Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, August 04, 2014

နိုင်ငံတကာဆက်ဆံရေး - International Relations

မင်းမဲ့ဝါဒကို စိန်ခေါ်ခြင်း
ကမ္ဘာ့နိုင်ငံရေးကိစ္စတွေ တည်ဆောက်ခြင်း
(Building World Politics)

Myanmar Knowledge Society က ထုတ်ဝေတဲ့စာအုပ်ပါ။ ကျွန်မရေးဖြစ်တဲ့ အခန်းက မင်းမဲ့ဝါဒကို စိန်ခေါ်ခြင်းပါ။ စာအုပ်ထွက်တာတော့ ကြာနေပါပြီ။ 

ဒီစာအုပ်ရဲ့ အခန်း ၁ ကနေ ၄ အထိမှာ “နိုင်ငံတကာဆက်ဆံရေး-IR” ရဲ့ အယူအဆပိုင်းဆိုင်တဲ့အကြောင်းရင်းကို ဈည်းမျဉ်းစည်းကမ်းတစ်ခုလို ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါတယ်။ IR ကို သရုပ်မှန်ဝါဒနဲ့ အရှိကိုအရှိအတိုင်း ရှုထောင့်တစ်မျိုးနဲ့ဆွေးနွေးအကြံပြုတာကတော့ IR ကို လေ့လာခြင်းဟာ ပညာရေးအသိုင်းအဝိုင်းဖြစ်တဲ့တက္ကသိုလ်တွေ နဲ့ မူဝါဒပိုင်းပိုပြီးအသားပေးကြတဲ့ စစ်ရေးသရုပ်ခွဲလေ့လာသူတွေ၊ စစ်တပ်နည်းဗျူဟာကျွမ်းကျင်သူတွေနဲ့ နိုင်ငံခြားရေးမူဝါဒ ချမှတ်သူတွေကြားမှာ လွှမ်းမိုးလာတဲ့ စံနမူနာ-ပါရာဒိုင်းဖြစ်လာနေပါတယ်လို့ဆိုတယ်။ အရှိကိုအရှိအတိုင်း သဘာဝကျကျဆိုတာမှာ နည်းလမ်းအများကြီးနဲ့သုံးသပ်ကြတဲ့အခါ နိုင်ငံတကာနိုင်ငံရေးရဲ့ရှေ့ကိုဖြောင့်ဖြောင့်သွားနေတဲ့အမြင်တစ်ခုလို ပေါ်ထွက်လာခဲ့ပါတယ်။ အပြိုင်အဆိုင်ရှိကြတဲ့ကမ္ဘာ့နိုင်ငံအချင်းချင်းမှာ IR မှာ ဖြောင့်ဖြောင့်သွားသူတွေဟာ နိုင်ငံတကာသတင်းစာမျက်နှာတွေနဲ့ တီဗီသတင်းတွေမှာ စိုးမိုးခြယ်လှယ်နိုင်ကြတယ်။ ဒါပေမဲ့ သရုပ်မှန်ဝါဒ(Liberalism)မှာလည်း အဓိကဝေဖန်ခံရတဲ့အချက်တွေရှိတယ်။ အဲဒီထဲကတစ်ခုမှာဆိုရင် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့ အဖွဲ့အစည်း/ အားကြီးနိုင်ငံတွေ(active actor) အဓိကပါဝင်ကိုင်တွယ်တဲ့ IR ကိုင်တွယ်ဖြေရှင်းနည်းသီအိုရီဟာ မင်းမဲ့ဝါဒတည်ရှိနေမှုကို စိန်ခေါ်တွန်းလှန်နေရဆဲဖြစ်တဲ့ အဖွဲ့အစည်းအမျိုးမျိုးရဲ့ကဏ္ဍတစ်ခုလုံးကို လျစ်လျူရှုတဲ့မူဝါဒမျိုးဖြစ်နေပါတယ်တဲ့။
အဲဒါကြောင့် ဒီအခန်းမှာ non-state actors(NSAs)လို ခေါ်နေကြတဲ့ NGO လိုအဖွဲ့အစည်းတွေ နဲ့ transnational actors ဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိ/ လွှမ်းမိုးနိုင်ခွင့်ရှိနေကြတဲ့ UN လို အဖွဲ့အစည်းမျိုးတွေရဲ့ IR ကို လေ့လာခြင်းဟာ အရေးပါမှုပိုလာတယ်ဆိုတာကို အာရုံစိုက်ဆွေးနွေးသွားမှာပါ။ အဲဒီအဖွဲ့အစည်းတွေဟာ ကမ္ဘာ့နိုင်ငံရေးမှာ လွှမ်းမိုးမှုပိုတိုးနေတယ်။ သူတို့ရဲ့တည်ရှိမှုဟာ စီးပွားရေးနဲ့ ကုန်သွယ်မှုအရေးကိစ္စ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ နဲ့ တခြားများပြားလှတဲ့ နိုင်ငံတကာနိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ကိစ္စအသစ်တွေမကြာခဏဆောင်ယူတည်ခင်းကြတယ်။ ထို့အပြင် နိုင်ငံတကာနိုင်ငံရေးလုပ်ငန်းစဉ်မှာ အဲဒီကိစ္စရပ်တွေမကြာခဏာပေါ်ပေါက်လာတာဟာ အစဉ်အလာလိုဖြစ်နေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စရပ်တွေကြားကကွဲပြားမှု (နိုင်ငံရှင်သန်ရေးအတွက်မရှိမဖြစ်အရေးကိစ္စ - high politics နဲ့ တစ်ဦးချင်း/ တစ်နိုင်ငံချင်းရဲ့ နိုင်ငံရေး - low politics လို့ ခေါ်နေကြတဲ့ကွဲပြားမှု) ကို ဝေဝါးသွားစေတဲ့အကျိုးဆက်မျိုးဖြစ်တတ်တယ်။

နိုင်ငံတကာဆက်ဆံရေးမှာ NSA တွေရဲ့အခန်းကဏ္ဍကို စူးစမ်းစစ်ဆေးတာဟာ သရုပ်မှန်ဝါဒမှာရှိတဲ့ ဆန်းစစ်ဝေဖန်စရာတွေကိုမြင်သာစေတယ်။ ပြီးခဲ့တဲ့ အခန်းတွေမှာ ဒီအချက်ကို ချဲ့ထွင်ရှင်းလင်းခဲ့ပါတယ်။ ဖတ်ရှုခဲ့ကြပြီးတဲ့အတိုင်းပဲ ကိုယ်ပိုင်လွတ်လပ်တဲ့အုပ်ချုပ်ရေးရှိ/ ပိုင်နက်နယ်နမိတ်ကိုလည်းစနစ်တကျသတ်မှတ်ထိန်းချုပ်ထား/ သဘောထားမှန်မှန်ကန်ကန် အဖွဲ့အစည်းတွေရှိတယ်ဆိုတဲ့နိုင်ငံတွေရှိမယ်ဆိုတာ အဲဒါဟာ စံသတ်မှတ်ထားတာမျိုးပါ။ အဲဒီလိုနိုင်ငံတွေ တကယ်တည်ရှိနေနိုင်ဖို့ကတော့ ခက်ခဲရှားပါးလှတယ်။ နိုင်ငံတွေဟာ စံသတ်မှတ်ထားသလိုပဲရှိမနေနိုင်ကြပါဘူး။ အဓိကခေါင်းဆောင်တစ်ဦးတည်းရှိမနေနိုင်ဘူး။ စံသတ်မှတ်ထားတဲ့နိုင်ငံရေးအဖွဲ့အစည်းမျိုးတွေပဲရှိမနေနိုင်ဘူး။ သူတို့ရဲ့ပိုင်နက် နယ်နိမိတ်မှာလည်း ပြည့်ပြည့်ဝဝထိန်းချုပ်နိုင်တာ ကြုံတောင့်ကြုံခဲကိစ္စမျိုးပါ။ အခန်း ၄ မှာ တွေ့ခဲ့ကြသလို မျှမျှတတ မူမှန်တဲ့ သဘောထားတွေနဲ့၊ အရည်အချင်းမှီအချက်အလက်တွေအများကြီးနဲ့နိုင်ငံဆိုတာဟာ သရုပ်ခွဲပြထားတဲ့တန်ဖိုးအယူအဆတစ်ခု အဖြစ်ပါ။ တကယ့်ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေထဲမှာ အသုံးမဝင်သလောက်ပါပဲ။

NSA ဆိုတဲ့ဝေါဟာရကို ယေဘူယျအားဖြင့်တော့ ကမ္ဘာ့နိုင်ငံအရေးကိစ္စတွေမှာလတ်တလောလှုပ်ရှားပါဝင်နေတဲ့ များလှတဲ့အဖွဲ့အစည်းတွေအတွက် ခေါ်ဆိုအသုံးပြုကြတယ်။ ဒါပေမဲ့ NSA အခေါ်အဝေါ်ကြားမှာ ခေါင်းရှုပ်စရာတော့ဖြစ်နိုင်ပါတယ်။ နိုင်ငံတွေအဖွဲ့ဝင်အဖြစ်ပါဝင်ထားပြီး၊ တနည်းနည်းနဲ့ နိုင်ငံတွေကြား ဆက်ဆံရေးတည်ဆောက်နိုင်/ စည်းကမ်းလိုက်နာစေဖို့ သတင်းထုတ်ပြန်ချက်တွေထုတ်နိုင်တဲ့ UN လို အဖွဲ့အစည်းရှိနေပေမယ့် တခြားအဖွဲ့အစည်းတွေကတော့ နိုင်ငံတွေမှာ လွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်ကြပါဘူး။ အဲဒီလိုနိုင်ငံတွေဖွဲ့စည်းပါဝင်နေတဲ့ UN ဒါမှမဟုတ် EU အဖွဲ့အစည်းမျိုးတွေကို နိုင်ငံတွေရဲ့နယ်နိမိတ်ကိုကျော်လွန်နိုင်တဲ့အဖွဲ့အစည်း (supranational organizations) လို့ ခေါ်ဆိုသင့်ပါတယ်။ ဘာကြောင့်လည်းဆိုရင် နိုင်ငံတွေဟာ ကျန်တဲ့အဖွဲ့အစည်းမျိုးကိုတော့ သူတို့အဆောက်အဦထဲဝင်ခွင့် ပိတ်ပင်ထားချင်တယ်။ တားဆီးထားကြပါတယ်။ NSA အခေါ်အဝေါ်နောက်ထပ်ပြဿနာတစ်ခုကတော့ ကမ္ဘာ့နိုင်ငံရေးထဲမှာ အဲဒီလိုအဖွဲ့အစည်းတွေကို နိုင်ငံတွေက စိုးမိုးခြယ်လှယ်နိုင်ပါတယ်။ အဖွဲ့အစည်းတွေဟာ ဒုတိယနေရာမှာပဲရှိနေတယ်။ Willetts (2005: 427) အကြံပြုခဲ့သလို ကမ္ဘာ့နိုင်ငံရေးအခန်းကဏ္ဍမှာအရေးပါတဲ့အနေအထားရှိနေစေချင်ရင် transnational actor ဝေါဟာရကိုပဲအသုံးပြုတာက ပိုပြီး အသုံးဝင်နိုင်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ IR မှာ ကွဲပြားတဲ့အဖွဲ့အစည်းတွေနဲ့ အုပ်စုတွေကို နိုင်ငံတကာအဆင့်အသိအမှတ်ပြုခံရဖို့ transnational သဘာဝအတိုင်းလှုပ်ရှားမယ်ဆိုရင် အားကြီးနိုင်ငံတွေဦးဆောင်တဲ့ state-centric နိုင်ငံတကာဆက်ဆံရေး သဘောသဘာဝနဲ့တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေမှာပါ။ 

ဒါပေမဲ့ transnational actor လို့ အသုံးပြုရင်တောင် ခရီးလမ်းဖြောင့်နေပြီလို့တော့မဆိုနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီအခန်းမှာ တွေ့ပါလိမ့်မယ်။ တချို့အဖွဲ့အစည်းတွေဟာ ဒေသအလိုက်အထူးပြုဖွဲ့စည်းထားကြတယ်။ (ဥပမာ - EU ဒါမှမဟုတ် ASEAN)၊ တခြားအဖွဲ့အစည်းတွေ- အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ(NGOs) ဆိုရင် အခြေခံအားဖြင့်တော့ လှုပ်ရှားတက်ကြွတဲ့ကွန်ယက်တွေကနေတဆင့် နိုင်ငံတကာအထိရောက်အောင်ချိတ်ဆက်ထားတဲ့ ပြည်တွင်းအဖွဲ့အစည်းတွေပါ။ အခေါ်အဝေါ်အသုံးအနှုန်းတွေမှာ အလွန်အမင်းစိုးရိမ်ပူပန်နေတာထက် ဒီအခန်းမှာ အဓိကအချက်တွေကိုပဲ သိရှိသွားစေဖို့အရေးကြီးတာပါ။ ပထမအဆင့်အဖြစ် နိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာ ကွဲပြားတဲ့အဖွဲ့အစည်းတွေအားလုံးကြားက နိုင်ငံအချင်းအချင်းအပြန်အလှန်လုပ်ဆောင်မှုတွေ ခက်ခဲရှုပ်ထွေးလှတာကို နားလည်နိုင်ဖို့ပါ။ ဒုတိယကတော့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုဟာ နိုင်ငံရေးအရအပြန်အလှန်လှုပ်ရှားမှုတွေဆိုတာ နားလည်နိုင်ဖို့ဖြစ်ပါတယ်။ သူတို့ဟာ ဒီနေ့ကမ္ဘာမှာစွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာ ဘယ်မှာတည်နေသလဲဆိုတာ အသိအမြင်အသစ်ရရှိနားလည်သွားနိုင်အောင် ပါဝင်ကူညီပေးနေကြတယ်။

နိုင်ငံတကာအဖွဲ့အစည်းများ 
(International Organizations)
နိုင်ငံတကာဆက်ဆံရေးဟာ အစိုးရချင်းဆက်သွယ်တဲ့အဖွဲ့အစည်း - intergovernmental organization (INGOs နဲ့ NGOs)တွေရဲ့အခန်းကဏ္ဍမှာ အလေးထားစရာအဖြစ် အချိန်အတော်ကြာကတည်းကပတ်သက်တည်ရှိနေခဲ့ပါတယ်။ အစိုးရချင်းဆက်သွယ်တဲ့အဖွဲ့အစည်းတွေမှာ နိုင်ငံတွေပါဝင်ဖွဲ့စည်းတာ/ နိုင်ငံတကာနိုင်ငံရေးကိစ္စ ဒါမှမဟုတ် မရှိမဖြစ် high politicsတွေရဲ့ကဏ္ဍတွေ တွေ့မြင်ရမှာပါ။ နိုင်ငံတွင်းငြိမ်းချမ်းတဲ့ဆက်ဆံရေးထိန်းသိမ်းနိုင်မှုအတွက် အရေးကြီးတဲ့ဇာတ်ကောင်ကို လေ့လာသိရှိခဲ့ကြတဲ့အတွေးအမြင်သမားတွေရဲ့ ၂၀ရာစုအစောပိုင်းIRသီအိုရီမှာ အခုကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ဝေဖန်ဆွေးနွေးနေကြတဲ့ အဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေပတ်သက်မှု အကြောင်းရင်းတွေပါရှိတယ်။ အကျော်ကြားဆုံး အတွေးအမြင်သမားတွေထဲကတစ်ဦးဖြစ်တဲ့ ယူအက်စ်သမ္မတ Woodrow Wilson ဟာ ပထမကမ္ဘာစစ်လူတွေအစုအပြုံလိုက်သတ်ဖြတ်မှုတွေနောက်ပိုင်း၊ ရန်မူကြမ်းကြုတ်တဲ့ စစ်အာဏာသုံးနိုင်ငံတွေရဲ့အာဏာအသုံးပြုမှုတွေ ထောက်လှမ်းစုံစမ်းမယ့် League of Nations ကို တည်ထောင်ဖို့ ထောက်ခံခဲ့သူပါ။ Wilson ရဲ့ ကျော်ကြားတဲ့ Fourteen Points မိန့်ခွန်းထဲက စကားတစ်ချို့အကိုးအကားပြချင်ပါတယ်။  Box 5.1 မှာ ဝီလ်ဆင်ယုံကြည်ခဲ့တာက အဖွဲ့အစည်းတစ်ခုဟာ နိုင်ငံတွေအကုန်လုံးရဲ့ အကျိုးကို ကိုယ်စားပြုလုပ်ဆောင်ရမယ်။ လုံခြုံရေးအတွက် စုပေါင်းညိနှိုင်းနိုင်မယ့်ကတိကဝတ်တစ်ခု တရားဝင်ဖြစ်စေဖို့ပါ။ ငြိမ်းချမ်းတဲ့နိုင်ငံတကာဆက်ဆံရေးကို တရားဥပဒေအရကျိန်းသေအောင်မြင်စေဖို့ နိုင်ငံတွေအတူတကွလုပ်ကိုင်ကြရမယ်လို့ဆိုခဲ့တာပါ။ League of Nations ဟာ  အရှုံးနဲ့မကြာခဏရင်ဆိုင်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၃၀ ခုနှစ်တွေမှာ ဖက်ဆစ်ဝါဒ သက်ဝင်လှုပ်ရှားလာတာ ရင်ဆိုင်ရပေမယ့် တစုံတရာအရေးယူဆောင်ရွက်မှုမရှိဘဲ ပျက်ကွက်ခဲ့တာကြောင့်ပါ။ ဒါပေမဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့အဖွဲ့အစည်းတွေရဲ့ သဘောတူညီချက် အာကောင်းခိုင်မာလာပြီး ၁၉၄၄ မှာတော့ United Nations ကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ UN ဟာ ဒုတိယကမ္ဘာစစ်အပြီး ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်ရာမှာ ကူညီပေးမယ့်အဖွဲ့အစည်းတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြတာပါ။ UN မှာ ကမ္ဘာ့နိုင်ငံအားလုံးအသင်းဝင် ပါဝင်နိုင်ပြီး multilateralism အယူအဆကို အားလုံးကလိုက်နာနိုင်အောင်ဖွဲစည်းလိုက်တာပါ။ multilateralism ရည်ရွယ်ချက်က နိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့် နိုင်ငံအားလုံးအတူတကွအလုပ်လုပ်ကြဖို့၊ နိုင်ငံတကာအရေးကိစ္စတွေမှာ နိုင်ငံတကာနည်းလမ်း/ ဥပဒေတွေကို လိုက်နာပြီး အာလုံးပူးပေါင်းပါဝင်ကြဖို့ဆိုတဲ့အချက်တွေပါ။ multilateralism ဟာ အစွမ်းထက်ပြီး၊ သြဇာညောင်းတဲ့အတွေးအခေါ်အယူအဆမျိုးဖြစ်တယ်။ League of Nations နဲ့ United Nations တည်ဆောက်ရာမှာ အဓိကကျတယ်ဆိုတာကိုလည်း Wilson and the UN Charter Box 5.1 က ကိုးကားချက်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

