကို လှို့ဝှက်ဖိုင်တွေပြောင်းရွှေ့တဲ့အခါ ကွန်ဒေါ ရဲ့ အချက်အလက်တွေလည်းပေါ်ထွက်လာပြီး သူမဟာ အခမဲ့လှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်ခဲ့တယ်တဲ့။ ဒါပေမဲ့ သူမရဲ့ဖိုင်ဟာနောက်ပိုင်းမှာ ပျောက်ဆုံးနေခဲ့ပါတယ်။ သူမရဲ့ လှို့ဝှက်ဖိုင်အကြောင်းဖတ်ကြားခဲ့တဲ့အခါ ကွန်ဒေါ က သူမ Division III/ II နဲ့ ဘယ်တုန်းကမှအဆက်အသွယ်မရှိခဲ့ဘူးလို့ကြေညာပါတယ်။ လှို့ဝှက်အချက်အလက်တွေမှာ သူမကို အဖွဲ့သားအဖြစ်သိမ်းသွင်းဖို့ကြိုးစားခဲ့တာသာဖြစ်တယ် လို့ဆိုတယ်။ အစိုးရကိုယ်စားလှယ်တွေက ကွန်ဒိုကို တရားဝင်စစ်ဆေးဖို့ အကြောင်းကြားခဲ့ကြပါသေးတယ်။
၂၀၀၅ ဖေဖေါ်ဝါရီမှာ နောက်ထပ် အရှုပ်အထွေးသတင်းတစ်ခုပေါ်ထွက်လာတာက ဘူဒါပက်စ်မှာပါ။ Political Culture Insititue အဖွဲ့ကနေပြီး ကွန်မြူနစ်လှို့ဝှက်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့တဲ့ ကွန်မြူနစ်ဟောင်းနိုင်ငံရေးသမား ၁၉ ဦးရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာရင်းဟာ တကယ်တော့ အရင်ကထွက်ခဲ့ဖူးတဲ့စာရင်း/ နာမည်တွေပါပဲ။ အဲဒီအဖွဲ့က နောက်ထပ်ထုတ်ပြန်ရမယ့် နာမည်အသစ်တွေရှိနေပါတယ်ဆိုပြီး အေးဂျင့် ၉၇ ဦးရဲ့ အမည်စာရင်းကို သူတို့လေ့လာနေတဲ့ သိပ္ပံဆိုင်ရာသုတေသနစာတမ်းတွေနဲ့ အတူ ကြေညာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကွန်မြူနစ်အေးဂျင့်ဟောင်းအားလုံးရဲ့ အမည်တွေ မချွင်းမချန်ဖော်ထုတ်ဖို့ နိုင်ငံရေးသမားတွေကို ဖိအားပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီနာမည်တွေထဲမှာ ဆိုရှယ်လစ်ဝန်ကြီးချုပ်ဟောင်း ပီတာ မက်ဂျီယက်စီ၊ ဗဟိုဘဏ်အုပ်ချုပ်ရေးမှုး ရီးဂ်မွန်ဒ် ဂျာရိုင်း နဲ့ စာရေးဆရာ ပီတာ အက်စ်တာဟေးဇီ နဲ့ ဇိုလ်တန်ပိုကိုရီ တို့ရဲ့ မိဘတွေ( Fidesz ဥက္ကဌဟောင်းတွေလည်းဖြစ်တဲ့) ပါဝင်ကြတယ်။ ၁၉၉၈ ကနေ ၂၀၀၂ အထိ ပါလီမန်ထဲနေရာရခဲ့တဲ့ နိုင်ငံခြားသားမုန်းတီးရေးအဖွဲ့ဖြစ်တဲ့ Justice and Life Party ( MIEP) ခေါင်းဆောင် အစ်ရှှ်ဗန် ချူန်ကာ ရဲ့ အမည်တွေလည်းပါဝင်လာခဲ့ပါတယ်။
လှို့ဝှက်ဖိုင်ရယူခြင်း
၁၉၉၄ ခု XXIII ဥပဒေဟာ အရေးကြီးတဲ့ရာထူးပိုင်ဆိုင်ထားသူတွေနဲ့ ဘာသာရေး၊ ကုသိုလ်ဖြစ်အဖွဲ့ ရာထူးပိုင်ဆိုင်ထားသူတွေ နဲ့ သမိုင်းမှတ်တမ်းရုံး လှို့ဝှက်နိုင်ငံရေးမှတ်တမ်းဖိုင်တွေရယူဖို့ ခွင့်ပြုခဲ့ပါတယ်။ ဆိုရှယ်လစ်အစိုးရက အားပေးခဲ့တာပါ။ အဲဒီဥပဒေဟာ တချို့အလွန်အမင်းကန့်သတ်ထားတဲ့ဖိုင်တွေတောင် စီစဉ်ပေးခဲ့ပါတယ်။ လှို့ဝှက်သတင်းပေးတွေကို