Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, June 12, 2010

တိတ်တဆိတ် England vs USA

England vs USA scores - 1-1 အင်္ဂလန်ဂိုးသမားက လက်မမြဲ၊ အင်္ဂလန်ကစားသမားတွေ လူကန်တာများ၊ ဂျာရတ်ကိုပြန်ဖဲ့ခံရ၊ ဂိုးသမားဂရင်းပြူးပြူးပြာပြာဖြစ်၊ အမှားတွေလုပ်၊ လန်းပတ်က ခုထိလွဲတုန်း၊ လွဲပတ်၊ ကန်လိုက်ရင်ဂိုးတိုင်ထက် လေးငါးလုံးစာအကွာလောက်၊ ပီတာခရောက့်ခ်ျ လူမကျွံပဲ ကျွံတယ်လို့ ဒိုင်ကဖိ၊ ပီတာခရောက့်ခ်ျက ရှည်လျားလျား အရပ်အားကိုးနဲ့ အားများများသုံး ခေါင်းနဲ့တိုက်၊ ဘောလုံးကအရှိန်တွေလွန်၊ ဂျာရတ်လေးချက်ချင်းသွင်းထားပေးလို့ ၁ ဂိုးရ ... အင်္ဂလန်ပရိတ်သတ်များ စိတ်မဆိုးရ :)

ကျန်သေးတယ် ..
ယူအက်စ်အေ က နောက်ပိုင်းအချိန်ဆွဲ ဘောလုံး ဟိုပို့ ဒီလှိမ့် ... ပွဲပြီးခါနီး လူလဲ ..
လူစားလဲ ယူအက်စ်ကစားသမားခမြာ ဘောလုံးလေးတောင် မထိလိုက်ရရှာ ...
အင်္ဂလန်နည်းပြက ဗြူးဗြူးဗြဲဗြဲ ..
အရင်က အဲရစ်ဆန်နဲ့တခြားစီပဲ ...

အင်္ဂလန်နဲ့ယူအက်စ်အေ ပွဲကြည့်ဖြစ်၊
စစချင်းတော့ ဟုတ်မလိုလို မာမားက စိတ်ဝင်စားချင်ဟန်ဆောင် ဝေဘန်ပေး၊
ယူအက်စ်က ကစားသမားတစ်ယောက် အင်္ဂလန်ကစားသမားအင်္ကျီလက်နဲ့ဆွဲတော့ အဲ အဲ နဲ့ အော်၊
ခေါင်းတိုက်လို့လွဲရင် အိုး လို့အော်၊
အ၀ါကတ်ရတော့ အ၀ါကတ်အကြောင်းမေး၊ လူချတော့ ကျွတ် ကျွတ် ကျွတ်လို့ စုတ်သတ်၊
ဒီလိုနဲ့ ပထမပိုင်းပြီး ထပ်ပြီး မကြည့်နိုင်တော့၊
အခန်းထဲဝင် ကွန်ပျူတာဂိမ်းသွားဆော့နေ၊
မာမားသိတာ တင်းနစ်ပဲ၊

တာတာ ကတော့ သိပ်မဆိုးလှ၊ အစပိုင်းမှာ မျက်လုံးမှေးစင်းစင်းနဲ့ကြည့်၊
တစ်ချက်တစ်ချက် ခါးကိုဆန့်၊ တစ်ချက်တစ်ချက် ပြန်ငိုက်၊
ဒုတိယပိုင်း တစ်ပိုင်းလုံးတော့ အိပ်မငိုက်၊၊
ဖရီးကစ်ကန်ပီဆို ခါးကို ရှေ့ကို ကိုင်းကြည့်၊ မျက်မှောင်ကြုတ်ကြည့်၊
နောက်တော့ ခါးကိုပြန်လျှော၊ ပုံစံအမျိုးမျိုးနဲ့ကြည့်၊ ဒါပေမဲ့ အသံတိတ်၊ silencer တပ်ပြီးကြည့် :(

နဲရှော သူကတော့ ဂျာရတ် ဂိုးသွင်းပြီး ၁၀မိနစ်လောက်အကြာထဲက အိပ်ဖို့အစပျိုးပြီ၊
ခဏနေတော့ ထိုင်ခုံမှာ ထိုင်နေရင်း ခါးကတဖြည်းဖြည်း ပိုပိုလျှောကျလာပြီ၊ အသံတရှုးရှုး ဟောက်သံပြု၊
နောက်တော့ စိတ်ပါလက်ပါအိပ်တော့သည်၊

ဘောလုံးပွဲကြည့်တော့ မေမေနဲ့ အမကိုသတိရ၊
အမကဆို သူမျက်မှန်းတန်းမိတဲ့ ဘောလုံးသမားတွေတာနဲ့ ငယ်ပေါင်းကြီးဖေါ်သူငယ်ချင်းတွေ့သလို အလကားနေရင်းထထအော်၊
သူတစ်ယောက်တည်းနဲ့ကို ဘောလုံးပွဲရသမြောက်နေ၊
မေမေ ကတော့ ကော်ဖီဖျော်ပေး၊ နေကြာစေ့ အာလူးကြော် တစ်ထုတ်ပြီး တစ်ထုတ်ဖောက်ပေး၊
အင်္ဂလန်အသင်းက ဂိုးမသွင်းနိုင်ရင် အားမလို အားမရ နဖူးကိုဖြတ်ကနဲ၊

ဒေးဗစ်ဘက်ခမ်းကိုလဲ တွေ့လိုက်ရ၊
ဒါပေမဲ့ ဘောလုံးပွဲ ကြည့်ရတာတော့ ရသ မမြောက်လိုက်ရ၊

တိတ် ဆိတ် ...
တိတ်တိတ်ဆိတ်ဆိတ် ..
တိတ်တဆိတ်

3 comments:

Anonymous said...

ဒီကလူတွေက ဘတ်စကတ်ဘောပဲ ရယ်သူတို့ ဘောလုံးကစားနည်းရယ်ပဲ စိတ်ဝင်စားတယ်။
ဒီနေ့ဆို အမေရိကန်အသင်းမို့ အားပေးတယ်လဲ သိပ်မတွေ့ဘူး။ အလံထောင်ဖို့တော့ ဝေးစွပဲ။
ကိုယ်တွေပဲ တက်ကြွပြီးကြည့်နေတာ။
mm

Anonymous said...

အဲ့ပွဲမကြည့်ဖြစ်ဖူး..
ညဉ့်နက်သန်းကောင်ကျော်မို့..
အဓိက က စိတ်ပါလေ..
အာဂျင်တီးနား ပွဲကြည့်ပြီးကတည်းက အိပ်ယာဝင်
စာအုပ်ဖတ်နေလိုက်တာ..

ပေါက်

မြတ်မွန် said...

ဘောပွဲကြည့်ရမှာ ပျင်းနေတယ် မမရေ..
ဒါပေမယ့် သူများတွေ ကြိုက်နေကြတာ မြင်တော့ ကြည့်ကြည့်တယ်..
အိပ်ပျော်ပျော်သွားတယ်။ အဟီး..။