ယူအန်ရဲ့ အဖွဲ့ဝင်နိုင်ငံတိုင်းဟာ ကိုယ်စားလှယ်အစည်းအဝေးပွဲ “General Assembly” မှာ မဲတစ်မဲ ပေးခွင့်ရှိကြတယ်။ ဒါပေမဲ့ အဲဒါဟာ ယူအန်အဖွဲ့အစည်းရဲ့ တကယ့်အာဏာတည်ရှိတဲ့ ယူအန် လုံခြုံရေးကောင်စီအတွင်းမှာပါ။ လုံခြုံရေးကောင်စီဟာ ပါဝင်တဲ့အဖွဲ့ဝင်နိုင်ငံတွေကြား အာဏာဆက်သွယ်မှုမှာ မညီမျှမှုတွေနဲ့ဆက်ဆံပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးအောင်ပွဲခံမဟာမိတ်နိုင်ငံတွေ(အာဏာအကြီးဆုံးနိုင်ငံတွေ)ဟာ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအတွက်နေရာတွေရထားကြတယ်။ အဲဒီနိုင်ငံတွေကတော့ ရုရှား၊ ပြင်သစ်၊ ယူအက်စ်အေ၊ ယူကေ နဲ့ တရုတ်နိုင်ငံတို့ဖြစ်ပြီး အမြဲတမ်းအဖွဲ့ဝင်ဖြစ်နိုင်ကြတယ်။ သူတို့မှာ ဗီတိုအာဏာသုံးပြီး တားမြစ်ပယ်ချနိုင်တဲ့အခွင့်အာဏာလည်းရှိကြတယ်။ လုံခြုံရေးကောင်စီဟာ ယူအန်ရဲ့  တစ်ခုတည်းသောလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး သူ့မှာရှိတဲ့ အာဏာဟာ ယူအန်ပဋိညာဉ်စာတမ်းပါစည်းကမ်းချက်အရ ယူအန်အဖွဲ့ဝင်နိုင်ငံတွေပေးတဲ့ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်။ လုံခြုံရေးကောင်စီကချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေဟာ လုံခြုံရေးကောင်စီရဲ့ သန္နိဌာန်တွေပါ။ ဥပမာအားဖြင့်ဆိုရရင် လုံခြုံရေးကောင်စီရဲ့ သန္နိဌာန်တွေမှာ Resolution 1441 ဟာ အီရတ်စစ်ပွဲအတွင်းက တိုးမြှင့်ချထားခဲ့တဲ့ တပ်သားရုပ်သိမ်းရေးလိုက်နာဖို့ပါ။ (အီရတ်စစ်ပွဲဟာ ယူအန်ရဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုမလိုက်နာဘဲဆင်နွှဲခဲ့တဲ့စစ်အဖြစ် အငြင်းပွားဖွယ်ဖြစ်ခဲ့ကြတယ်။) တခြားဆုံးဖြတ်ချက်တွေမှာ Resolution 794 -  ၁၉၉၂ ခုနှစ်မှာ လူသားချင်းစာနာထောက်ထားမှုစစ်ဆင်ရေးတွေကို ထောက်ခံကူညီပြီး ဆိုမာလီယာဆီ စစ်ရေးအရကြားဝင်ဖို့ တရားဝင်ခွင့်ပြုလိုက်တာရယ်၊ ၂၀၀၀ ခုနှစ် Resolution 1325 ကတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပဋိပက္ခအလွန်လူ့အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေအဓိကပါဝင်တဲ့ အဓိကကျတဲ့အခန်းကဏ္ဍကို နိုင်ငံတွေဂရုပြုမိအောင်ခေါ်ဆိုခဲ့တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ကြတယ်။ 

ဒါပေမဲ့ ယူအန်ဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေမှာပဲ ပတ်သက်လှုပ်ရှားတာမဟုတ်ပါဘူး။ စီးပွားရေးနဲ့ လူမှုရေးကောင်စီ (Economic and Social Council - ECOSOC) လို အဖွဲ့အစည်းလုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ စီးပွားရေး၊ လူမှုရေးကိစ္စတွေမှာလည်း အရေးကြီးတဲ့ဇာတ်ကောင်နေရာက ပါဝင်တယ်။ ECOSOC အဖွဲ့အစည်းရဲ့ အမိုးအကာအောက်မှာ အမျိုးမျိုးကွဲပြားတဲ့ကိုယ်ထည်တွေရယ်၊ အကိုင်းအခက်အေဂျင်စီတွေ ဘယ်လောက်များများရှိနေလည်း ယူအန်ရဲ့ website www.un.org မှာ လေ့လာကြည့်နိုင်ပါတယ်။ လူမှု-စီးပွားအဖွဲ့အစည်းကိစ္စတွေမှာ ပါဝင်နေတဲ့ ယူအန်အဖွဲ့အစည်းတွေမှာဆိုရင် ယူအန်ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ ယူအန်ဒုက္ခသည်များဆိုင်ရာအဆင်မြင့်ကော်မရှင်(UNHCR) နဲ့ ယူအန်ကလေးများရန်ပုံငွေ (UNICEF) တို့ပါရှိကြတယ်။ အဲဒီအဖွဲ့အစည်းတွေဟာ ယူအန်ရဲ့ ရံပုံငွေနဲ့ တိုက်ရိုက်ငွေကြေးထောက်ပံ့ပါတယ်။ စေတနာအလျောက်ထည့်ဝင်လှူဒါန်းတဲ့ရံပုံငွေနဲ့လည်း အသင်းအဖွဲ့တွေရပ်တည်ကြတယ်။ အဲဒီမှာ ယူအန်အုပ်ချုပ်ပုံစနစ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ များပြားလှတဲ့အထူးအေဂျင်စီတွေလည်းရှိကြတယ်။ ဒါပေမဲ့ ECOSOC ကနေ သီးခြားရပ်တည်နေကြတဲ့အဖွဲ့အစည်းတွေလည်းရှိနေပါတယ်။ တကယ်တော့ အဲဒီအဖွဲ့အစည်းတွေဟာ ယူအန်စနစ်ရဲ့ အမည်ခံ အဖွဲ့အစည်းတွေပါ။ ဥပမာ သူတို့ရဲ့ ကိုယ်ပိုင်ဘတ်ဂျက်အတွက် သူတို့ကိုယ်တိုင်ပဲထိန်းချုပ်ကြတယ်။ ကိုယ်ပိုင်ရံပုံငွေရှာဖွေကြတယ် ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲလှုပ်ရှားကြတာပါ။ အဲဒီအထူးအေဂျင်စီတွေမှာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF) နဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း(ILO) နဲ့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့အစည်း(WHO) တို့ ပါဝင်ကြပါတယ်။

ကမ္ဘာ့စီးပွားရေးအရေးကိစ္စလို အရေးကြီးတဲ့အခန်းကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းမိုးလှုပ်ရှားတဲ့ နိုင်ငံတကာအဖွဲ့အစည်းသုံးဖွဲ့ရှိနေတယ်။ ယူအန်စတင်တည်ထောင်ခဲ့တဲ့ကာလ ၁၉၄၀ ခုနှစ်တွေမှာ ကမ္ဘာ့စီးပွားရေးကို ထိထိရောက်ရောက်အုပ်ချုပ်နိုင်ဖို့ စီးပွားရေးအဖွဲ့အစည်းတွေ ကမ္ဘာ့ဘဏ်၊ IMF နဲ့ GATT (General Agreement on Tariffs and Trade) တွေဖွဲ့စည်းလာခဲ့ကြတယ်။ GATT က ၁၉၉၅ မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း(WTO) ဖြစ်လာခဲ့တယ်။ အဲဒီအဖွဲ့အစည်းအကြောင်းတွေကို အခန်း ၇ နဲ့ ၈ မှာ အသေးစိတ်ဆွေးနွေးထားပါတယ်။ ၁၉၄၄ ခုနှစ် ယူနိုက်တက်စတိတ် New Hampshire မှာ နိုင်ငံ ၄၃ နိုင်ငံပါဝင်ကျင်းပခဲ့တဲ့ညီလာခံအပြီးမှာတော့ Bretton Woods အဖွဲ့အစည်းလို့ အမည်ပေးလိုက်ပါတယ်။ Bretton Woods ရဲ့ လစ်ဘရယ်ရှုထောင့်အရ တိုက်တွန်းအကြံပြုတာက တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအုပ်ချုပ်မှုအတွက် နိုင်ငံအချင်းချင်းစုစည်းပါဝင်ပြီးချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်း ကူညီလုပ်ကိုင်နိုင်စေဖို့ပါ။  အဲဒီသဘောတရားအရ အားကောင်းတဲ့နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေ ပေါ်ထွန်းစပြုလာခဲ့ဟာ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာကို အစီအစဉ်ကျနအောင်ပြန်လည်တည်ဆောက်သလို တစ်ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးစနစ်တစိတ်တပိုင်းအတွက်လည်း ရုပ်လုံးဖော်ဖန်တီးကြတာပါ။ 

ဒါပေမဲ့ သရုပ်မှန်ဝါဒီသမားတွေဆွေးနွေးတာက UN နဲ့ WTO တို့လို အဖွဲ့အစည်းတွေတည်ရှိမှုဟာ ကမ္ဘာ့နိုင်ငံရေးအပေါ်သူတို့ရဲ့အမြင်တွေကို နည်းနည်းတော့စိန်ခေါ်နေပါတယ်။ အားကြီးတဲ့နိုင်ငံတွေဟာ UN ဆုံးဖြတ်ချက်တွေနဲ့ WTO ကုန်သွယ်ရေးစည်းမျဉ်းတွေ သူတို့နဲ့အဆင်ပြေမယ်ဆိုတော့မှသာ လိုက်နာမှာပါတဲ့။ ၂၀၀၃ ခုနှစ် ယူအက်စ်က အီရတ်ကိုကျူးကျော်တိုက်ခိုက်ဖို့ဆိုတဲ့ အကျော်ကြားဆုံး ဆုံးဖြတ်ချက်ဆိုရင် ယူအန်ရဲ့ နည်းလမ်းတွေနဲ့ဆန့်ကျင်သွားခဲ့တဲ့လုပ်ရပ်ပါ။ တခြားဥပမာတွေကိုလည်း ညွှန်ပြနိုင်သေးတယ်။ EU အဖွဲ့ဝင်နိုင်ငံတွေဟာ စိုက်ပျိုးရေးဆိုင်ရာ စည်းကြပ်ခွန်လျော့ချမှုနဲ့ ပတ်သက်တဲ့ WTO ရဲ့စည်းကမ်းတွေကိုလိုက်နာခြင်းမရှိ၊ ရှောင်ဖယ်ဖယ်လုပ်နေခဲ့တာပါ။ ဒီ့အပြင် UN အတွင်းမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့အာဏာဟာ  လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် (နိုင်ငံအနည်းငယ်အစုအဖွဲ့) တွေဆီမှာတည်ရှိနေတယ်။ Bretton Woods အဖွဲ့အစည်းဟာ ငွေကြေးကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေရဲ့ လုပ်ပိုင်ခွင့်/ စီးပွားရေးလုပ်ငန်း/ အစုရှယ်ယာ တွေပေါ်မှာမူတည်ပြီး စိုးမိုးခြယ်လှယ်ခွင့်လက်ခံပါတယ်။ ကမ္ဘာ့ဘဏ်မှာဆိုရင် ဥပမာ နိုင်ငံတွေရဲ့ မဲပေးခွင့်အာဏာဟာ အဖွဲ့အစည်းကိုထောက်ပံ့ဖြည့်ဆည်းပေးတဲ့ သူတို့ရဲ့ ရံပုံငွေပမာဏနဲ့ တိုက်ရိုက်အချိုးကျနေတာပါပဲ။ Bretton Woods အဖွဲ့အစည်းရဲ့လူပြောအများဆုံးဝေဖန်ခံရမှုဟာ ကြွယ်ဝတဲ့စက်မှုနိုင်ငံတွေရဲ့အားကိုသုံးပြီး ကမ္ဘာ့တောင်ပိုင်းက ပိုပြီးဆင်းရဲတဲ့နိုင်ငံတွေကို ထိန်းချုပ်တယ်။ တိကျတဲ့စီးပွားရေး နဲ့ လူမှုရေးမူဝါဒတွေရှိမှ ဘဏ္ဍာရေးအထောက်အပံ့မျိုး ပြန်လာမယ်ဆိုတဲ့ ဖိအားပေးမှုတွေနဲ့ အသုံးချနေတယ်လို့ဆိုကြတာပါ။ သရုပ်မှန်ဝါဒီသမားတွေ တင်ပြသေးတာက multilateralism ကောင်းကြောင်းအာဝဇ္ဇန်းရွှင်ရွှင်ပြောဆိုသတ်မှတ်နေကြလည်းပဲ နိုင်ငံတွေကြားက ပဋိပက္ခအဟောင်းတွေကတော့ဖြင့် အပြည်ပြည်ပူးပေါင်းရေးဝါဒီတက်ကြွမှုတွေနောက်မှာ ဆက်ပြီးတည်ရှိနေကြတာပဲတဲ့။ နိုင်ငံတကာအဖွဲ့အစည်းတွေ တည်ရှိနေမှုဟာ စိန်ခေါ်မှုတွေအပြည့်ပဲလို့ သရုပ်မှန်ဝါဒီသမားတွေ မှတ်ချက်ချနေပေမဲ့ နိုင်ငံအတော်များများကတော့ multilateralism ကို လက်ခံဆုံးဖြတ်ပြီးနေကြပါပြီ။ ဒီနေ့ နိုင်ငံတကာဆက်ဆံရေးအကြောင်းဆွေးနွေးကြတဲ့အခါ နိုင်ငံတွေစုပေါင်းပါဝင်တဲ့အဲဒီ multilateralism ဟာ အစွမ်းထက်/ အရေးပါတဲ့ အယူအဆဖြစ်တယ်ဆိုတာကိုတော့ မသိကျိုကျွံပြုနေလို့မရနိုင်ပါဘူး။

ဒေသတွင်းအဖွဲ့အစည်းများ 
(Regional Organizations)
နိုင်ငံတကာအဖွဲ့အစည်းရဲ့ သီးခြားရပ်တည်ချက်မှာတော့ မကြာသေးမီနှစ်တွေက နိုင်ငံတကာဆက်ဆံရေးပညာသင်ဆုတွေ ကို တော်တော်ကြီးစိတ်ဝင်စားလာတာပါ။ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလာခဲ့တယ်။ အဲဒီအဖွဲ့အစည်းတွေကပဲ လွတ်လပ်စွာကုန်သွယ်ခွင့်ဧရိယာပုံစံမျိုးမကြာခဏလက်ခံခွင့်ပြုပေးပြီး နိုင်ငံတွေမှာ ဒေသတစ်ခုချင်းအလိုက် တိကျတဲ့ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုအတားအဆီးတွေ (တခြားဒေသတွေနဲ့ ဆန့်ကျင်နေတဲ့အတားအဆီးမျိုး)  ချပေးဖို့ သဘောတူလိုက်တယ်။ ဒေသတွင်းပူးပေါင်းရေးစီမံချက်ဟာ တခြားနိုင်ငံတွေက ဒေသတွေနဲ့ အလုပ်လုပ်ဖို့ တစ်ခုချင်းစီမှာရှိနေတဲ့ တားမြစ်ကန့်သတ်ချက်တွေ လျော့စေခြင်းအားဖြင့် လက်တွဲတာပါ။ အများလက်ခံတဲ့ငွေကြေးစနစ်၊ အများနှင့်ဆိုင်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အများဆိုင်မူဝါဒတွေ (လုံခြုံရေး နဲ့ နိုင်ငံခြားရေးဝါဒ) ထွက်ပေါ်လာတာမျိုးဖြစ်ပါတယ်။ EU ဟာ လူသိများပြီး ဒေသတွင်းအဖွဲ့အစည်း အထက်ကဝေဖန်ခံရတဲ့အချက်အလက်တွေ အကုန်လုံးနီးပါးပြောင်းလဲနိုင်အောင်ဖွဲ့စည်းတဲ့အခင်းအကျင်းပါ။ တခြားဒေသတွင်းအဖွဲ့အစည်းတွေ ASEAN (the Association of Southeast Asian Nations), MERCOSUR (Mercado Comun del Sur, ဘရာဇီး၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ဗင်နီဇွဲလား နဲ့ ပါရာဂွေးနိုင်ငံဒေသတွင်းက ကုန်သွယ်ရေးဇုံ) နဲ့ NAFTA (North American Free Trade Area) စတဲ့အဖွဲ့အစည်းတွေလည်း အနည်းအကျင်းတော့ရှိနေပါတယ်။
Regionalism အယူအဆနဲ့ ပတ်သက်ပြီးဆွေးနွေးငြင်းခုံစရာတစ်ခုက ဘယ်လိုဒေသတွင်းပုံစံအုပ်ချုပ်မှု၊ ဘယ်လို အဖွဲ့အစည်းတွေဟာ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာကို သမာရိုးကျနားလည်လက်ခံနေတဲ့ပုံစံကနေ စိန်ခေါ်ပြောင်းလဲပစ်မှာလဲဆိုတာပါ။ ဥပမာ အဆင့်တွေအများကြီးနဲ့အုပ်ချုပ်မှု Multilevel Governance (Marks and Hooghe 1996)နဲ့ EU ဒေသတွင်း နိုင်ငံတွေမှာရှိနေတဲ့ လွတ်လပ်တဲ့အချုပ်အခြာပိုင်ဆိုင်မှု မှေးမှိန်လာခြင်းကို အကျဉ်းချုပ်ကောက်နှုတ် မိတ်ဆက်ပေးခဲ့တယ်။ Multilevel Governance အယူအဆဟာ ဘယ်လိုသေချာတိကျစွာ အစိုးရလုပ်ငန်းစဉ်တွေကြားထဲ အလုပ်လုပ်နေသလဲ တစ်ဦးချင်းစီအကျုံးဝင်ပါတယ်။ UK ဆိုရင် ဗဟိုမှအာဏာကိုလက်အောက်ခံအဖွဲ့အစည်းတွေခွဲဝေပေးတဲ့ နိုင်ငံရေးအာဏာမျိုးနဲ့ နိုင်ငံတွင်း၊ ဒေသတွင်းအဆင့် (ဝေလပြည်နယ် နဲ့ စကော့တလန်) တို့ကိုအုပ်ချုပ်ပြီး ဥရောပသမဂ္ဂမှာ အာဏာကိုတိုးပွားစေတယ်။ ဒေသတွင်းအုပ်ချုပ်ရေးပုံစံကိုလည်း အရှိန်အဝါလွှမ်းထားလိုက်တယ်။
နောက်ထပ်စိတ်ဝင်စားဖို့ ပိုတိုးလာတာက ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ လုံခြုံရေး နဲ့ နိုင်ငံခြားရေးမူဝါဒ ရှုထောင့်တွေပါ။ ဒီစာအုပ်မှာ ဘယ်ဒေသတွင်းအဖွဲ့အစည်းတွေက စုပေါင်းဆုံးဖြတ်ချက်ပြုလုပ်နိုင်မလဲ ဆိုတဲ့အခြေအနေကို မကြာခဏရှင်းလင်းဆွေးနွေးထားပါတယ်။ ဥပမာ EU ဟာ အများဆိုင်စိုက်ပျိုးရေမူဝါဒရှိထားသလို အများနှင့်ဆိုင်တဲ့ လုံခြုံရေးမူဝါဒထားရှိဖို့ ဖြစ်နိုင်လားဆိုတာပါ။ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာ လူမှုရေးအပြုသဘောဆောင်တဲ့အသိအမြင်တွေကနေ အကြံပြုလာနိုင်တာက စုပေါင်းလုံခြုံရေးလုပ်ငန်းစဉ်တွေဟာ ဒေသတွင်းအခြေအနေတွေမှာ အလားအလာကောင်းစေတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနည်းလမ်းဟာ စံသတ်မှတ်ချက်တွေနဲ့ အတွေးအခေါ်တွေကို ဒေသတွင်းမှာ စိတ်တူသဘောတူဖြစ်အောင်တည်ဆောက်ဖို့ အသုံးပြုနိုင်တာကြောင့်ပါ။ Box 5.2 မှာ တင်ပြထားတဲ့ “ASEAN ကို လေ့လာမှု” အချက်အလက်တွေမှာ ကျွန်တော်တို့ အသေးစိတ် ပိုပြီးစူးစမ်းနိုင်ကြပါတယ်။

အစိုးအရမဟုတ်တဲ့အဖွဲ့အစည်းများ 
(Non-Governmental Organizations)
၂၀ရာစုအစောပိုင်းကတည်းက IR အတွင်း အစိုးရချင်းဆက်သွယ်တဲ့အဖွဲ့အစည်းတွေရဲ့ အရေးပါမှု (ဒါမှမဟုတ် အရေးမပါမှု)ကို လက်ခံအသိအမှတ်ပြု/ ငြင်းခုံဆွေးနွေးနေကြစဉ်မှာ အရေးပါမှုဟာ transnational actor တွေကို လေ့လာမှုနဲ့ ဆက်စပ်နေပါတယ်။ အဲဒါဟာ နိုင်ငံတွေရဲ့လွတ်လပ်မှုဖြစ်ပြီး လတ်တလောသိသာမြင်သာလာတဲ့ဖြစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ NGO ဟာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း non-governmental organization ရဲ့ အတိုကောက်စာလုံးတွေဖြစ်ပြီး အခုကာလမှာ NGO တွေဟာ မိုးများရပ်ဝန်းမှာ တောပြုန်း/ ပတ်ဝန်းကျင်ညစ်ညမ်းသလို ကိစ္စအမျိုးမျိုးထွေပြားနေသလိုပဲ ဘာသာရေးလှုပ်ရှားမှုတွေ၊ လူသားချင်းစာနာထောက်ထားရေးကြားဝင်မှုနဲ့ စစ်ပွဲကာလတွေ နဲ့ သဘာဝဘေးအန္တရာယ်တွေ၊ နိုင်ငံတကာလူ့အခွင့်အရေး နဲ့ နိုင်ငံတကာ အားကစား၊ ယဉ်ကျေးမှုပြိုင်ပွဲအခမ်းအနားမျိုးတွေနဲ့ လှုပ်လှုပ်ရှားရှားရှိနေကြတယ်။ ကမ္ဘာ့နေရာတိုင်းလိုလို စစ်ဆင်ရေးပုံစံအလုပ်လုပ်နေကြတယ်။ NGO တွေဟာ ပြည်တွင်းနိုင်ငံရေးကိစ္စတွေကို လွှမ်းမိုးဖို့ဖိအားပေးနိုင်မယ့်အုပ်စုတွေထက် နည်းနည်းပိုသာတယ်လို့ပြောနိုင်ရုံမျှပါ။ ကမ္ဘာ့နိုင်ငံအရေးကိစ္စတွေမှာ ပါဝင်ဖို့ အခန်းကဏ္ဍတစ်အဖြစ်ရှိနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာအနှံ့အရေးပါတဲ့ကိစ္စတွေမှာ သူတို့ဟာ တခြားတိုင်းပြည်အသီးသီးမှာ ဖြန့်ကျက်လုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းကြီးတွေနဲ့ ချိတ်ဆက်ထားတယ်။ ဒါမှမဟုတ် ဒေသတွင်းအခြေစိုက် နိုင်ငံတကာကွန်ယက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်ကြတယ်။ (Salamon 1994)
ယေဘူယျအားဖြင့် အင်အားအကြီးဆုံး နဲ့ အချမ်းသာဆုံး NGO အဖွဲ့တွေသာလျှင် သူတို့ရဲ့နယ်နမိတ်အပြင်ဘက်ကို ဆွဲဆောင်လှုပ်ရှားနိုင်တာပါ။ အဲဒီလိုအဖွဲ့အစည်းတွေမှာ Greenpeace, Amnesty International, the Red Cross နဲ့ Médecins Sans Frontières တို့ဖြစ်ကြတယ်။ အဲဒီကမ္ဘာအနှံ့ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းထားနိုင်တဲ့ NGO တွေဟာ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း INGO လို့ မကြာခဏ ညွှန်းဆိုတတ်ကြပါတယ်။ အဲဒီ အားကောင်းတဲ့ INGO အဖွဲ့အစည်းတွေထဲကတစ်ခုကို ဥပမာအဖြစ်ပြရရင် Greenpeace ပါ။ (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ဖို့ ဦးဆောင်ပါဝင်တဲ့အဖွဲ့အစည်းဖြစ်တယ်)။ အခု ကျွန်တော်တို့ အဲဒီသြဇာညောင်းတဲ့ INGO ဟာ ကမ္ဘာ့နိုင်ငံအရေးကိစ္စတွေမှာ ဘယ်လိုနည်းလမ်းနဲ့ လှုပ်ရှားသလဲဆိုတာပြောပါမယ်။ အဲဒီ INGO တွေပေါ်ထွန်းလာမှုမှာ အားကြီးတဲ့နိုင်ငံတွေဟာ အရေးအပါဆုံး actor အဖြစ် တည်ရှိနေတယ်ဆိုတဲ့  သရုပ်မှန်ဝါဒီသမားတွေအမြင်နဲ့ စိန်ခေါ်မှုတွေရှိနေတယ်။ ဘယ်လောက်အတိုင်းအတာလဲ ကျွန်တော်တို့ သီးခြားအလေးထားဆွေးနွေးမှာပါ။ 
Greenpeace စီမံခန့်ခွဲတဲ့ စည်းရုံးလှုံ့ဆော်မှုတွေမှာ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ တိုက်ရိုက် အရေးယူဆောက်ရွက်မှုတွေ မကြာခဏပါဝင်တယ်။ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကော်ပိုရေးရှင်းအဖွဲ့ နှစ်ခုလုံးရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင် ထိခိုက်နစ်နာစေတဲ့အလေ့အကျင့်တွေကို ထောက်ပြတယ်။ NGO အများစုလိုပဲ Greenpeace ဟာ အားရစရာမရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမှတ်တမ်းရှိနေတဲ့ အစိုးရမျိုးရဲ့ အရှက်ရစရာလုပ်ပုံကိုင်ပုံနည်းလမ်းတွေပေါ်မှာ သတိထားနေတယ်။ ဘယ် Greenpeace က အဲဒီလိုနည်းဗျူဟာတွေ အသုံးပြုနိုင်လဲ။ ကမ္ဘာနိုင်ငံအရေးကိစ္စတွေမှာ အာဏာ နဲ့ လွှမ်းမိုးမှု ဘယ်လိုလဲ။ စစ်တပ်ရဲ့လုပ်နိုင်စွမ်း ဒါမှမဟုတ် စီးပွားရေးကြွယ်ဝမှုတင်မဟုတ်ဘဲ တိကျသေချာတဲ့ actor တွေရဲ့ ကိုယ်ကျင့်တရားကောင်းတဲ့အခွင့်အာဏာမျိုးနဲ့ အစပြုတာပါ။ နိုင်ငံတွေဟာ Greenpeace လို NGO တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုအပေါ်တန်ပြန်မှု မကြာခဏရှိတယ်။ အရှင်းလင်းဆုံးအဖြစ်အပျက်ကတော့ ၁၉၈၅ ခုနှစ်မှာ ပြင်သစ်လှို့ဝှက်တပ်ဖွဲ့ဟာ Greenpeace သင်္ဘော Rainbow Warrior ကို ဗုံးနှစ်လုံးနဲ့ ပစ်ခတ်နှစ်မြှုပ်ခဲ့ပါတယ်။ ပြင်သစ်အစိုးရဟာ နောက်ဆုံးတော့ Greenpeace ကို ယူအက်စ် ဒေါ်လာ ၈.၁၆သန်း လျော်ကြေးပေးဆောင်လိုက်ရတယ်။ အဲဒီ Greenpeace ကိစ္စဟာ ခေတ်ပြိုင်ကမ္ဘာ့နိုင်ငံရေးလောကမှာ ညွှန်ပြစရာအရေးပါလာခဲ့တယ်။ NGO တွေဟာ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံအရေးကိစ္စနယ်ပယ်မှာ မယုံနိုင်လောက်အောင်အရေးကြီးတဲ့အဖွဲ့အစည်းတွေဖြစ်လာတယ်ဆိုတာ သိသာထင်ရှားစေခဲ့တာပါ။ နိုင်ငံတကာနိုင်ငံရေးလှုပ်ရှားမှုဟာ “နိုင်ငံတွင်းသာပြိုင်တဲ့ပွဲ” မျိုးဆိုတဲ့ အတွေးအမြင်မျိုးကို စိန်ခေါ်လိုက်တာပါ။ (Raustiala 1997; Newell 2006)

ကမ္ဘာ့နိုင်ငံရေးမှာ NGO တွေရဲ့ လွှမ်းမိုးမှုဟာ အစိုးရချင်းအသိအမှတ်ပြုတဲ့အဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုနဲ့ အသိအမှတ်ပြုခံလာရတာမျက်မြင်ပါပဲ။ ယူအန် ပဋိညာဉ်စာတမ်း အပိုဒ်ခွဲ ၇၁ အရ ယူအန်ရဲ့ စီးပွားရေး နဲ့ လူမှုရေးကောင်စီ (ECOSOC)ကို လုပ်ပိုင်ခွင့်အာဏာတွေပေးအပ်ထားပါတယ်။ ကောင်စီကနေ NGO အဖွဲ့တွေကို “အတိုင်ပင်ခံအဆင့်” အဖြစ် ကိစ္စအများအပြား သဘောတူခွင့်ပြုပေးတယ်။ ဥပမာအားဖြင့် ယူအန်အဖွဲ့ချုပ်မှာ Greenpeace ဟာ အတိုင်ပင်ခံအဆင့်ရထားတယ်။ အဲဒီအတွက် နိုင်ငံတကာရေကြောင်းသွားလာမှု (နိုင်ငံတကာရေကြောင်းအဖွဲ့အစည်း International Maritime Organization) ကို ၁၉၉၁ ခုနှစ်ကတည်းကအုပ်ချုပ်ခွင့်ရှိပါတယ်။ (နိုင်ငံတကာရေကြောင်းအဖွဲ့အစည်း အဖွဲ့ဝင်နိုင်ငံတွေကလည်း Greenpeace ရဲ့ အတိုင်ပင်ခံအဆင့် ကို ပြန်လည်ရုတ်သိမ်းခံရဖို့ ကြိုးစားခဲ့ကြသေးတယ်။) NGO ရဲ့ လှုပ်ရှားမှုတွေကို(မကြာခဏပြစ်တင်ဝေဖန်မှုတွေတော်တော်များများရှိနေပေမယ့်) ကမ္ဘာ့ဘဏ်ကလည်း တရားဝင်ပေါင်းစည်းလုပ်ကိုင်ခြင်းအရေးကြီးတယ်ဆိုတာကို ပိုပြီး အသိအမှတ်ပြုလာပါတယ်။ လတ်တလောကာလတွေမှာ NGO တွေရဲ့ လွှမ်းမိုးမှုပဲ ကြီးထွားလာတာမဟုတ်ပါဘူး။ NGO တွေရဲ့ စုစုပေါင်းအရေအတွက်ကလည်း အင်မတန်မြန်မြန်ဆန်ဆန်တိုးတက်လာခဲ့တာပါ။ အကြောင်းရင်း ကိစ္စအမျိုးအစားအရေအတွက်တွေကြောင့်တိုးလာခဲ့တာပါ။ ပထမ - စစ်အေးတိုက်ပွဲပြီးကတည်းက ကမ္ဘာအနှံ့ ဒီမိုကရေစီနစ်ကျင့်သုံးလာတဲ့ နိုင်ငံအရေအတွက်ပိုလာခဲ့တော့ NGO တွေအတွက် ပျူပျူဌာဌာကြိုဆိုမယ့်နေရာတွေ ပိုပြီးဖန်တီးပေးလာခဲ့တယ်။ အာဏာရှင်ဆန်တဲ့အစိုးရစနစ်ရှိတဲ့နိုင်ငံတွေကတော့ ကောင်းကောင်းမွန်မွန်လက်မခံနိုင်တာရှိတတ်တယ်။ ဒုတိယ - နိုင်ငံများစွာဟာ အင်မတန်အားချိနဲ့နေကြတယ်။ အရင်က နိုင်ငံအစိုးရကပြုလုပ်ပေးခဲ့တဲ့ လုပ်ငန်းတာဝန်တွေဟာ NGO ရဲ့ဆောင်ရွက်တွေပေါ်မှာ မှီခိုအားထားမှု ပိုပြီးများလာကြတယ်။ လူသားချင်းစာနာထောက်ထားမှုပြဿနာကြီးကြီးမားမားနဲ့ စီးပွားရေးကပ်ဘေးဆိုက်တာတွေရင်ဆိုင်ရတဲ့ နိုင်ငံတွေမှာ မကြာခဏကြုံရတဲ့ကိစ္စပါ။ ဥပမာ - ဆဟာရသဲကန္တာရတောင်ပိုင်း အာဖရိကတိုက်နိုင်ငံတွေ(sub-Saharan African States)မှာ NGO တွေဟာ HIV/ AIDs ပြန့်ပွားမှုနဲ့ အရေးကြီးတဲ့ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတာဝန်တွေကို အစုအဖွဲ့တွေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ကြရတယ်။ ထို့အပြင် ဖွံ့ဖြိုးဆဲကမ္ဘာက နိုင်ငံတွေမှာ လူမှုဖူလုံရေးနဲ့ လူမှုရေး အတွက်အသုံးပြုတဲ့ဘဏ္ဍာငွေကိုဖြတ်တောက်ပြီး နိုင်ငံခြားကြွေးမြီတွေ ပေးချေကြတယ်။ NGO တွေဟာ နိုင်ငံမှာ လှစ်ဟာကုန်တဲ့လူမှုရေး၊ လူမှုဖူလုံရေးငွေကြေးထောက်ပံ့မှုတွေအတွက် တာဝန်ယူဖို့ခြေလှမ်းပြင်ကြရတယ်။ တတိယ - NGO အခန်းကဏ္ဍ တိုးတက်ကြီးပွားလာမှုနဲ့ လွှမ်းမိုးနိုင်မှုဟာ နည်းပညာအပြောင်းအလဲနဲ့လည်း ဆက်စပ်ပါတယ်။ တိတိကျကျပြောရရင်တော့ ဆက်သွယ်ရေးနည်းပညာတွေရဲ့ အဆင့်မြှင့်နိုင်မှုတွေပါ။ အင်တာနက်ဟာ NGO အဖွဲ့ငယ်လေးတွေကို ကမ္ဘာ့တခြားနေရာဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ကွန်ယက်ချိတ်ဆက်နိုင်မှုရှိလာတော့ လက်ရှိအခြေအနေတွေ မျှဝေနိုင်တယ်။ သတင်းအချက်အလက်တွေရယူနိုင်ပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ကြတယ်။ ကွဲပြားတဲ့ NGO အချင်းချင်း ကွန်ယက်တွေကျယ်ပြန့်စွာချိတ်ဆက်ပူးပေါင်းနိုင်တာဟာ လက်ရှိဆယ်စုနှစ်တွေထဲ ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီ့အတွက် ဥပမာဆိုရရင်တော့ ကွဲပြားလှတဲ့အုပ်စုအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေပူးပေါင်းမိပြီး “ချွေးမြေကျလုပ်ငန်းလို့ခေါ်နေကြတဲ့ sweatshop (အလုပ်သမားတွေကိုနည်းပါးတဲ့လုပ်ခလစာလေးပဲပေးပြီး မတရားခိုင်းစေတဲ့လုပ်ငန်း) ဖြစ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာအထည်ချုပ်လုပ်ငန်းတွေရဲ့ အလုပ်အကိုင်/ အခြေအနေမျိုးတွေရပ်တန့်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေပြုလုပ်နိုင်ခဲ့ကြတာပါ (Connor 2004)။ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ အုပ်စုလိုက်စည်းရုံးလှုပ်ရှားမှုတွေမှာ စားသုံးသူအသင်းအဖွဲ့တွေ၊ ကုန်သွယ်မှုဖိအားပေးတဲ့အုပ်စုတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်း၊ ကမ္ဘာ့ ဆင်းရဲ/ ချမ်းသာနိုင်ငံတွေက ကုန်သွယ်မှုအသင်းတွေ၊ အမျိုးသမီးအသင်းအဖွဲ့တွေပါ ပါဝင်လာကြတာပါ။ လူမှုရေးလှုပ်ရှားမှုတွေကြားက ဒီလို ကွန်ယက်ချိတ်ဆက်မှု တခြားဥပမာတစ်ခုပြရရင် အမျိုးသမီးအုပ်စုအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ စည်းရုံးလှုံဆော်မှုတွေပြုလုပ်ခဲ့ကြပြီး လူ့အခွင့်အရေးကိစ္စမျိုးလို အမျိုးသမီးအကြမ်းဖက်မှုဆန့်ကျင်ရေးအတွက် အတူတကွလှုပ်ရှားလာခဲ့ကြတာပါ။ ၁၉၉၀ တလျှောက်လုံး အမျိုးသမီးအုပ်စုအဖွဲ့တွေဟာ ယူအန် ဖိုရမ် နဲ့ ဆွေးနွေးပွဲတွေမှား ဆွေးနွေးတင်ပြပြီး အဲဒီအရေးကိစ္စတွေကို သိသာစေခဲ့တယ်။ (Bunch 1995; Merry 2006)