မှတ်တမ်းထုတ်ပေးဖို့ ငြင်းဆန်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးအတွက်သာတင်ပြခဲ့တယ်။ အသစ်ဖွဲ့စည်းခဲ့တဲ့ သမိုင်းဆိုင်ရာရုံးဟာ လှို့ဝှက်ဖိုင်တွေ ထိမ်းသိမ်းတဲ့နေရာ ပြီးတော့ Division III ဌာနခွဲတွေအားလုံးရဲ့ ကွန်မြူနစ်ခေတ်လွန်သတင်းတပ်ဖွဲ့တွေရဲ့ မှတ်တမ်းတွေရယူလည်ပတ်တဲ့နေရာဖြစ်လာပါတယ်။ အရေးကြီးတဲ့ မော်ကွန်းတင်ပစ္စည်း၊ သတင်းအချက်အလက်တွေ အမျိုးအစားခွဲသိမ်းဆည်းထားကြတယ်။ အဲဒီအချက်အလက်တွေမှာ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့အလုပ်လုပ်ပုံအဆက်မပြတ်သိရှိနိုင်မယ့် ဖိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေက တရားဥပဒေအရကိုင်ထားနိုင်တဲ့ မရှိမဖြစ်အရေးကြီးတဲ့ဖိုင်တွေနဲ့ ထုတ်ဖော်ရမယ့်ဖိုင်တွေ ပါရှိတယ်။ ၁၉၈၀ မတိုင်ခင် လှို့ဝှက်ဖိုင်တွေအများစုကို လှို့ဝှက်အဆင့်လျှော့ချသတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ သမိုင်းရုံးကတော့ စစ်တပ်နဲ့ တန်ပြန်ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ ဖိုင်တွေမှာ ၅ ရာခိုင်နှုန်းလောက်ပဲရရှိခဲ့ကြတယ်။ ဖိုင်လွှဲပြောင်းမှုဟာ ရက် ၆၀ အတွင်းမှာပြုလုပ်ခဲ့ပြီး ၂၀၀၀ မှာ ပြီးစီးခဲ့တယ်လို့ဆိုတယ်။ အဲဒီနောက်တစ်နှစ်မှာတော့ သမိုင်းရုံးကနေ ပါတီမန်ကို ဓားစာခံဖြစ်ခဲ့သူတွေနဲ့ စပိုင်တွေကို သူတို့ရဲ့ မှတ်တမ်းဖိုင်တွေနဲ့အတူ ခွဲခြားသတ်မှတ်ဖို့ရယ်။ သုတေသနသမား(ဖိုင်တွေကိုစုံစမ်းဖော်ထုတ်သူတွေ)တွေအတွက် ပိုပြီးလှို့ဝှက်ထားတဲ့အချက်အလက်တွေပါ ထုတ်ပြန်ပေးဖို့ မေးမြန်းစုံစမ်းခဲ့ပါတယ်။ အဲဒီအချက်အလက်တွေကို ၂၀၀၃ မှာ ခွင့်ပြုပေးခဲ့ပါတယ်။
ကွန်မြူနစ်ခေတ်ရဲ့ လှို့ဝှက်တပ်ဖွဲ့လှုပ်ရှားခဲ့တာတွေကို ဖော်ထုတ်မှု နဲ့ နိုင်ငံလုံခြုံရေးသမိုင်းမော်ကွန်းတိုက်ထူထောင်မှု တွေနဲ့ ပတ်သက်တဲ့ ၂၀၀၃ ဥပဒေ III သမိုင်းဆိုင်ရာရုံး(မော်ကွန်းတိုက်)အဖြစ်ပြောင်းလဲပြီး အဲဒီမော်ကွန်းတိုက်မှာ ကွန်မြူနစ်လှို့ဝှက်မှတ်တမ်းဖိုင်တွေနဲ့ စစ်ဆေးတဲ့လုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက်တွေပါထားရှိတယ်။ ကွန်မြူနစ်စနစ်ရဲ့သားကောင်တွေဟာ လှို့ဝှက်ဖိုင်တွေအားလုံးကို ရှာဖွေဖတ်ကြည့်ခွင့်ရရှိခဲ့တယ်။ ကွန်မြူနစ်ဖိနှိပ်ချုပ်ချယ်မှုယန္တရားတွေရဲ့သတင်းရဖို့ ကွန်မြူနစ်နဲ့ ကွန်မြူနစ်ခေတ်လွန် သတင်းတပ်ဖွဲ့တွေ၊ သုတေသနပြုသူတွေဟာ လှို့ဝှက်ဖိုင်တွေ ပိုလို့ ကျယ်ပြန့်စွာဖတ်ရှုနိုင်တယ်။ ပုံနှိပ်၊ ဗီဒီယို၊ ရေဒီယို၊ တီဗီ၊ အင်တာနက်၊ မိုဘိုင်းလ် သတင်းမီဒီယာတွေကနေ ကွန်မြူနစ်လှို့ဝှက်တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကို လူသိရှင်ကြားလွှင့်ခွင့်ရလာခဲ့ပါတယ်။ ဖိုင်တွေရယူဖတ်ရှုခြင်းကို နိုင်ငံလုံခြုံရေးအကျိုးသက်ရောက်မှု/ အန္တရာယ်မဖြစ်စေဘူးဆိုရင် ခွင့်ပြုခဲ့တယ်။ မက်ဂျီယက်စီရဲ့ မကောင်းသတင်းကျော်ဇောပြီးတဲ့နောက် ပိုပြီးကျယ်ပြန့်စွာ ဖိုင်ရယူမှုအတွက် ဥပဒေ III ကို ပြင်ဆင်ခွင့်ပြုပါတယ်။ သားကောင်ဖြစ်ခဲ့ရသူတွေကိုယ်တိုင် သူတို့ကို ဘယ်သူတွေက ထောက်လှမ်းခဲ့ကြသလဲဆိုတဲ့ နှစ် ၃၀ ကြာသက်တမ်းရှိတဲ့ဖိုင်တွေပါ ဖတ်ကြည့်နိုင်လာတာပါ။ သိမ်းဆည်းထားတဲ့ မှတ်တမ်းအချက်အလက် ၁၇၈၈ ဖိုင် ကို အဆင့်လျှော့ချသတိမှတ်လိုက်ပါတယ်။ သူတို့ရဲ့ တရားဝင်ကြေညာချက်တွေအရ လေးပုံ သုံးပုံဟာ သားကောင်တွေပါ။
အင်တာနက်နဲ့ ပုံနှိပ်သတင်းတွေမှာ အဲဒီများပြားလှတဲ့ အေးဂျင့်တွေရဲ့ စာရင်းတွေထွက်ပေါ်နေပေမယ့်လည်း ၂၀၀၄ ဆောင်းဦးကာလမှာ ရွေးချယ်ခံခဲ့ရတဲ့အရာရှိတွေထဲမှာ စပိုင်ဟောင်းတွေ တလှည့်ပြန်ပြီး ပါလာကြတာပါပဲ။ အဲဒါဟာ ပါလီမန်အသိုင်းအဝိုင်းတွေထဲက အကျိုးသက်ရောက်မှုအသစ်ကို ရုတ်တရက်မြင်လိုက်ရတာပါ။ ကွန်မြူနစ်လှို့ဝှက်အေးဂျင့်တွေကို မြင်သာအောင်ပြနေပြီး စစ်ဆေးတဲ့ဥပဒေကို ပြင်ဆင်ချက်ထုတ်ဖို့ ဖိအားပေးသလိုဖြစ်အောင်လုပ်ခဲ့ပါတယ်။ လုံးဝမျှော်လင့်မထားတာက ဆိုရှယ်လစ်ဝန်ကြီးချုပ် ဖာရန့်ဇ်ဂျာရောစ့်စာနေ ဟာ လှို့ဝှက်အေးဂျင်းအားလုံးကို အပြည့်အဝထုတ်ဖော်မှုမှာ ဦးဆောင်လိုက်တာပါ။ သူ့ရဲ့ မပြတ်သားတဲ့ ကနဦးမူဝါဒ အကြံပြုလွှာကို ပါလီမန်မှာ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီအားလုံးက ကြိုက်နေကြတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ အကြံပြုလွှာ ပိုပြီး တိကျပြတ်သားလာလေလေ၊ အများသဘောတူမှုက လျှင်လျှင်မြန်မြန်ကျဆင်းလာလေလေပါပဲ။ အဆုံးမှာတော့ ဖွဲ့စည်းပုံအခြေခံ တရားရုံးဟာ ၂၀၀၅ မှာ အတည်ပြုခဲ့တဲ့ ဥပဒေပြုလွှာ ပြင်ဆင်မှုတွေကို ငြင်းပယ်လိုက်ပါတယ်။ အဲဒီနှစ်မှာ အတိုက်အခံ Fidesz ပါတီဟာ ကွန်မြူနစ်လှို့ဝှက်မှတ်တမ်းအားလုံး(ရာထူးရှိနေဆဲများပြားလှတဲ့ ဝန်ကြီးဌာနတွေအပါအဝင်) ဖွင့်ဟဖို့ ပြောလိုက်တယ်။ အဲဒီမှတ်တမ်း စုစုပေါင်းဟာ အစဉ်အတိုင်းဖြန့်ချလိုက်မယ်ဆိုရင် တစ်ကီလိုမီတာခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ပါတီက နောက်ပိုင်းမှာ ကွန်မြူနစ်ခေတ်လွန် နိုင်ငံရေးသမားတွေရဲ့အချက်အလက်တွေပြည်သူကို ချပြဖို့နဲ့ အစွန်းအထင်းရှိတဲ့နာမည်ကြီးတွေ (ဟန်ဂေရီယန်နိုင်ငံသားတွေကို ဆန့်ကျင်ပြီး ထောက်လှမ်းရေး/ လုံခြုံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ခဲ့သူတွေ-အကျပ်ကိုင်မှုကြောင့်မဟုတ်ဘဲ။