အဲဒီလို ကွန်ယက်တွေဖွဲ့စည်းနိုင်ခြင်းတွေကြောင့် Global civil society ဆိုတဲ့အသုံးအနှုန်းဟာ လူသိများ၊ လူပြောများတဲ့ကိစ္စအဖြစ် မြင်သာထင်သာရှိလာခဲ့တယ်။ NGO တွေဟာ ပဋိညာဉ် ၇ မှာ ပါတဲ့ anti-globalization လှုပ်ရှားမှု ပေါ်ထွန်းလာတာကို ကျွန်တော်တို့စူးစမ်းကြတဲ့အခါ အဲဒီ လူမှုရေးလှုပ်ရှားမှု/ NGO တွေက တချို့အကြောင်းကို ပြန်ငဲ့ကြည့်ရပါလိမ့်မယ်။
အထက်ကပြောခဲ့တဲ့ Greenpeace နဲ့ sweatshop ထုတ်လုပ်ရေးက လှုံ့ဆော်လှုပ်ရှားမှုတွေဟာ  တခြားအကြောင်းပြချက်အတွက်လည်း အရေးပါနေပါတယ်။ သူတို့ဟာ ဆွေးနွေးစီစဉ်စရာကိစ္စရပ်တွေ ဆောင်ယူလာခဲ့တယ်။ အဲဒါဟာ “အစဉ်အလာ”  IR ရဲ့ တရားဝင်လုပ်ကိုင်ခွင့် အလွန်မှာ လုပ်ငန်းစဉ်ဖြစ်လာတယ်။ ကမ္ဘာတဝှမ်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စ ဒါမှမဟုတ် ကမ္ဘာ့စီးပွားရေးလောကထဲက အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေဟာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ဘောင်တွေကို စိန်ခေါ်နေတယ်။ ပိုပြီး တိုးချဲ့လာစေတယ်။ IR ဟာ သရုပ်မှန်ဝါဒီသမားတွေ သတ်မှတ်သလို “IR ဟာ အချုပ်အခြာပိုင်လွတ်လပ်တဲ့နိုင်ငံတွေကြားထဲမှာ အာဏာနဲ့ ချမ်းသာကြွယ်ဝမှုအတွက် အကျောက်အကန်ယှဉ်ပြိုင်ခြင်း” ဆိုတဲ့နည်းလမ်းအတိုင်း ကျွန်တော်တို့ ပြန်လည်သုံးသပ်ဖို့ တွန်းအားပေးရမှာပါပဲ။ အဲဒီ စိုးရိမ်ပူပန်မှုအသစ်တွေဟာလည်း သတိထားစရာပါ။ သူတို့မှာ အရေးကြီးတဲ့၊ စံသတ်မှတ်ထားတဲ့ရှုထောင့်မျိုးရှိနေကြတယ်။ ကျွန်တော်တို့ ဘယ်လို ကမ္ဘာအမျိုးအစားမှာနေထိုင်ချင်တာလဲဆိုတာကို တွေးတောဖို့ စိန်ခေါ်နေတဲ့ရှုထောင့်တွေပါ။ ထို့အပြင် အဲဒီအရေးကိစ္စတွေဟာ ‘နိုင်ငံတကာ’ နဲ့ ‘ပြည်တွင်း’ နိုင်ငံရေးအခြေအနေတွေကြားထဲက ဟန်ဆောင်ဖန်တီးထားတဲ့ကွဲပြားမှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ကိုတွန်းအားပေးနေတာပါ။ အားလုံးကြည့်လိုက်ရင် နိုင်ငံတကာကုန်ထုတ်လုပ်မှု၊ အလုပ်သမားကိစ္စ နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေဟာ အဖွဲ့အစည်း၊ နိုင်ငံတွေရဲ့ ခက်ခဲရှုပ်ထွေးတဲ့အားပြိုင်မှုတစ်ခုအဖြစ်ပါဝင်နေပြီး၊ အဲဒီကိစ္စတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နမိတ် အတွင်း/ အပြင် နှစ်ခုလုံးမှာတည်ရှိနေတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေဟာ ကျွန်တော်တို့ကို မကြာခဏပြောလေ့ရှိတာက “ကိုယ့်အနီအနားဒေသအတွက်စဉ်းစားပါ၊ ပြီးတော့ ကမ္ဘာနှင့်ချီပြီးဆောင်ရွက်ပါ” တဲ့။ ‘နိုင်ငံတကာ’ တစ်ခုတည်း အာရုံစိုက်နေကြတဲ့နည်းလမ်းနဲ့ IR ကိုနားလည်ထားကြတာ မလုံလောက်တော့ဘူး၊ အခု ပိုလို့သိသာလာပြီဆိုတာ အဲဒီစကားရပ်အရ အတိအကျသိရှိစေပါတယ်။

နိုင်ငံမျိုးစုံပါဝင်သောကော်ပိုရေးရှင်း 
(Multinational Corporations)
နိုင်ငံတကာနိုင်ငံရေးကိစ္စတွေထဲ အရေးအပါဆုံး နဲ့ ကာလအရှည်ကြာဆုံးအသိအမှတ်ပြုခံရတဲ့ non-state actor ဟာ နိုင်ငံမျိုးစုံပါဝင်နေတဲ့ကော်ပိုရေးရှင်း(MNC)ပါ။ MNC တွေဟာ ကုမ္ပဏီတွေဖြစ်ပြီး ကိုယ့်နိုင်ငံမှာလည်း မူလကတည်ထောင်ထားတဲ့လုပ်ငန်းရှိပြီး နိုင်ငံအပြင်ဘက် တခြားနေရာဒေသတွေမှာ ကိုယ်ပိုင်လုပ်ငန်း(စက်ရုံ၊ ရုံးခန်း အစရှိသဖြင့်) ရှိကြပါတယ်။ ကုမ္ပဏီတွေရဲ့ အဲဒီပင်လယ်ရပ်ခြားကလုပ်ငန်းတွေဟာ အဲဒီကုမ္ပဏီရဲ့လက်အောက်ခံကုမ္ပဏီတွေပါ။ MNC တွေဟာ ရာစုနှစ်တွေမှာ ကမ္ဘာ့စီးပွားရေးအတွက်ထူးခြားတဲ့လုပ်ဆောင်ချက်ဖြစ်ခဲ့တယ်။ ဥပမာ ရေနံကုမ္ပဏီတွေဟာ နိုင်ငံမျိုးစုံအခြေခံပါဝင်ဖွဲ့စည်းထားပြီး ကမ္ဘာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ဇာတ်ကောင်အဖြစ်အတန်ကြာရှိနေခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါဟာ ၁၉၆၀ အလွန်ကာလတွေကနေ ကမ္ဘာ့ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍရဲ့ ကြီးပွားတိုးတက်မှုနဲ့အတူစတင်လာခဲ့တာပါ။ ကုမ္ပဏီတွေဟာ ပင်လယ်ရပ်ခြားကို တိုးချဲ့လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေက လစာနည်းအလုပ်သမားရရှိနိုင်မယ့်အရင်းအမြစ်တွေရှာဖွေလာကြတယ်။ အဲဒီလိုနည်းနဲ့ MNCs အရေအတွက်တွေ အလျှင်မြန်ဆုံးတိုးပွားလာတာကို တွေ့မြင်လာခဲ့ရတယ်။
MNC တွေဟာ စီးပွားရေးအရအားကောင်းတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြတယ်။ ပြီးတော့ နိုင်ငံတွေရဲ့ နှစ်အလိုက်ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု(GDP) နဲ့ MNC ကုမ္ပဏီကြီးတွေရဲ့ နှစ်အလိုက်အဝင်အထွက်ကို နှိုင်းယှဉ် မှတ်တမ်းပြုတာကို စံအလေ့အထဖြစ်လာတယ်။ ဒါပေမဲ့ Held et a. (1999) Global Transformations: Politics, Economics and Culture စာအုပ်မှာညွှန်ပြရေးသားခဲ့သလို ဒီသဘာဝကို ခပ်ရိုးရိုးနှိုင်းယှဉ်မှုပြရုံနဲ့ နိုင်ငံတွေနဲ့ နိုင်ငံစုံကော်ပိုရေးရှင်းကြားက ရှုပ်ထွေးတဲ့ ဆက်နွယ်မှုအကြောင်း ကျွန်တော့်တို့ကိုအားလုံးသိရှိနားလည်စေမှာမဟုတ်ပါဘူး။ MNC တွေဟာ သူတို့ရဲ့ စီးပွားရေးအာဏာကိုအသုံးပြုပြီး နိုင်ငံတွေမှာ နည်းလမ်းမျိုးစုံနဲ့ အပေးအယူလုပ်ချင်၊ ဈေးဆစ်ချင်ကြတယ်။ (ကော်ပိုရေးရှင်းအချင်းချင်းလည်းဒီလိုပါပဲ)။ တချို့ဆွေးနွေးအကြံပြုကြတာက MNC တွေဟာ အလုပ်သမားအဆင့်အတန်းနိမ့်ကျသွားအောင် ဖွံ့ဖြိုးဆဲကမ္ဘာကနိုင်ငံတွေကို ဖိအားပေးတယ်။  ဒါမှမဟုတ် ကုမ္ပဏီတွေကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလုံခြုံစိတ်ချရအောင် ကုန်သွယ်ရေးအသင်းအခွင့်အရေးတွေ လျှော့ချ၊ ဖြတ်တောက်ပစ်ကြတယ်တဲ့။ တချို့ကတော့ MNC တွေဟာ အာဏာကိုတောင်ဆွယ်လာနိုင်ကြတဲ့ နည်းလမ်းတွေထောက်ပြလာကြတယ်။ ရာသီဥတုဖောက်လွဲဖောက်ပြန်ပြောင်းလဲမှု၊ မျိုးဗီဇပြုပြင်မွမ်းမံထားတဲ့ အစားအစာတွေ နဲ့ စစ်ပွဲဆင်နွှဲမယ်/ မဆင်နွှဲဘူးစတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ပတ်သက်တာတွေ၊ အဲဒီလိုအစိုးရမူဝါဒတွေကိုတောင် လိုရာထောက်ခံပေးဖို့ဆွယ်နိုင်ကြတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်တော်တို့သိရှိလက်ခံဖို့လိုအပ်တာရှိနေသေးတယ်။ အဲဒါကတော့ နိုင်ငံတွေမှာကမ္ဘာနဲ့ချီတဲ့လုပ်ငန်းတွေလုပ်ဖို့/ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ယှဉ်ပြိုင်ဖို့ သူတို့ရဲ့ စီးပွားရေးကန့်သတ်ထိန်းချုပ်မှုတွေကို ကင်းလွတ်စေတာတောင် MNC တွေဟာ သူတို့ရဲ့ အာဏာအစွမ်းနဲ့ မကြာခဏ ဆို့ပိတ်ထားနိုင်ကြတယ်။

Stopford and Strange (1991:2) မှာ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေကြားကဆက်သွယ်မှုကို တြိဂံပုံ နဲ့ ပုံပြ ဆွေးနွေးငြင်းခုံထားပါတယ်။ ဒီနေ့ကမ္ဘာက သံတမန်ပရိယာယ်ဟာ ပုံ ၅.၁ မှာ ဖော်ပြထားသလို ကွဲပြားတဲ့ဆုံမှတ် ၃ ခု နဲ့ မြင်တွေနိုင်မှာပါ။ ပထမ - နိုင်ငံအတွင်းက အစဉ်အလာသံတမန်ရေးရာအပြန်အလှန်အကျိုးပြုတဲ့လှုပ်ရှားမှုတွေပါ။ ကုန်သွယ်မှုစေ့စပ်ဆွေးနွေးခြင်း၊ နှစ်ဦးနှစ်ဖက်ပါဝင်တဲ့သဘောတူစာချုပ်တွေ၊ စစ်ပွဲဆင်နွှဲဖို့၊ ဒါမှမဟုတ် စစ်ပွဲကို ရှောင်ရှားဖို့ကြိုးပမ်းခြင်း စတဲ့ အချက်တွေပါ။ ဒုတိယ - နိုင်ငံတွေနဲ့ ကုမ္ပဏီတွေကြားက ဆက်ဆံရေးကို ညွှန်းဆိုနိုင်ပါတယ်။ ဥပမာ - ကုမ္ပဏီတွေဟာ နိုင်ငံအစိုးရတွေကို သူတို့အတွက် သီးခြားဆောင်ရွက်မှုမျိုးပြုလုပ်ပေးရန် မဲဆွယ်တာ/ နိုင်ငံတွေဟာ MNC တွေရဲ့ လှုပ်ရှားမှုတွေကန့်သတ်ရန်နည်းလမ်းတွေရှာဖွေတာ ဒါမှမဟုတ် အခွန်အခပြန်လည်ပြုပြင်တာ/ MNC တွေတခြားနိုင်ငံတွေမှာ လက်အောက်ခံကုမ္ပဏီတွေတည်ထောင်တဲ့အခါ ကုန်သွယ်ရေးအသင်းလှုပ်ရှားမှုတွေကို ကန့်သတ်တာ (နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်တဲ့နည်းစနစ်ကဲ့သို့) အဲဒီအချက်တွေပါဝင်နိုင်တယ်။ နောက်ဆုံး တတိယအချက်မှာ - MNC တွေကြားထဲ ကုမ္ပဏီချင်းပူးပေါင်းခြင်း နဲ့ မိတ်ဆွေဖွဲ့လုပ်ကိုင်ဆောင်ရွက်ခြင်းတိုးပွားလာဟာကြောင့် အရေးကြီးတဲ့ ကမ္ဘာ့နိုင်ငံရေးအကျိုးဆက်တွေရှိလာကြတယ်။  တြိဂံပုံစံသံတမန်ပရိယာယ်အကြောင်းမှာ အမှန်တကယ်အရေးပါတာဘာလဲဆိုတော့ သူတို့ယူဆတာက ဆက်ဆံရေးသုံးခုလုံးဟာ နိုင်ငံရေးပါပဲတဲ့။ တခြားစကားလုံးနဲ့ဆိုရရင် MNC တွေအချင်းချင်း စေ့စပ်ဆွေးနွေးခြင်းတောင်မှ(ဥပမာ ကုမ္ပဏီပူးပေါင်းခြင်း၊ မိတ်ဆွေဖွဲ့ခြင်း) ဒီနေ့ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာ့ကြီးအတွက် အရေးကြီးတဲ့နိုင်ငံရေးအကျိုးဆက်ရှိကြတယ်။ ပြီးတော့ အရေးကြီးတဲ့ကိစ္စအဖြစ်ရပ်တည်နေမှာက IR ပညာရှင်ကျောင်းသားတွေအတွက် နိုင်ငံတွေကြားထဲ သံခင်းတမန်ခင်းဆွေးနွေးညှိနှိုင်းသကဲ့သို့ အရေးပါတဲ့ခေါင်းစဉ်အဖြစ်ပါ။ 

ပုဂ္ဂလိကပါဝါနဲ့ အာဏာပိုင်အဖွဲ့ (MNC ရဲ့ အလွန် လေ့လာကြည့်တဲ့အခါ) 
Private Power and Authority: Looking Beyond the MNC
IR မှာ MNC တွေရဲ့ အာဏာပါဝါနဲ့ လွှမ်းမိုးမှုတွေတိုးလာတာကို ဆွေးနွေးခဲ့ကြတာဟာ ဒီနေ့နိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာ အာဏာပိုင်အဖွဲ့တွေ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းတိုးမြင့်လာတာကို တွေးတောစဉ်းစားခဲ့ကြတာပါ။ နိုင်ငံတွေဟာ တကယ်တော့ သူတို့ရဲ့အာဏာကို စီးပွားရေးအားကြီးတဲ့ non-state actors – (ကုမ္ပဏီတစ်ခုချင်းစီ)ကို အားကုန်ပေးအပ်လိုက်တာတွေကြောင့် အဲဒီလို စဉ်းစားလာကြရတယ်။ ဥပမာတစ်ခုပြရရင် ပုဂ္ဂလိကစစ်မှုထမ်းကုမ္ပဏီတွေ Private Military Companies (PMCs) လို့ခေါ်ကြတဲ့ အဖွဲ့မျိုးပေါ်ထွက်လာတာတယ်။ အဲဒီအဖွဲ့ဟာ နိုင်ငံတွေအတွက် လုံခြံရေးလေ့ကျင့်မှုတွေနဲ့ စစ်မှုထမ်းတွေစီစဉ်ပေးတယ်။ (Shearrer 1998). PMC တွေအသုံးပြုတာဟာ ယေဘူယျအားဖြင့် ကမ္ဘာမှာ အဆင်းရဲဆုံးနေရာတွေက ပဋိပက္ခတွေဖိစီး/ အားနည်းနေတဲ့နိုင်ငံတွေမှာ တွဲဖက်အလုပ်လုပ်ကြတယ်။ ဥပမာ အာဖရိကအနောက်ပိုင်းနိုင်ငံ Sierra Leone နဲ့ ပစိဖိတ်ကျွန်း နယူးဂီနီအရှေ့ဘက်ကျွန်းနိုင်ငံ Papua New Guinea တို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ထိန်းသိမ်းဖို့ အဲဒီဒေသတွေမှာ PMC တွေရှိနေကြတယ်။ ဒါပေမဲ့ PMC တွေဟာ အသုံးစရိတ်ကြီးပြီး ယူအက်စ်ရဲ့ ထောက်ပံ့မှုနဲ့ရပ်တည်တယ်။ အီရတ်သိမ်းပိုက်မှုမှာ စစ်မှုထမ်းလုပ်ငန်းတွေကို ပုဂ္ဂလိကကုမ္ပဏီတွေမှာ တစ်ဆင့်ခံကန်ထရိုက်ပေးလုပ်ကိုင်အသုံးပြုကြသလိုပါ။
နိုင်ငံတကာနိုင်ငံရေးကိစ္စမှာ ပုဂ္ဂလိကအခန်းကဏ္ဍကို စုံစမ်းစစ်ဆေးကြည့်တဲ့အခါ ကမ္ဘာ့အကျိုးအမြတ်အများဆုံးလုပ်ငန်းတွေဖြစ်တဲ့ တရားမဝင် လက်နက်နဲ့ ဆေးဝါးကုန်သွယ်ရောင်းချမှုနှစ်ခုကိုလည်း သတိထားဖို့ အရေးကြီးပါတယ်။ အဲဒီလုပ်ငန်းတွေကို တရားမဝင်နိုင်ငံတကာပုဂ္ဂလိကအဖွဲအစည်းတွေက အုပ်စုတွေဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်လုပ်ကိုင်နေကြပါတယ်။ စုစုစည်းစည်း ဖွဲ့စည်းထားတဲ့ပြစ်မှုလှုပ်ရှားမှုတွေရဲ့ အခွင့်အလမ်းနဲ့ အကျိုးရလာဒ်တွေဟာ ၂၀ရာစုမှာ လမ်းကြောင်းအင်မတန် ကျယ်ပြန့်ကြီးမားလာတယ်။ အဲဒီလိုဖွဲ့စည်းထားတဲ့ရာဇဝတ်ပြစ်မှုအဖွဲ့တွေဟာ ပုံစံကတော့ transnational အဖွဲ့အစည်းလို ရုံးချုပ်တိတိကျကျအခြေစိုက်ထားတာမဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းမျိုးကခြယ်လှယ်နေတယ်လို့ ပြောနိုင်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့အဖွဲ့အစည်းတွေရဲ့ အရေအတွက်ဟာ များပြားကြီးကျယ်လှတယ်။ အဲဒီထဲက အကြီးဆုံးနဲ့ လူသိအများဆုံးကတော့ အီတလီပြစ်မှုအဖွဲ့တွေဖြစ်တဲ့ Cosa Nostra of Sicilly နဲ့ Neapolitan Camorra ၊ the Japanese boroyokudan, the Chinese Traids, the South East Asian နဲ့ Latin American ဆေးဝါးကုန်သွယ်စီးပွားရေးသမားများ နဲ့ ‘Russian mafiya’ (ရုရှားတစ်ခုတည်းတော့ မဟုတ်ပါဘူး၊ Georgian, Ukrainian နဲ့ Chechnyan တို့အားလုံးပါဝင်တဲ့အဖွဲ့ပါ) တို့ဖြစ်ကြတယ်။

အဲဒီပြစ်မှုအဖွဲ့အစည်းတွေဟာ NGO တွေနဲ့ ကုမ္ပဏီတွေနဲ့ ဘာတွေဝေမျှပြီး ကမ္ဘာပြုလုပ်ငန်းတွေလုပ်နေကြသလည်း၊ ဘယ်လို transnational actor တွေဖြစ်လာနေသလဲဆိုတာ ဒီအခန်းမှာဆွေးနွေးပြီးပါပြီ။  ဖွဲ့စည်းထားတဲ့ပြစ်မှုလုပ်ရှားမှုတွေဟာ လူမျိုးစု the Diaspora (တခြားနိုင်ငံကိုပြန့်ကျဲထွက်ခွာကုန်ကြတဲ့လူမျိုး)တွေ ပင်လယ်ရပ်ခြားကို ပြောင်းရွှေ့အခြေချကြတဲ့အခါ သူတို့ စိမ့်ဝင်လိုက်ပါကြတယ်။ ဒါပေမဲ့ သူတို့က ပင်လယ်ရပ်ခြားမှာ မဟာမိတ်ပြုနိုင်မယ့်အခြေအနေ၊ အုပ်စုမျိုးကို ရှာဖွေပါတယ်။ Galeotti (2001) မှာ အဲဒီအကြောင်း ဆွေးနွေးရေးသားထားတယ်။ ပြစ်မှုအဖွဲ့အစည်းတွေဟာ MNC စရိုက်လက္ခဏာတချို့အသွင်ယူကြတာ မကြာခဏတွေ့ရတယ်။ တရားဝင်စီးပွားရေးလုပ်ငန်းမျိုး ပုံစံယူပြီး ကမ္ဘာထဲကို ပိုပြီးဝင်တိုးလာကြတယ်။ နိုင်ငံမျိုးစုံမှာအခြေစိုက်ဖို့ ရှေ့သို့ဦးတည်နေကြတယ်။ (Galeotti 2001: 208)

နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများ 
(International Terrorist Organizations)
နိုင်ငံတကာဆက်ဆံရေးမှာ တရားမဝင်အဖွဲ့အစည်းတွေအကြောင်း ဆွေးနွေးမယ်ဆိုရင် အကြမ်းဖက်အဖွဲ့အစည်းတွေအကြောင်း ထည့်သွင်းမပြောရင် မပြည့်စုံနိုင်ဘူး။ ပြည်တွင်းရော နိုင်ငံတကာနိုင်ငံရေးဖြစ်စဉ်တွေမှာပါ နိုင်ငံသားတွေရဲ့ဦးတည်ချက်ကိုဆန့်ကျင်နေတဲ့ အကြမ်းဖက်နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ရှိကိုရှိနေတဲ့လက္ခဏာဖြစ်နေပါတယ်။ 11 September 2011 အကြမ်းဖက်တိုက်ခိုက်မှုနဲ့အတူ တစ်ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်အဖွဲ့အစည်းတွေအကြောင်းလေ့လာခြင်းဟာ IR ရဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်ပြောင်းလဲလာခဲ့ပြီ။ 9/ 11 ဖြစ်ရပ်တွေဟာ နိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ကမ္ဘာ့နိုင်ငံရေးမှာ ထင်သလောက်မရိုးရှင်းဘူးဆိုတာ သရုပ်ဖော်ပြသလိုက်တာပါပဲ။ အယ်လ်ကေဒါလို အဖွဲ့အစည်းဟာ တခြား ‘ရန်သူတော်နိုင်ငံ’ ထက် စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ အားကြီးတဲ့နိုင်ငံကို အနာတရဖြစ်စေတယ်။ ပျက်စီးဆုံးရှုံးမှုတွေအများကြီးပဲပေးတယ်။ အယ်လ်ကေဒါဟာ သူတို့ကိုယ်သူတို့ နိုင်ငံတကာ ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်အဖွဲ့အစည်းလို့ မကြာခဏရည်ညွှန်းပြောဆိုတယ်။ အဲဒီအတွက် အကြောင်းပြချက်တစ်ခုက အကြမ်းဖက်ဝါဒဟာ ကမ္ဘာပြုမှု ပိုတိုးလာနေတာကြောင့်ပါ။ (Cronin 2002); အဖွဲ့အစည်းဟာ ကမ္ဘာ့ကွန်ယက်စစ်ဆင်ရေးကို လေ့လာတယ်။ နိုင်ငံတွေရဲ့နယ်နမိတ်တလျှောက်ဖြတ်ကျော်မှုတွေအာရုံစိုက်ပြီး ခေတ်မီ သတင်းဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုနိုင်အောင်လည်းကြိုးစားနေကြတယ်။ အယ်လ်ကေဒါဟာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့အခေါ်အဝေါ်အတိုင်း သူ့ရဲ့ ရည်မှန်းချက်တွေပြည့်ဖို့ တpfကမ္ဘာလုံးကိုဦးတည် စေ့စေ့စပ်စပ်လေ့လာတယ်။ တကယ်တော့ အကြမ်းဖက်အုပ်စုများစွာဟာ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေကို နားလည်ထားတယ်။   အယ်လ်ကေဒါဟာ ဒီလို တစ်ကမ္ဘာလုံးကို ဦးတည် ရည်မှန်းချက်တွေချထားတဲ့ ပထမဆုံးအကြမ်းဖက်အဖွဲ့အစည်းတော့မဟုတ်ပါဘူး။ အဲဒီလိုအယူအဆမျိုးကို ထောက်ခံအားပေးတဲ့ ၁၉ရာစုနဲ့ ၂၀ရာစုက ကွန်မြူနစ် နဲ့ မင်းမဲ့ဝါဒီအကြမ်းဖက်အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ညွှန်ပြနိုင်ပါတယ်။

IR ပညာရှင်တွေရဲ့ ပြဿနာတွေထဲကတစ်ခုက အကြမ်းဖက်ဝါဒအကြောင်းလေ့လာတဲ့အခါ အမှန်တကယ်တော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဘာလဲဆိုတာတိတိကျကျသတ်မှတ်ဖို့ (အကြမ်းဖက်သမားတစ်ဦးဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူနဲ့ကွဲပြားလား၊ ဘယ်လိုကွဲပြားလဲဆိုတာ) အင်မတန်ခက်ခဲပါတယ် (Chomsky 2002)။ ပိုပြီးအခြေခံကျကျပြောရရင် တချို့က ငြင်းခုံကြတာက နိုင်ငံတချို့ကိုယ်တိုင်က အကြမ်းဖက်ဝါဒလုပ်ရပ်တွေကို စိတ်ဝင်စားတယ်။ ထိတွေ့မှုရှိတယ်လို့ ဆိုကြတယ်။ အဲဒီလုပ်ရပ်တွေ- လုပ်ကြံသတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့လုပ်ရပ်တွေ၊ လေယာဉ်အပိုင်စီးခြင်း၊ ဗုံးကျဲခြင်း၊ ပြန်ပြေးဆွဲခြင်းနဲ့ အကြမ်းဖက်ခြိမ်းခြောက်ခြင်းတွေ နိုင်ငံတွေမှာ ဖြစ်ပွားတတ်ကြတယ်။ အဲဒီနိုင်ငံတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့တဲ့အခါ အဓိကအခန်းကဏ္ဍကပါဝင်ကြတော့ နိုင်ငံအစိုးရနဲ့ non-state actors ခွဲခြားသိသာနိုင်တဲ့နယ်နမိတ်မျဉ်းဟာ မှုန်ဝါးလို့နေတော့တယ်။ (Byman 2005). အဲဒါကြောင့် အခြေခံအားဖြင့် IR မှာ အကြမ်းဖက်အဖွဲ့အစည်းတွေအကြောင်းလေ့လာတဲ့အခါ မေးခွန်းပေါင်းမြောက်များစွာမေးစရာလိုလာတော့တယ်။ အဲဒီနိုင်ငံဟာ နိုင်ငံတကာနိုင်ငံအရေးကိစ္စတွေမှာ ဘယ်ဇာတ်ကောင်နေရာက ပါဝင်နေလဲ၊ သရုပ်မှန်ဝါဒီတွေသတ်မှတ်ထားတဲ့ဘောင်အတွင်းက အချက်အလက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့မလုံလောက်နိုင်ဘူးဖြစ်နေကြတယ်။

အားကြီးနိုင်ငံတွေဦးဆောင်တဲ့ဝါဒကို စိန်ခေါ်ခြင်း: ကမ္ဘာ့နိုင်ငံအရေးကိစ္စတွေကို ပြန်လည်ရုပ်လုံးဖော်ခြင်း
(Challenging State Centricism : Reconceptualizing World Politics)
ဒီအခန်းမှာ အမျိုးမျိုးအထွေထွေကွဲပြားနေတဲ့ transnational actors တွေအကုန်လုံးခြုံငုံသုံးသပ်ပြီး ဆန်းစစ်ကြည့်ပြီးပါပြီ။ အဲဒီ တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေပေါ်ထွန်းလာမှုဟာ ကမ္ဘာ့နိုင်ငံရေးအပေါ် သရုပ်မှန်ဝါဒီအမြင်နဲ့ ဘယ်လိုထိပ်တိုက်တွေ့ မလဲ၊ ဘယ်လိုလျော့ပါးစွားစေနိုင်မလဲ ပိုပြီးအနီးကပ် ကျွန်တော်တို့ စဉ်းစားကြည့်ကြပါစို့။ ပထမ - ပိုပြီးထင်ရှားတဲ့အချက်က ကွဲပြားတဲ့ ဒီလို actor တွေ ပေါ်ထွန်းလာတာဟာ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံဟာ အရေးအကြီးဆုံး actor ဆိုတဲ့ အမြင်ကို စိန်ခေါ်နေတယ်။ ဒုတိယ - အဖွဲ့အစည်းတွေများစွာဟာ အာဏာစွမ်းအား နဲ့ အရင်းအမြစ်တွေမှာ နိုင်ငံတွေလိုပါပဲ သာတူညီမျှမရှိနိုင်ပါဘူး။ နိုင်ငံရဲ့လွတ်လပ်တဲ့အချုပ်အခြာပိုင်ဆိုင်မှု သဘောထားကို စိန်ခေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လှုပ်ရှားမှုတွေဟာ နိုင်ငံနယ်နမိတ်တွေကို လွယ်လွယ်ကူကူဖြတ်သန်းနိုင်တယ်။ ပြီးတော့ နိုင်ငံရဲ့ထိန်းချုပ်မှုကနေလည်း လွယ်ကူစွာပဲ လွတ်မြောက်နိုင်ကြတယ်။ ဥပမာ နိုင်ငံတစ်နိုင်ငံဟာ MNC ရဲ့စစ်ဆင်ရေးတစ်ခုရဲ့ လှုပ်ရှားမှုတွေကို သူ့ရဲ့ နယ်နမိတ်အတွင်းမှာ စည်းကမ်းလိုက်နာစေလိုတယ်။ နိုင်ငံတွင်းသဘာဝပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းစေတဲ့ကိစ္စမျိုးပေါ့။ ဒါပေမဲ့ တစ်ဘက်ကလည်း စိတ်ပူနေရပြန်တာက MNC တွေအပေါ်ဖိအားတွေပေးရင် သူတို့လွယ်လွယ်ကူကူပဲ တခြားနိုင်ငံကို လုပ်ငန်းရွှေ့ပြောင်းသွားကြမလားဆိုတာပါ။ တခြားဥပမာက နိုင်ငံတစ်နိုင်ငံဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့လှုပ်ရှားမှုတွေကို နှိမ်နင်းချင်တယ် ဒါပေမဲ့ အဲဒီဂိုဏ်းအဖွဲ့တွေရဲ့ စီးပွားရေးလှုပ်ရှားမှုလမ်းကြောင်းတွေ နောက်ယောင်ခံလိုက်ဖို့ မဖြစ်နိုင်သလောက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရာဇဝတ်မှုနဲ့ဆိုင်တဲ့ဘဏ္ဍာငွေကြေးတွေဟာ နိုင်ငံခြားမှာမှတ်ပုံတင်ထားတဲ့ဘဏ်နံပါတ်၊ ဘဏ်စနစ်နဲ့ဖြတ်သန်းပြီး ငွေမည်းကနေငွေဖြူဖြစ်အောင်ပြုလုပ်တဲ့နည်းလမ်းအတွင်းမှာ လည်ပတ်နေကြလို့ပါ။ နောက်ဆုံးမှာ ကမ္ဘာ့နိုင်ငံရေးမှာ ကွန်ယွန်ချိတ်ဆက်မှုတွေကျယ်ပြန့်တိုးပွားလာပြီး၊ အခွင့်အာဏာလုပ်ပိုင်ခွင့် နဲ့ နိုင်ငံနောက်ကွယ်က အာဏာတွေရှိတဲ့ စင်တာအသစ်တွေပေါ်ထွန်းလာတာပါ။ အဲဒါဟာ အချုပ်အခြာပိုင်နိုင်ငံတွေချမှတ်ထားတဲ့ ကမ္ဘာ့နိုင်ငံရေးအယူအဆတွေကိုပဲ စိန်ခေါ်ခြင်းမဟုတ်ဘဲ ပဋိပက္ခတွေနဲ့ ဝရုန်းသုန်းကားဖြစ်နေတဲ့နိုင်ငံတွေရဲ့ အယူအဆတွေကိုလည်းပဲ စိန်ခေါ်ပါတယ်။ သရုပ်မှန်ဝါဒီရဲ့အင်မတန်အခြေခံကျတဲ့ လေ့လာချက်ပါ။

Figure 5.2မှာ ဥပမာအတွက် နိုင်ငံတကာနိုင်ငံရေးစနစ်ရဲ့ တော်တော်လေးကွဲပြားတဲ့ရုပ်ပုံကားချပ် ၂ ခု နဲ့ ရှင်းလင်းတင်ပြထားပါတယ်။ ဘယ်ဘက်ကတော့ သရုပ်မှန်ဝါဒီအမြင်ကိုမြင်တွေ့ရမှာဖြစ်ပြီး IR ဟာ အချုပ်အခြားပိုင်နိုင်ငံတွေကသာ ဖန်တီးတယ်လို့ယူဆထားတဲ့ ကားချပ်ပါ (အဲဒီနိုင်ငံတွေဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်တိုက်ပုံမှာ ‘ဘိလိယက်ဘောလုံးတွေ’ နဲ့သဏ္ဍန်တူနေကြတယ်)။ ညာဘက်ကားချပ်မှာတော့ IR ဟာ ကွဲပြားတဲ့ actor တွေနဲ့ ပုံဖော်ထားပြီး အဲဒီ actor တွေဟာ နိုင်ငံရဲ့အတွင်းအပြင်စီမံလုပ်ဆောင်နေတာကို ဖော်ပြထားတယ်။ actor တွေ ချိတ်ဆက်ပြီး ကွန်ယက်တွေတည်ထောင်တယ်ဆိုတဲ့အခေါ်အဝေါ်နဲ့ ကမ္ဘာကြီးအကြောင်းစဉ်းစားကြည့်တဲ့အခါ သရုပ်မှန်ဝါဒဟာ အပြင်းအထန်တိုးတိုက်မိကြတဲ့ ‘ဘိလိယက်ဘောလုံး’ တွေထက် ပိုပြီး ဆန်းပြားရှုပ်ထွေးနေတာတွေ့ရတယ်။ 

ဒီအခန်းမှာ ကျွန်တော်တို့ဘာကိုသိမြင်နိုင်သလဲဆိုတော့ ကမ္ဘာ့နိုင်ငံရေးမှာ actors တွေဟာ ရှုပ်ထွေးတဲ့အနေအထားရှိတယ်တဲ့။ ကျွန်တော်တို့ဟာ နိုင်ငံတကာနိုင်ငံရေးအကြောင်း နည်းလမ်းအသစ်နဲ့မိတ်ဆက်ပေးခဲ့တဲ့ တချို့အယူအဆတွေကိုနားလည်သဘောပေါက်ခဲ့ပါပြီ။ ဥပမာ အဆင့်တွေအများကြီးနဲ့အုပ်ချုပ်မှု နဲ့ တြိဂံဂံပုံစံသံတမန်ပရိယာယ်အကြာင်းတွေပါ။ 

ခက်ခဲရှုပ်ထွေးတဲ့ အပြန်အလှန်ဆက်သွယ်မှု နဲ့ တက္ကသိုလ်တွေအကြောင်းစဉ်းစားခြင်း
(Complex Interdependency and Thinking about Institutions)
နိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာ non-state actor တွေအကြောင်း ဆွေးနွေးခြင်းမှာ နီယို-လစ်ဘရယ်ပညာရှင်(neo-liberal institutionalist)တွေ ဖြစ်တဲ့ Robert Keohane နဲ့ Joseph Nye (အခန်း ၄ မှာ ပါပြီး)တို့ရေးသားခဲ့တဲ့ အစပိုင်းဆွေးနွေးချက်မှာ သိရှိနိုင်ခဲ့ကြတယ်။ ၁၉၇၀ နှစ်အစောပိုင်းမှာ Keohane နဲ့ Nye (၁၉၇၁) တို့ဟာ ‘transnational relations’ ရဲ့ အယူအဆတွေကို မိတ်ဆက်ခဲ့ကြတယ်။ နိုင်ငံတကာအရေးကိစ္စတွေမှာ non-state actor တွေဟာပိုပြီးနေရာယူလာကြတာ အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ်အာရုံစိုက်စရာလို့ ဆိုတယ်။ အဲဒီဆောင်းပါးတွေကို Détente သံတမန်မူဝါဒ ဒါမှမဟုတ် ပျော့ပျောင်းလာတဲ့ဆက်ဆံရေးရှိလာတဲ့ နိုင်ငံတကာသမိုင်းကာလအပိုင်းအခြားအတောအတွင်း၊ စစ်အေးတိုက်ပွဲက ဦးစီးဦးဆောင်တွေ (USA နဲ့ USSR) တို့ယှဉ်ပြိုင်နေတဲ့အချိန် မိတ်ဆက်ရေးသားခဲ့တာပါ။ ၁၉၇၀ နောက်ပိုင်းမှာ စစ်အေးတိုက်ပွဲပူနွေးလှုပ်ရှားလာသလို နိုင်ငံတကာနိုင်ငံရေးကိစ္စအကြောင်းကို ပိုပြီးလက်တွေ့ကျတဲ့ အားကြီးနိုင်ငံတွေဦးဆောင်တဲ့ state-centric နည်းလမ်းမျိုးနဲ့ ပြန်ပြီးစဉ်းစားလေ့လာစရာဖြစ်လာခဲ့တယ်။ သူတို့လို neo-liberal institutionalist တွေရဲ့ state-centric သီအိုရီတွေကို ပိုပြီးအလေးပေးလေ့လာမှုဟာ ဘယ်တော့မှမပြည့်စုံနိုင်ခဲ့ဘူး။ အဲဒါဘာကြောင့်လဲဆိုတော့ non-state transnational actor တွေအမျိုးမျိုးပေါ်ထွက်လာခဲ့တော့ နိုင်ငံဟာနိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာ အရေးအကြီးဆုံး အဖြစ်ကျန်ရှိတယ်ဆိုတာအရေးနိမ့်ပြီလို့ ဝန်ခံလိုက်ရတယ်။ Transnational actor တွေအရေးပါခဲ့တာက ပေါ့ပေါ့လျော့လျော့ဖြစ်နေတဲ့မင်းမဲ့စရိုက်အခြေအနေမျိုးမှာ သူတို့ပါဝင်လှုပ်ရှားလာကြတာကြောင့်ပါ။ သူတို့ဟာ နိုင်ငံနဲ့ non-state actor တွေကြားမှာ ‘ခက်ခဲရှုပ်ထွေးတဲ့ အပြန်အလှန်ဆက်သွယ်မှု’ နဲ့ သရုပ်ဖော်ထားတဲ့ နိုင်ငံတကာနိုင်ငံရေးပတ်ဝန်းကျင်တစ်ခု ကို ပါဝင်ဖန်တီးခဲ့ကြတယ်။ ငြင်းခုံစရာရှိတာက နိုင်ငံတွေဟာ ပူးပေါင်းဆောင်ရွက်နိုင်မှုအစွမ်း(‘မင်းမဲ့စရိုက်အခြေအနေမှာ ပူးပေါင်းဆောင်ရွက်ခြင်း’ ဆိုတဲ့အသုံးအနှုန်းကြားမှာ)ရရှိခဲ့ကြလားဆိုတာပါ။ Keohane က ထိန်းထိန်းသိမ်းသိမ်းပူးပေါင်းဆောင်ရွက်ခြင်းအကြောင်းဆွေးနွေးချက်ကို နိုင်ငံတကာတက္ကသိုလ်တွေကို ပူးတွဲပေးပို့ခဲ့တယ်။ Box 5.3 မှာ ကိုးကားတင်ပြထားတာ အရေးပါတဲ့သုံးသပ်ချက်ပါ။

သူ့ရဲ့ စာအုပ် International Institutions and State Power မှာ Keohane (1989a) ရေးသားခဲ့တဲ့ အယူအဆက ကမ္ဘာ့နိုင်ငံရေးကိစ္စတွေကို ကျောင်းသင်ခန်းစာအဖြစ် ပြဌာန်းတာဟာ နိုင်ငံတွေ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာ  ကောင်းမွန်တဲ့အထောက်အကူရစေတယ်လို့ ဆိုခဲ့တယ်။ Keohane လိုရင်းအချုပ်ဖော်ပြတာက ကွဲပြားတဲ့ အဖွဲ့အစည်းအမျိုးအစားသုံးမျိုးပါ။ ပထမကတော့ နည်းလမ်းတကျအဖွဲ့အစည်းတွေပါ။ အဲဒီ နည်းလမ်းကျနတဲ့အဖွဲ့အစည်းတွေဟာ UN ဒါမှမဟုတ် ASEAN တို့လို intergovernmental organization တွေ မဟုတ်ပါဘူး။ NGO နဲ့ MNC တို့လို ကျယ်ပြန့်တဲ့အမျိုးအစား transnational actor ပုံစံမျိုးတွေလို့ဆိုတယ်။ ဒုတိယအုပ်စုအဖွဲ့အစည်းတွေကတော့ Keohane ဆွေးနွေးခဲ့တဲ့ အစိုးရအုပ်ချုပ်ရေးစနစ်ပါ။ အုပ်ချုပ်ရေးစနစ်တွေဟာ နိုင်ငံ/ non-state actor တွေပါ အတူလက်တွဲဖြေရှင်းရမယ့် တိကျသေချာတဲ့နိုင်ငံတကာပြဿနာတွေရဲ့ ပြယုဂ်ပါပဲတဲ့။ အဲဒီနိုင်ငံတကာပြဿနာ/ ကိစ္စရပ်တွေကတော့ နျူကလီးယားတိုးတက်ပွားများခြင်း(နျူလက်နက်တွေ)၊ နိုင်ငံတကာကုန်သွယ်မှု ဒါမှမဟုတ် ရာသီဥတုအပြောင်းအလဲလို ကိစ္စတွေပါ။ နောက်ဆုံးတစ်ခုက Keohane ဆွေးနွေးသလို သဘောတူညီချက်တွေပါ။ (ကိစ္စတွေဖြေရှင်းကြမယ့်နည်းလမ်းတွေ) အဲဒီသဘောတူညီချက်တွေမှာလည်း အဖွဲ့အစည်းနဲ့စုစည်းပါဝင်တဲ့အရည်သွေးရှိပါတယ်။ ဒီနည်းအတိုင်း နိုင်ငံတကာရေးရာကိစ္စရပ်တွေမှာ အပေးအယူသဘောတူညီချက်မှာ ပုံစံကျ/ အတည်ပြုထားပြီးအဆင့်တစ်ခုရှိတယ်။ (အပေးအယူဆိုတာက နိုင်ငံတစ်ခုဟာ ကိုယ်တိုင်ပြုလုပ်တဲ့လုပ်ဆောင်ချက်အတိုင်း အချိုးညီမျှတတဲ့နည်းဟန်တစ်ခုနဲ့ဆက်ဆံခံရဖို့ အမြဲမျှော်လင့်နိုင်ပါတယ်)။ ဆွေးနွေးငြင်းခုံမှုဟာ အဲဒီလို သဘောတူညီချက်တွေပြုလုပ်နိုင်ပြီး၊ သဘောတူညီချက်တွေဟာလည်း နည်းလမ်းကျနအဖွဲ့အစည်းတွေနဲ့ အစိုးရစနစ်တွေ အုတ်မြစ်ချခြင်းမှာအရေးပါတဲ့၊ အဲဒီအဆောက်အဦးအတွက် မရှိမဖြစ်အုတ်ချပ်တွေပါပဲ။

အလယ်ခေတ်ဝါဒသစ်ရဲ့ အယူအဆ 
(The Idea of New Medievalism)
Keohane ကျွန်တော်တို့ကို အမျိုးမျိုးကွဲပြားတဲ့ actor တွေကို၊ အမျိုးအစားအုပ်စုတွေခွဲပြီးသရုပ်ဖော်ရှင်းလင်းပြပေးပါတယ်။ သူ့ရဲ့ တသမတ်တည်းဆုံးဖြတ်ထားသလိုဖြစ်နေတဲ့အယူအဆက နိုင်ငံဟာ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာ ပိုပြီးအရေးကြီးတဲ့ actor ဖြစ်နေဆဲပါ။ ပြောင်းလဲတတ်တဲ့သဘာဝရှိနေတဲ့ နိုင်ငံတကာနိုင်ငံရေး ရှုခင်းရှုကွက်ကို ပိုင်းခြားစိတ်ဖြာကြည့်မယ်ဆိုရင်တော့  Keohane ရဲ့ အယူအဆဟာ အကန့်အသတ်ရှိနေပါတယ်။ အဲဒါကြောင့် တခြားရှုထောင့်တွေမှာ ဒီနေ့ကမ္ဘာ့နိုင်ငံရေးရှုခင်းမှာ ဘယ်အဏာက ပြန်ပြီးစီမံနေလဲဆိုတာ ရှာဖွေပြီး လေ့လာကောက်ချက်ဆွဲကြတယ်။ အဲဒီရှုထောင့်တွေကပေးတဲ့အကြံပြုချက်ကတော့ အာဏာဟာ နိုင်ငံတွေမှာပဲတည်မှီနေမှာမဟုတ်ပါဘူးတဲ့။ ၁၉၇၀ ခုနှစ်တွေမှာ အင်္ဂလိပ်ကျောင်းက ပညာရှင် Hedley Bull က အဲဒီပြဿနာကိုစဉ်းစားကြည့်ဖို့ပြင်ဆင်ခဲ့တယ်။ ပြီးတော့ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေဟာ ဘယ်လိုအဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်သလဲဆိုတာ အချက်အလက်တွေနဲ့တင်ပြပါတယ်။ အဲဒီထဲက တစ်ခုကတော့ New Medievalism ပါ။ နယ်မြေအကန့်အသတ်မရှိ/ ထပ်တူအဖွဲ့အစည်းတွေရဲ့ (နိုင်ငံရေး)အာဏာဟာ အလယ်ခေတ်ကာလတွေမှာလိုဖြစ်နေခဲ့တယ်တဲ့ (Bull 1977: 254-255). အလယ်ခေတ်ကာလမှာဆိုတာက အာဏာအားလုံးက အခန်းကဏ္ဍ၊ ဌာနကိုယ်စီမရှိပဲ ဘုရားကျောင်း (non-state actor တစ်ခု) ရဲ့အာဏာလိုပါပဲ။ ရောနှောနေတယ်။ ဘုရင်/ မင်းသားအုပ်ချုပ်တဲ့နိုင်ငံတွေလို၊ အင်ပါယာတွေ နဲ့ နိုင်ငံတစ်နိုင်ငံ တစ်မြို့တော်၊ အုပ်ချုပ်သူတစ်ဦး လို ပုံစံမျိုးဖြစ်နေတယ်လို့ ဆိုချင်တာပါ။ အဲဒါကြောင့် အမျိုးမျိုးအထွေထွေကိစ္စနဲ့အတူပေါ်ပေါက်လာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေ၊ တစ်ကမ္ဘာလုံးဆိုင်ရာအရပ်သားလူ့အဖွဲ့အစည်း နဲ့ ပြည်တွင်း၊ ဒေသတွင်း အစိုးရအဖွဲ့အာဏာပိုင်တွေ၊ အဲဒီလို အမှုကိစ္စတွေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံပုံစံ(အလယ်ခေတ်ကာလအသစ် ရာထူးအဆင့်ပုံစံမျိုး)နဲ့ ကမ္ဘာကြီးဟာ တူလာပြီလို့ ဆိုတယ်။