မိမိသဘောဆန္ဒအလျောက်လှုပ်ရှားခဲ့သူတွေ)ကိုလည်း ဖော်ထုတ်ဖို့ တောင်းဆိုလာပါတယ်။ ဆုံးဖြတ်ချက်က အဲဒီလူတွေအတွက် sanction ချမှတ်ပေးဖို့ပါပဲ။ ဒါပေမဲ့ အဲဒီအဆိုပြုလွှာဟာ အနည်းငယ်ပမာမခန့်ပြုသလိုဖြစ်ခဲ့ပြီး ပါလီမန်ထဲမှာတော့ အေးစက်စက်တုံ့ပြန်မှုတွေကိုသာ ရလိုက်ပါတယ်။
ရုံးတင်တရားစွဲခြင်း
ဟန်ဂေရီမှာ ကွန်မြူနစ်စနစ်က စီးပွားရေးပိုင်းမမှန်မကန်လုပ်ဆောင်မှုတွေ၊ ပျက်စီးဆုံးဆုံးရှုံးမှုတွေကို ပြန်လည်ပြုပြင်ပြင်ဆင်တဲ့ ၁၉၉၁ ဥပဒေရှိလာခဲ့တယ်။ ဒါပေမဲ့ ကွန်မြူနစ်အရာရှိတွေကျူးလွန်ခဲ့တဲ့ နိုင်ငံရေးပြစ်မှုအနည်းငယ်ကို တရားစွဲနိုင်တာပါ။ အမှုကိစ္စများစွာမှာ ပါဝင်ခဲ့ကြသူ၊ တာဝန်ရှိခဲ့ကြသူတွေရဲ့ နာမည်တွေက စောင့်ဆိုင်းစာရင်းထဲမှာပဲရှိနေခဲ့ပါတယ်။ ကွန်မြူနစ်အရာရှိတွေနဲ့ လှို့ဝှက်အေးဂျင့်တွေ ကျူးလွန်ခဲ့တဲ့ တချို့ပြစ်မှုတွေဟာ ကွန်မြူနစ်ဥပဒေနဲ့ တရားဝင်နေခဲ့ပြီး တခြား များပြားလှတဲ့ ပြစ်မှုတွေဟာ အဲဒီအချိန်ကလျော့ပေါ့တဲ့ စံနှုန်းတွေနဲ့တောင် ပြစ်မှုမြောက်နေတဲ့အနေအထားမှာရှိနေပါတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် လျော်ကြေးတစ်စုံတရာရှရှိနိုင်ဖို့ စုံစမ်းမေးမြန်းခြင်း ဒါမှမဟုတ် အမှုစစ်ဆေးမှုတွေက ကြန့်ကြာနေခဲ့တယ်။ ဥပမာ ကွန်မြူနစ်ဥပဒေအရ ၁၉၅၆ တော်လှန်ရေးထဲမှာ ပါဝင်ခဲ့ကြတဲ့လူနည်းစုကို အပြစ်ပေးစီရင်တာတွေရှိပြီး တချို့အသက်အရွယ်ကြီးရင့်ခဲ့တဲ့ ဆန္ဒပြသူတွေဟာ စစ်ကြောမေးမြန်းမှုအတွင်းမှာ ရိုက်နှက်ခံရတာတွေကြောင့် သေဆုံးခဲ့ကြတယ်။ ကာဒါရဲ့ ခေတ်အတွင်း အဲဒီလုပ်ပုံကိုင်ပုံတွေအဆုံးသတ်သွားခဲ့တာက နိုင်ငံတကာဖိအားတွေရဲ့ ရလာဒ်တစ်ခုပါ။ ပါတာကီမှတ်ချက်ရေးပါတယ်။ မိုစွန်မက်ညာဗာ၊ စဲလ်ဂိုတာဂျန် နဲ့ တခြားရွာတွေမှာ ၁၉၅၆ တော်လှန်ရေးအတွင်းနဲ့ နောက်ပိုင်းကာလာတွေမှာ ခုခံကာကွယ်မှုဘာမှမရှိတဲ့လူအုပ်ထဲကို ပစ်ခတ်ဖို့အမိန့်ပေးရာမှာ တာဝန်ရှိခဲ့တဲ အရာရှိတွေရဲ့ ID ဟာ မသိနိုင်ခဲ့ပါဘူးတဲ့။