Bull ညွှန်ပြဆွေးနွေးတာက ကမ္ဘာကြီးက နိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာ အဆင့်ဆင့်ပြောင်းလဲလာတာ၊ နိုင်ငံရဲ့ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာဟာ များပြားလှတဲ့ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာ အရင်းအမြစ်တွေပေါ်မှာ အဓိကအားဖြင့်တည်မှီနေတယ်လို့ဆိုတယ်။ ပထမ - တချို့နိုင်ငံတွေရဲ့ ဒေသတွင်းပေါင်းစည်းမှုကို သူ ညွှန်းဆိုတယ်။ (ဥရောပအတွင်းမှာပါ) ပြီးတော့ ခွဲထွက်ရေးမူဝါဒ ရဲ့ရလာဒ်တစ်ခုအဖြစ် တချို့နိုင်ငံတွေဟာ အစိတ်စိတ်အမွှာမွှာကွဲထွက်တယ်။ ပေါင်းစည်းမှုမရှိတော့ဘူး။ (Bull 1977: 264-268). Bull ဟာ အဲဒီကိစ္စတွေတစ်ခုစီကို စိတ်ဝင်စားခဲ့ပါတယ်။ ခွဲထွက်ရေးမူဝါဒဟာ နိုင်ငံအသစ်တွေဖန်တီးတည်ထောင်ဖို့ ဦးမတည်ပါဘူး။ အဲဒါကြောင့် ဗဟိုကနေလက်အောက်ခံနိုင်ငံတွေကို အာဏာခွဲဝေပေးတဲ့စနစ် နိုင်ငံရေးအာဏာပုံစံ ယူကေမှာပေါ်လာခဲ့တာပါ။ ဝေလနယ်နဲ့ စကော့တလန်ကို ယူကေဗဟိုက အာဏာခွဲဝေအုပ်ချုပ်တာဟာ အကောင်းဆုံးဥပမာတစ်ခုပါပဲ။
ဒုတိယ - ပုဂ္ဂလိကနိုင်ငံတကာအကြမ်းဖက်မှု ပြန်လည်သက်ဝင်လှုပ်ရှားလာတာဟာ နိုင်ငံရဲ့ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာကို စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်။ (Bull 1977: 268-270) Bull က အကြမ်းဖက်သမားအုပ်စုတွေပေါ်ထွက်လာတာကို သေသေချာချာညွှန်ပြပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ အစဉ်အလာသတ်မှတ်ချက်တွေအရ နိုင်ငံတွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာပိုင်နက်မှာ အကြမ်းဖက်မှုတွေအပေါ် အာဏာအပြည့်အဝရှိတယ်။ ဒီနေရာမှာ ကျွန်တော်တို့သိနိုင်မှာက နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံကျတဲ့ရှုထောင့်ဖြစ်တဲ့ အချုပ်အခြာအာဏာဟာ ပုဂ္ဂလိက non-state actor တွေဆီ ပေးအပ်လိုက်ရတာကိုပါ။
တတိယ - transnational corporation တွေ ကြီးထွားလာတာကို Bull က ညွှန်ပြတယ်။ နည်းပညာအခန်းကဏ္ဍဟာ ကမ္ဘာကြီးကို ပေါင်းစည်းစေတယ်။ (အဲဒါကြောင့် ကျွန်တော်တို့ တသီးတခြားတစ်နိုင်ငံစီနေထိုင်ကြပေမယ့် အယူအဆနယ်နမိတ်တွေကျဉ်းမြောင်းနီးစပ်ကုန်ပါတယ်)။ State-centric IR ကို လက်တွေ့ကျတဲ့အမြင်နဲ့ကြည့်ပြီး ဘယ်မှာအလေးသာမှုရှိနေလဲ Bull က ကမ္ဘာ့နိုင်ငံရေးကားချပ်တစ်ခုတင်ပြပေးလိုက်တာပါ။ ၁၉၇၀ ခုနှစ်တွေထဲ Bull ဒီအယူအဆတွေဆွေးနွေးတင်ပြပေးခဲ့တဲ့အခါ အနာဂတ်ဖြစ်နိုင်ခြေ(သူတို့အမြင်)ကိုလည်းရှင်းလင်းပေးသွားခဲ့တယ်။ (နိုင်ငံတကာနိုင်ငံရေးကိစ္စတွေကို တည်ငြိမ်မှုများများရရှိတောင် အားမထုတ်နိုင်ခဲ့တာကြောင့် မတူညီနဲ့ အနာဂတ်မျိုးရရှိလာမယ်လို့ဆိုတယ်)။ ဒါပေမဲ့ လက်ရှိကာလတွေမှာ အဲဒီအယူအဆတွေဟာ အင်မတန်တွင်ကျယ်လူသိများလာခဲ့ပါတယ်။ (Linklater 1998; Freiderichs 2001). အဲဒါ နည်းနည်းလေးမှ အံ့သြစရာတော့မရှိပါဘူး။ Bull အလေးထားလေ့လာခဲ့တဲ့မှတ်ချက်တွေအားလုံးဟာ ပိုလို့ အရေးကြီးလာနေတယ်။  ကမ္ဘာ့နိုင်ငံရေးကိစ္စတွေမှာ- ဒီနေ့ ကျွန်တော်တို့သိမြင်နားလည်တွေတာတွေ အရေးပါအရာရောက်နေပါပြီ။
တစ်ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေး 
(Global Governance)
ခက်ခဲရှုပ်ထွေးတဲ့အပြန်အလှန်ဆက်သွယ်မှု နဲ့ အလယ်ခေတ်ဝါဒသစ်ရဲ့အယူအဆတွေဟာ IR မှာ အရေးကြီးတဲ့လေ့လာချက်အဖြစ်ပေါ်ထွက်လာမှုရဲ့ သော့ချက် conceptual အယူအဆတွေအဖြစ် မကြာခဏသိမြင်ခဲ့ကြရတယ်။ Global Governance အယူအဆဟာ ရှုပ်ထွေးမှုပိုလာတဲ့ကမ္ဘာထဲမှာရှိနေတဲ့ အမျိုးမျိုးကွဲပြားနေတဲ့ အချုပ်အခြာအာဏာအလွှာတွေကို ခြုံငုံနိုင်အောင် ပြုလုပ်ဖို့ပါ (Rosenau 1995)။ တကယ့်ကိုပဲ ကမ္ဘာပြုမှုလို ( အခန်း ၇ မှာ အကျယ်ဆွေးနွေးမယ့် အယူအဆ) Global Governance ဟာ အခြေံအားဖြင့် နှစ်ဘက်လုံးကနေ အကြိတ်အနယ်ရှိလှတဲ့အမြင်သဘောထားပါ။

ပညာရှင်များစွာအတွက်၊ Global Governance ဟာ  ခြိမ်းခြောက်မှုအမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးပြီး ကမ္ဘာပြုခံနေရတဲ့ ကမ္ဘာကြီးမှာ အစိုးရချင်းဆက်သွယ်တဲ့အဖွဲ့အစည်းတွေရဲ့အာဏာကို ပြန်လည်ဖွဲ့စည်း/ ချဲ့ထွင်ဖို့ လိုအပ်တဲ့အသုံးအနှုန်းအဖြစ်အသုံးချနေကြတယ်။ တခြားအုပ်စုတွေအတွက်တော့ အဲဒီ Global Governance အယူအဆကို နိုင်ငံ၊ အစိုးရချင်းအဖွဲ့အစည်း နဲ့ non-state actor တွေအတူတကွ ကမ္ဘာ့အရေးပါတဲ့ပြဿနာတွေကိုင်တွယ်ဖြေရှင်းကြတဲ့/  ရှုပ်ထွေးတဲ့အားပြိုင်မှုအဖြစ်အသုံးချတယ်။ Robert Keohane ရဲ့စာအုပ်ဟာ ဒီပညာရှင်အုပ်စုအတွက် သြဇာလွှမ်းမိုးနိုင်တာက ခက်ခဲရှုပ်ထွေးတဲ့အပြန်အလှန်ဆက်သွယ်မှုအကြောင်းနဲ့ မင်းမဲ့စရိုက်အတွင်း ပူးပေါင်းဆောင်ရွက်ခြင်း အယူအဆတွေကိုပဲ သူ မိတ်ဆက်ထားတာမဟုတ်ဘဲ Box 5.3 မှာတွေ့ခဲ့ရသလို Keohane ဟာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အပေါင်းလက္ခဏာဆန်တဲ့ရလာဒ်ရတယ်ဆိုတဲ့ အယူအဆကို လက်ခံယုံကြည်ခဲ့လို့ပါ။ အဲဒီကိစ္စနှစ်ခုလုံးမှာ global governance ဟာ ကောင်းမွန်တယ်၊ အပြုသဘောဆန်တဲ့ခြေလှမ်းတစ်လှမ်းဖြစ်တယ်လို့ မြင်ရတယ်။ ကမ္ဘာ့နိုင်ငံရေးကိစ္စတွေမှာ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာ ပြန်လည်စီစဉ်မှုဟာ ကမ္ဘာ့ပြဿနာအမျိုးမျိုးအထွေထွေကို ဖြေရှင်းဖို့ကြိုးစားနေတဲ့လူတွေကို အကူအညီပေးတဲ့ အခန်းကဏ္ဍအဖြစ်လုပ်ဆောင်နိုင်တယ်။ (ကမ္ဘာ့ပြဿနာတွေဆိုတာက ‘တတိယကမ္ဘာ’ ကြွေးမြီ - ဖွံ့ဖြိုးဆဲကမ္ဘာက အစိုးရပေးရမယ့်ကြွေးမြီမျိုး၊ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးနိမ့်ကျခြင်း/ ရာသီဥတုအခြေအနေပြောင်းလဲခြင်းတွေပါ)။
ဒါပေမဲ့ ပညာရှင်များစွာဟာ global governance ကို ‘ပြဿနာဖြေရှင်းခြင်းမှာ’ တော်တော်လေးအားပျော့တဲ့အမြင် “အယူအဆ” တစ်ခုလိုပဲသတ်မှတ်ထားတယ်။ ဝေဖန်ရေးအယူအဆသမား Rober Cox ကတော့ ‘global governance’ အသုံးအနှုန်းကို ကမ္ဘာ့အရင်းရှင်ဝါဒရဲ့ အကျိုးကို ခိုင်မာစွာကာကွယ်ဖို့ ‘ကမ္ဘာပြုမှုပုံစံ’ နဲ့ အားကြီးတဲ့ပူးပေါင်းအဖွဲ့အစည်းတွေ (MNCs, အစိုးရတွေ နဲ့ အစိုးရအသင်းအဖွဲ့၊ NGOs) တွေကို ထောက်ပံ့ပေးဖို့ ညွှန်းဆိုအသုံးပြုတယ်။ အဲဒီလိုအယူအဆရှိတဲ့ Cox လို စာရေးဆရာတွေရဲ့ ဆွေးနွေးအကြံပြုချက်ဟာ global governance ဟာ ကမ္ဘာ့နိုင်ငံရေးမှာ စွမ်းရည် နဲ့ လုပ်ပိုင်ခွင့်အာဏာ ပြန်လည်စီစဉ်မှုအပေါ်အသုံးဝင်တဲ့နည်းလမ်းအဖြစ် ကျွန်တော်တို့ သိမြင်နားလည်ထားတာကို သွေဖီသွားစေတယ်။ ဒါပေမဲ့ အဲဒါဟာ Robert Keohane လို စာရေးဆရာတွေအကြံပြုသလို အကျိုးပြုမယ်ဆိုတာတော့ မသေချာလှပါဘူး။ တကယ့်ကိုပဲ Cox ဟာ ငြင်းခုံဆွေးနွေးသွားတာက အရပ်သားလူ့အဖွဲ့အစည်းကြားမှာ ကမ္ဘာ့အရင်းရှင်ဝါဒနဲ့အတူ တဖြည်းဖြည်းချင်း အမှန်အတိုင်းသိမြင်လာခြင်းလို့ဆိုတယ်။ အဲဒီအချက်ဟာ ကမ္ဘာ့နိုင်ငံရေးကို ပြောင်းလဲလိုသော၊ တော်လှန်ပစ်လိုသော၊ ပုံစံအသစ်သွင်းလိုသော အကြောင်းရင်းတွေ ဖြစ်တည်လာနိုင်တယ်လို့ ဆိုတယ်။

နိဂုံးချုပ် 
(Conclusion)
ကျွန်တော်တို့ ဒီအခန်းမှာ ကွဲပြားတဲ့အယူအဆတွေကို အခင်းအကျင်းကျယ်ကျယ်ပြန့်ပြန့်ချပြ/ မိတ်ဆက်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ နိုင်ငံရဲ့ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာမှာရှိတဲ့ စိန်ခေါ်မှုတွေကို မကြည့်ခင် နိုင်ငံတွေ၊ အစိုးရချင်းဆက်သွယ်အဖွဲ့အစည်းတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေကြားထဲက ဆက်ဆံရေးကိုစူးစမ်းဖို့ စခဲ့ကြတာပါ။ ဒီဆွေးနွေးချက်ဟာ နိုင်ငံတွေ၊ non-state/ intergovernmental actors ကြားက ဆက်ဆံရေးဟာ ခြွင်းချက်မရှိရှုပ်ထွေးလှတယ်ဆိုတာ သင့်ကိုပြသခဲ့တာပါ။ ဒီအခန်းဟာ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာ နိုင်ငံဟာ အရေးမပါတဲ့ actor ဖြစ်တယ်လို့ ငြင်းခုံဆွေးနွေးလိုတာမဟုတ်ပါဘူး။ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေမှာကြည့်ရင် နိုင်ငံရေးအာဏာပြန်လည်စီစဉ်မှုမှာ ဘယ်အရာကနေရာယူနေသလဲ၊ နိုင်ငံတွေက အဓိကကျတဲ့အခန်းကဏ္ဍမှာ ဆက်ပြီးတည်ရှိသွားဖို့ အဲဒီအယူအဆတွေ ကြိုးစားတင်ပြခဲ့တာပါ။ 
ဒီဆွေးနွေးချက်ကနေဆွဲထုတ်ယူနိုင်တဲ့ အဓိကဆိုလိုရင်းတစ်ခုက နိုင်ငံရေးကိစ္စတွေမှာ ‘နိုင်ငံတကာ’ ကို သီးခြားနယ်နမိတ်အဖြစ်သတ်မှတ်ထားဖို့ အဓိပ္ပါယ်မရှိနိုင်ပါဘူး။ လက်တွေ့ကျတဲ့အမြင်တွေ၊ လက်တွေ့ကျအမြင်သစ်တွေမှာ တစ်ခုချင်းစီမှာ ‘နိုင်ငံတကာ’ ဟာ နိုင်ငံတကာနိုင်ငံရေးကိစ္စတွေရဲ့ နယ်ပယ်ပဲဆိုတဲ့ အယူအဆကိုပဲပေးကြတယ်။ အဲဒါဟာ ပြည်တွင်းနိုင်ငံရေးကိစ္စတွေနဲ့ ခြားနားပါတယ် ဘာကြောင့်လဲဆိုတော့ လုပ်ပိုင်ခွင့်အာဏာမရှိခြင်းကြောင့်ပါ (ဒါမှမဟုတ် သူတို့သုံးတဲ့အသုံးအနှုန်း ‘မင်းမဲ့စရိုက်’ကြောင့်ပါ)။ Robert Cox ဆွေးနွေးသလိုဆိုရင် နိုင်ငံတကာစနစ်ဟာ ဗဟိုကချုပ်ကိုင်တဲ့အစိုးရ(state-society)လို ရုပ်လုံးဖော်သင့်တယ်။ အဲဒီမှာ ပြင်တွင်းနဲ့ နိုင်ငံတကာအဆင့်တွေနဲ့ စိစစ်ဖြတ်သန်းနိုင်ပါတယ် လို့ ဆိုတယ်။        ။

BOX 5.1 Multilateralism and International Organizations

(a) Wilson’s Fourteenth Point (from his Fourteen Points speech, made 8 January 1918
နိုင်ငံတွေရဲ့အထွေထွေအသင်းအဖွဲ့ဟာ တိကျတဲ့ပဋိညာဉ်စာချုပ်ဈည်းမျဉ်းအတိုင်းဖွဲ့စည်းရမယ်။ ရည်ရွယ်ချက်က နိုင်ငံကြီး/ ငယ်အတူတူပဲ နိုင်ငံရေးအရလွတ်လပ်မှု၊ ပိုင်နက်တည်တံ့ခိုင်မြဲမှုကို အပြန်အလှန်အာမခံပေးနိုင်ရမယ်။ 
Source : available at http://www.yale.edu/lawweb/avalon/wilson14.htm