ဟန်ဂေရီဟာ အရှေ့ဥရောပတိုင်းပြည်တွေကြားထဲမှာ ကွန်မြူနစ်အရာရှိတွေရဲ့ ပြစ်မှုဆိုင်ရာတရားစွဲဆိုမှုအတွက် လိုအပ်တဲ့ ဥပဒေပြုဖွဲ့စည်းဖို့ လက်ခံသဘောတူခဲ့တဲ့ ပထမဆုံးတိုင်းပြည်ပါပဲ။ ကွန်မြူနစ်တွေရဲ့ပြစ်မှုတွေကို တရားစွဲနိုင်မယ့်ဥပဒေကို ဟန်ဂေရီဒီမိုကရက်တစ်ဖိုရမ် လက်ထောက် ဇီစော့ထ် ဇီတီညီ နဲ့ ပီတာ တက်ကာ့စ် တို့ရဲ့ အထောက်အပံ့နဲ့ ပါလီမန်မှာ မိတ်ဆက်ပေးခဲ့တယ်။ ဒီဇင်ဘာ ၁၉၉၁ မှာပါ။ အဲဒီ ဆောင်ရွက်မှုဟာ တရာဥပဒေဆိုင်ရာ၊ နိုင်ငံရေး နဲ့ ကိုယ်ကျင့်တရားဆိုင်ရာအကြောင်းပြချက်တွေကြောင့် လက်တွေ့မကျတဲ့ကြိုးပမ်းချက်ဖြစ်နိုင်တယ်လို့ သတိပေးမှုတွေရရှိခဲ့ပေမယ့် ပါလီမန်ထဲအများစုက သဘောကျထောက်ခံခဲ့ပါတယ်။ ဥပဒေမူကြမ်းဟာ နိုင်ငံတော်သစ္စာဖောက်မှုလိုကိစ္စတွေ၊ ကြိုတင်ကြံရွယ်သတ်ဖြတ်မှုတွေ နဲ့ သေဆုံးခြင်းတိုင်အောင် ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတွေအတွက် ပြဌာန်းဥပဒေကန့်သတ်ချက်ဆိုင်းငံ့ထားခြင်းအတွက် လို့ ဆိုတယ်။ အဲဒီလိုကိစ္စတွေမှာ အရင်တုန်းက တရားစွဲဆိုနိုင်မရှိခဲ့ပါဘူး။ ၁၉၄၄ ဒီဇင်ဘာ ၂၁ ရက်နေ့နဲ့အတူ အဲဒီအချိန်တုန်းက ဥပဒေဟာ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို အကာအကွယ်ပေးထားခဲ့တယ်။ အဲဒီနေ့ရက်ဟာ ဒဲဘရီဆန်မှာ ပထမဆုံး ဟန်ဂေရီယန်ပါလီမန်ပြုလုပ် ဖိတ်ကြားခဲ့တဲ့အချိန်ပါ။ ရေတပ်ဗိုလ်ချုပ် မီကလော့ရှ် ဗွန် ဟောသီအုပ်ချုပ်ခဲ့တဲ့နောက်ပိုင်းကာလတွေဖြစ်ပြီး ၁၉၉၀ မေ ၂ ရက်မှာ တော့ ကွန်မြူနစ်ခေတ်လွန် လွတ်လပ်စွာရွေးချယ်နိုင်ခဲ့တဲ့ ပါလီမန်ဖြစ်လာခဲ့တဲ့နေ့ပါပဲ။ လွတ်လပ်တဲ့ရွေးချယ်မှုနဲ့ ဖွဲ့စည်းခဲ့တဲ့ ပါလီမန်ရဲ့ ကနဦးရည်ရွယ်ချက်က “ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးဖို့မဟုတ်၊ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာဖုံးတွေခွာချဖို့” လို့ဆိုတာကြောင့် တရားစီရင်ပိုင်ခွင့်ဟာ ပိုလို့ အကန့်အသတ်များလာခဲ့တယ်။
တရားရုံးတင်စစ်ဆေးမှုတွေဟာ သာမန်ကွန်မြူနစ်ပါတီအဖွဲ့ဝင်တွေကို တိုက်ရိုက်မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ အပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးနှိပ်စက်/ သတ်ဖြတ်ခဲ့တဲ့သူတွေကိုသာ ဆန့်ကျင်တာပါ။ အဲဒီအချိန်တိုင်အောင် သမ္မတဟာ ဥပဒေကို လက်မှတ်ထိုးဖို့ ငြင်းဆန်ပြီး ဖွဲ့စည်းပုံအခြေခံတရားရုံးဆီ လွှဲပေးလိုက်ပါတယ်။ အဲဒီမှာ ဥပဒေမူကြမ်းကို တညီတညွတ်တည်း ပယ်ဖျက်ခဲ့ကြတယ်။ တရားရုံးဟာ တရားဥပဒေစိုးမိုးမှု သဘောတရားလိုက်နာမှုရှိတယ် တရားမျှတတဲ့ ဆုံးဖြတ်ချက်ဆိုတာကို ပြလိုခဲ့တယ်။ ဒါပေမဲ့ “နည်းလမ်းတကျ၊ မျှတမှုကို အခြေခံတဲ့ ဥပဒေသေချာတိကျမှု ဆိုတာဟာ တရားမျှတမှုကို ကျော်လွန် ဦးစားပေးမှုတွေဖြစ်နေခဲ့တယ်။ တချိန်လုံးပဲ ဘက်လိုက်မှုတွေ၊ တစ်စိတ်တစ်ပိုင်းလိုက်နာမှုတွေ၊ လိုသလိုလိုက်နာမှုတွေပဲ ဖြစ်နေခဲ့တာပါ။ တရားဥပဒေစိုးမိုးမှုကို ဦးစားပေးဖို့ တင်းတင်းကျပ်ကျပ်အရေးစိုက်နေတယ်ဆိုတဲ့ တရားရုံးဟာ ကျဆုံးသွားတဲ့စနစ်တစ်ခုရဲ့ ဥပဒေပြဌာန်းမှုအဆင့်အတန်းနိမ့်ကျစေမယ့် နိုင်ငံရေးပြောင်းလဲမှုဦးဆောင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်တွေမှာ လူသားမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ပြစ်မှုတွေရဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုမရှိ/ ပိုလို့ မသိကျိုးကျွံပြုနေခဲ့ပါတယ် လို့ မေးမြန်းပြောဆိုလာကြတယ်။ “တရားဥပဒေစိုးမိုးရေးဟာ အခြေခံကျတဲ့နိုင်ငံတကာဥပဒေ စံသတ်မှတ်ချက်တွေ (လူသားမျိုးနွယ်ကို ဆန့်ကျင်လာတဲ့ပြစ်မှုတွေကို ကိုယ်တွယ်တဲ့ ခိုင်မာအားကောင်းတဲ့ဥပဒေနည်းနာတွေ)ကိုလည်း စောင့်ကြည့်လိုက်နာမှုရှိရမှာပါ။ ဟန်ဂေရီယန်တရားရုံးရဲ့ အယူအဆက ပြည်တွင်းနဲ့ နိုင်ငံတကာ ထုံးတမ်းအစဉ်အလာတိုင်းမှာ သိသိသာသာပဲ ချန်လှပ်ထားခဲ့တယ်။
၁၉၉၃ ဖေဖေါ်ဝါရီမှာ ပါလီမန်ဟာ ၁၉၇၃ ပြစ်မှုဥပဒေကို ပြင်ဆင်လာခဲ့တယ်။ ကွန်မြူနစ်ခေတ်ကပြစ်မှုတွေကို တရားစွဲဆိုနိုင်ဖို့ပါ။ ၁၉၄၄-၁၉၈၉ ကာလက “အာဏာသုံးတဲ့ဆုံးဖြတ်ချက်” ကိုလည်း ပြောင်းလဲခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံတရားရုံးက ဆုံးဖြတ်ချက်နှစ်ရပ်လုံးကို ပယ်ချခဲ့ပြီးနောက် ပါလီမန်က “တိကျတဲ့ပြစ်မှုကျူးလွန်မှုနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းများဆိုင်ရာဥပဒေ” ကို အတည်ပြုခဲ့တယ်။ ၁၉၄၉ စစ်အကျဉ်းသားကုသစောင့်ရှောက်မှု၊ စစ်ပွဲကာလနိုင်ငံသားစောင့်ရှောက်မှုနှင့် သက်ဆိုင်တဲ့ ဂျနီဗာသဘောတူညီချက်၊ ၁၉၆၈ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ပြစ်မှုဆိုင်ရာ နယူးယောက်သဘောတူညီချက်တွေ ပါဝင်တဲ့ ဥပဒေပါ။ အဲဒီဥပဒေက ၁၉၅၆ အဖြစ်အပျက်တွေကို လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေလို့ သတ်မှတ်ခဲ့ပါတယ်။ ၁၉၃၃ အောက်တိုဘာ ၃၀ မှာ ပါလီမန်ကနေ ဖွဲ့စည်းပုံအခြခံတရားရုံး ထောက်ခံမှုတွေနဲ့ ဥပဒေမူကို တညီတညွတ်တည်းကူးပြောင်းခဲ့တယ်။ တရားဝင်ဥပဒေအသစ်ပြင်ဆင်မှုကို ဥပဒေ XC လို့ သတ်မှတ်ခြဲ့ပီး တော်လှန်ရေးကာလ ၁၉၅၆ ဒီဇင်ဘာ ၂၃ နဲ့ ၂၈ ရက်နေ့တွေမှာ လူအုပ်ထဲပြစ်ခတ်ခဲ့မှု ဖြစ်ရပ်ပေါင်း ၅၀ကို စုံစမ်းစစ်ဆေးဖို့ တရားမျှတမှုဝန်ကြီးရုံးဆီ ခွင့်ပြုပေးလိုက်တယ်။ အမှုတော်တော်များများကို တကြိမ်တည်းနဲ့ စုံစမ်းစစ်ဆေးပြီးတဲ့အခါ တရားလိုက ချက်ချင်းစွဲချက်တင်ပါတယ်။ ရုံးတင်တရာစွဲမှုတွေကို ဘူဒါပက်စ်မြို့တော်တရားရုံးမှာ ဆောင်ရွက်ကြားနာခဲ့ကြတယ်။ ပထမအကြိမ်းအမှုစစ်ဆေးတာကို ၁၉၉၄ နှစ်လယ်လောက်မှာ စတင်ခဲ့ပါတယ်။ နောက်ထပ်ခြောက်လကြာတဲ့အခါ တရားရုံးဟာ ချောင်ပိတ်မိသလိုအခြေအနေမျိုးရောက်ရှိလာခဲ့တယ်။ ရှေ့နေရုံးခန်းတွေထဲက ၂ ခန်းဟာ ကွဲပြားတဲ့ သုံးသပ်ချက်ရှိနေခဲ့တာပါ။ တစ်ခုစီဟာ တရားရုံးချုပ်ကို အယူခံဝင်တင်ပြကြတယ်။ တစ်ခန်းက ၁၉၅၆ ဒီဇင်ဘာ ဆဲလ်ဂိုတာရန်မြို့လေးရဲ့ လက်နက်မပါတဲ့ဆန္ဒပြသူတွေထဲကို အစိုးရတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာကို စစ်ရာဇဝတ်မှု မမြောက်ခဲ့ဖူးလို့ အယူတင်သွင်းပါတယ်။ ဒါပေမဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ပြစ်မှုတွေလို့တော့ တင်ပြခဲ့တယ်။ တရားပြိုင် ၁၂ ဦးထဲက နှစ်ဦးဟာ အပြစ်ရှိသူအဖြစ်တွေ့ရှိခဲ့ပြီး အကျဉ်းသားအဖြစ် ၅ နှစ်ကျခံရပါတယ်။ နောက်ထပ်အလားတူအမှုဟာ အကြမ်းဖက်မှုတစ်ခုထဲအတူထူပါပဲ။ ဘူဒါပက်စ်မြို့တော်တရားရုံးရဲ့ တခြားရုံးခန်းကနေ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ မဟုတ်ဘဲ ပြည်တွင်းလုပ်ထုံးလုပ်နည်းနဲ့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအမှုကိစ္စတွေမစစ်ဆေးခင် တရားရုံးချုပ်က ဖွဲ့စည်းပုံအခြေခံတရားရုံးကို 1993 ဥပဒေ XC အတွက် အသနားခံစာတင်ခဲ့ပါသေးတယ်။ အဲဒီအသနားခံစားမှာ ဥပဒေဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဖော်ပြထားတယ်။ ဟန်ဂေရီက သာမန်တရားရုံး ဒါမှမဟုတ် ပြစ်မှုဆိုင်ရာတရားရုံးတွေ မရောက်ခင် တိတိကျကျသတ်မှတ်ပြဌာန်းဖို့ ပျက်ကွက်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံတရားရုံးဟာ တရားရုံးချုပ်ဘက်ကနေရပ်တည်ပြီး သာမန်တရားရုံးတွေက အမှုစစ်ဆေး/ ကိုင်တွယ်မှု မပြုလုပ်နိုင်ခဲ့စဉ်မှာပဲ ဥပဒေပြင်ဆင်ဖို့ ပါလီမန်ကို အကြံပြုခဲ့ပါတယ်။
သုံးသပ်ချက်
ပျော့ပြောင်းတဲ့စစ်ဆေးမှုဟာ ရုံးအဖွဲ့တွေကနေလက်လွတ်ထွက်ခွာမှုကို ဦးမတည်ပါဘူး။ နှေးနှေးကွေးကွေး၊ အကန့်အသတ်များများနဲ့ပဲ လှို့ဝှက်မှတ်တမ်းတွေကို ကိုင်တွယ်ခဲ့တာပါ။ လူအခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိခဲ့ကြတဲ့ ကွန်မြူနစ်အရာရှိတွေနဲ့ လှို့ဝှက်အေးဂျင့်တွေရဲ့ အင်မတန်နည်းပါးတဲ့ အမှုလောက်ပဲ တရားမျှတမှုအတွက် ရုံးတင်စစ်ဆေးအပြစ်ပေးတာတွေရှိခဲ့တာပါ။ အဲဒါတွေဟာ ဟန်ဂေရီရဲ့ အကူးအပြောင်းကာလတရားစီစဉ်ရေးလုပ်ငန်းစဉ်ရဲ့ ရလာဒ်ပါပဲ။ အားနည်းတဲ့ နိုင်ငံရေးသန္နိဌာန်၊ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုအားလျော့တာတွေဟာ ဟန်ဂေရီကို အသေးစိတ်ကျယ်ကျယ်ပြန့်ပြန်စစ်ဆေးမှုတွေကနေ ရှောင်ဖယ်သွားဖို့ လှုံ့ဆော်ခဲ့တာပါ။ လှို့ဝှက်ဖိုင်တွေအပြည့်အဝဖွင့်ချခြင်း နဲ့ ကွန်မြူနစ်အရာရှိတွေနဲ့ စပိုင်တွေကို အင်တိုက်အားတိုက်တရားစွဲဆိုမှုတွေအစား ပိုပြီးနူးညံ့တဲ့နည်းလမ်းတွေနဲ့ အပြစ်ကကျေလည်အောင်ပြုလုပ်တယ်။ မပြင်းထန်တဲ့ဒဏ်ခတ်မှုလောက်ပဲရှိခဲ့ကြတယ်။ ၁၉၈၉ ဥပဒေ XXXVI ဟာ ၁၉၅၆ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို ပယ်ဖျက်ခဲ့တယ်။ ၁၉၉၀ ဥပဒေ XXVI ဟာ နိုင်ငံရေးအရလှုပ်ရှားလာခဲ့တဲ့ တရားရုံးရဲ့ စီစဉ်ဆုံးဖြတ်မှုတွေကို ဖျက်သိမ်းခဲ့တယ်။ ၁၉၉၀ မှာ အစိုးရအမိန့်အာဏာ ၉၃ ကို ပြင်ဆင်ချိန်မှာ ကွန်မြူနစ်အလုပ်သမားဥပဒေမှာ တချို့ မတရားမှုတွေရှိခဲ့ကြတယ်။ အဲဒီဥပဒေပြုမှုလုပ်ငန်းတွေဟာ ဘယ်သူ့ရဲ့ ပြစ်မှုဟာ ၁၉၅၆ ဖြစ်ရပ်တွေနဲ့ ဆက်နွယ်မှုရှိခဲ့သလဲဆိုတာလောက် သက်သေထူပြတာမျိုးပဲဖြစ်ခဲ့တာပါ။ အတိအကျဆိုရမယ်ဆိုရင် တော်လှန်ရေး၊ နိုင်ငံရေးစကားလုံးတွေ ပါဝင်သုံးစွဲခဲ့ကြတာလောက်ပါပဲ။ ပဲ့တင်ထပ်နေတဲ့ ပြည်သူတွေရဲ့ ရပ်တည်ချက်အတိုင်း အတွေးအခေါ်ပညာရှင် (အတိုက်အခံတက်ကြွလှုပ်ရှားသူ) ဂက်စ်ပါ မစ်ကလောစ့် တမာ့စ် က ပြောပါတယ်။ လှို့ဝှက်မှတ်တမ်းတွေကို ဒူးနာဗ့်မြစ်အောက်ခြေထဲရောက်အောင် သူ ပို့သင့်တယ်။ သူသဘောကျတဲ့ “ခွင့်လွှတ်ခြင်း နဲ့ မေ့ပြစ်ခြင်း” ဆိုတဲ့ စပိန်စကားလုံးက အချက်ပြနေပါပြီ တဲ့။ ဟာကွက်တွေပြည့်နေတဲ့ မှတ်တမ်းတွေဟာ ၁၉၈၉-၁၉၉၀ ခုနှစ်တွေက သိမ်းကျုံးလှည်းကျင်းပြစ်လိုက်တဲ့အထဲမှာ ရှင်ကျန်ရစ်နေခဲ့မှာပါ။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ ကွန်မြူနစ်ခေတ်သတင်းတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ဟန်ဂေရီယန်တွေ မေ့ပြစ်လိုက်ဖို့ပဲ တတ်နိုင်ကြတော့မယ် လို့ ပြောနေတယ်။ တမာ့စ် လို အစွန်းရောက်သဘောထားရှိသူမှာတောင် အတိတ်ကအဖြစ်တွေကို မေ့ပြစ်နိုင်ဖို့ အကြံပြုလာခဲ့ပြီ။ ဟန်ဂေရီကို ချင့်ချိန်စဉ်းစားစေခဲ့ပါပြီ။ အရေးကြီးတဲ့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့မေးခွန်းတွေလည်း အဖြေမရှိဘဲကျန်ရစ်နေခဲ့ပါတယ်။ ကံကောင်းတာက သူ့ရဲ့ အကြံဥာဏ်ကို သမိုင်းမှတ်တမ်းတွေကတော့ အာရုံစိုက်မှာမဟုတ်ပါဘူး။ အဲဒီလှို့ဝှက်ချက်တွေဟာ အခုထိတိုင် မဖုံးကွယ်နိုင်ခဲ့ပါဘူး။ ။
ဖြိုးဖြိုး
No comments:
Post a Comment