(b) Article 1 of the Charter of the United Nations (signed on 26 June 1945)
ယူအန်ရဲ့ ရည်ရွယ်ချက်များမှာ
၁. နိုင်ငံတကာငြိမ်းချမ်းရေး နဲ့ လုံခြုံရေးထိန်းသိမ်းရန်။ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုတွေကို ကာကွယ်/ ဖယ်ရှားနိုင်ရေးအတွက် ထိရောက်တဲ့စီမံချက်တွေတာဝန်ယူရန်။ ကျူးကျော်ရန်စမှုလုပ်ရပ်တွေနဲ့ တခြား ငြိမ်းချမ်းရေးကတိဖောက်ဖျက်မှုတွေကို နှိမ်နင်းချုပ်ထိန်းရန်။ ငြိမ်းချမ်းရေးနည်းလမ်းအတိုင်းဆောင်ရွက်ရန် နဲ့ တရားမျှတမှုနဲ့ နိုင်ငံတကာဥပဒေနည်းလမ်းနဲ့အတူလိုက်နာပြီး နိုင်ငံတကာအငြင်းပွားမှု၊ ငြိမ်းချမ်းရေးကိုဖောက်ဖျက်ဦးတည်နိုင်တဲ့ အခြေအနေမျိုးတွေကို ညှိနိုင်း/ ကျေအေးရန်။
၂. ပြည်သူတွေရဲ့ သာတူညီမျှအခွင့်အရေးနဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်အခြေခံသဘောတရားတွေလိုက်နာမှုကိုအခြေခံပြီး နိုင်ငံတွေရဲ့ဆက်ဆံရေးရင်းနှီးမှုတိုးတက်ရန် နဲ့ ကမ္ဘာအနှံ့ငြိမ်းချမ်းရေး ခိုင်မာအားကောင်းစေဖို့ သင့်တော်တဲ့စီမံချက်ကိုဆောင်ရွက်ရန်။
၃. စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဒါမှမဟုတ် လူသားချင်းစာနာထောက်ထားမှုလက္ခဏာတွေရဲ့ နိုင်ငံတကာပြဿနာတွေကို ဖြေရှင်းတဲ့အခါ နိုင်ငံတကာပူးပေါင်းဆောင်းရွက်မှုအောင်မြင်စေရန်။ လူအခွင့်အရေးအတွက်နဲ့ လူမျိုး၊ လိင်၊ ဘာသာစကား ဒါမှမဟုတ် ဘာသာရေး ကွဲပြားခွဲခြားမှုမရှိဘဲ အားလုံး အခြေခံကျတဲ့လွတ်လပ်ခွင့်အတွက် လေးစားဖို့တိုက်တွန်းအားပေးရန်။
၎. အဲဒီအချက်တွေအောင်မြင်စွာရယူတဲ့အခါ နိုင်ငံတွေရဲ့ လှုပ်ရှားမှု ဟန်ချက်ညီရေးအတွက်ဆောင်ရွက်နိုင်ရန်။
Source : Charter of the United Nations, available at http://www.un.org/aboutun/charter

BOX 5.2 ASEAN: Building Regional Cooperation and Community
အာဆီယံ = ဒေသတွင်းကော်ပိုရေးရှင်း နဲ့ အစုအဖွဲ့များ
ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်းဟာ ၁၉၆၇ ခုနှစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နဲ့ ထိုင်း နိုင်ငံတွေ ပါဝင်တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒေသတွင်းအဖွဲ့အစည်းတွေထဲ အရေးအပါဆုံး၊ အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့တယ်။ အဲဒီနိုင်ငံ ၅နိုင်ငံ နဲ့ မူလက စတင်တည်ထောင်ခဲ့တဲ့အဖွဲ့ကို ၁၉၈၄ မှာ ဘရူနိုင်း အဖွဲ့ဝင်အဖြစ်ပါဝင်လာတယ်။ စစ်အေးတိုက်ပွဲအဆုံးနောက်ပိုင်း ၁၉၉၅ မှာ ဗီယက်နမ်၊ ၁၉၉၇ မှာ လာအို၊ ၁၉၉၇ မှာ မြန်မာ၊ ၁၉၉၉ မှာ ကမ္ဗောဒီးယားနိုင်ငံတွေပါ ပါဝင်လာခဲ့တယ်။ အဖွဲ့အစည်းဟာ နိုင်ငံတွေမှာ ရင်ဆိုင်ရလေ့ရှိတဲ့ကိစ္စတွေ၊ ပြဿနာတွေအကြောင်းဆွေးနွေးနိုင်မယ့်ဖိုရမ်၊ နိုင်ငံရေးအခန်းကဏ္ဍမျိုးပြုလုပ်နိုင်ဖို့ တည်ထောင်ခဲ့ကြတာပါ။ ASEAN ဟာ နောက်ပိုင်းကာလတွေမှာ ဒေသတွင်းစီးပွားရေးစုပေါင်းအစီအစဉ်တွေမှာ ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးစားလာကြတယ်။ ၁၉၉၁ မှာ အာဆီယံနိုင်ငံတွေဟာ ASEAN Free Trade Area(AFTA) အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဒေသ ကို တည်ထောင်ဖို့သဘောတူခဲ့ကြပြီး အဲဒီရည်မှန်းချက်အတိုင်းဖြည်းဖြည်းချင်းရှေ့ကိုတိုးမြှင့်လုပ်ဆောင်ကြတယ်။
ASEAN ဟာ ဒေသတွင်းစီးပွားရေးစုပေါင်းအစီအစဉ်တွေမှာပိုလို့ပါဝင်လာပြီး နိုင်ငံတကာနိုင်ငံရေးကိစ္စမှာ သြဇာညောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့တယ်။ ဥပမာ ASEAN ဟာ ပိုပြီးကျယ်ပြန့်တဲ့နိုင်ငံတကာဖိုရမ် the Asia Pacific Economic Cooperation Forum (APEC) အတွင်း အင်မတန်သြဇာရှိတဲ့အဖွဲ့အစည်းဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ကြတယ်။ APEC ဟာ ပစိဖိတ်သမုဒ္ဒရာစွန်းကျွန်းဒေသတစ်ဝိုက် Pacific Rim က နိုင်ငံတွေပါဝင်ဖွဲ့စည်းထားကြတဲ့ အဖွဲ့အစည်းတစ်ခုပါ။ နှစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ APEC ဝန်ကြီးဌာနဆိုင်ရာအစည်းအဝေးတွေဟာ ASEAN အဖွဲ့ဝင်နိုင်ငံတွေမှာပဲပြုလုပ်လေ့ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ လက်ခံကျင်းပတဲ့နိုင်ငံတွေဟာ APEC အစည်းအဝေးတွေရဲ့လုပ်ငန်းစဉ်ကို စီစဉ်နိုင်ကြတယ်။ အဲဒါဟာ ASEAN ကို APEC အတွင်း အားကြီးတဲ့အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် ယူအက်စ်နဲ့ ဂျပန်တို့လို့ အားအကြီးဆုံးနိုင်ငံတွေကို တုံ့ပြန်နိုင်အောင်၊ သြဇာညောင်းတဲ့ ဆုံးဖြတ်ပိုင်ခွင့်ဒီဂရီပေးထားတာပါပဲ။ အဖွဲ့အစည်းဟာ ဒေသတွင်းအဆင့်မှာလည်း လုံခြုံရေးကိစ္စတွေမှာအရေးပါတဲ့ကဏ္ဍကနေလုပ်ကိုင်ဆောင်ရွက်နိုင်တယ်။ ၁၉၉၄ စစ်အေးတိုက်ပွဲအလွန် ဒေသအတွက်လုံခြုံရေးဖွဲ့စည်းမှုကို ASEAN Regional Forum (ARF) မှာဆွေးနွေးခဲ့ကြတယ်။ အဲဒီဖိုရမ်မှာ ရုရှား၊ တရုတ်၊ ဂျပန်၊ အီးယူ နဲ့ ယူအက်စ် နိုင်ငံ ၁၈ နိုင်ငံအတူတကွပါဝင်ခဲ့ကြပါတယ်။ အဲဒါဟာအရေးပါခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ASEAN ဟာ ဒေသတွင်းလုံခြုံရေးကိစ္စတွေနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာ၊ စိုးမိုးခြယ်လှယ်နေကြ တရုတ် နဲ့ ယူအက်စ်တို့ရဲ့ ပြောဆိုဆွေးနွေးချက်တွေထက်ပိုပြီးထိရောက်အောင် ထိန်းချုပ်နိုင်တာကြောင့်ပါ။ (Stubbs 2004)
ASEAN ဟာ ဘာကြောင့် စိတ်ဝင်စားဖို့ကောင်းနေလဲဆိုတဲ့ ဒီအခန်းမှာဖော်ပြထားတဲ့အကြောင်းပြချက်တွေထဲက တစ်ခုကတော့ သူ့ရဲ့တည်ရှိမှုဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ‘အမျိုးသားအကျိုးစီးပွား’ နဲ့ နိုင်ငံခြားရေးမူဝါဒကိုစီမံခန့်ခွဲတဲ့ သူတို့ရဲ့နည်းလမ်းတွေဟာ ပြန်လည်ပုံဖော်မှုအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေတာကြောင့်ပါ။ ASEAN နဲ့ ပတ်သက်ပြီးမကြာခဏဆွေးနွေးဖြစ်ကြတဲ့အကြောင်းကလည်း အဲဒီအဖွဲ့အစည်းမှာ အဖွဲ့ဝင်နိုင်ငံတွေကြားက သူ့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့အုပ်ချုပ်ဆက်ဆံရေးယဉ်ကျေးမှု တိုးတက်နေတဲ့နည်းလမ်းအကြောင်းပါ။ အဲဒီနည်းလမ်းကိုပဲ ‘ASEAN WAY’ (Acharya 2001) လို့ မကြာခဏပဲ ရည်ညွှန်းခေါ်ဆိုနေကြတယ်။ ဆွေးနွေးငြင်းခုံဖြစ်ကြသေးတာက ASEAN ဟာ အဖွဲ့ဝင်တွေကြားမှာ ငြိမ်းချမ်း/ တည်ငြိမ်ပြီး အပြုသဘောဆောင်တဲ့ဆက်ဆံရေးမျိုးပြုလုပ်ထားတယ်လို့ဆိုတယ်။ ပြောနိုင်တဲ့အကြောင်းရင်းတွေကွဲပြားစွာရှိနေပါတယ်။ ပထမ - နိုင်ငံတွေအချင်းချင်းပြည်တွင်းအရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှုမရှိရဆိုတဲ့ သဘောတူညီချက်ရှိနေတယ်။ ASEAN WAY ရဲ့ ဒီအချက်ဟာ အစဉ်အလာသရုပ်မှန်ဝါဒနဲ့ တော်တော်လေးဆင်တူနေပေမယ့် ကွဲပြားတဲ့အချက်ကိုသတိပြုမိကြပါတယ်။ နိုင်ငံပေါင်းစုံပါဝင်တဲ့ဖိုရမ်အတွင်း တစ်ဦးရဲ့အချုပ်အခြာအာဏာကို တစ်ဦးကလေးစားရမယ်လို့ နိုင်ငံတွေဟာ သဘောတူညီ/ ကတိကဝတ်ပြုထားကြတာပါ။ အဲဒါဟာကွဲပြားတဲ့အတွေးအခေါ်ပါ။ အဲဒါကြောင့်ပဲ အချုပ်အခြာအာဏာဆိုတာဟာ နိုင်ငံတွေဟာ လက်နက်အင်အားနဲ့ သင့်တော်သလို ကာကွယ်နိုင်ခွင့်ရှိတယ်။ လက်နက်အင်အားနဲ့ ခြိမ်းခြောက်နိုင်ကြတယ်။ ဒုတိယ - အဖွဲ့ဝင်နိုင်ငံတွေဟာ ဆုံးဖြတ်ချက်ချမှတ်တဲ့အခါ ဒေသတွင်းအဆင့်မှာ အားလုံးရဲ့သဘောတူညီမှုက အရေးကြီးပါတယ်။ ခေါင်းဆောင်တွေက ဒီသဘောတူညီချက်ဟာ ထူးခြားတဲ့ အရှေ့တောင်အာရှယဉ်ကျေးမှုသဘောသဘာဝတွေပေါ်မှာ ရေးဆွဲတည်ဆောက်ထားတယ်လို့ မကြာခဏရှင်းလင်းကြတယ်။ ဒီအတွေးအခေါ်သဘောသဘာဝဟာ Javanese village လူ့အဖွဲ့အစည်းကိုအခြေခံထားတဲ့အယူအဆပါ။ ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အချင်းချင်းယုံကြည်ပြီး၊ တာဝန်သိစိတ်နဲ့ အလေးထားကြတာပါ။ (ဥပမာ ASEAN အဖွဲ့ဝင်တွေဟာ လက်နက်နဲ့ခြိမ်းခြောက်ပြီး အဖွဲ့ဝင်တခြားနိုင်ငံကို ဆန့်ကျင်လို့မရပါဘူး။ တားမြစ်ထားပါတယ်။) (Narine 2002). ဒါပေမဲ့ အများသဘောတူညီချက်ဟာ ဒေသတွင်းက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အဆင်မြင့်ဝါရင့်ဗြူရိုကရက်အရာရှိတွေရဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးချည်နှောင်မှုတွေ၊ ဆက်ဆံရေးတွေပေါ်မှာ မူတည်ရောင်ပြန်ဟပ်နေပါတယ်။ ခေါင်းဆောင်တွေကြားကအငြင်းပွားမှုဆိုတာ လူသိရှင်ကြားထွက်ပေါ်လာဖို့အင်မတန်ခဲယဉ်းတယ်။ အဖွဲ့အစည်းဟာ ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါ အင်မတန်လက်တွေ့ကျတဲ့ချဉ်းကပ်မှုကိုအလေးထားပြီး အတည်ပြုကြတယ်။ အဲဒီနည်းနဲ့ပဲ ခေါင်းဆောင်တွေဟာ ကျယ်ပြန့်တဲ့ဖွဲ့စည်းမှုဘောင်ချမှတ်တာကိုသဘောတူကြတယ်။ တဖြည်းဖြည်းချင်းနဲ့ ခိုင်မာတဲ့သဘောတူညီချက်၊ ဖွဲ့စည်းပုံထူထောင်ခြင်းဆီသို့ဦးတည်ကြတယ်။ အဲဒါကြောင့် ASEAN ဟာ ဒေသတွင်းစိတ်တူသဘောတူရှိကြတဲ့ ထူးခြားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး နိုင်ငံတကာကိစ္စရပ်တွေမှာ ခိုင်မာအားကောင်းတဲ့အဆင့်မှာရပ်တည်နိုင်လာကြတယ်။ ASEAN ရဲ့ ဥပမာကိုပြရရင် IR မှာ လက်တွေ့ကျတဲ့ရှုထောင့်တွေရဲ့ အကန့်အသတ်တွေမကြာခဏပြသကြတယ်။ နိုင်ငံတစ်ခုရဲ့အရေးပါမှုကိုလွှမ်းမိုးချုပ်ကိုင်လိုက်ပြီး ဆုံးဖြတ်ချက်တွေပြုလုပ်ချမှတ်နိုင်ရေးအတွက် ဒေသတွင်းစိတ်တူသဘောတူဖြစ်ရေးကိုအာရုံစိုက်ကြပါတယ်။ (Eaton and Stubbs 2006)

BOX 5.3 Robert Keohane on the importance of international institutions
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အရေးပါမှု
နိုင်ငံတကာအဖွဲ့အစည်းတွေဟာ လေ့လာသင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့ဟာ နေရာတကာပျံ့နှံ့လျှက်ရှိပြီး ကမ္ဘာ့နိုင်ငံရေးကိစ္စတွေမှာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စစ်ဆင်ရေးနဲ့ ပြောင်းလဲပေါ်ပေါက်လာမှုတွေဟာ နားလည်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တိုက်တွန်းချင်တာက သူတို့ကို စံအဖြစ်သတ်မှတ်ရမယ့်နယ်ပယ်တွေအဖြစ် အထူးဂရုပြုဖို့ပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အလားအလာက ပူးပေါင်းဆောင်ရွက်မှုတွေမှာလွယ်ကူချောမောစေတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမပါဘဲနဲ့ ကျွန်တော်တို့မျိုးစိတ်တွေအတွက် မျှော်လင့်ချက်ရှေ့ရေးတွေ တကယ့်ကိုအားနည်းကုန်ပါလိမ့်မယ်။ ပူးပေါင်းဆောင်ရွက်မှုဟာ အမြဲတမ်းတော့အကျိုးပြုနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုမပါရင် ကျွန်တော်တို့ လမ်းစပျောက်လိမ့်မယ်။ အဖွဲ့အစည်းတွေမပါရင် ပူးပေါင်းဆောင်ရွက်မှုဆိုတာ နည်းနည်းပါးပါးပဲရှိနိုင်မယ်။ အဖွဲ့အစည်းတွေနဲ့ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြတယ်ဆိုတဲ့ အသိပညာနဲ့ ဘာတွေက သူတို့ကိုအလုပ်ကောင်းစွာပြီးမြောက်စေလဲဆိုတာကို မသိရှိရင် အဲဒီအဖွဲ့အစည်းမျိုးဟာ ပိုပြီးညံ့ဖျင်းလာမယ့်အလားလာပဲရှိနိုင်မယ်။ 
Rober Keohane, International Institutions and State Power (1989a: 174, original emphasis)

ဖြိုးဖြိုး

No comments: